[ – English text first / Burmese text below – ]
Written by : Kyaw Zaw Oo (Spokesperson for Arakan Front Party)
Five civilians were killed by some Myanmarese Army troop for no reason at Minbya of Rakhine State yesterday on (22-04-2020), reliable local sources phoned me.
The Myanmarese troop, that were on their way back into the town, is said to have shot a farmer dead for no reason at Naram village around 7 pm yesterday. The 61 year old farmer, U San Oo Kyaw (son of U Hla Kyaw Phyu) was tending his cows when he was shot by the passing-by Myanmar troop.
And the same troopers proceeded into the town and, on reaching Pike-the quarter, they killed two Bengali Muslims on their way, people told me.
When they were nearing the town centre park, they got sight of two motor-cyclists and shot at them. They approached the two dying men on the ground, slit one victim’s throat and mutilated some parts of their bodies before they killed them, according to my local sources. These killings were made around 7 pm and it was two hours before 9 pm curfew.
Two victims, who were murdered in that downtown incident, were U Kyaw Myat Tun aka Tun Lone Chay [(31 year old), son of U Thein Maung] and U Than Tun [(32 year old), son of U Aung Kyaw Hla].
Our colleagues and I strongly condemn Myanmarese Army’s cruel killings of these innocent non-combatant civilians yesterday at Minbya.
Kyaw Zaw Oo
Spokesperson for Arakan Front Party
23rd April 2020
==========
[ Zawgyi / Unicode ]
မင္းျပားၿမိဳ႕ေပၚတစ္၀ိုက္ စစ္တပ္က အရပ္သားငါးဦးကို သတ္ျဖတ္ ဟု ဆို
Written by : ဦးေက်ာ္ေဇာဦး (ရခိုင့္ဦးေဆာင္ပါတီ AFP ၏ ေျပာေရးဆိုခြင့္ရွိသူ)
ယမန္ေန႔ (၂၂-၀၄-၂၀၂၀) ရက္ေန႔ ယေနပိုင္းတြင္ ရခုိင္ျပည္နယ္ မင္းျပားၿမိဳ႕ေပၚႏွင့္ အနီးတစ္၀ိုက္တြင္ ျမန္မာ့တပ္မေတာ္ တပ္ဖြဲ႕အခ်ိဳ႕က လမ္းတြင္ေတြ႕ေသာ အရပ္သား ငါးဦးအား အေၾကာင္းမဲ့ သတ္ျဖတ္ခဲ့ၾကသည္ ဟု ခိုင္မာေသာ ေဒသခံ သတင္းရင္းျမစ္မ်ားက ကၽြန္ေတာ့္အား ဖုန္းျဖင့္ သတင္းေပးပို႔ၾကပါသည္။
တပ္မေတာ္ စစ္ေၾကာင္းတစ္ေၾကာင္းသည္ ယမန္ေန႔ ညေနပိုင္း ခုနစ္နာရီခန္႔တြင္ မင္းျပားၿမိဳ႕အျပင္ဘက္မွ မင္းျပားၿမိဳ႕ထဲသို႔ ၀င္ေရာက္လာရာ – နရမ္းေက်းရြာအေရာက္တြင္ ႏြားခ်ည္ေနေသာ လယ္သမား တစ္ဦးျဖစ္သူ ဦးစံဦးေက်ာ္ [ (အသက္ ၆၁-ႏွစ္) အဖ ဦးလွေက်ာ္ျဖဴ ၏ သား] ကို အေၾကာင္းမဲ့ လွမ္းပစ္၍ သတ္ျဖတ္ခဲ့သည္ ဟု သိရပါသည္။
ထို႔ေနာက္ လာရာလမ္းတစ္ေလွ်ာက္ ရမ္းသမ္းပစ္ခတ္လာခဲ့၍ မင္းျပားၿမိဳ႕ ပိုက္သည္အရပ္ သို႔ ထိုစစ္ေၾကာင္း အေရာက္တြင္ ဘဂၤါလီ မူဆလင္ ႏွစ္ဦးအား ပစ္သတ္ခဲ့ၾကသည္ ဟု ဆိုပါသည္။
