[ Zawgyi / Unicode ]
ကိုဗစ္-၁၉ ကပ္ေရာဂါ ရင္ဆိုင္ေနရသည့္ ယခုကာလအတြင္း စစ္မွန္ေသာ အပစ္အခတ္ ရပ္စဲေရးအား ေၾကျငာအေကာင္အထည္ေဖာ္ေစလိုေၾကာင္း သေဘာထားေဖာ္ျပခ်က္
==========
[ written by : ဦးေက်ာ္ေဇာဦး (ရခိုင့္ဦးေဆာင္ပါတီ – AFP ၏ ေျပာေရးဆိုခြင့္ ရွိသူ ]
(၁) ကိုဗစ္-၁၉ ကပ္ေရာဂါ တိုက္ဖ်က္ေရး ပိုမိုတြင္က်ယ္စြာ လုပ္ေဆာင္ႏိုင္ရန္ အလို႔ငွာ ဟူေသာ ေဖာ္ျပခ်က္ျဖင့္ ၂၀၂၀ ျပည့္ႏွစ္၊ ေမလ (၁၀) ရက္ေန႔ မွ ၾသဂုတ္လ (၃၁) ရက္ေန႔အထိ တစ္ဖက္သတ္ အပစ္အခတ္ရပ္စဲရန္ အေၾကာင္းကို ျမန္မာ့တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးက ၿပီးခဲ့ေသာ ၂၀၂၀ ျပည့္ႏွစ္၊ ေမလ (၉) ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္ရာတြင္ “ႏိုင္ငံေတာ္မွအၾကမ္းဖက္ ဟုသတ္မွတ္ေၾကညာထားေသာ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားရွိသည့္ ေနရာမ်ားမွအပ” ဟူေသာ စကားရပ္ျဖင့္ ရခိုင္ျပည္နယ္ ႏွင့္ ခ်င္းျပည္နယ္ေတာင္ပိုင္းတို႔အား ခ်န္လွပ္ထားခဲ့ေၾကာင္း ေတြ႕ရပါသည္။
(၂) ေဖာ္ျပပါ သံုးလခြဲေက်ာ္ အပစ္အခတ္ရပ္စဲေရး ဟု ေခၚေ၀ၚသည့္ အမည္ခံအျပဳအမူတြင္ ရခိုင္ျပည္နယ္ ႏွင့္ ခ်င္းျပည္နယ္ေတာင္ပိုင္းတို႔အား ခ်န္လွပ္ထားခဲ့သည္ကို ေထာက္ရႈျခင္းအားျဖင့္ ထို တစ္ဖက္သက္ သေဘာထားေဖာ္ျပခ်က္မွာ “အပစ္အခတ္ရပ္စဲေရး” ဟုပင္ မေခၚေ၀ၚထိုက္ပါ။ အဘယ္ေၾကာင့္ဆိုေသာ ၿပီးခဲ့သည့္ တစ္ႏွစ္ခြဲေက်ာ္ကာလအတြင္း အမွန္တကယ္ အပစ္အခတ္ ျပင္းထန္စြာ ျဖစ္ပြားေနခဲ့ၿပီး အျခားေနရာမ်ားထက္ အပစ္အခတ္ရပ္စဲရန္ အေရးတႀကီး လိုအပ္သည့္ေနရာမ်ားမွာ ရခိုင္ျပည္နယ္ ႏွင့္ ခ်င္းျပည္နယ္ေတာင္ပိုင္း တို႔ သာလွ်င္ ျဖစ္ၾကပါသည္။
(၃) ယခု ရကၡိဳင့္တပ္ေတာ္ AA အား အၾကမ္းဖက္အုပ္စုအျဖစ္သတ္မွတ္ၿပီးမွသာလွ်င္ ရခုိင္ျပည္နယ္ ႏွင့္ ခ်င္းျပည္နယ္ေတာင္ပိုင္းတို႔အား အပစ္အခတ္ရပ္စဲေရးတြင္ ခ်န္လွပ္ထားျခင္းမဟုတ္ေပ။ ဟိုးယခင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၁) ရက္ေန႔ကစ၍ ျမန္မာ့တပ္မေတာ္ဘက္က ထုတ္ျပန္လာခဲ့ေသာ တစ္ဘက္သတ္ အပစ္အခတ္ရပ္စဲေရးထုတ္ျပန္ခ်က္မ်ားတြင္ ဤေဒသမ်ားအား အေၾကာင္းအမ်ိဳးမ်ိဳးျပ ခ်န္လွပ္ထားခဲ့သည္ကို ေတြ႕ရွိရပါသည္။ ရကၡိဳင့္တပ္ေတာ္မွာ ေနာက္ပိုင္းမွ တည္ေထာင္ေသာ အဖြဲ႕ျဖစ္ေသာေၾကာင့္ ဟူ၍လည္းေကာင္း၊ ရခိုင္ျပည္ထဲမွာ ARSA ရွိေနသည္ ဟူေသာအေၾကာင္းျပခ်က္ ျဖင့္လည္းေကာင္း၊ ယခုတစ္ဖန္လည္း မၾကာေသးခင္က ရကၡိဳင့္တပ္ေတာ္ အား အၾကမ္းဖက္အုပ္စု အျဖစ္သတ္မွတ္လိုက္ေသာေၾကာင့္ ဟူ၍လည္းေကာင္း ေျပာၾကသည္မ်ားမွာ ရမယ္ရွာေသာ အေၾကာင္းျပခ်က္မ်ားသာလွ်င္ ျဖစ္ၾကပါသည္။ ၿငိမ္းခ်မ္းေရးကို အမွန္တကယ္ လိုခ်င္မႈ ရွိ/မရွိ ကသာလွ်င္ ပဓါနက်ပါသည္။
(၄) ရကၡိဳင့္တပ္ေတာ္ (AA) အား “အၾကမ္းဖက္အုပ္စု” အျဖစ္သတ္မွတ္ေၾကျငာျခင္းအား ႏိုင္ငံတကာ အသိုက္အ၀န္းက မည္မွ် အေလးအနက္ထား/မထား ဟူေသာ အခ်က္အား ခ်ိန္ထိုးမၾကည့္မီ၊ ျမန္မာႏိုင္ငံကိုယ္တိုင္ပင္လွ်င္ ICJ ၌ ဂ်န္ႏိုဆိုက္အေရးအရာျဖင့္ တရားစြဲခံရျခင္း၊ ဥေရာပသမဂၢ၏ ဘ႑ာေရးစနစ္အတြက္ အႏၱရာယ္ရွိေသာ ႏိုင္ငံမ်ားစာရင္းတြင္ ျမန္မာႏိုင္ငံအား ထည့္သြင္းခံရျခင္းတို႔ကို ေထာက္ရႈလ်က္ ျမန္မာႏိုင္ငံအား ဆိုးရြားႏိုင္ငံတစ္ႏိုင္ငံ အျဖစ္ ႏိုင္ငံတကာက မည္ေရြ႕မည္မွ် သေဘာထားေနၾကၿပီျဖစ္ေၾကာင္း သံုးသပ္ၾကည့္ရန္ လိုပါသည္။ ရကၡိဳင့္တပ္ေတာ္ AA အား “အၾကမ္းဖက္အုပ္စု” သတ္မွတ္ထားျခင္းကိစၥမွာ ေစာင့္ၾကည့္ရဦးမည့္ ျငင္းခုန္ရဦးမည့္ ကိစၥရပ္တစ္ခုအျဖစ္ ႏိုင္ငံတကာအခင္းအက်င္းတြင္ လတ္တေလာရွိေနပါသည္။
(၅) “ULA/AA အား အၾကမ္းဖက္အုပ္စုအျဖစ္ႏွင့္ မတရားအသင္းအျဖစ္ ေၾကျငာျခင္းသည္ ျပည္တြင္းၿငိမ္းခ်မ္းေရးပန္းတိုင္ႏွင့္ အလွမ္းကြာ ေ၀းသထက္ ေ၀းသြားေစႏိုင္သည့္အတြက္ ေရရွည္တည္တံ့ေသာ ၿငိမ္းခ်မ္းေရးကို ေရွး႐ႈေသာအားျဖင့္ ထိုေၾကျငာခ်က္တို႕အား ျပန္လည္႐ုပ္သိမ္း သင့္/မသင့္ သံုးသပ္ေပးရန္ အေလးအနက္ တိုက္တြန္းပါေၾကာင္း” ဟူ၍ ရခိုင့္ဦးေဆာင္ပါတီ၏ ရပ္တည္ခ်က္အား ယခင္ကတည္းက ရွင္းရွင္းလင္းလင္း ထုတ္ျပန္ထားၿပီး ျဖစ္ပါသည္။
(၆) တိုက္ခိုက္ေနသူမ်ားက တစ္ဘက္ကို တစ္ဘက္ “အၾကမ္းဖက္အုပ္စု” အျဖစ္ သတ္မွတ္ ထား/မထား ဆိုသည့္ အေၾကာင္းအျခင္းရာထက္ အမွန္တကယ္ လက္နက္ကိုင္ ပဋိပကၡ ျဖစ္ပြားေနျခင္း ရွိ/မရွိကိုသာ ႏိုင္ငံတကာက ေစာင့္ၾကည့္ေနၾကသည္ျဖစ္ရာ၊ ယေန႔အခ်ိန္ကာလတြင္ ကိုဗစ္-၁၉ ကပ္ေရာဂါအား ၀ိုင္း၀န္းလက္တြဲ ရင္ဆိုင္ၾကရန္ လက္နက္ကိုင္ ပဋိပကၡမ်ားအား ကမၻာတစ္၀ွမ္း ရပ္တန္႔ေစလိုေၾကာင္း ႏိုင္ငံတကာ၏ သေဘာထားမွာ ရခိုင္ျပည္နယ္ ႏွင့္ ခ်င္းျပည္နယ္ေတာင္ပိုင္းတို႔တြင္ ျဖစ္ပြားေနေသာ လက္နက္ကိုင္ ပဋိပကၡမ်ားကိုလည္း အပါအ၀င္ ဆိုလိုၾကျခင္းျဖစ္ပါသည္။
