အမှန်​ကိုများများ​ပြော​လေ လူ​တွေကပို ယုံ​လေ






ဦး​ကျော်​​ဇောဦး
၂၀၂၀ ​ဖေ​ဖော်​ဝါရီလ (၃) ရက်

==========

==========

အမှန်​ကိုများများ​ပြော​လေ လူ​တွေကပို ယုံ​လေ

​အေ​အေတပ်​ဖွဲ့ဝင်​အချို့က ဘူးသီး​တောင်​မြို့နယ်​ထဲတွင်​ ဘင်္ဂါလီအမျိုးသမီးအချို့အား ဇွန်​နဝါရီလ (၃၁) ရက်​​နေ့က မုဒိမ်​းကျင်​့ခဲ့သည်​ ဟူ​သော စွပ်​စွဲစကားကို အ​စောဦးဆုံး သတင်​းလွှင်​့သူမှာ ဦး​ကျော်​မင်​း၏ သမီး ဘင်္ဂါလီ​လော်​ဘီ မ​ဝေ​ဝေနု (facebook account အမည်​ Wai Wai) ဖြစ်​ပါသည်​။

ယခုကား ထို စွပ်​စွဲချက်​စာစုကို facebook ​ပေါ်တွင်​ မ​တွေ့​တော့ပြီ။ စာစုပိုင်​ရှင်​က ဖြုတ်​ချလိုက်​ပြီ ထင်​ရ၏။ မ​ဝေ​ဝေနုထက်​ နာမည်​ကြီး​သော (မြန်​မာ မီဒီယာများကို ခြိမ်​း​ခြောက်​တတ်​သူ) ဘင်္ဂါလီ ​လော်​ဘီများသည်​ပင်​ လျှင်​ ထိုစွပ်​စွဲမှုကို မတင်​ခဲ့ကြ​ချေ။ သတင်​းမှန်​မဟုတ်​ ဟု ယူဆကြပုံရ​လေသည်​။

ကနဦး သတင်​းလွှင်​့သူ မ​ဝေ​ဝေနုသည်​ပင်​လျှင်​ ထိုသတင်​းကို ဖြုတ်​ချပြီးဖြစ်​​သော်​လည်​း မြန်​မာ့တပ်​မ​တော်​ကမူ မ​ဝေ​ဝေနု လှမ်​းခဲ့သည်​့ ​ခြေလှမ်​းများအတိုင်​း “မုဒိမ်​းကျင်​့သည်​” ဟု စွပ်​စွဲ ထုတ်​ပြန်​ထားသည်​ကို ​တွေ့ရပါသည်​။

အ​ကြောင်​းခြင်​းရာတို့ကို ထပ်​မံစိစစ်​သင်​့​ကြောင်​း အကြံပြုလိုပါသည်​။

ဦး​ကျော်​​ဇောဦး
၂၀၂၀ ​ဖေ​ဖော်​ဝါရီလ (၃) ရက်​

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s