ရခိုင်လူဦးရေထုသည် ပင်လယ်ရပ်ခြားအုပ်ချုပ်ခံ ကိုလိုနီ လူ့အဖွဲ့အစည်း ပေလော ဆိုတဲ့ မေးခွန်း ပေါ်ပေါက်သလော

ရခိုင္လူဦးေရထုသည္ ပင္လယ္ရပ္ျခားအုပ္ခ်ဳပ္ခံ ကိုလိုနီ လူ႕အဖြဲ႕အစည္း ေပေလာ ဆိုတဲ့ ေမးခြန္း ေ4ပၚေပါက္သေလာ

[ Zawgyi / Unicode ]

ရခိုင္လူဦးေရေတြ ေနထိုင္ရာ ငါးၿမိဳ႕နယ္ကို မေန႔က စလို႔ အင္တာနက္ေတြ ပိတ္လိုက္ပါတယ္။ အရင္က ျပန္မဖြင့္ေပးဘဲထားရွိတဲ့ ေလးၿမိဳ႕နယ္နဲ႔ေပါင္းရင္ စုစုေပါင္း ကိုးၿမိဳ႕နယ္မွာ အင္တာနက္ ပိတ္လိုက္တာျဖစ္ပါတယ္။

အေျခခံလူ႕အခြင့္အေရးမွာ အပါအ၀င္ျဖစ္တဲ့ အင္တာနက္သံုးစြဲခြင့္ကို အခုလို ပိတ္ပင္လိုက္တာမွာ ၀ိေသသႏွစ္ရပ္ကို ေတြ႕ရွိႏိုင္ပါတယ္။

တစ္။ ပထမ၀ိေသသ က ဒီလို အင္တာနက္ ပိတ္ပင္တဲ့လုပ္ရပ္ဟာ အဖြဲ႕အစည္းတစ္ခုခုကို ရည္ရြယ္တိုက္ခိုက္တာ မဟုတ္ဘဲ နယ္ေျမအတြင္းရွိ လူဦးေရတစ္ရပ္လံုးကို စုေပါင္းအျပစ္ဒဏ္ (collective punishment) ခ်မွတ္တဲ့ လုပ္ရပ္ ျဖစ္ေၾကာင္း ေပၚလြင္ထင္ရွားေနတာျဖစ္ပါတယ္။ အက်ိဳးဆက္အားျဖင့္ ပဋိပကၡနယ္ေျမေတြအတြင္း သတင္းမွန္ေပၚေပါက္ေရးကို အားနည္းသြားေစၿပီး မတရားလုပ္ေဆာင္မႈေတြသာ မ်ားသထက္မ်ားလာႏိုင္တယ္။

ႏွစ္။ ဒုတိယ၀ိေသသ က – အခုလို ၀ါးလံုးရွည္ရမ္း စုေပါင္းျပစ္ဒဏ္ ျပ႒ာန္းခ်မွတ္လိုက္ျခင္းအားျဖင့္ ျမန္မာအစိုးရရဲ႕ စိတ္ႏွလံုးထဲမွာ ရခိုင္လူ႕အဖြဲ႕အစည္းကို မိမိတို႔၏ ရင္၀ယ္သားပမာ သေဘာထားျခင္း ရွိမရွိ ဆိုတဲ့အခ်က္ကို မ်ားစြာ သံသယရွိဖြယ္ရာ ျဖစ္လာပါတယ္။ ရခိုင္ေတြဟာ ငါတို႔လူေတြ ျဖစ္တယ္လို႔ ျမန္မာအစိုးရက သေဘာထားပါရဲ႕လားလို႔ ေမးခြန္းထုတ္စရာ ျဖစ္လာပါလိမ့္မယ္။ ၁၉-ရာစု အိုင္ယာလန္ကၽြန္းေပၚမွာ အာလူးမႈိစြဲတဲ့ ကပ္ေဘးေၾကာင့္ လူေတြအငတ္ေဘးသင့္စဥ္မွာ ၿဗိတိသွ်အုပ္ခ်ဳပ္သူေတြက အငတ္ေဘးသင့္သူေတြကို ကိုယ့္လူမ်ိဴးလို႔ မမွတ္ယူဘဲ တိုင္းတပါးသားအုပ္ခ်ဳပ္ခံေတြလို႔ သေဘာထားတဲ့ စိတ္ထားလုပ္ရပ္ေတြေၾကာင့္ လူသန္းခ်ီေသဆံုးခဲ့ရတဲ့ ျဖစ္ရပ္ေတြကို အမွတ္ရမိေစပါတယ္။

သံုး။ ဒီလို အင္တာနက္ျဖတ္ေတာက္လိုက္ျခင္းအားျဖင့္ လက္ရွိျဖစ္ပြားေနဆဲ ရခိုင္ျပည္တြင္း လက္နက္ကိုင္ ပဋိပကၡမွာ ျမန္မာအစိုးရ နဲ႔ ျမန္မာ့တပ္မေတာ္ ဘက္က အားသာခ်က္ေတြ ျဖစ္ေစႏိုင္ မျဖစ္ေစႏိုင္ကို အေသအခ်ာ မေျပာႏိုင္ေပမယ့္ ေသခ်ာတာကေတာ့ အမ်ိဳးသားရင္ၾကားေစ့ေရးကို ဟသထက္ ဟကာ ေ၀းကြာသြားေစၿပီး ပဋိပကၡကို ပိုၿပီး မီးေလာင္ရာေလပင့္မယ့္ လုပ္ရပ္အျဖစ္သာ အကဲျဖတ္ျခင္းကို ခံရပါတယ္။

