WHO ပစ်ခတ်ခံရမှုဆိုင်ရာ အစိုးရခန့် စုံ/စစ် ကော်မတီ ၏ အနှစ်သာရမဲ့မှု လွဲမှားသက်ရောက်နိုင်မှု တို့နှင့် ပတ်သက်၍ သဘောထားဖော်ပြချက်

[ Zawgyi / Unicode ]

WHO ပစ္ခတ္ခံရမႈဆိုင္ရာ အစိုးရခန္႔ စံု/စစ္ ေကာ္မတီ ၏ အႏွစ္သာရမဲ့မႈ လြဲမွားသက္ေရာက္ႏိုင္မႈ တို႔ႏွင့္ ပတ္သက္၍ သေဘာထားေဖာ္ျပခ်က္

Written by : ဦးေက်ာ္ေဇာဦး [ ရခိုင့္ဦးေဆာင္ပါတီ (AFP) ေျပာေရးဆိုခြင့္ရွိသူ ]

၁။ (၂၀-၀၄-၂၀၂၀) ရက္ေန႔ WHO ကားပစ္ခတ္ခံရမႈ ႏွင့္ လူေသဆံုးမႈျဖစ္စဥ္အေပၚ စံုစမ္းစစ္ေဆးရန္အလို႔ငွာ (၂၈-၀၄-၂၀၂၀) ရက္စြဲျဖင့္ ျမန္မာႏိုင္ငံေတာ္သမၼတ ခန္႔အပ္လိုက္သည့္ ေကာ္မတီသည္ ျဖစ္တည္မႈကပင္လွ်င္ အႏွစ္သာရကင္းမဲ့ေနၿပီး လြဲမွားေသာ သက္ေရာက္မႈမ်ားကို ျဖစ္သြားေစႏိုင္ေျခရွိေနသျဖင့္ – လြတ္လပ္ၿပီး အရည္အေသြးျပည့္၀ေသာ ႏိုင္ငံတကာ စံုစမ္းစစ္ေဆးေရး ေကာ္မရွင္ တစ္ခုကသာလွ်င္ ျဖစ္ရပ္မွန္ကို ေဖာ္ထုတ္ေပးႏိုင္ေျခ ရွိႏိုင္မည္ ျဖစ္ပါေၾကာင္း သေဘာထားေဖာ္ျပအပ္ပါသည္။

၂။ ျမန္မာ့တပ္မေတာ္၏ ရခိုင္ျပည္နယ္ အတြင္း တိုက္ခိုက္မႈမ်ားအတြက္ ခ်ီးက်ဴးဂုဏ္ျပဳပါေၾကာင္း ျမန္မာအစိုးရ၏ de facto ေခါင္းေဆာင္ ျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္က ဤရက္မ်ားအတြင္း ထုတ္ျပန္ေၾကျငာခဲ့ၿပီး ျဖစ္ပါသည္။ ထိုကဲ့သို႔ ခ်ီးက်ဴးျခင္းခံရသည့္ တိုက္ခိုက္ေရး အင္အားစု အဖြဲ႕၀င္မ်ားသည္ပင္လွ်င္ WHO ကား ျဖစ္ရပ္အတြက္ သကၤာမကင္း အျဖစ္ခံေနရသည္ျဖစ္ရာ ထိုခ်ီးက်ဴးသည့္ အစိုးရအဖြဲ႕ကပင္လွ်င္ ဖြဲ႕စည္းေပးလိုက္ေသာ စံုစမ္းစစ္ေဆးေရး ေကာ္မတီ၏ ဘက္လိုက္ျခင္းကင္းမဲ့မႈမွာ အႀကီးအက်ယ္ ေမးခြန္းထုတ္စရာ ျဖစ္ေနပါသည္။

၃။ အမွန္တကယ္ ျဖစ္ပ်က္ခဲ့သည္တို႔ကို ေဖာ္ထုတ္တင္ျပႏိုင္ရန္အလို႔ငွာ စစ္မွန္ေသာ စံုစမ္းစစ္ေဆးေရး ေကာ္မတီတစ္ရပ္သည္ ထိုနယ္ေျမတြင္ ထိုရက္မ်ားအတြင္း ျမန္မာ့တပ္မေတာ္ႏွင့္ ဖက္ၿပိဳင္တိုက္ခိုက္ေနသည့္ (လက္ရွိတြင္ မတရားအသင္း ႏွင့္ အၾကမ္းဖက္အုပ္စု အျဖစ္ ေၾကျငာျခင္းခံထားရသည့္) ရကၡိဳင့္တပ္ေတာ္ (AA) အဖြဲ႕၀င္မ်ားကိုပါ လြတ္လြတ္လပ္လပ္ ေမးျမန္းႏိုင္သည့္ အေျခအေနရွိရပါမည္။ ဒဏ္ရာရေနသူ ႏွစ္ဦးကို တိုက္ပြဲထဲမွ ဆြဲထုတ္ၿပီး မင္းရြာေဆးေပးခန္းသို႔ အမည္မသိ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕က လာေရာက္ပို႔ေပးခဲ့ေၾကာင္း မီဒီယာမ်ား၏ တင္ျပခ်က္ကို အေလးအနက္ ထည့္သြင္းစဥ္းစားၾကရန္ လိုပါသည္။

