
[ Zawgyi / Unicode ]
၀ူဟန္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါဆိုင္ရာ အေရးေပၚမွတ္ခ်က္
ၿပီးခဲ့တဲ့ သံုးရက္ ဇြန္န၀ါရီ (၃၀) ရက္ေန႔မွာ ကမၻာ့က်န္းမာေရးအဖြဲ႕ (WHO) က ၀ူဟန္ ကူးစက္ေရာဂါ [Wuhan (2019-nCoV) coronavirus] ကူးစက္ပ်ံ႕ႏွံ႔မႈဟာ အမ်ားျပည္သူက်န္းမာေရးဆိုင္ရာ ႏိုင္ငံတကာ အေရးေပၚအေျခအေန Public Health Emergency of International Concern (PHEIC) အျဖစ္သတ္မွတ္ေၾကျငာခဲ့ပါတယ္။
အဲသည္ ေၾကျငာခ်က္ထုတ္စဥ္ WHO ရဲ႕ ညႊန္ခ်ဳပ္ Tedros က အေသအခ်ာ ရွင္းရွင္းလင္းလင္း ေျပာၾကားခဲ့တဲ့ စကားတစ္ခြန္းက ကၽြန္ေတာ္တို႔ ရခိုင္ျပည္သူျပည္သားေတြ ျမန္မာျပည္သူျပည္သားေတြအားလံုးနဲ႔ ပတ္သက္ေနပါတယ္။
သူေျပာတာက – “this declaration is not a vote of no confidence in China” ဒီလို အေရးေပၚ အေျခအေန သတ္မွတ္ေၾကျငာရတာဟာ တရုတ္ႏိုင္ငံရဲ႕ ကိုင္တြယ္မႈကို မယံုၾကည္တဲ့သေဘာေၾကာင့္ မဟုတ္ဘူး။ “Our greatest concern is the potential for the virus to spread to countries with weaker health systems and which are ill-prepared to deal with it.” ကၽြန္ေတာ္တို႔ ရဲ႕ အႀကီးမားဆံုးေသာ စိုးရိမ္မႈက ဘာလဲ ဆိုေတာ့ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္အားနည္းတဲ့အျပင္ ဒီကူးစက္ျမန္ေရာဂါကို ကိုင္တြယ္ဖို႔ ေကာင္းမြန္စြာျပင္ဆင္မႈ မရွိတဲ့ ႏိုင္ငံေတြဆီကို ဒီဗိုင္းရပ္ပိုး ပ်ံ႕ႏံွ႔သြားမွာကို ျဖစ္ပါတယ္ လို႔ သူက ဆိုပါတယ္။ ဆိုလိုတာက တရုတ္ႏိုင္ငံရဲ႕ကိုင္တြယ္မႈညံ့ဖ်င္းလို႔ အေရးေပၚ အေျခအေနေၾကျငာရတာမဟုတ္၊ ဒီဗိုင္းရပ္ကူးစက္ ပ်ံ႕ႏွံ႔မႈကို ရင္ဆိုင္ကိုင္တြယ္ႏိုင္စြမ္းမရွိတဲ့ ႏိုင္ငံေတြဆီကို ပ်ံ႕ႏွံ႔သြားႏိုင္ေျခေၾကာင့္သာ အေရးေပၚအေျခအေန ေၾကျငာရတာ ျဖစ္တယ္လို႔ ဆိုလိုတာျဖစ္ပါတယ္။
သူေျပာတဲ့ ႏိုင္ငံအမ်ိဳးအစားေတြထဲမွာ ပါ၀င္ေနရံုမွ်မက တရုတ္ႏိုင္ငံနဲ႔ မိုင္ႏွစ္ေထာင္ေလာက္ နယ္နမိတ္ ထိစပ္ေနတဲ့ ႏိုင္ငံက ျမန္မာႏိုင္ငံျဖစ္ပါတယ္။
အမ်ားျပည္သူ က်န္းမာေရး စီမံခန္႔ခြဲမႈဟာ ကၽြန္ေတာ္နဲ႔ ေ၀းကြာလွတဲ့ ဘာသာရပ္ျဖစ္ေပမယ့္ မိမိ သိထားတဲ့ ေအာက္ပါအခ်က္အလက္အခ်ိဳ႕ကို မွ်ေ၀လိုပါတယ္။ ေတြးဆခ်က္အခ်ိဳ႕ကိုလည္း ေျပာျပခ်င္ပါတယ္။