(၇) ရကၡိဳင့္တပ္ေတာ္ ႏွင့္ တိုက္ပြဲျဖစ္ပြားသည့္ေနရာမ်ားတြင္ ျမန္မာ့တပ္မေတာ္သည္ ေဒသခံလူထုအား အစုလိုက္အၿပံဳလိုက္ အျပစ္ဒဏ္ခံရေစျခင္းသေဘာ သက္ေရာက္သည့္ လုပ္ရပ္မ်ားကို အစဥ္အၿမဲလုပ္ေနခဲ့သည္ဟု ႏုိင္ငံျပင္ပက အကဲခတ္မ်ားက ႀကီးစြာ သံသယရွိေနၾကပါသည္။ ဥပမာအားျဖင့္ – အင္တာနက္ပိတ္ျခင္း၊ ေက်းရြာမ်ားအား မီးရိႈ႕သည္ ဟု စြပ္စြဲခံရျခင္း စသည္တို႔ျဖစ္ပါသည္။ ယခုတဖန္လည္း လူဦးေရထုအေနျဖင့္ ကမၻာကပ္ေရာဂါ ေဘးဒဏ္ခံသြားရသည့္ အေျခအေနကို တမင္ျဖစ္ေစခ်င္ေသာေၾကာင့္ ျမန္မာ့တပ္မေတာ္က အပစ္အခတ္မရပ္စဲဘဲ ဆက္လက္ တိုက္ခိုက္ေနျခင္းျဖစ္သည္ဟု အစြပ္စြဲခံရႏိုင္ပါသည္။ လက္ရွိတြင္လည္း ရခိုင္ ႏွင့္ ခ်င္း စစ္ေဘးေရွာင္ သိန္း ဂဏန္းနီးကပါးသည္ ကိုဗစ္-၁၉ ကပ္ေရာဂါ လ်င္ျမန္စြာကူးစက္ႏိုင္သည့္ အေျခအေနမ်ားတြင္ ေနထိုင္ေနၾကရလ်က္ရွိပါသည္။
(၈) သို႔ျဖစ္ပါ၍ ဒုကၡေရာက္ေနၾကသည့္ မိမိႏိုင္ငံသားမ်ားကို မိမိႏိုင္ငံသားမ်ားဟု အသိအမွတ္ျပဳကာ တာ၀န္ရွိသူမ်ားက လိုအပ္သလို ကာကြယ္ေစာင့္ေရွာက္ၾကပါမွ ျမန္မာႏိုင္ငံ အေနျဖင့္ မိမိတိုင္းသူျပည္သားမ်ားအား ႏွိပ္စက္ကလူျပဳေနျခင္း မရွိေၾကာင္း သိသာႏိုင္မည္ ျဖစ္ပါသည္။ ဂ်န္ႏိုဆိုက္တပ္ မဟုတ္ ဂ်န္ႏိုဆိုက္အစိုးရ မဟုတ္ ဟု ႏိုင္ငံတကာကလည္း စိတ္ခ်ႏိုင္မည္ ျဖစ္ပါသည္။
(၉) အထက္ပါအေၾကာင္းျခင္းရာ အရပ္ရပ္တို႔အား ေထာက္ရႈလ်က္ ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္ ေတာင္ပိုင္းတို႔တြင္ပါ စစ္မွန္စြာ အပစ္အခတ္ရပ္စဲၾကလ်က္ ကိုဗစ္-၁၉ ကမၻာ့ကပ္ေရာဂါအား လက္တြဲရင္ဆိုင္ၾကပါမည့္ အေၾကာင္း တိုက္တြန္းပါသည္။
ဦးေက်ာ္ေဇာဦး
ေျပာေရးဆိုခြင့္ရွိသူ
ရခိုင့္ဦးေဆာင္ပါတီ (Arakan Front Party – AFP)
၂၀၂၀-ခုႏွစ္၊ ေမလ (၁၂) ရက္
==========
[ Unicode ]
ကိုဗစ်-၁၉ ကပ်ရောဂါ ရင်ဆိုင်နေရသည့် ယခုကာလအတွင်း စစ်မှန်သော အပစ်အခတ် ရပ်စဲရေးအား ကြေငြာအကောင်အထည်ဖော်စေလိုကြောင်း သဘောထားဖော်ပြချက်