ဦးေက်ာ္ေဇာဦး
ရခိုင္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္
၂၀၂၀ ေဖေဖာ္၀ါရီလ (၄) ရက္

==========

ရခိုင်လူဦးရေထုသည် ပင်လယ်ရပ်ခြားအုပ်ချုပ်ခံ ကိုလိုနီ လူ့အဖွဲ့အစည်း ပေလော ဆိုတဲ့ မေးခွန်း ပေါ်ပေါက်သလော

[ Unicode ]

ရခိုင်လူဦးရေတွေ နေထိုင်ရာ ငါးမြို့နယ်ကို မနေ့က စလို့ အင်တာနက်တွေ ပိတ်လိုက်ပါတယ်။ အရင်က ပြန်မဖွင့်ပေးဘဲထားရှိတဲ့ လေးမြို့နယ်နဲ့ပေါင်းရင် စုစုပေါင်း ကိုးမြို့နယ်မှာ အင်တာနက် ပိတ်လိုက်တာဖြစ်ပါတယ်။

အခြေခံလူ့အခွင့်အရေးမှာ အပါအဝင်ဖြစ်တဲ့ အင်တာနက်သုံးစွဲခွင့်ကို အခုလို ပိတ်ပင်လိုက်တာမှာ ၀ိသေသနှစ်ရပ်ကို တွေ့ရှိနိုင်ပါတယ်။

တစ်။ ပထမဝိသေသ က ဒီလို အင်တာနက် ပိတ်ပင်တဲ့လုပ်ရပ်ဟာ အဖွဲ့အစည်းတစ်ခုခုကို ရည်ရွယ်တိုက်ခိုက်တာ မဟုတ်ဘဲ နယ်မြေအတွင်းရှိ လူဦးရေတစ်ရပ်လုံးကို စုပေါင်းအပြစ်ဒဏ် (collective punishment) ချမှတ်တဲ့ လုပ်ရပ် ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားနေတာဖြစ်ပါတယ်။ အကျိုးဆက်အားဖြင့် ပဋိပက္ခနယ်မြေတွေအတွင်း သတင်းမှန်ပေါ်ပေါက်ရေးကို အားနည်းသွားစေပြီး မတရားလုပ်ဆောင်မှုတွေသာ များသထက်များလာနိုင်တယ်။

နှစ်။ ဒုတိယဝိသေသ က – အခုလို ၀ါးလုံးရှည်ရမ်း စုပေါင်းပြစ်ဒဏ် ပြဋ္ဌာန်းချမှတ်လိုက်ခြင်းအားဖြင့် မြန်မာအစိုးရရဲ့ စိတ်နှလုံးထဲမှာ ရခိုင်လူ့အဖွဲ့အစည်းကို မိမိတို့၏ ရင်ဝယ်သားပမာ သဘောထားခြင်း ရှိမရှိ ဆိုတဲ့အချက်ကို များစွာ သံသယရှိဖွယ်ရာ ဖြစ်လာပါတယ်။ ရခိုင်တွေဟာ ငါတို့လူတွေ ဖြစ်တယ်လို့ မြန်မာအစိုးရက သဘောထားပါရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါလိမ့်မယ်။ ၁၉-ရာစု အိုင်ယာလန်ကျွန်းပေါ်မှာ အာလူးမှိုစွဲတဲ့ ကပ်ဘေးကြောင့် လူတွေအငတ်ဘေးသင့်စဉ်မှာ ဗြိတိသျှအုပ်ချုပ်သူတွေက အငတ်ဘေးသင့်သူတွေကို ကိုယ့်လူမျိူးလို့ မမှတ်ယူဘဲ တိုင်းတပါးသားအုပ်ချုပ်ခံတွေလို့ သဘောထားတဲ့ စိတ်ထားလုပ်ရပ်တွေကြောင့် လူသန်းချီသေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တွေကို အမှတ်ရမိစေပါတယ်။

သုံး။ ဒီလို အင်တာနက်ဖြတ်တောက်လိုက်ခြင်းအားဖြင့် လက်ရှိဖြစ်ပွားနေဆဲ ရခိုင်ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခမှာ မြန်မာအစိုးရ နဲ့ မြန်မာ့တပ်မတော် ဘက်က အားသာချက်တွေ ဖြစ်စေနိုင် မဖြစ်စေနိုင်ကို အသေအချာ မပြောနိုင်ပေမယ့် သေချာတာကတော့ အမျိုးသားရင်ကြားစေ့ရေးကို ဟသထက် ဟကာ ဝေးကွာသွားစေပြီး ပဋိပက္ခကို ပိုပြီး မီးလောင်ရာလေပင့်မယ့် လုပ်ရပ်အဖြစ်သာ အကဲဖြတ်ခြင်းကို ခံရပါတယ်။

ဦးကျော်ဇောဦး
ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်
၂၀၂၀ ဖေဖော်ဝါရီလ (၄) ရက်

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s