တစ္။ super-spreading events (ဒလေဟာ ကူးစက္မႈျဖစ္ရပ္ေတြ) ရွိေနခဲ့လို႔သာလွ်င္ ဒီလို အခ်ိန္တိုတိုအတြင္း မွာ ရာဂဏန္း ကေန ေသာင္းဂဏန္းအထိ ကူးစက္လာတာျဖစ္ပါတယ္။ ေရာဂါလကၡဏာမျပေသးတဲ့ ကူးစက္ခံရသူေတြဆီကေတာင္ ထပ္ဆင့္ကူးစက္မႈ ရွိေနႏိုင္တယ္ လို႔ ဆိုၾကတယ္။ မေဖာ္ထုတ္ႏိုင္ေသးတဲ့ အမွန္တကယ္ ကူးစက္ခံထားရသူ အေရအတြက္ကို သိခ်င္ရင္ ေသခ်ာသတ္မွတ္ႏိုင္တဲ့ (confirmed cases) အေရအတြက္ရဲ႕ ဆယ္ဆအျဖစ္ အၾကမ္းဖ်င္း မွန္းဆၾကည့္ၾကတဲ့ ပညာရွင္ေတြရဲ႕ စကားေတြၾကားရတယ္။
ႏွစ္။ ဒီေရာဂါကူးစက္မႈကေန ေရွာင္ရွားႏိုင္ဖို႔ရာ လိုတိုရွင္း အရွင္းလင္းဆံုး ညႊန္ၾကားခ်က္ တစ္ခုကေတာ့ – (ပ) အျပင္ထြက္ရင္ mask တပ္ပါ။ (ဒု) လက္ေဆးပါ၊ မၾကာခဏ လက္ေဆးပါ။ (တ) ေဆးရံုကို လံုး၀မတတ္သာတဲ့ အေျခအေနမွသြားပါ လို႔ ဆိုပါတယ္။ (၀ူဟန္လို ေနရာမ်ိဳးမွာ ေဆးရံုေတြဟာ ကူးစက္ႏိုင္ေျခအျမင့္ဆံုးေနရာေတြ ျဖစ္ေနတာေၾကာင့္ ျဖစ္ပါလိမ့္မယ္။)
သံုး။ တရုတ္ႏွစ္သစ္ကူးမတိုင္ခင္ကတည္းက အစပ်ိဳးေနခဲ့တဲ့ ၀ူဟန္ကိုရိုနာဗိုင္းရပ္စ္ ဟာ တရုတ္ႏွစ္သစ္ကူး လူဦးေရေရႊ႕ေျပာင္းမႈ (new year migration) ေၾကာင့္ ၀ူဟန္ အပါအ၀င္ျဖစ္တဲ့ ဟူေဘးျပည္နယ္အျပင္ဘက္က တရုတ္ျပည္နယ္ေတြအားလံုးဆီကို ပ်ံ႕ႏွံ႔ ေရာက္ရွိသြားၿပီးပါၿပီ။ ရခိုင္ျပည္နယ္နဲ႔ ျမန္မာႏိုင္ငံအတြင္းက တရုတ္စီမံကိန္းေတြရဲ႕ တရုတ္၀န္ထမ္းေတြ ႏွစ္သစ္ကူးခြင့္အၿပီး ျပန္လာၾကတဲ့ အခါ အားမနာတမ္း စစ္ေဆးၾကဖို႔ လိုပါတယ္။ ေရာဂါမျပန္႔ပြားဖို႔အေရး တရုတ္ႏိုင္ငံဘက္က တတ္ႏိုင္သမွ် ကူညီေဆာင္ရြက္ဖို႔ WHO နဲ႔ ေျပာထားၾကၿပီးသား ျဖစ္ပါတယ္။
ေလး။ WHO ရဲ႕ မွတ္ခ်က္မွာ တရုတ္ႏိုင္ငံနဲ႔ ခရီးသြားဆိုင္ရာ ကုန္သြယ္မႈဆိုင္ရာ တင္းၾကပ္မႈ လုပ္ၾကဖို႔ရန္ ေထာက္ခံမႈ မေပးေသးဘူး လို႔ ဆိုတယ္။ ဒါေပမဲ့ ျမန္မာလို ေပါ့ေလ်ာ့အားနည္းလွတဲ့ ႏိုင္ငံအတြက္ နယ္စပ္၀င္ထြက္မႈေတြကို လံုး၀ပိတ္ထားလိုက္ျခင္းသာလွ်င္ အေကာင္းဆံုးျဖစ္ႏိုင္တယ္။
ငါး။ ရခိုင္ျပည္နယ္ နဲ႔ ျမန္မာႏိုင္ငံအရပ္ရပ္မွာ မၾကာေသးမီက တရုတ္ကေန ျပန္လာၾကသူေတြကို စာရင္းျပဳစုႏိုင္ရင္ေကာင္းမယ္။ ေက်းရြာအုပ္ခ်ဳပ္ေရးမႈးေတြဟာ ဒီလိုမ်ိဳးအခ်က္အလက္ေတြကို ေကာက္ယူႏိုင္ဖို႔ရာ ေျမျပင္နဲ႔ အနီးဆံုးမွာရွိတဲ့ အုပ္ခ်ဳပ္ေရး ယႏၱရား အစိတ္အပိုင္းေတြ ျဖစ္ၾကပါတယ္။
