(ျမန္မာအစိုးရက ကိုဗစ္-၁၉ ကို တိုက္ဖ်က္ရာမွာ ရခိုင္ လူဦးေရထုကို ဘယ္လို ခ်န္လွပ္ထားခဲ့သလဲ)
[ English text first / Burmese text below ]
This note is my refutation against the lies of Myanmar government’s ministry of foreign affairs, issued a few hours ago, regarding their so-called fight against COVID-19 in Rakhine state.
Myanmar has left Rakhine population behind in its fight against COVID-19.
While Myanmar’s central government is publicizing its propaganda on how much it is fighting a good fight against COVID-19 in Rakhine state, Rakhine local population, in fact, is being opressed with internet shutdown, blockage on humanitarian aids, intentional bombings on Rakhine and Chin civillians, arbiteary arrests, threats of arrests on indepndent journalists and many other unthinkable tools of oppressions.
Civillian part of Myanmar government can be said to be well co-operating with its millitary counterparts in crushing innocent lives in Rakhine state, as indicated by things like internet shutdown, recent internal department orders to put transportation restrictions of seriously injuried people within Sittwe district and turning blind eyes to attrocities commited by the millitary, to name a few.
While “STAY HOME” is being a life-saving motto against COVID-19 in the world, more than a hundred of thousands of people in Rakhine state have now no home to stay; many of their homes were burnt down by the millatry.
While “Social Distancing” is being a good tactic to confront CoVID-19, Rakhine IDPs have no other options but have to be cuddled together in crowded camps of dire situations.
While “Washing Hands” is being a way of fighting COVID-19, Rakhine IDPs have not enough water and soaps to cover basic sanitation.
When the state counsellor Daw Aung San Su Kyi said, a few day ago, she started using Facebook in order to impart life-saving information about COVID-19 to public, people in northern Rakhine state could not use internet, and were facing other forms of information blockage such as criminalizing the journalists.