၄။ ဤႏွစ္ပိုင္းအတြင္း ရခိုင္ျပည္နယ္ ႏွင့္ ခ်င္းျပည္နယ္ တို႔တြင္ အျပစ္မဲ့ အရပ္သားမ်ား သတ္ျဖတ္ခံရမႈမွာ အေရအတြက္အားျဖင့္ ႏွစ္ရာေက်ာ္ သံုးရာအတြင္း ေရာက္ရွိလာခဲ့ၿပီ ျဖစ္ပါသည္။ ခ်င္းျပည္နယ္အတြင္း အျပစ္မဲ့အရပ္သားမ်ား သတ္ျဖတ္ခံရမႈတြင္ ျမန္မာ့တပ္မေတာ္အေနျဖင့္ (၉၀) ရာခိုင္ႏႈန္းအတြက္ တာ၀န္ရွိသည္ ဟု ခ်င္းႏိုင္ငံေရးသမားမ်ားဘက္က ထုတ္ေဖာ္ ေျပာၾကားထားခ်က္ ကိုလည္း လက္ရွိ ၀န္းက်င္အေျခအေန (context) အျဖစ္ အေလးအနက္ ထည့္သြင္းစဥ္းစားၾကရန္ လိုအပ္ပါသည္။

၅။ ဘက္လိုက္မႈမ်ားျဖင့္ စတင္သည့္ စံုစမ္းစစ္ေဆးေရး ေကာ္မတီ တစ္ရပ္ရပ္သည္ လုပ္ႀကံဖန္တီးယူေသာ အစီရင္ခံစာ အေျဖမ်ားကို ထုတ္ျပန္လာမည္ဆိုပါက – အျပစ္မဲ့ အရပ္သား ႏွစ္ရာေက်ာ္ အသတ္ခံရမႈတြင္ က်ခဲ့ရေသာ ေသြးမ်ားကိုပါ ကူညီေဆးေၾကာေပးမည့္ ေရဖလားတစ္ခြက္အျဖစ္ ယင္း၏ သြယ္၀ိုက္သက္ေရာက္မႈမ်ားက  ျဖစ္မလာေစလိုပါေၾကာင္း သေဘာထားျပဳအပ္ပါသည္။

ဦးေက်ာ္ေဇာဦး

ေျပာေရးဆိုခြင့္ရွိသူ

ရခိုင့္ဦးေဆာင္ပါတီ (Arakan Front Party)

၂၀၂၀-ခုႏွစ္ ဧၿပီလ (၂၉) ရက္

==========

[ Unicode ]

WHO ပစ်ခတ်ခံရမှုဆိုင်ရာ အစိုးရခန့် စုံ/စစ် ကော်မတီ ၏ အနှစ်သာရမဲ့မှု လွဲမှားသက်ရောက်နိုင်မှု တို့နှင့် ပတ်သက်၍ သဘောထားဖော်ပြချက်

Written by : ဦးကျော်ဇောဦး [ ရခိုင့်ဦးဆောင်ပါတီ (AFP) ပြောရေးဆိုခွင့်ရှိသူ ]

၁။ (၂၀-၀၄-၂၀၂၀) ရက်နေ့ WHO ကားပစ်ခတ်ခံရမှု နှင့် လူသေဆုံးမှုဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးရန်အလို့ငှာ (၂၈-၀၄-၂၀၂၀) ရက်စွဲဖြင့် မြန်မာနိုင်ငံတော်သမ္မတ ခန့်အပ်လိုက်သည့် ကော်မတီသည် ဖြစ်တည်မှုကပင်လျှင် အနှစ်သာရကင်းမဲ့နေပြီး လွဲမှားသော သက်ရောက်မှုများကို ဖြစ်သွားစေနိုင်ခြေရှိနေသဖြင့် – လွတ်လပ်ပြီး အရည်အသွေးပြည့်ဝသော နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ခုကသာလျှင် ဖြစ်ရပ်မှန်ကို ဖော်ထုတ်ပေးနိုင်ခြေ ရှိနိုင်မည် ဖြစ်ပါကြောင်း သဘောထားဖော်ပြအပ်ပါသည်။