[ written by : ဦးကျော်ဇောဦး (ရခိုင့်ဦးဆောင်ပါတီ – AFP ၏ ပြောရေးဆိုခွင့် ရှိသူ ]
(၁) ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေး ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်နိုင်ရန် အလို့ငှာ ဟူသော ဖော်ပြချက်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ မေလ (၁၀) ရက်နေ့ မှ သြဂုတ်လ (၃၁) ရက်နေ့အထိ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရန် အကြောင်းကို မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ်၊ မေလ (၉) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ရာတွင် “နိုင်ငံတော်မှအကြမ်းဖက် ဟုသတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ” ဟူသော စကားရပ်ဖြင့် ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့အား ချန်လှပ်ထားခဲ့ကြောင်း တွေ့ရပါသည်။
(၂) ဖော်ပြပါ သုံးလခွဲကျော် အပစ်အခတ်ရပ်စဲရေး ဟု ခေါ်ဝေါ်သည့် အမည်ခံအပြုအမူတွင် ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့အား ချန်လှပ်ထားခဲ့သည်ကို ထောက်ရှုခြင်းအားဖြင့် ထို တစ်ဖက်သက် သဘောထားဖော်ပြချက်မှာ “အပစ်အခတ်ရပ်စဲရေး” ဟုပင် မခေါ်ဝေါ်ထိုက်ပါ။ အဘယ်ကြောင့်ဆိုသော ပြီးခဲ့သည့် တစ်နှစ်ခွဲကျော်ကာလအတွင်း အမှန်တကယ် အပစ်အခတ် ပြင်းထန်စွာ ဖြစ်ပွားနေခဲ့ပြီး အခြားနေရာများထက် အပစ်အခတ်ရပ်စဲရန် အရေးတကြီး လိုအပ်သည့်နေရာများမှာ ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်တောင်ပိုင်း တို့ သာလျှင် ဖြစ်ကြပါသည်။
(၃) ယခု ရက္ခိုင့်တပ်တော် AA အား အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ပြီးမှသာလျှင် ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့အား အပစ်အခတ်ရပ်စဲရေးတွင် ချန်လှပ်ထားခြင်းမဟုတ်ပေ။ ဟိုးယခင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့ကစ၍ မြန်မာ့တပ်မတော်ဘက်က ထုတ်ပြန်လာခဲ့သော တစ်ဘက်သတ် အပစ်အခတ်ရပ်စဲရေးထုတ်ပြန်ချက်များတွင် ဤဒေသများအား အကြောင်းအမျိုးမျိုးပြ ချန်လှပ်ထားခဲ့သည်ကို တွေ့ရှိရပါသည်။ ရက္ခိုင့်တပ်တော်မှာ နောက်ပိုင်းမှ တည်ထောင်သော အဖွဲ့ဖြစ်သောကြောင့် ဟူ၍လည်းကောင်း၊ ရခိုင်ပြည်ထဲမှာ ARSA ရှိနေသည် ဟူသောအကြောင်းပြချက် ဖြင့်လည်းကောင်း၊ ယခုတစ်ဖန်လည်း မကြာသေးခင်က ရက္ခိုင့်တပ်တော် အား အကြမ်းဖက်အုပ်စု အဖြစ်သတ်မှတ်လိုက်သောကြောင့် ဟူ၍လည်းကောင်း ပြောကြသည်များမှာ ရမယ်ရှာသော အကြောင်းပြချက်များသာလျှင် ဖြစ်ကြပါသည်။ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်မှု ရှိ/မရှိ ကသာလျှင် ပဓါနကျပါသည်။
(၄) ရက္ခိုင့်တပ်တော် (AA) အား “အကြမ်းဖက်အုပ်စု” အဖြစ်သတ်မှတ်ကြေငြာခြင်းအား နိုင်ငံတကာ အသိုက်အဝန်းက မည်မျှ အလေးအနက်ထား/မထား ဟူသော အချက်အား ချိန်ထိုးမကြည့်မီ၊ မြန်မာနိုင်ငံကိုယ်တိုင်ပင်လျှင် ICJ ၌ ဂျန်နိုဆိုက်အရေးအရာဖြင့် တရားစွဲခံရခြင်း၊ ဥရောပသမဂ္ဂ၏ ဘဏ္ဍာရေးစနစ်အတွက် အန္တရာယ်ရှိသော နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံအား ထည့်သွင်းခံရခြင်းတို့ကို ထောက်ရှုလျက် မြန်မာနိုင်ငံအား ဆိုးရွားနိုင်ငံတစ်နိုင်ငံ အဖြစ် နိုင်ငံတကာက မည်ရွေ့မည်မျှ သဘောထားနေကြပြီဖြစ်ကြောင်း သုံးသပ်ကြည့်ရန် လိုပါသည်။ ရက္ခိုင့်တပ်တော် AA အား “အကြမ်းဖက်အုပ်စု” သတ်မှတ်ထားခြင်းကိစ္စမှာ စောင့်ကြည့်ရဦးမည့် ငြင်းခုန်ရဦးမည့် ကိစ္စရပ်တစ်ခုအဖြစ် နိုင်ငံတကာအခင်းအကျင်းတွင် လတ်တလောရှိနေပါသည်။
(၅) “ULA/AA အား အကြမ်းဖက်အုပ်စုအဖြစ်နှင့် မတရားအသင်းအဖြစ် ကြေငြာခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေးပန်းတိုင်နှင့် အလှမ်းကွာ ဝေးသထက် ဝေးသွားစေနိုင်သည့်အတွက် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့် ထိုကြေငြာချက်တို့အား ပြန်လည်ရုပ်သိမ်း သင့်/မသင့် သုံးသပ်ပေးရန် အလေးအနက် တိုက်တွန်းပါကြောင်း” ဟူ၍ ရခိုင့်ဦးဆောင်ပါတီ၏ ရပ်တည်ချက်အား ယခင်ကတည်းက ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။
(၆) တိုက်ခိုက်နေသူများက တစ်ဘက်ကို တစ်ဘက် “အကြမ်းဖက်အုပ်စု” အဖြစ် သတ်မှတ် ထား/မထား ဆိုသည့် အကြောင်းအခြင်းရာထက် အမှန်တကယ် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေခြင်း ရှိ/မရှိကိုသာ နိုင်ငံတကာက စောင့်ကြည့်နေကြသည်ဖြစ်ရာ၊ ယနေ့အချိန်ကာလတွင် ကိုဗစ်-၁၉ ကပ်ရောဂါအား ၀ိုင်းဝန်းလက်တွဲ ရင်ဆိုင်ကြရန် လက်နက်ကိုင် ပဋိပက္ခများအား ကမ္ဘာတစ်ဝှမ်း ရပ်တန့်စေလိုကြောင်း နိုင်ငံတကာ၏ သဘောထားမှာ ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့တွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများကိုလည်း အပါအဝင် ဆိုလိုကြခြင်းဖြစ်ပါသည်။
(၇) ရက္ခိုင့်တပ်တော် နှင့် တိုက်ပွဲဖြစ်ပွားသည့်နေရာများတွင် မြန်မာ့တပ်မတော်သည် ဒေသခံလူထုအား အစုလိုက်အပြုံလိုက် အပြစ်ဒဏ်ခံရစေခြင်းသဘော သက်ရောက်သည့် လုပ်ရပ်များကို အစဉ်အမြဲလုပ်နေခဲ့သည်ဟု နိုင်ငံပြင်ပက အကဲခတ်များက ကြီးစွာ သံသယရှိနေကြပါသည်။ ဥပမာအားဖြင့် – အင်တာနက်ပိတ်ခြင်း၊ ကျေးရွာများအား မီးရှို့သည် ဟု စွပ်စွဲခံရခြင်း စသည်တို့ဖြစ်ပါသည်။ ယခုတဖန်လည်း လူဦးရေထုအနေဖြင့် ကမ္ဘာကပ်ရောဂါ ဘေးဒဏ်ခံသွားရသည့် အခြေအနေကို တမင်ဖြစ်စေချင်သောကြောင့် မြန်မာ့တပ်မတော်က အပစ်အခတ်မရပ်စဲဘဲ ဆက်လက် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု အစွပ်စွဲခံရနိုင်ပါသည်။ လက်ရှိတွင်လည်း ရခိုင် နှင့် ချင်း စစ်ဘေးရှောင် သိန်း ဂဏန်းနီးကပါးသည် ကိုဗစ်-၁၉ ကပ်ရောဂါ လျင်မြန်စွာကူးစက်နိုင်သည့် အခြေအနေများတွင် နေထိုင်နေကြရလျက်ရှိပါသည်။
(၈) သို့ဖြစ်ပါ၍ ဒုက္ခရောက်နေကြသည့် မိမိနိုင်ငံသားများကို မိမိနိုင်ငံသားများဟု အသိအမှတ်ပြုကာ တာဝန်ရှိသူများက လိုအပ်သလို ကာကွယ်စောင့်ရှောက်ကြပါမှ မြန်မာနိုင်ငံ အနေဖြင့် မိမိတိုင်းသူပြည်သားများအား နှိပ်စက်ကလူပြုနေခြင်း မရှိကြောင်း သိသာနိုင်မည် ဖြစ်ပါသည်။ ဂျန်နိုဆိုက်တပ် မဟုတ် ဂျန်နိုဆိုက်အစိုးရ မဟုတ် ဟု နိုင်ငံတကာကလည်း စိတ်ချနိုင်မည် ဖြစ်ပါသည်။
(၉) အထက်ပါအကြောင်းခြင်းရာ အရပ်ရပ်တို့အား ထောက်ရှုလျက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တောင်ပိုင်းတို့တွင်ပါ စစ်မှန်စွာ အပစ်အခတ်ရပ်စဲကြလျက် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအား လက်တွဲရင်ဆိုင်ကြပါမည့် အကြောင်း တိုက်တွန်းပါသည်။
ဦးကျော်ဇောဦး
ပြောရေးဆိုခွင့်ရှိသူ
ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party – AFP)
၂၀၂၀-ခုနှစ်၊ မေလ (၁၂) ရက်
==========