As far as I know and as of today, many people of muslim population in Buthidaung-Maungdaw of northern Rakhine state are still going to their mosques to pray together in crowded groups, because they haven’t received any directives (from the government) not to do so, they told me.
Myanmar has left Rakhine population behind in its fight against COVID-19.
Kyaw Zaw Oo
10th April 2020
==========
[ Zawgyi / Unicode ]
က်ြန္ေတာ့္ရဲ႕ ဒီစာစုဟာ ၿပီးခဲ့တဲ့ နာရီပိုင္းေလာက္က ထုတ္ျပန္တဲ့ ျမန္မာအစိုးရ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ရခိုင္ျပည္နယ္တြင္း ကိုဗစ္-၁၉ တိုက္ဖ်က္မႈ ဆိုင္ရာထုတ္ျပန္ လိမ္ညာမႈေတြကို က်ြန္ေတာ့္ဘက္က ေခ်ပခ်က္ ျဖစ္ပါတယ္။
ကိုဗစ္-၁၉ ကို တိုက္ဖ်က္ရာမွာ ျမန္မာအစိုးရ ဟာ ရခိုင္ လူဦးေရထုကို ခ်န္လွပ္ထားခဲ့တယ္။
ရခိုင္ျပည္နယ္ထဲ ကိုဗစ္-၁၉ ကို တိုက္ဖ်က္ရန္လုပ္ေဆာင္မႈေတြကို ေကာင္းစြာ ႀကိဳးကုတ္အားထုတ္လ်က္ရွိပါတယ္ လို႔ ျမန္မာဗဟိုအစိုးရက ဝါဒျဖန္႔ေနခ်ိန္မွာ – ရခိုင္ လူဦးေရထုဟာ ပံုစံအမ်ိဳးမ်ိဳးေသာ ဖိႏွိပ္မႈေတြကို ရင္ဆိုင္ေနရပါတယ္။ ရခိုင္ လူဦးေရထုဟာ အင္တာနက္ျဖတ္ေတာက္ထားျခင္းကိုႀကံဳရတယ္။ လူသားခ်င္းစာနာတဲ့ အေထာက္အပံ့ေတြ မလာႏိုင္ေအာင္ တားဆီးျခင္းေတြႀကံဳရတယ္။ ရခိုင္ နဲ႔ ခ်င္း အရပ္သားေတြအေပၚမွာ တမင္တကာ ဗံုးႀကဲျခင္းေတြ ႀကံဳရတယ္။ လက္လြတ္စပယ္ စိတ္ထင္တိုင္းဖမ္းဆီးျခင္းေတြ ရွိေနတယ္။ လြတ္လပ္ေသာ သတင္းသမားေတြကို ဖမ္းဆီးရန္ ၿခိမ္းေျခာက္မႈေတြႀကံဳေနရတယ္။ အျခားအျခားေသာ စဥ္းစားရန္ပင္ မဝံ့တဲ့ ဖိႏွိပ္မႈ ကိရိယာ အမ်ိဳးမ်ိဳးကို ႀကံဳရတယ္။
ရခိုင္ျပည္နယ္ထဲက အျပစ္မဲ့ အသက္ေတြက္ို နင္းေခ်တဲ့ေနရာမွာ အစိုးရရဲ႕ အရပ္သားဖက္ျခမ္းဟာ စစ္ဖက္ဆိုင္ရာျခမ္းနဲ႔ ေကာင္းစြာ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိတယ္ လို႔ ဆိုမယ္ဆိုရင္ ဆိုႏိုင္ပါတယ္။ ဒါကို ဘယ္လို ျဖစ္ရပ္ေတြက ၫႊန္ျပေနသလဲဆိုေတာ့ – အင္တာနက္ပိတ္ပင္တာ၊ အေရးေပၚဒဏ္ရာရ လူနာေတြကို သယ္ယူပို႔ေဆာင္ေရးကို ဌာနတြင္း အမိန္႔ေတြအားျဖင့္ စစ္ေတြခရိုင္အတြင္းမွာ မၾကာေသးခင္ကစၿပီး ကန္႔သတ္ခ်ဳပ္ခ်ယ္တာ၊ စစ္ဘက္က က်ဴးလြန္တဲ့ ရက္စက္မႈေတြက္ို မျမင္ခ်င္ေယာင္ေဆာင္ေပးတာ . . . ၊ စသည္အားျဖင့္ ျဖစ္ပါတယ္။
“အိမ္မွာ ေနပါ” ဆိုတဲ့စကားဟာ ကိုဗစ္-၁၉ ရန္ကေန အသက္ကယ္ေပးႏိုင္တဲ့ ေဆာင္ပုဒ္ တစ္ခုျဖစ္တယ္ လို႔ ကမၻာေပၚမွာ ဆိုႏိုင္ပါတယ္။ ဒါေပမဲ့ သိန္းခ်ီေသာ ရခိုင္ျပည္သူေတြဟာ အခုအခါမွာ ေနစရာ အိမ္မရွိၾကပါဘူး။ သူတို႔ထဲက ေတာ္ေတာ္မ်ားမ်ားရဲ႕ အိမ္ေတြကို စစ္တပ္က မီးရိႈ႕ပစ္ခဲ့တာ လို႔ ဆိုၾကပါတယ္။
“ေဝးေဝးေနပါ” ဆိုတဲ့နည္းလမ္းဟာ ကိုဗစ္-၁၉ ကို တိုက္ဖ်က္ရာမွာ နည္းဗ်ဴဟာေကာင္း တစ္ရပ္ျဖစ္ပါတယ္။ ဒါေပမဲ့ ရခိုင္ စစ္ေဘးေရွာင္ေတြအဖို႔ရာ အေျခအေနဆိုးလွတဲ့ လူထူထပ္တဲ့ ဒုကၡသည္ စခန္းေတြမွာ ေထြးလံုးပတ္လံုးေနၾကဖို႔ရာကလြဲလို႔ အျခားေ႐ြးခ်ယ္ပိုင္ခြင့္ မရွိၾကပါဘူး။