ငါး။ ကူးစက္ေရာဂါဟာ လူမ်ိဳးမေ႐ြး ဘာသာမေ႐ြး ကူးစက္ေ႐ြ႕လ်ားမွာျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔ ခိုးဝင္ဘဂၤါလီေသာ တရုတ္ေသာ ကုလားေသာ ရခိုင္ေသာ ဗမာေသာ ဟူ၍မခြဲျခားဘဲ တကယ္ျဖစ္လာတဲ့အခ်ိန္မွာ ကူးစက္ခံ လူသားမွန္သမ်ွကို အျမန္ဆံုး ကုသႏိုင္ဖို႔ ႀကိဳးစားမႈကို လုပ္ေဆာင္ရတာမ်ိဳး ျဖစ္လာႏိုင္တာကို နားလည္ထားသင့္တယ္။
ရခိုင္ျပည္နယ္ကို ဝူဟန္ကူးစက္ေရာဂါ မေရာက္လာခင္တည္းက ဝူဟန္ကိုရိုနာ ဒီကို ေရာက္လာရင္ ဘယ္ပံုခ်ိတ္ဆက္ တံု႔ျပန္မယ္ ဆိုတာကို အခုကတည္းက ရခိုင္ျပည္နယ္ အစိုးရအေနနဲ႔ တင္ႀကိဳစဥ္းစားထားသင့္တဲ့ အခ်ိန္ကို ေရာက္ေနပါၿပီ လို႔ ဆိုခ်င္ပါတယ္။
မိုးမၿပိဳ ၿပိဳသည္ရွိ အဲသည္ကပ္ေရာဂါ ေရာက္လာခ်ိန္မွာ တာဝန္ယူတံု႔ျပန္ရမွာက လူမႈေရး ဝန္ႀကီး တစ္ဦးတည္းရဲ႕ အလုပ္မဟုတ္ဘဲ ျပည္နယ္အစိုးရ တစ္ဖြဲ႕လံုးရယ္ ျပည္နယ္အစိုးရအဖြဲ႕ရဲ႕ တိုက္ရိုက္ႀကီးၾကပ္မႈေအာက္မွာ ရွိမေနတဲ့ က်န္းမာေရးဌာနတို႔ရယ္က ပူးေပါင္းေဆာင္႐ြက္ၾကရလိမ့္မယ္။
ဦးေက်ာ္ေဇာဦး
၂၀၂၀ ေဖေဖာ္ဝါရီလ (၂) ရက္
==========

==========
[ Unicode ]
ဝူဟန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဆိုင်ရာ အရေးပေါ်မှတ်ချက်
ပြီးခဲ့တဲ့ သုံးရက် ဇွန်နဝါရီ (၃၀) ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဝူဟန် ကူးစက်ရောဂါ [Wuhan (2019-nCoV) coronavirus] ကူးစက်ပျံ့နှံ့မှုဟာ အများပြည်သူကျန်းမာရေးဆိုင်ရာ နိုင်ငံတကာ အရေးပေါ်အခြေအနေ Public Health Emergency of International Concern (PHEIC) အဖြစ်သတ်မှတ်ကြေငြာခဲ့ပါတယ်။
အဲသည် ကြေငြာချက်ထုတ်စဉ် WHO ရဲ့ ညွှန်ချုပ် Tedros က အသေအချာ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တဲ့ စကားတစ်ခွန်းက ကျွန်တော်တို့ ရခိုင်ပြည်သူပြည်သားတွေ မြန်မာပြည်သူပြည်သားတွေအားလုံးနဲ့ ပတ်သက်နေပါတယ်။
သူပြောတာက – “this declaration is not a vote of no confidence in China” ဒီလို အရေးပေါ် အခြေအနေ သတ်မှတ်ကြေငြာရတာဟာ တရုတ်နိုင်ငံရဲ့ ကိုင်တွယ်မှုကို မယုံကြည်တဲ့သဘောကြောင့် မဟုတ်ဘူး။ “Our greatest concern is the potential for the virus to spread to countries with weaker health systems and which are ill-prepared to deal with it.” ကျွန်တော်တို့ ရဲ့ အကြီးမားဆုံးသော စိုးရိမ်မှုက ဘာလဲ ဆိုတော့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အားနည်းတဲ့အပြင် ဒီကူးစက်မြန်ရောဂါကို ကိုင်တွယ်ဖို့ ကောင်းမွန်စွာပြင်ဆင်မှု မရှိတဲ့ နိုင်ငံတွေဆီကို ဒီဗိုင်းရပ်ပိုး ပျံ့နှံ့သွားမှာကို ဖြစ်ပါတယ် လို့ သူက ဆိုပါတယ်။ ဆိုလိုတာက တရုတ်နိုင်ငံရဲ့ကိုင်တွယ်မှုညံ့ဖျင်းလို့ အရေးပေါ် အခြေအနေကြေငြာရတာမဟုတ်၊ ဒီဗိုင်းရပ်ကူးစက် ပျံ့နှံ့မှုကို ရင်ဆိုင်ကိုင်တွယ်နိုင်စွမ်းမရှိတဲ့ နိုင်ငံတွေဆီကို ပျံ့နှံ့သွားနိုင်ခြေကြောင့်သာ အရေးပေါ်အခြေအနေ ကြေငြာရတာ ဖြစ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
သူပြောတဲ့ နိုင်ငံအမျိုးအစားတွေထဲမှာ ပါဝင်နေရုံမျှမက တရုတ်နိုင်ငံနဲ့ မိုင်နှစ်ထောင်လောက် နယ်နမိတ် ထိစပ်နေတဲ့ နိုင်ငံက မြန်မာနိုင်ငံဖြစ်ပါတယ်။
အများပြည်သူ ကျန်းမာရေး စီမံခန့်ခွဲမှုဟာ ကျွန်တော်နဲ့ ဝေးကွာလှတဲ့ ဘာသာရပ်ဖြစ်ပေမယ့် မိမိ သိထားတဲ့ အောက်ပါအချက်အလက်အချို့ကို မျှဝေလိုပါတယ်။ တွေးဆချက်အချို့ကိုလည်း ပြောပြချင်ပါတယ်။
တစ်။ super-spreading events (ဒလဟော ကူးစက်မှုဖြစ်ရပ်တွေ) ရှိနေခဲ့လို့သာလျှင် ဒီလို အချိန်တိုတိုအတွင်း မှာ ရာဂဏန်း ကနေ သောင်းဂဏန်းအထိ ကူးစက်လာတာဖြစ်ပါတယ်။ ရောဂါလက္ခဏာမပြသေးတဲ့ ကူးစက်ခံရသူတွေဆီကတောင် ထပ်ဆင့်ကူးစက်မှု ရှိနေနိုင်တယ် လို့ ဆိုကြတယ်။ မဖော်ထုတ်နိုင်သေးတဲ့ အမှန်တကယ် ကူးစက်ခံထားရသူ အရေအတွက်ကို သိချင်ရင် သေချာသတ်မှတ်နိုင်တဲ့ (confirmed cases) အရေအတွက်ရဲ့ ဆယ်ဆအဖြစ် အကြမ်းဖျင်း မှန်းဆကြည့်ကြတဲ့ ပညာရှင်တွေရဲ့ စကားတွေကြားရတယ်။
နှစ်။ ဒီရောဂါကူးစက်မှုကနေ ရှောင်ရှားနိုင်ဖို့ရာ လိုတိုရှင်း အရှင်းလင်းဆုံး ညွှန်ကြားချက် တစ်ခုကတော့ – (ပ) အပြင်ထွက်ရင် mask တပ်ပါ။ (ဒု) လက်ဆေးပါ၊ မကြာခဏ လက်ဆေးပါ။ (တ) ဆေးရုံကို လုံးဝမတတ်သာတဲ့ အခြေအနေမှသွားပါ လို့ ဆိုပါတယ်။ (ဝူဟန်လို နေရာမျိုးမှာ ဆေးရုံတွေဟာ ကူးစက်နိုင်ခြေအမြင့်ဆုံးနေရာတွေ ဖြစ်နေတာကြောင့် ဖြစ်ပါလိမ့်မယ်။)
