[ Zawgyi / Unicode ]
ေသပန္းကို ပြင့္ေစသူမ်ား
ရခိုင္စစ္ေျမျပင္မွာ က်ဆံုးတဲ့ ျမန္မာလူငယ္ေတြရဲ႕ (ေၾကျငာ အသိအမွတ္ျပဳျခင္း မခံရတဲ့) အသက္ေတြအတြက္ ဘယ္သူေတြ တာဝန္ရွိသလဲ။
ရခိုင္စစ္ေျမျပင္မွာ က်ဆံုးသြားၿပီးျဖစ္တဲ့ . . . စစ္ပြဲ၏ သဘာဝအေလ်ာက္ စစ္ပြဲရွိေနသမ်ွကာလ ပတ္လံုး က်ဆံုးမယ့္ အလားအလာလည္း ရွိေနဆဲျဖစ္တဲ့ . . . ျမန္မာ့တပ္မေတာ္သား ျမန္မာလူငယ္မ်ားရဲ႕ အသက္ေတြကို က်ြန္ေတာ္ ႏွေျမာမိပါတယ္။
ႏိုင္ငံကို ေခါင္းေဆာင္ခြင့္ရေနသူအခ်ိဳ႕ဟာ ရင္းျမစ္ေတြကို လုပ္ပိုင္ခြင့္ေတြကို ဘယ္လိုမ်ိဳးတရားမ်ွတစြာ ခြဲေဝတည္ေဆာက္ၾကမလဲ ဆိုတဲ့ ႏိုင္ငံတည္ေဆာက္ေရးကို ဦးတည္ေသာ . . . စိတ္ခံစားမႈေတြရဲ႕ လႊမ္းမိုးမႈကို မခံေသာ . . . လုပ္ေဆာင္ခ်က္ေတြကို လုပ္ေဆာင္ၾကမယ့္အစား၊ ငါတေကာေကာတဲ့ စိတ္ခံစားမႈေတြကို အေျခခံေသာ သူတို႔ရဲ႕ ဆံုးျဖတ္ၫႊန္ၾကားလုပ္ေဆာင္မႈေတြေၾကာင့္ တိုင္းျပည္ဟာ စစ္ႏြံအတြင္းမွာ စတင္ နစ္မြန္းေနၿပီလို႔ အကဲခတ္မ်ားစြာက ေျပာေနၾကတာရွိပါတယ္။
ေဒါက္တာေအးေမာင္ရဲ႕ ေဟာေျပာပြဲေျပာၾကားခ်က္စကားအခ်က္အလက္အခ်ိဳ႕ကို အေျခခံၿပီး ၎ကို တရားစြဲဆိုဖို႔ ဆံုးျဖတ္ခဲ့ၾကတဲ့ အာဏာပိုင္ေတြရဲ႕ ဆံုးျဖတ္ခ်က္ဟာ ႏိုင္ငံ တည္ေဆာက္ေရးကို ဦးတည္မေနဘဲ ငါတေကာေကာစိတ္ေတြကို အေျခခံၿပီး လုပ္ေဆာင္ခဲ့တာ ျဖစ္ႏိုင္တယ္ လို႔ မွတ္ယူေနၾကပါတယ္။ (တရားစြဲသူေတြအေပၚ ဦးတည္ သံုးသပ္ခ်က္ ျဖစ္ပါတယ္။)
အျခားအဖြဲ႕အစည္းေတြကို အၾကမ္းဖက္အုပ္စုအျဖစ္ ကိုယ့္ဘက္က ေၾကျငာေနခ်ိန္မွာ ျမန္မာႏိုင္ငံဟာ ဂ်န္ႏိုဆိုက္နဲ႔ ICJ မွာ တရားစြဲခံရတယ္။ ေငြေၾကးခဝါခ်မႈနဲ႔ပတ္သက္လို႔ စိတ္မခ်ရတဲ့ ႏိုင္ငံအျဖစ္ သတ္မွတ္ျခင္းခံရတယ္။
ရခိုင္ေတြကို ႏိုင္ငံေရးအရ ဆက္လက္လုပ္ကိုင္ဖို႔ရာ နည္းလမ္းဘာမွ မရွိေတာ့ဘူးလို႔ ခံစားရတဲ့အထိျဖစ္ေအာင္ ဆံုးျဖတ္ခ်က္အမွားေတြ ဆံုးျဖတ္လုပ္ေဆာင္ခဲ့တဲ့ ႏိုင္ငံေခါင္းေဆာင္ဆိုသူေတြမွာ အမ်ားႀကီးတာဝန္ရွိပါတယ္။