“လက္ေတြကို ေဆးဖို႔” ရာ ဟာ ကိုဗစ္-၁၉ တိုက္ဖ်က္ရာနည္းလမ္း တစ္သြယ္ျဖစ္ပါတယ္။ ဒါေပမဲ့ ရခိုင္ စစ္ေဘးေရွာင္ေတြမွာေတာ့ အေျခခံ သန္႔ရွင္းေရးေတြကို လုပ္ဖို႔ လံုေလာက္တဲ့ ေရ နဲ႔ ဆပ္ျပာမရွိၾကပါဘူး။
ၿပီးခဲ့တဲ့ ရက္အနည္းငယ္က ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။ ကိုဗစ္-၁၉ နဲ႔ ပတ္သက္လို႔ အသက္ကယ္အခ်က္အလက္ေတြအား ျပည္သူေတြထံမ်ွေဝႏိုင္ဖို႔ရာ Facebook ကို စတင္ သံုးစြဲျခင္း ျဖစ္တယ္ လို႔ ဆိုပါတယ္။ သူမက အဲသလို ေျပာတဲ့အခ်ိန္မွာ ရခိုင္ေျမာက္ပိုင္းက ျပည္သူေတြဟာ အင္တာနက္ သံုးခြင့္မရပါဘူး။ ဒါ့အျပင္ သတင္းသမားေတြကို ရာဇဝတ္အျပစ္သား ျဖစ္ေအာင္လုပ္ျခင္း အစရွိတဲ့နည္းလမ္းေတြနဲ႔ သတင္းအခ်က္အလက္ ပိတ္ပင္ျခင္းမ်ားကိုလည္း ခံစားၾကရပါတယ္။
ဒီေနအထိ က်ြန္ေတာ္ သိသမ်ွကို ေျပာရရင္ – ရခိုင္ေျမာက္ပိုင္း ဘူးသီးေတာင္ ေမာင္ေတာက မ်ားစြာေသာ မူဆလင္တို႔ဟာ ဗလီေတြကိုသြားၿပီး လူအုပ္စုမ်ားအလိုက္ ဝတ္ျပဳဆုေတာင္းတာ ျပဳေနၾကဆဲ ျဖစ္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီေန႔ဖက္ထိ ဒီလို အုပ္စုလိုက္ ဝတ္မျပဳၾကဖို႔ အစိုးရဘက္က ၫႊန္ၾကားခ်က္ ဘာမွ ထုတ္ျပန္ၫႊန္ၾကားျခင္း မရွိေသးလို႔ ဆိုပါတယ္။
ကိုဗစ္-၁၉ ကို တိုက္ဖ်က္ရာမွာ ျမန္မာအစိုးရ ဟာ ရခိုင္ လူဦးေရထုကို ခ်န္လွပ္ထားခဲ့တယ္။
ဦးေက်ာ္ ေဇာဦး
၂၀၂၀ ဧၿပီလ (၁၀) ရက္
==========
[ Unicode ]
ကျွန်တော့်ရဲ့ ဒီစာစုဟာ ပြီးခဲ့တဲ့ နာရီပိုင်းလောက်က ထုတ်ပြန်တဲ့ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရခိုင်ပြည်နယ်တွင်း ကိုဗစ်-၁၉ တိုက်ဖျက်မှု ဆိုင်ရာထုတ်ပြန် လိမ်ညာမှုတွေကို ကျွန်တော့်ဘက်က ချေပချက် ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကို တိုက်ဖျက်ရာမှာ မြန်မာအစိုးရ ဟာ ရခိုင် လူဦးရေထုကို ချန်လှပ်ထားခဲ့တယ်။
ရခိုင်ပြည်နယ်ထဲ ကိုဗစ်-၁၉ ကို တိုက်ဖျက်ရန်လုပ်ဆောင်မှုတွေကို ကောင်းစွာ ကြိုးကုတ်အားထုတ်လျက်ရှိပါတယ် လို့ မြန်မာဗဟိုအစိုးရက ဝါဒဖြန့်နေချိန်မှာ – ရခိုင် လူဦးရေထုဟာ ပုံစံအမျိုးမျိုးသော ဖိနှိပ်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ရခိုင် လူဦးရေထုဟာ အင်တာနက်ဖြတ်တောက်ထားခြင်းကိုကြုံရတယ်။ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ မလာနိုင်အောင် တားဆီးခြင်းတွေကြုံရတယ်။ ရခိုင် နဲ့ ချင်း အရပ်သားတွေအပေါ်မှာ တမင်တကာ ဗုံးကြဲခြင်းတွေ ကြုံရတယ်။ လက်လွတ်စပယ် စိတ်ထင်တိုင်းဖမ်းဆီးခြင်းတွေ ရှိနေတယ်။ လွတ်လပ်သော သတင်းသမားတွေကို ဖမ်းဆီးရန် ခြိမ်းခြောက်မှုတွေကြုံနေရတယ်။ အခြားအခြားသော စဉ်းစားရန်ပင် မဝံ့တဲ့ ဖိနှိပ်မှု ကိရိယာ အမျိုးမျိုးကို ကြုံရတယ်။
