ကချင်အမျိုးသားတို့အား ရခိုင်အမျိုးသားတို့က ကျေးဇူးတင်ရှိကြောင်း ဖော်ပြချက်

[ Zawgyi / Unicode ]

ကခ်င္အမ်ိဳးသားတို႔အား ရခိုင္အမ်ိဳးသားတို႔က ေက်းဇူးတင္ရွိေၾကာင္း ေဖာ္ျပခ်က္

==========

Written by : ဦးေက်ာ္ေဇာဦး [ ရခိုင့္ဦးေဆာင္ပါတီ (Arakan Front Party) ၏ ေျပာေရးဆိုခြင့္ရွိသူ]

ႏိုင္​ငံတကာကခ်င္​ကြန္​ကရက္​ (WKC) နဲ႔ ကခ်င္​အမ်ိဳးသားမ်ားအတိုင္​ပင္​ခံ​ေကာင္​စီ (Kachin National Consultative Assembly) တို႔က ယမန္​​ေန႔ (၂၅-၀၄-၂၀၂၀) ရက္​စြဲနဲ႔ ထုတ္​ျပန္​ခဲ့တဲ့ ရပ္​တည္​ထုတ္​ျပန္​ခ်က္​​ေတြ​ေၾကာင္​့ ကၽြႏု္ပ္တို႔က မ်ားစြာ ေက်းဇူးတင္ရွိပါတယ္။

UN body တစ္ခု ရဲ႕ကားကိုတိုက္ခိုက္ၿပီး ယာဥ္ေမာင္းေသသြားရတာနဲ႕တကြ အျပစ္မဲ့ ရခိုင္ျပည္သူေတြ အရပ္သားေတြကို အေျမာက္ပစ္ ဗံုးႀကဲ သတ္ျဖတ္ေနတာေတြကို ရႈတ္ခ်ေၾကာင္း၊ ရခိုင္ျပည္တြင္း အရပ္ရပ္ေသာ ဥပေဒမဲ့ သတ္ျဖတ္မႈေတြကို စံုစမ္းစစ္ေဆးမႈေတြကို ျပဳလုပ္ႏိုင္ဖို႔ရာ ကုလသမဂၢ လံုၿခံဳေရးေကာင္စီ UNSC က စည္းေ၀းေဆာင္ရြက္ဖို႔ တုိက္တြန္းေၾကာင္း၊ ရကၡိဳင့္တပ္ေတာ္ AA ကို ျမန္မာစစ္တပ္က တိုက္ခိုက္ေနတာ ရပ္တန္႔ၿပီး COVID-19 ကပ္ေရာဂါတိုက္ဖ်က္ေရးကို ဦးစားေပးေဆာင္ရြက္ရန္ တိုက္တြန္းေၾကာင္းတို႔ကို – ႏိုင္​ငံတကာကခ်င္​ကြန္​ကရက္​ (World Kachin Congress) က မေန႔က သေဘာထားထုတ္ျပန္ပါတယ္။

ရခိုင္ေဒသနဲ႔တကြ ျမန္မာတစ္ျပည္လံုးမွာ စစ္ဆင္ေရးလုပ္ေနတာေတြကို ရပ္ဆိုင္းေပးဖို႔၊ သတင္း နဲ႔ အင္တာနက္ အဆက္အသြယ္ေတြ ျပန္ဖြင့္ေပးဖို႔၊ ရခိုင္ဒုကၡသည္ေတြကို အကူအညီေပးဖို႔ နဲ႔ အကူအညီေပးသူေတြကို လြတ္လပ္စြာသြားလာခြင့္ျပဳဖို႔၊ စစ္အသံုးစရိတ္ေတြကို က်န္းမာေရးက႑မွာ အစားထိုးသံုးဖို႔၊ လက္နက္အားကိုးၿပီး ျပႆနာကို ကိုင္တြယ္ဖို႔ ႀကိဳးစားမယ့္အစား ၿငိမ္းခ်မ္းေရးစားပြဲ၀ိုင္းမွာပဲ ျပႆနာကို ေျဖရွင္းဖို႔ – ကခ်င္​အမ်ိဳးသားမ်ားအတိုင္​ပင္​ခံ​ေကာင္​စီ (Kachin National Consultative Assembly) ကလည္း မေန႔က သေဘာထား ထုတ္ျပန္ပါတယ္။

အဖိႏွိပ္ခံ ရခိုင္အမ်ိဳးသားမ်ားနဲ႔ အတူတကြ ကခ်င္အမ်ိဳးသားတို႔ ရပ္တည္တာဟာ ယခု တစ္ႀကိမ္ တစ္ခါမွ်သာ မဟုတ္ပါဘူး။ ရခိုင္ျပည္ကို အေမွာင္ခ်ၿပီး လူသတ္ကြင္းလုပ္ေနၾကသည့္ လက္ရွိအေျခအေနအတြက္ ယခုအခါမွာလည္း ရဲရဲရင့္ရင့္ ၀င္ေရာက္ေျပာဆိုၾကတဲ့အတြက္ ကခ်င္အမ်ိဳးသားတို႔အား ရခိုင္အမ်ိဳးသားတို႔က မ်ားစြာ ေက်းဇူးတင္ရွိပါတယ္။

