[ Zawgyi / Unicode ]
စစ္ေတြ အေ၀းေျပးကားလမ္း စစ္ေဆးေရးဂိတ္မ်ားကိစၥ
ပုဏၰားကၽြန္းၿမိဳ႕နယ္တြင္ ပညာေရး၀န္ထမ္းအျဖစ္တာ၀န္ ထမ္းေဆာင္ေနသူအျဖစ္ သိရသူ ကိုညီညီေဇာ္ [ (အသက္ (၃၂-ႏွစ္) ၊ အဖအမည္-ဦးေမာင္လွ၊ ေနရပ္- စစ္ေတြၿမိဳ႕ မင္းဂံရပ္ကြက္ အကြက္ (ဂ) ၊ အိမ္နံပါတ္ (၂၃) ] သည္ ယေန႔နံနက္ ရွစ္နာရီခန္႔တြင္ ရန္ကုန္-စစ္ေတြ အေ၀းေျပးကားလမ္းေပၚရွိ ေက်ာက္တန္း စစ္ေဆးေရး ဂိတ္အနီးတြင္ ပစ္ခတ္ခံရရာ ညာဘက္ႏို႔ အံုအနီး ရင္ဘတ္ထဲသို႔ က်ည္၀င္သြားၿပီး ယခုအခါ စစ္ေတြ ေဆးရံုႀကီးတြင္ ကုသမႈခံယူေနရေၾကာင္း ကနဦး သတင္းပို႔ခ်က္မ်ားအရ ၾကားသိရပါသည္။ ကိုညီညီေဇာ္ ႏွင့္ပတ္သက္၍ လံုၿခံဳေရးပိုင္းဆိုင္ရာ စြပ္စြဲမႈ၊ အေရးယူရန္ႀကိဳးပမ္းမႈ မ်ား ရွိ/မရွိ မသိရေသးပါ။
စစ္ေတြၿမိဳ႕နယ္အတြင္း အေ၀းေျပးကားလမ္းေပၚတြင္ တားဆီးစစ္ေဆးျခင္းမ်ားကို လုပ္ေဆာင္ေနသည့္ လံုၿခံဳေရးတပ္ဖြဲ႕၀င္မ်ားႏွင့္ ၎တို႔၏ အမိန္႔ေပး အရာရွိမ်ားအား အေလးအနက္ တိုက္တြန္း ေမတၱာရပ္ခံလိုသည္မွာ – အစိုးရ၀န္ထမ္းမ်ားအပါအ၀င္ သာမန္အရပ္သားမ်ား ေန႔ညမဟူ ျဖတ္သန္းသြားလာ ေနၾကသည္ျဖစ္၍ လူႀကီးမင္းတို႔ ျပဳလုပ္ၾကသည့္ တားဆီးစစ္ေဆးမႈမ်ားကို လိုက္နာရမည့္ စည္းမ်ဥ္း (protocol) မ်ား အတိုင္း တိတိက်က် လိုက္နာ လုပ္ေဆာင္ၾကေစလိုေၾကာင္း ေမတၱာရပ္ခံလိုပါသည္။
ဤေနရာတြင္ စစ္ေဆးမႈမ်ားျပဳလုပ္ေနေၾကာင္း ဆိုင္ကယ္စီးသူမ်ားအပါအ၀င္ ျဖတ္သန္း သြားလာေနသူမ်ား အေနျဖင့္ လံုေလာက္ေသာ အကြာအေ၀းမွ ႀကိဳတင္သိျမင္ႏိုင္သည့္ အခ်က္ေပးမႈမ်ားကို စစ္ေဆးသူမ်ားက ျပဳလုပ္ထားပါက – မသိသျဖင့္ သေဘာရိုးႏွင့္ ေက်ာ္လြန္သြားသည္မ်ားကို ေသနတ္ႏွင့္ လွမ္းပစ္ရျခင္းမ်ိဳးမ်ားအား ေရွာင္ရွားႏိုင္မည္ ျဖစ္ပါသည္။
ဦးေက်ာ္ေဇာဦး
၂၀၂၀ မတ္လ (၈) ရက္
==========
==========
[ Unicode ]
စစ်တွေ အဝေးပြေးကားလမ်း စစ်ဆေးရေးဂိတ်များကိစ္စ
ပုဏ္ဏားကျွန်းမြို့နယ်တွင် ပညာရေးဝန်ထမ်းအဖြစ်တာဝန် ထမ်းဆောင်နေသူအဖြစ် သိရသူ ကိုညီညီဇော် [ (အသက် (၃၂-နှစ်) ၊ အဖအမည်-ဦးမောင်လှ၊ နေရပ်- စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက် (ဂ) ၊ အိမ်နံပါတ် (၂၃) ] သည် ယနေ့နံနက် ရှစ်နာရီခန့်တွင် ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းပေါ်ရှိ ကျောက်တန်း စစ်ဆေးရေး ဂိတ်အနီးတွင် ပစ်ခတ်ခံရရာ ညာဘက်နို့ အုံအနီး ရင်ဘတ်ထဲသို့ ကျည်ဝင်သွားပြီး ယခုအခါ စစ်တွေ ဆေးရုံကြီးတွင် ကုသမှုခံယူနေရကြောင်း ကနဦး သတင်းပို့ချက်များအရ ကြားသိရပါသည်။ ကိုညီညီဇော် နှင့်ပတ်သက်၍ လုံခြုံရေးပိုင်းဆိုင်ရာ စွပ်စွဲမှု၊ အရေးယူရန်ကြိုးပမ်းမှု များ ရှိ/မရှိ မသိရသေးပါ။
စစ်တွေမြို့နယ်အတွင်း အဝေးပြေးကားလမ်းပေါ်တွင် တားဆီးစစ်ဆေးခြင်းများကို လုပ်ဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ အမိန့်ပေး အရာရှိများအား အလေးအနက် တိုက်တွန်း မေတ္တာရပ်ခံလိုသည်မှာ – အစိုးရဝန်ထမ်းများအပါအဝင် သာမန်အရပ်သားများ နေ့ညမဟူ ဖြတ်သန်းသွားလာ နေကြသည်ဖြစ်၍ လူကြီးမင်းတို့ ပြုလုပ်ကြသည့် တားဆီးစစ်ဆေးမှုများကို လိုက်နာရမည့် စည်းမျဉ်း (protocol) များ အတိုင်း တိတိကျကျ လိုက်နာ လုပ်ဆောင်ကြစေလိုကြောင်း မေတ္တာရပ်ခံလိုပါသည်။
ဤနေရာတွင် စစ်ဆေးမှုများပြုလုပ်နေကြောင်း ဆိုင်ကယ်စီးသူများအပါအဝင် ဖြတ်သန်း သွားလာနေသူများ အနေဖြင့် လုံလောက်သော အကွာအဝေးမှ ကြိုတင်သိမြင်နိုင်သည့် အချက်ပေးမှုများကို စစ်ဆေးသူများက ပြုလုပ်ထားပါက – မသိသဖြင့် သဘောရိုးနှင့် ကျော်လွန်သွားသည်များကို သေနတ်နှင့် လှမ်းပစ်ရခြင်းမျိုးများအား ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။
ဦးကျော်ဇောဦး
၂၀၂၀ မတ်လ (၈) ရက်