ႏိုင္ငံကိုမွားယြင္းတဲ့ လမ္းေၾကာင္းေပၚသို႔ ေမာင္းသြင္းေနတဲ့ တလြဲႏိုင္ငံေခါင္းေဆာင္ေတြရဲ႕ ဆံုးျဖတ္ခ်က္အမွားေတြေၾကာင့္ ျမန္မာလူငယ္ေတြရဲ႕ အသက္ေတြ ရခိုင္စစ္ေျမျပင္မွာ မေသသင့္ဘဲ ေသသြားခဲ့ရတယ္၊ အျပစ္မဲ့ ခ်င္း နဲ႔ ရခိုင္အရပ္သား အသက္မ်ားစြာကို ေသဆံုးမႈ ျဖစ္ေစခဲ့တယ္ လို႔ ေနာက္ေနာင္ သမိုင္းစာမ်က္ႏွာမွာ ေရးမွတ္ျခင္း မခံၾကရဖို႔ လိုပါတယ္။
အျပစ္ရွိေၾကာင္း ဆံုးျဖတ္ခ်က္အတည္ျဖစ္ၿပီးတဲ့ (convicted ျဖစ္ၿပီးတဲ့) ေဒါက္တာေအးေမာင္အား လႊတ္ေတာ္ကိုယ္စားလွယ္ အျဖစ္က ရပ္စဲတဲ့အျပင္ ေနာက္ေနာင္ ေ႐ြးေကာက္ပြဲေတြမွာ ေ႐ြးေကာက္ခံပိုင္ခြင့္ မရွိေတာ့ေၾကာင္း ဒီကေန႔ ေၾကျငာခ်က္ကို က်ြန္ေတာ္ ဖတ္ရပါတယ္။ တရားစီရင္မႈျဖစ္စဥ္နဲ႔ UEC က ထပ္ဆင့္ လုပ္ေဆာင္ရတာေတြအေပၚမွာ ဒီကေန႔ မေျပာလိုေပမယ့္ ဒီအေနအထားကို ေရာက္လာေအာင္ ဒီျပစ္မႈႀကီးေတြနဲ႔တရားစြဲဆိုဖို႔ ဆံုးျဖတ္ခဲ့တဲ့ အာဏာပိုင္ေတြကို အျပစ္ဆိုပါတယ္။
ဦးေက်ာ္ေဇာဦး
၂၀ ေမလ ၂၀၂၀
==========
[ Unicode ]
သေပန်းကို ပွင့်စေသူများ
ရခိုင်စစ်မြေပြင်မှာ ကျဆုံးတဲ့ မြန်မာလူငယ်တွေရဲ့ (ကြေငြာ အသိအမှတ်ပြုခြင်း မခံရတဲ့) အသက်တွေအတွက် ဘယ်သူတွေ တာဝန်ရှိသလဲ။
ရခိုင်စစ်မြေပြင်မှာ ကျဆုံးသွားပြီးဖြစ်တဲ့ . . . စစ်ပွဲ၏ သဘာဝအလျောက် စစ်ပွဲရှိနေသမျှကာလ ပတ်လုံး ကျဆုံးမယ့် အလားအလာလည်း ရှိနေဆဲဖြစ်တဲ့ . . . မြန်မာ့တပ်မတော်သား မြန်မာလူငယ်များရဲ့ အသက်တွေကို ကျွန်တော် နှမြောမိပါတယ်။
နိုင်ငံကို ခေါင်းဆောင်ခွင့်ရနေသူအချို့ဟာ ရင်းမြစ်တွေကို လုပ်ပိုင်ခွင့်တွေကို ဘယ်လိုမျိုးတရားမျှတစွာ ခွဲဝေတည်ဆောက်ကြမလဲ ဆိုတဲ့ နိုင်ငံတည်ဆောက်ရေးကို ဦးတည်သော . . . စိတ်ခံစားမှုတွေရဲ့ လွှမ်းမိုးမှုကို မခံသော . . . လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ကြမယ့်အစား၊ ငါတကောကောတဲ့ စိတ်ခံစားမှုတွေကို အခြေခံသော သူတို့ရဲ့ ဆုံးဖြတ်ညွှန်ကြားလုပ်ဆောင်မှုတွေကြောင့် တိုင်းပြည်ဟာ စစ်နွံအတွင်းမှာ စတင် နစ်မွန်းနေပြီလို့ အကဲခတ်များစွာက ပြောနေကြတာရှိပါတယ်။