ဦးေက်ာ္ေဇာဦး

ေျပာေရးဆိုခြင့္ရွိသူ

ရခိုင့္ဦးေဆာင္ပါတီ (Arakn Front Party)

၂၀၂၀ ဧၿပီလ (၂၆) ရက္

==========

[ Unicode ]

ကချင်အမျိုးသားတို့အား ရခိုင်အမျိုးသားတို့က ကျေးဇူးတင်ရှိကြောင်း ဖော်ပြချက်

Written by : ဦးကျော်ဇောဦး [ ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party) ၏ ပြောရေးဆိုခွင့်ရှိသူ]

နိုင်ငံတကာကချင်ကွန်ကရက် (WKC) နဲ့ ကချင်အမျိုးသားများအတိုင်ပင်ခံကောင်စီ (Kachin National Consultative Assembly) တို့က ယမန်နေ့ (၂၅-၀၄-၂၀၂၀) ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ရပ်တည်ထုတ်ပြန်ချက်တွေကြောင့် ကျွနု်ပ်တို့က များစွာ ကျေးဇူးတင်ရှိပါတယ်။

UN body တစ်ခု ရဲ့ကားကိုတိုက်ခိုက်ပြီး ယာဉ်မောင်းသေသွားရတာနဲ့တကွ အပြစ်မဲ့ ရခိုင်ပြည်သူတွေ အရပ်သားတွေကို အမြောက်ပစ် ဗုံးကြဲ သတ်ဖြတ်နေတာတွေကို ရှုတ်ချကြောင်း၊ ရခိုင်ပြည်တွင်း အရပ်ရပ်သော ဥပဒေမဲ့ သတ်ဖြတ်မှုတွေကို စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နိုင်ဖို့ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ UNSC က စည်းဝေးဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း၊ ရက္ခိုင့်တပ်တော် AA ကို မြန်မာစစ်တပ်က တိုက်ခိုက်နေတာ ရပ်တန့်ပြီး COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးကို ဦးစားပေးဆောင်ရွက်ရန် တိုက်တွန်းကြောင်းတို့ကို – နိုင်ငံတကာကချင်ကွန်ကရက် (World Kachin Congress) က မနေ့က သဘောထားထုတ်ပြန်ပါတယ်။

ရခိုင်ဒေသနဲ့တကွ မြန်မာတစ်ပြည်လုံးမှာ စစ်ဆင်ရေးလုပ်နေတာတွေကို ရပ်ဆိုင်းပေးဖို့၊ သတင်း နဲ့ အင်တာနက် အဆက်အသွယ်တွေ ပြန်ဖွင့်ပေးဖို့၊ ရခိုင်ဒုက္ခသည်တွေကို အကူအညီပေးဖို့ နဲ့ အကူအညီပေးသူတွေကို လွတ်လပ်စွာသွားလာခွင့်ပြုဖို့၊ စစ်အသုံးစရိတ်တွေကို ကျန်းမာရေးကဏ္ဍမှာ အစားထိုးသုံးဖို့၊ လက်နက်အားကိုးပြီး ပြဿနာကို ကိုင်တွယ်ဖို့ ကြိုးစားမယ့်အစား ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာပဲ ပြဿနာကို ဖြေရှင်းဖို့ – ကချင်အမျိုးသားများအတိုင်ပင်ခံကောင်စီ (Kachin National Consultative Assembly) ကလည်း မနေ့က သဘောထား ထုတ်ပြန်ပါတယ်။

အဖိနှိပ်ခံ ရခိုင်အမျိုးသားများနဲ့ အတူတကွ ကချင်အမျိုးသားတို့ ရပ်တည်တာဟာ ယခု တစ်ကြိမ် တစ်ခါမျှသာ မဟုတ်ပါဘူး။ ရခိုင်ပြည်ကို အမှောင်ချပြီး လူသတ်ကွင်းလုပ်နေကြသည့် လက်ရှိအခြေအနေအတွက် ယခုအခါမှာလည်း ရဲရဲရင့်ရင့် ဝင်ရောက်ပြောဆိုကြတဲ့အတွက် ကချင်အမျိုးသားတို့အား ရခိုင်အမျိုးသားတို့က များစွာ ကျေးဇူးတင်ရှိပါတယ်။

ဦးကျော်ဇောဦး
ပြောရေးဆိုခွင့်ရှိသူ
ရခိုင့်ဦးဆောင်ပါတီ (Arakn Front Party)
၂၀၂၀ ဧပြီလ (၂၆) ရက်

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s