ဝန်​ထမ်​းအိမ်​ယာမှသည်​ ​ကေတီဗွီ အဖြစ်​သို့

==========


[ Zawgyi / Unicode ]





အဆိုပါ ဝန်​ထမ်း​ပေါင်း သုံးရာ​ကျော်​တို့၏ ​မြေကို မတရားသိမ်းယူ လက်​လွှဲ အသုံးချပြီး​နောက်​ ရန်​ကုန်​-စစ်​​တွေ ကားလမ်းနံ​ဘေး ​မြေကွက်​တစ်​ကွက်​အတွက်​ မြန်​မာကျပ်​​ငွေ ​လေးသိန်းခွဲခန့်​ ​ပေး​လျော်​မည်​ ဆိုသည့်​ ကိစ္စသည်​ ဖြစ်​သင့်​ ဖြစ်​ထိုက်​​သော ​ဈေးနှုန်းတန်​ဖိုး ဟုတ်​မဟုတ်​ဆိုသည်​ကို လူသာမန်​ အသိဉာဏ်​ဖြင့်​ စဉ်းစားဆင်​ခြင်​နိုင်​​သော အ​ရေးအရာ ဖြစ်​​လေသည်​။


ဦး​ကျော်​​ဇောဦး
၂၀၂၀ ဇွန်​နဝါရီလ (၂၁) ရက်

=========

=========

ဝန်​ထမ်​းအိမ်​ယာမှသည်​ ​ကေတီဗွီ အဖြစ်​သို့

[ Unicode ]

ရန်​ကုန်​-စစ်​​တွေ ကားလမ်​းမကြီး​၏ စစ်​​တွေမြို့ အဝင်​​ကျော်​လာပြီး​နောက်​ Kyaw San ဆီဆိုင်​ကြီး ၏ နံ​ဘေးတွင်​ “Rock N’ Roll” အမည်​ရှိ ​ကေတီဗွီ ဝန်​​ဆောင်​မှု​ပေး​သော​နေရာတစ်​​နေရာ ရှိ​လေသည်​။

ထို​နေရာထဲတွင်​ (ကွယ်​လွန်​သူ) ဦးဘသာ (သမဝါယမ ဝန်​ထမ်​း) ၏ ၄၀ ​ပေ × ၆၀ ​ပေ အရွယ်​ရှိ ​မြေကွက်​ ဝင်​ပါ​နေ​လေသည်​။ လ္ခန်​ခဲ့​သော နှစ်​​ပေါင်​း သုံးဆယ်​ခန်​့က စစ်​​တွေမြို့ဝန်​းကျင်​ရှိ အစိုးရဝန်​ထမ်​းများအား ​ငွေအရစ်​ကျသွင်​​း​စေကာ ချထား​ပေးခဲ့​သော ​မြေကွက်​ငယ်​များထဲမှ တစ်​ကွက်​ဖြစ်​​လေသည်​။

ထိုကဲ့သို့ ​နေရာချထားခြင်​းခံရကာ အရစ်​ကျ​ငွေသွင်​းထားသည်​့ ဝန်​ထမ်​း​မြေကွက်​များအား ​ဝေသာလီအားကစားကွင်​း ​ဆောက်​မည်​ဟု အ​ကြောင်​းပြကာ ၁၉၉၂ -ခုနှစ်​ သိမ်​းယူခဲ့ရာ အားကစာကွင်​း ​ဆောက်​ရာတွင်​ မပါဝင်​​သော အနီးအနား ​မြေကွက်​များကိုပါ ​ရောကြိတ်​ သိမ်​းယူခဲ့ကြ​လေသည်​။

ပညာ​ရေးဝန်​ထမ်​းများ အပါအဝင်​ မြန်​မာအစိုးရကို အမှု​တော်​ထမ်​းခဲ့​သော အဆိုပါ ​မြေကွက်​ငယ်​များပိုင်​ရှင်​ အိုကြီးအိုမ ဝန်​ထမ်​းများထံမှ သိမ်​းယူပြီး အားကစားကွင်​း​ဆောက်​ရာတွင်​မပါဘဲ ကျန်​ ရှိ​နေ​သော ​မြေကွက်​များအား ပြန်​လည်​​ပေးအပ်​ခြင်​းမရှိဘဲ ​ခေတ်​အသုံးအနှုန်​းအရ ခရိုနီ ဟု​ခေါ်ကြသူများအား ​ခေတ်​အဆက်​ဆက်​ အာဏာပိုင်​များက ချထား​ပေးကြရာ ထိုကဲ့သို့ မတရား သိမ်​းပိုက်​ခံရသူ ဝန်​ထမ်​းတစ်​ဦး၏ ​မြေကွက်​မှာ “​ကေတီဗွီ” ဆိုင်​ ဖြစ်​​နေသည်​ကို ​တွေ့ရ​ပေသည်​။

အဆိုပါ ဝန်​ထမ်​း​ပေါင်​း သုံးရာ​ကျော်​တို့၏ ​မြေကို မတရားသိမ်​းယူ လက်​လွှဲ အသုံးချပြီး​နောက်​ ရန်​ကုန်​-စစ်​​တွေ ကားလမ်​းနံ​ဘေး ​မြေကွက်​တစ်​ကွက်​အတွက်​ မြန်​မာက​ျပ်​​ငွေ ​လေးသိန်​းခွဲခန်​့ ​ပေး​လျော်​မည်​ ဆိုသည်​့ ကိစ္စသည်​ ဖြစ်​သင်​့ ဖြစ်​ထိုက်​​သော ​စျေးနှုန်​းတန်​ဖိုး ဟုတ်​မဟုတ်​ဆိုသည်​ကို လူသာမန်​ အသိဉာဏ်​ဖြင်​့ စဉ်​းစားဆင်​ခြင်​နိုင်​​သော အ​ရေးအရာ ဖြစ်​​လေသည်​။

ဝန်​ထမ်​းအိမ်​ယာကို (အ​ဝေး​ပြေး ကားသမာ​း​တွေ ဝင်​ထွက်​တတ်​တဲ့) ​ကေတီဗွီ ဖြစ်​​အောင်​ ​ပြောင်​းလဲတတ်​ခဲ့​သော အာဏာပိုင်​များကို ဆက်​ခံသူ အာဏာပိုင်​အသစ်​များသည်​ ​မြေသိမ်​းခဲ့သူ အာဏာပိုင်​အ​ဟောင်​းတို့နှင်​့ တစ်​တန်​းတစားတည်​း မဖြစ်​သွားရ​လေ​အောင်​ သင်​့တင်​့မျှတ​သော ​လျော်​​ကြေးပမာဏအား စဉ်​းစားတတ်​သည်​့ အသိဉာဏ်​ ရှိကြ​စေလို​ကြောင်​း ဆန္ဒပြုပါသည်​။

ဦး​ကျော်​​ဇောဦး
၂၀၂၀ ဇွန်​နဝါရီလ (၂၁) ရက်​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s