၂။ မြန်မာ့တပ်မတော်၏ ရခိုင်ပြည်နယ် အတွင်း တိုက်ခိုက်မှုများအတွက် ချီးကျူးဂုဏ်ပြုပါကြောင်း မြန်မာအစိုးရ၏ de facto ခေါင်းဆောင် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဤရက်များအတွင်း ထုတ်ပြန်ကြေငြာခဲ့ပြီး ဖြစ်ပါသည်။ ထိုကဲ့သို့ ချီးကျူးခြင်းခံရသည့် တိုက်ခိုက်ရေး အင်အားစု အဖွဲ့ဝင်များသည်ပင်လျှင် WHO ကား ဖြစ်ရပ်အတွက် သင်္ကာမကင်း အဖြစ်ခံနေရသည်ဖြစ်ရာ ထိုချီးကျူးသည့် အစိုးရအဖွဲ့ကပင်လျှင် ဖွဲ့စည်းပေးလိုက်သော စုံစမ်းစစ်ဆေးရေး ကော်မတီ၏ ဘက်လိုက်ခြင်းကင်းမဲ့မှုမှာ အကြီးအကျယ် မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။

၃။ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်တို့ကို ဖော်ထုတ်တင်ပြနိုင်ရန်အလို့ငှာ စစ်မှန်သော စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ်သည် ထိုနယ်မြေတွင် ထိုရက်များအတွင်း မြန်မာ့တပ်မတော်နှင့် ဖက်ပြိုင်တိုက်ခိုက်နေသည့် (လက်ရှိတွင် မတရားအသင်း နှင့် အကြမ်းဖက်အုပ်စု အဖြစ် ကြေငြာခြင်းခံထားရသည့်) ရက္ခိုင့်တပ်တော် (AA) အဖွဲ့ဝင်များကိုပါ လွတ်လွတ်လပ်လပ် မေးမြန်းနိုင်သည့် အခြေအနေရှိရပါမည်။ ဒဏ်ရာရနေသူ နှစ်ဦးကို တိုက်ပွဲထဲမှ ဆွဲထုတ်ပြီး မင်းရွာဆေးပေးခန်းသို့ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပို့ပေးခဲ့ကြောင်း မီဒီယာများ၏ တင်ပြချက်ကို အလေးအနက် ထည့်သွင်းစဉ်းစားကြရန် လိုပါသည်။

၄။ ဤနှစ်ပိုင်းအတွင်း ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ် တို့တွင် အပြစ်မဲ့ အရပ်သားများ သတ်ဖြတ်ခံရမှုမှာ အရေအတွက်အားဖြင့် နှစ်ရာကျော် သုံးရာအတွင်း ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ချင်းပြည်နယ်အတွင်း အပြစ်မဲ့အရပ်သားများ သတ်ဖြတ်ခံရမှုတွင် မြန်မာ့တပ်မတော်အနေဖြင့် (၉၀) ရာခိုင်နှုန်းအတွက် တာဝန်ရှိသည် ဟု ချင်းနိုင်ငံရေးသမားများဘက်က ထုတ်ဖော် ပြောကြားထားချက် ကိုလည်း လက်ရှိ ဝန်းကျင်အခြေအနေ (context) အဖြစ် အလေးအနက် ထည့်သွင်းစဉ်းစားကြရန် လိုအပ်ပါသည်။

၅။ ဘက်လိုက်မှုများဖြင့် စတင်သည့် စုံစမ်းစစ်ဆေးရေး ကော်မတီ တစ်ရပ်ရပ်သည် လုပ်ကြံဖန်တီးယူသော အစီရင်ခံစာ အဖြေများကို ထုတ်ပြန်လာမည်ဆိုပါက – အပြစ်မဲ့ အရပ်သား နှစ်ရာကျော် အသတ်ခံရမှုတွင် ကျခဲ့ရသော သွေးများကိုပါ ကူညီဆေးကြောပေးမည့် ရေဖလားတစ်ခွက်အဖြစ် ယင်း၏ သွယ်ဝိုက်သက်ရောက်မှုများက ဖြစ်မလာစေလိုပါကြောင်း သဘောထားပြုအပ်ပါသည်။

ဦးကျော်ဇောဦး
ပြောရေးဆိုခွင့်ရှိသူ
ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party)
၂၀၂၀-ခုနှစ် ဧပြီလ (၂၉) ရက်

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s