
ပလက္ဝ ခမီးအခ်ိဳ႕က အမ်ိဳးမေတာ္ခ်င္ဘူး ဆိုတဲ့ကိစၥ
[ Zawgyi / Unicode ]
ပလက္ဝ ခမီးအစုအဖြဲ႕တစ္ခုက မေန႔က ထုတ္ျပန္ခ်က္တစ္ခုထုတ္တာေတြ႕တယ္။ ဆိုလိုရင္းက စိတ္ေကာက္တယ္၊ ရခိုင္ နဲ႔ အမ်ိဳးမေတာ္ ေတာ့ဘူး လို႔ ဆိုလိုတာ ျဖစ္တယ္။
တစ္။ ရခိုင္ နဲ႔ အမ်ိဳးမေတာ္ဘူး လို႔ ခံယူတဲ့ ခမီးေတြ ပလက္ဝအလြန္ မတူပီ ဘက္ကို သူ႔အလိုလို ေျပာင္းေ႐ႊ႕သြားၾကႏိုင္ေျခရွိတယ္။ ရခိုင္နဲ႔ အမ်ိဳးေတာ္တယ္လို႔ ခံယူတဲ့ ခမီးေတြက ပလက္ဝၿမိဳ႕နယ္ထဲမွာ က်န္ခဲ့ႏိုင္ေျခ ရွိတယ္။ ဒီကိစၥဟာ လာမယ့္ အႏွစ္ (၂၀) အတြင္း ျဖစ္ပ်က္ႏိုင္တဲ့ ကိစၥ ျဖစ္တယ္ လို႔ေတြးမိတယ္။ ခမီး-ရခိုင္ ခ်စ္ၾကည္ေရး အားေကာင္းေနရင္ ဒီလို ျဖစ္သြားလိမ့္မယ္ေတာ့ မထင္။
ႏွစ္။ ပူးတြဲပါ ေအေအရဲ႕ တံဆိပ္မွာ ခုႏွစ္ေျမႇာင့္ၾကယ္ ပါရွိတယ္။ ခမီး နဲ႔ ရခိုင္ အပါအဝင္ျဖစ္တဲ့ ရခိုင္မ်ိဳးႏြယ္စု ခုနစ္စုကိုရည္ၫႊန္းတယ္ လို႔ ဆိုတယ္။ ေအေအ တပ္ထဲက ခမီးေတြ ရခိုင္နဲ႔ အမ်ိဳးေတာ္ မေတာ္ကေတာ့ သူတို႔ဘာသာ သူတို႔ ဆံုးျဖတ္လိမ့္မယ္။
သံုး။ ခ်င္းေတြနဲ႔ စစ္မ်က္ႏွာ မဖြင့္ၾကပါနဲ႔လို႔ တခ်ိဳ႕က အားမလိုအားမရ ေျပာေနၾကတဲ့ စကားေတြဟာ က်ြန္ေတာ့္ စိတ္ထင္ အခ်စ္ဝတၳဳထဲက စိတ္ကူးယဥ္ စကားလံုးေတြပမာ ခံစားရတယ္။ ရခိုင္တို႔ရဲ႕ အစဥ္အဆက္နယ္ေျမ ပလက္ဝ မွာ ရခိုင္ေတြ အလုပ္လုပ္ေနတာကို မလိုလားလို႔ လူမ်ိဳးႀကီးဝါဒီေတြရဲ႕ ေသြးထိုးစကားကို ယံုစားလို႔ မလိမၼာတဲ့ ခ်င္းလူႀကီးေတြ ခမီးလူႀကီးေတြေၾကာင့္ မလိုလားအပ္တဲ့ ပြတ္တိုက္မႈေတြ ျဖစ္ေနရတာသာ ျဖစ္တယ္။ က်ြန္ေတာ္တို႔ဘက္ကေတာ့ ခ်စ္ဖို႔ အဆင္သင့္ရွိတယ္။
ဦေက်ာ္ေဇာဦး
ရခိုင္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္
၂၀၂၀ ဇြန္နဝါရီလ (၂၃) ရက္
(ဓါတ်ပုံ – Arakan Army Flag, Wikipedia)
==========