ဒေါက်တာအေးမောင်ရဲ့ ဟောပြောပွဲပြောကြားချက်စကားအချက်အလက်အချို့ကို အခြေခံပြီး ၎င်းကို တရားစွဲဆိုဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံ တည်ဆောက်ရေးကို ဦးတည်မနေဘဲ ငါတကောကောစိတ်တွေကို အခြေခံပြီး လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်တယ် လို့ မှတ်ယူနေကြပါတယ်။ (တရားစွဲသူတွေအပေါ် ဦးတည် သုံးသပ်ချက် ဖြစ်ပါတယ်။)
အခြားအဖွဲ့အစည်းတွေကို အကြမ်းဖက်အုပ်စုအဖြစ် ကိုယ့်ဘက်က ကြေငြာနေချိန်မှာ မြန်မာနိုင်ငံဟာ ဂျန်နိုဆိုက်နဲ့ ICJ မှာ တရားစွဲခံရတယ်။ ငွေကြေးခဝါချမှုနဲ့ပတ်သက်လို့ စိတ်မချရတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခြင်းခံရတယ်။
ရခိုင်တွေကို နိုင်ငံရေးအရ ဆက်လက်လုပ်ကိုင်ဖို့ရာ နည်းလမ်းဘာမှ မရှိတော့ဘူးလို့ ခံစားရတဲ့အထိဖြစ်အောင် ဆုံးဖြတ်ချက်အမှားတွေ ဆုံးဖြတ်လုပ်ဆောင်ခဲ့တဲ့ နိုင်ငံခေါင်းဆောင်ဆိုသူတွေမှာ အများကြီးတာဝန်ရှိပါတယ်။
နိုင်ငံကိုမှားယွင်းတဲ့ လမ်းကြောင်းပေါ်သို့ မောင်းသွင်းနေတဲ့ တလွဲနိုင်ငံခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်အမှားတွေကြောင့် မြန်မာလူငယ်တွေရဲ့ အသက်တွေ ရခိုင်စစ်မြေပြင်မှာ မသေသင့်ဘဲ သေသွားခဲ့ရတယ်၊ အပြစ်မဲ့ ချင်း နဲ့ ရခိုင်အရပ်သား အသက်များစွာကို သေဆုံးမှု ဖြစ်စေခဲ့တယ် လို့ နောက်နောင် သမိုင်းစာမျက်နှာမှာ ရေးမှတ်ခြင်း မခံကြရဖို့ လိုပါတယ်။
အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်အတည်ဖြစ်ပြီးတဲ့ (convicted ဖြစ်ပြီးတဲ့) ဒေါက်တာအေးမောင်အား လွှတ်တော်ကိုယ်စားလှယ် အဖြစ်က ရပ်စဲတဲ့အပြင် နောက်နောင် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ခံပိုင်ခွင့် မရှိတော့ကြောင်း ဒီကနေ့ ကြေငြာချက်ကို ကျွန်တော် ဖတ်ရပါတယ်။ တရားစီရင်မှုဖြစ်စဉ်နဲ့ UEC က ထပ်ဆင့် လုပ်ဆောင်ရတာတွေအပေါ်မှာ ဒီကနေ့ မပြောလိုပေမယ့် ဒီအနေအထားကို ရောက်လာအောင် ဒီပြစ်မှုကြီးတွေနဲ့တရားစွဲဆိုဖို့ ဆုံးဖြတ်ခဲ့တဲ့ အာဏာပိုင်တွေကို အပြစ်ဆိုပါတယ်။
ဦးကျော်ဇောဦး
၂၀ မေလ ၂၀၂၀
==========