သုံး။ တရုတ်နှစ်သစ်ကူးမတိုင်ခင်ကတည်းက အစပျိုးနေခဲ့တဲ့ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ဟာ တရုတ်နှစ်သစ်ကူး လူဦးရေရွှေ့ပြောင်းမှု (new year migration) ကြောင့် ဝူဟန် အပါအဝင်ဖြစ်တဲ့ ဟူဘေးပြည်နယ်အပြင်ဘက်က တရုတ်ပြည်နယ်တွေအားလုံးဆီကို ပျံ့နှံ့ ရောက်ရှိသွားပြီးပါပြီ။ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအတွင်းက တရုတ်စီမံကိန်းတွေရဲ့ တရုတ်ဝန်ထမ်းတွေ နှစ်သစ်ကူးခွင့်အပြီး ပြန်လာကြတဲ့ အခါ အားမနာတမ်း စစ်ဆေးကြဖို့ လိုပါတယ်။ ရောဂါမပြန့်ပွားဖို့အရေး တရုတ်နိုင်ငံဘက်က တတ်နိုင်သမျှ ကူညီဆောင်ရွက်ဖို့ WHO နဲ့ ပြောထားကြပြီးသား ဖြစ်ပါတယ်။
လေး။ WHO ရဲ့ မှတ်ချက်မှာ တရုတ်နိုင်ငံနဲ့ ခရီးသွားဆိုင်ရာ ကုန်သွယ်မှုဆိုင်ရာ တင်းကြပ်မှု လုပ်ကြဖို့ရန် ထောက်ခံမှု မပေးသေးဘူး လို့ ဆိုတယ်။ ဒါပေမဲ့ မြန်မာလို ပေါ့လျော့အားနည်းလှတဲ့ နိုင်ငံအတွက် နယ်စပ်ဝင်ထွက်မှုတွေကို လုံးဝပိတ်ထားလိုက်ခြင်းသာလျှင် အကောင်းဆုံးဖြစ်နိုင်တယ်။
ငါး။ ရခိုင်ပြည်နယ် နဲ့ မြန်မာနိုင်ငံအရပ်ရပ်မှာ မကြာသေးမီက တရုတ်ကနေ ပြန်လာကြသူတွေကို စာရင်းပြုစုနိုင်ရင်ကောင်းမယ်။ ကျေးရွာအုပ်ချုပ်ရေးမှုးတွေဟာ ဒီလိုမျိုးအချက်အလက်တွေကို ကောက်ယူနိုင်ဖို့ရာ မြေပြင်နဲ့ အနီးဆုံးမှာရှိတဲ့ အုပ်ချုပ်ရေး ယန္တရား အစိတ်အပိုင်းတွေ ဖြစ်ကြပါတယ်။
ငါး။ ကူးစက်ရောဂါဟာ လူမျိုးမရွေး ဘာသာမရွေး ကူးစက်ရွေ့လျားမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ ခိုးဝင်ဘင်္ဂါလီသော တရုတ်သော ကုလားသော ရခိုင်သော ဗမာသော ဟူ၍မခွဲခြားဘဲ တကယ်ဖြစ်လာတဲ့အချိန်မှာ ကူးစက်ခံ လူသားမှန်သမျှကို အမြန်ဆုံး ကုသနိုင်ဖို့ ကြိုးစားမှုကို လုပ်ဆောင်ရတာမျိုး ဖြစ်လာနိုင်တာကို နားလည်ထားသင့်တယ်။
ရခိုင်ပြည်နယ်ကို ဝူဟန်ကူးစက်ရောဂါ မရောက်လာခင်တည်းက ဝူဟန်ကိုရိုနာ ဒီကို ရောက်လာရင် ဘယ်ပုံချိတ်ဆက် တုံ့ပြန်မယ် ဆိုတာကို အခုကတည်းက ရခိုင်ပြည်နယ် အစိုးရအနေနဲ့ တင်ကြိုစဉ်းစားထားသင့်တဲ့ အချိန်ကို ရောက်နေပါပြီ လို့ ဆိုချင်ပါတယ်။
မိုးမပြို ပြိုသည်ရှိ အဲသည်ကပ်ရောဂါ ရောက်လာချိန်မှာ တာဝန်ယူတုံ့ပြန်ရမှာက လူမှုရေး ဝန်ကြီး တစ်ဦးတည်းရဲ့ အလုပ်မဟုတ်ဘဲ ပြည်နယ်အစိုးရ တစ်ဖွဲ့လုံးရယ် ပြည်နယ်အစိုးရအဖွဲ့ရဲ့ တိုက်ရိုက်ကြီးကြပ်မှုအောက်မှာ ရှိမနေတဲ့ ကျန်းမာရေးဌာနတို့ရယ်က ပူးပေါင်းဆောင်ရွက်ကြရလိမ့်မယ်။
ဦးကျော်ဇောဦး
၂၀၂၀ ဖေဖော်ဝါရီလ (၂) ရက်