ထို႔ေနာက္ ထိုစစ္ေၾကာင္းသည္ မင္းျပားၿမိဳ႕ထဲ၍ ၿမိဳ႕လယ္ပန္းၿခံအနီးအေရာက္တြင္ လမ္းေပၚ၌ ဆိုင္ကယ္ျဖင့္ ျဖတ္သြားသည္ကို လူႏွစ္ဦးအား လွမ္း၍ပစ္ၿပီးေနာက္ ဒဏ္ရာရေနေသာ ထိုသူႏွစ္ဦးထံ ခ်ဥ္းကပ္ကာ လည္ပင္းလွီးျခင္း၊ ခႏၶာကိုယ္ အစိတ္အပိုင္းမ်ားအား လွီးျဖတ္ျခင္းျပဳလုပ္လ်က္ သတ္ျဖတ္ခဲ့ၾကသည္ ဟု ေဒသခံမ်ားက ေျပာၾကားၾကပါသည္။ ထိုကဲ့သို႔ ျဖစ္ပ်က္သည့္အခ်ိန္တြင္ ည ခုနစ္နာရီခန္႔သာ ရွိေသးသည္ ဟု ဆိုပါသည္။ မင္းျပားၿမိဳ႕တြင္ ညမထြက္ရအမိန္႔မွာ ည ကိုးနာရီေနာက္ပိုင္း မထြက္ရန္ သတ္မွတ္ထားျခင္း ျဖစ္ပါသည္။
မင္းျပားၿမိဳ႕ထဲတြင္ အသတ္ခံရသူ ႏွစ္ဦးမွာ – ဦးေက်ာ္ျမတ္ထြန္း (ေခၚ) ထြန္းလံုးေခ် [ (အသက္-၃၁ ႏွစ္)၊ အဖ ဦးသိန္းေမာင္ ၏ သား ] ႏွင့္ ဦးသန္းထြန္း [ (အသက္-၃၂ ႏွစ္)၊ အဖ ဦးေအာင္ေက်ာ္လွ ၏ သား ] တို႔ ျဖစ္ၾကပါသည္။
တိုက္ခိုက္ေရးသမားမဟုတ္ေသာ အျပစ္မဲ့ အရပ္သားမ်ားကို ျမန္မာစစ္တပ္က ဤကဲ့သို႔ ရက္ရက္စက္စက္ သတ္ျဖတ္မႈမ်ားအား ကၽြႏု္ပ္တို႔က ျပင္းျပင္းထန္ထန္ ရႈတ္ခ်ပါသည္။
ဦးေက်ာ္ေဇာဦး
ေျပာေရးဆိုခြင့္ရွိသူ (ရခိုင့္ဦးေဆာင္ပါတီ – AFP)
၂၀၂၀ ဧၿပီလ (၂၃) ရက္
==========
[ Unicode ]
မင်းပြားမြို့ပေါ်တစ်ဝိုက် စစ်တပ်က အရပ်သားငါးဦးကို သတ်ဖြတ် ဟု ဆို
Written by : ဦးကျော်ဇောဦး (ရခိုင့်ဦးဆောင်ပါတီ AFP ၏ ပြောရေးဆိုခွင့်ရှိသူ)
ယမန်နေ့ (၂၂-၀၄-၂၀၂၀) ရက်နေ့ ယနေပိုင်းတွင် ရခိုင်ပြည်နယ် မင်းပြားမြို့ပေါ်နှင့် အနီးတစ်ဝိုက်တွင် မြန်မာ့တပ်မတော် တပ်ဖွဲ့အချို့က လမ်းတွင်တွေ့သော အရပ်သား ငါးဦးအား အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြသည် ဟု ခိုင်မာသော ဒေသခံ သတင်းရင်းမြစ်များက ကျွန်တော့်အား ဖုန်းဖြင့် သတင်းပေးပို့ကြပါသည်။
တပ်မတော် စစ်ကြောင်းတစ်ကြောင်းသည် ယမန်နေ့ ညနေပိုင်း ခုနစ်နာရီခန့်တွင် မင်းပြားမြို့အပြင်ဘက်မှ မင်းပြားမြို့ထဲသို့ ဝင်ရောက်လာရာ – နရမ်းကျေးရွာအရောက်တွင် နွားချည်နေသော လယ်သမား တစ်ဦးဖြစ်သူ ဦးစံဦးကျော် [ (အသက် ၆၁-နှစ်) အဖ ဦးလှကျော်ဖြူ ၏ သား] ကို အကြောင်းမဲ့ လှမ်းပစ်၍ သတ်ဖြတ်ခဲ့သည် ဟု သိရပါသည်။
ထို့နောက် လာရာလမ်းတစ်လျှောက် ရမ်းသမ်းပစ်ခတ်လာခဲ့၍ မင်းပြားမြို့ ပိုက်သည်အရပ် သို့ ထိုစစ်ကြောင်း အရောက်တွင် ဘင်္ဂါလီ မူဆလင် နှစ်ဦးအား ပစ်သတ်ခဲ့ကြသည် ဟု ဆိုပါသည်။
ထို့နောက် ထိုစစ်ကြောင်းသည် မင်းပြားမြို့ထဲ၍ မြို့လယ်ပန်းခြံအနီးအရောက်တွင် လမ်းပေါ်၌ ဆိုင်ကယ်ဖြင့် ဖြတ်သွားသည်ကို လူနှစ်ဦးအား လှမ်း၍ပစ်ပြီးနောက် ဒဏ်ရာရနေသော ထိုသူနှစ်ဦးထံ ချဉ်းကပ်ကာ လည်ပင်းလှီးခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများအား လှီးဖြတ်ခြင်းပြုလုပ်လျက် သတ်ဖြတ်ခဲ့ကြသည် ဟု ဒေသခံများက ပြောကြားကြပါသည်။ ထိုကဲ့သို့ ဖြစ်ပျက်သည့်အချိန်တွင် ည ခုနစ်နာရီခန့်သာ ရှိသေးသည် ဟု ဆိုပါသည်။ မင်းပြားမြို့တွင် ညမထွက်ရအမိန့်မှာ ည ကိုးနာရီနောက်ပိုင်း မထွက်ရန် သတ်မှတ်ထားခြင်း ဖြစ်ပါသည်။
မင်းပြားမြို့ထဲတွင် အသတ်ခံရသူ နှစ်ဦးမှာ – ဦးကျော်မြတ်ထွန်း (ခေါ်) ထွန်းလုံးချေ [ (အသက်-၃၁ နှစ်)၊ အဖ ဦးသိန်းမောင် ၏ သား ] နှင့် ဦးသန်းထွန်း [ (အသက်-၃၂ နှစ်)၊ အဖ ဦးအောင်ကျော်လှ ၏ သား ] တို့ ဖြစ်ကြပါသည်။
တိုက်ခိုက်ရေးသမားမဟုတ်သော အပြစ်မဲ့ အရပ်သားများကို မြန်မာစစ်တပ်က ဤကဲ့သို့ ရက်ရက်စက်စက် သတ်ဖြတ်မှုများအား ကျွနု်ပ်တို့က ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်။
ဦးကျော်ဇောဦး
ပြောရေးဆိုခွင့်ရှိသူ (ရခိုင့်ဦးဆောင်ပါတီ – AFP)
၂၀၂၀ ဧပြီလ (၂၃) ရက်
==========