==========
ပလက်ဝ ခမီးအချို့က အမျိုးမတော်ချင်ဘူး ဆိုတဲ့ကိစ္စ
[ Unicode ]
ပလက်ဝ ခမီးအစုအဖွဲ့တစ်ခုက မနေ့က ထုတ်ပြန်ချက်တစ်ခုထုတ်တာတွေ့တယ်။ ဆိုလိုရင်းက စိတ်ကောက်တယ်၊ ရခိုင် နဲ့ အမျိုးမတော် တော့ဘူး လို့ ဆိုလိုတာ ဖြစ်တယ်။
တစ်။ ရခိုင် နဲ့ အမျိုးမတော်ဘူး လို့ ခံယူတဲ့ ခမီးတွေ ပလက်ဝအလွန် မတူပီ ဘက်ကို သူ့အလိုလို ပြောင်းရွှေ့သွားကြနိုင်ခြေရှိတယ်။ ရခိုင်နဲ့ အမျိုးတော်တယ်လို့ ခံယူတဲ့ ခမီးတွေက ပလက်ဝမြို့နယ်ထဲမှာ ကျန်ခဲ့နိုင်ခြေ ရှိတယ်။ ဒီကိစ္စဟာ လာမယ့် အနှစ် (၂၀) အတွင်း ဖြစ်ပျက်နိုင်တဲ့ ကိစ္စ ဖြစ်တယ် လို့တွေးမိတယ်။ ခမီး-ရခိုင် ချစ်ကြည်ရေး အားကောင်းနေရင် ဒီလို ဖြစ်သွားလိမ့်မယ်တော့ မထင်။
နှစ်။ ပူးတွဲပါ အေအေရဲ့ တံဆိပ်မှာ ခုနှစ်မြှောင့်ကြယ် ပါရှိတယ်။ ခမီး နဲ့ ရခိုင် အပါအဝင်ဖြစ်တဲ့ ရခိုင်မျိုးနွယ်စု ခုနစ်စုကိုရည်ညွှန်းတယ် လို့ ဆိုတယ်။ အေအေ တပ်ထဲက ခမီးတွေ ရခိုင်နဲ့ အမျိုးတော် မတော်ကတော့ သူတို့ဘာသာ သူတို့ ဆုံးဖြတ်လိမ့်မယ်။
သုံး။ ချင်းတွေနဲ့ စစ်မျက်နှာ မဖွင့်ကြပါနဲ့လို့ တချို့က အားမလိုအားမရ ပြောနေကြတဲ့ စကားတွေဟာ ကျွန်တော့် စိတ်ထင် အချစ်ဝတ္ထုထဲက စိတ်ကူးယဉ် စကားလုံးတွေပမာ ခံစားရတယ်။ ရခိုင်တို့ရဲ့ အစဉ်အဆက်နယ်မြေ ပလက်ဝ မှာ ရခိုင်တွေ အလုပ်လုပ်နေတာကို မလိုလားလို့ လူမျိုးကြီးဝါဒီတွေရဲ့ သွေးထိုးစကားကို ယုံစားလို့ မလိမ္မာတဲ့ ချင်းလူကြီးတွေ ခမီးလူကြီးတွေကြောင့် မလိုလားအပ်တဲ့ ပွတ်တိုက်မှုတွေ ဖြစ်နေရတာသာ ဖြစ်တယ်။ ကျွန်တော်တို့ဘက်ကတော့ ချစ်ဖို့ အဆင်သင့်ရှိတယ်။
ဦကျော်ဇောဦး
ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်
၂၀၂၀ ဇွန်နဝါရီလ (၂၃) ရက်
(ဓါတ္ပံု – Arakan Army Flag, Wikipedia)
==========