ရခိုင်ပြည်နယ်ထဲက အပြစ်မဲ့ အသက်တွေက်ို နင်းချေတဲ့နေရာမှာ အစိုးရရဲ့ အရပ်သားဖက်ခြမ်းဟာ စစ်ဖက်ဆိုင်ရာခြမ်းနဲ့ ကောင်းစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ် လို့ ဆိုမယ်ဆိုရင် ဆိုနိုင်ပါတယ်။ ဒါကို ဘယ်လို ဖြစ်ရပ်တွေက ညွှန်ပြနေသလဲဆိုတော့ – အင်တာနက်ပိတ်ပင်တာ၊ အရေးပေါ်ဒဏ်ရာရ လူနာတွေကို သယ်ယူပို့ဆောင်ရေးကို ဌာနတွင်း အမိန့်တွေအားဖြင့် စစ်တွေခရိုင်အတွင်းမှာ မကြာသေးခင်ကစပြီး ကန့်သတ်ချုပ်ချယ်တာ၊ စစ်ဘက်က ကျူးလွန်တဲ့ ရက်စက်မှုတွေက်ို မမြင်ချင်ယောင်ဆောင်ပေးတာ . . . ၊ စသည်အားဖြင့် ဖြစ်ပါတယ်။
“အိမ်မှာ နေပါ” ဆိုတဲ့စကားဟာ ကိုဗစ်-၁၉ ရန်ကနေ အသက်ကယ်ပေးနိုင်တဲ့ ဆောင်ပုဒ် တစ်ခုဖြစ်တယ် လို့ ကမ္ဘာပေါ်မှာ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ သိန်းချီသော ရခိုင်ပြည်သူတွေဟာ အခုအခါမှာ နေစရာ အိမ်မရှိကြပါဘူး။ သူတို့ထဲက တော်တော်များများရဲ့ အိမ်တွေကို စစ်တပ်က မီးရှို့ပစ်ခဲ့တာ လို့ ဆိုကြပါတယ်။
“ဝေးဝေးနေပါ” ဆိုတဲ့နည်းလမ်းဟာ ကိုဗစ်-၁၉ ကို တိုက်ဖျက်ရာမှာ နည်းဗျူဟာကောင်း တစ်ရပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင် စစ်ဘေးရှောင်တွေအဖို့ရာ အခြေအနေဆိုးလှတဲ့ လူထူထပ်တဲ့ ဒုက္ခသည် စခန်းတွေမှာ ထွေးလုံးပတ်လုံးနေကြဖို့ရာကလွဲလို့ အခြားရွေးချယ်ပိုင်ခွင့် မရှိကြပါဘူး။
“လက်တွေကို ဆေးဖို့” ရာ ဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရာနည်းလမ်း တစ်သွယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင် စစ်ဘေးရှောင်တွေမှာတော့ အခြေခံ သန့်ရှင်းရေးတွေကို လုပ်ဖို့ လုံလောက်တဲ့ ရေ နဲ့ ဆပ်ပြာမရှိကြပါဘူး။
ပြီးခဲ့တဲ့ ရက်အနည်းငယ်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ အသက်ကယ်အချက်အလက်တွေအား ပြည်သူတွေထံမျှဝေနိုင်ဖို့ရာ Facebook ကို စတင် သုံးစွဲခြင်း ဖြစ်တယ် လို့ ဆိုပါတယ်။ သူမက အဲသလို ပြောတဲ့အချိန်မှာ ရခိုင်မြောက်ပိုင်းက ပြည်သူတွေဟာ အင်တာနက် သုံးခွင့်မရပါဘူး။ ဒါ့အပြင် သတင်းသမားတွေကို ရာဇဝတ်အပြစ်သား ဖြစ်အောင်လုပ်ခြင်း အစရှိတဲ့နည်းလမ်းတွေနဲ့ သတင်းအချက်အလက် ပိတ်ပင်ခြင်းများကိုလည်း ခံစားကြရပါတယ်။
ဒီနေအထိ ကျွန်တော် သိသမျှကို ပြောရရင် – ရခိုင်မြောက်ပိုင်း ဘူးသီးတောင် မောင်တောက များစွာသော မူဆလင်တို့ဟာ ဗလီတွေကိုသွားပြီး လူအုပ်စုများအလိုက် ဝတ်ပြုဆုတောင်းတာ ပြုနေကြဆဲ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ဖက်ထိ ဒီလို အုပ်စုလိုက် ဝတ်မပြုကြဖို့ အစိုးရဘက်က ညွှန်ကြားချက် ဘာမှ ထုတ်ပြန်ညွှန်ကြားခြင်း မရှိသေးလို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ကို တိုက်ဖျက်ရာမှာ မြန်မာအစိုးရ ဟာ ရခိုင် လူဦးရေထုကို ချန်လှပ်ထားခဲ့တယ်။
ဦးကျော် ဇောဦး
၂၀၂၀ ဧပြီလ (၁၀) ရက်
==========
