[ Zawgyi / Unicode ]
==========
(င) စစ်တွေမြို့အတွင်းမှာ – နောက်ပြီးတော့ စစ်တွေဈေးအတွင်းမှာ အေးအေးလူလူ နေ့စဉ်နဲ့အမျှ သွားလာနေကြတဲ့ ဘင်္ဂါလီတွေကိုလည်း တတ်နိုင်သမျှ ပြန်လည်ကန့်သတ်ဖို့ လိုအပ်လိမ့်မယ်။
ဦးကျော်ဇောဦး
၂၀၂၀၊ ဇွန်လ (၁၁) ရက်
==========
[ Unicode ]
မောင်တော ၏ ကိုဗစ်အရေး အလွန်အန္တရာယ်ကြီးသည့်အကြောင်း
တစ်။ ဘင်္ဂလာမှာ ကူးစက်သူအလွန်များနေသော နေရာအပိုင်းဖြစ်တဲ့ “ဒါကာ” နဲ့ နှိုင်းစာရင် ကူးစက်သူအလွန်နည်းသေးတဲ့ “ကော့ဆက်ဘဇား” (Cox’s Bazaar) ဒေသကို အနီရောင်ဇုန်နယ် (red zone) အဖြစ် သတ်မှတ်ထားတာ အတော်အတန်ရှိခဲ့ပြီ။ ဒီ ကော့ဆက်ဘဇား ဒေသဟာ ရခိုင်ပြည် မောင်တောနဲ့ နယ်ခြားချင်းစပ်နေတဲ့ နေရာဖြစ်တယ်။
နှစ်။ ကူးစက်သူအလွန်နည်းသေးတဲ့ကာလကတည်းက ဒီလို red zone အဖြစ် စသတ်မှတ်ထားရတာကတော့ -ကူးစက်မှုဖြစ်ပြီးရင် ပေါက်ကွဲသွားနိုင်တဲ့ အခြေအနေ အကြောင်းအချက်များကို ပေါင်းစပ်ထည့်သွင်း တွက်ချက် စဉ်းစားခဲ့ကြ ပုံရတယ်။ (က) ကူးစက်မှုအများဆုံးဖြစ်နေတဲ့ ဒါကာ တောင်မှ လူဦးရေ သိပ်သည်းမှု တစ်စတုရန်းမိုင်မှာ နှစ်သောင်းလောက်ရှိရာမှာ – လော့ဒေါင်းချထားတဲ့ ကော့ဆက်ဘဇား ဒုက္ခသည်စခန်းတွေရဲ့ သိပ်သည်းဆက တစ်စတုရန်းမိုင်ကို သိန်းဂဏန်းလောက်ရှိတယ်။ (ခ) အဲသလို ပြွတ်သိပ်နေထိုင်နေတဲ့ အဲသည် ဒုက္ခသည်ဆိုသူတွေဟာ နဂိုကတည်းက ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် အခြား အခြေခံ အဆောက်အဦတွေ (ဥပမာ-အင်တာနက်) အစစအရာရာ မရှိချို့တဲ့နေတဲ့ ဒုက္ခသည်စခန်းထဲမှာ နေကြရတာဖြစ်တယ်။ သူတို့တတွေဟာ ကျန်းမာရေးအသိတရားအပါအဝင် တာဝန်သိတတ်မှု စတာတွေ အလွန်ပင်အားနည်းကြတယ်။ ရောဂါကူးစက်နေမှန်းကို သိလျက်သားကြီးနဲ့ ကွာရန်တင်းဝင်ရမှာစိုးလို့ ထွက်ပြေးနေကြသူတွေ အခုရှိနေတယ်။
သုံး။ ၁၉၄၇ ဘင်္ဂလား အငတ်ဘေးမှာ ဘင်္ဂါလီတွေ (၂.၁) သန်းကနေ သုံးသန်းကြားသေဆုံးခဲ့ကြရစဉ်က သူတို့အပါအဝင် ဗြိတိသ၊ျှအင်ပါယာ တစ်ခုလုံးကို ကြီးကြပ်အုပ်ချုပ်နေရသူ ဝင်စတန်ချာချီ က ပြောခဲ့တယ် ဆိုတဲ့ စကားတစ်ခွန်းရှိတယ်။ “bred like rabbits” ယုန်တွေလို မတရားနင်းကန် သားပေါက်တော့ အစာမလောက်လို့ သေကြမှာပေါ့ ဆိုတဲ့သဘောမျိုး ဆိုခဲ့တဲ့စကားဖြစ်တယ်။ မောင်တောမှာ တမြန်နေ့က ဘင်္ဂလာက ခိုးဝင်လာသူ (သို့မဟုတ်) ခိုးသွင်းထားသူ တစ်ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့တယ်။ မောင်တောမှာပဲ မနေ့က ညပိုင်းမှာ နောက်ထပ်ခိုးဝင်နှစ်ဦးမှာ ရောဂါပိုးရှိကြောင်း ထပ်တွေ့ရတယ်။ ပေါက်ကွဲတော့မယ့် အလားအလာကို မြင်နေရတယ်။
လေး။ ထိုရောဂါပိုးတွေ့တယ်ဆိုတဲ့ သူတွေနဲ့ ထိတွေ့နေခဲ့တယ် ဆိုတဲ့သူတွေဟာ တာဝန်သိသိနဲ့ ငါတို့ကို စစ်ပါ၊ ငါတို့ကို စစ်ပါ လို့လာပြောမယ် ထင်ပါသလား။ ကျွန်တော်ကတော့ လုံးဝမထင်ပါဘူး။ ဟိုပုန်း သည်ပုန်းနဲ့ လူတွေကြားထဲ (ကုလားတွေကြားထဲ – နောက်တော့ ရခိုင်တွေကြားထဲ – ဒီနောက်တော့ ဗမာတွေကြားထဲ) လျှောက်သွားနေကြဦးမှာ ဖြစ်ပါတယ်။
ငါး။ မောင်တော ကျန်းမာရေးဝန်ဆောင်မှု အခြေအနေရဲ့ အင်အားနည်းမှုဟာ အဲသည်နေရာဒေသ ကနေ ခံတပ်ကျိုးပေါက်လာမှာကို စိုးရိမ်မယ်ဆို စိုးရိမ်စရာ ဖြစ်ပါတယ်။
ခြောက်။ အတတ်နိုင်ဆုံး အဖတ်ဆယ်ကြဖို့ရာ –
(က) မောင်တောကို ရခိုင်ပြည်ရဲ့ အနီရောင်နယ်မြေ (red zone) အဖြစ် လောလောဆယ် မိမိတို့ အသိစိတ်မှာ သတ်မှတ်ကြဖို့ လိုလိမ့်မယ်။
(ခ) မောင်တောကနေ စစ်တွေကို အသွားအလာပြုရာဖြစ်တဲ့ စစ်တွေ-ဘူးသီးတောင် အမြန်ရေယာဉ် လိုင်းတွေကို မိမိတို့ အသိစိတ်နဲ့ လောလောဆယ် ရပ်တန့်ထားကြဖို့လိုမယ်။
(ဂ) မောင်တောမြို့နယ်မှာ လူ့အဖွဲ့အစည်းနှစ်ခုအကြား တတ်နိုင်သမျှ ခွဲခြားနေထိုင်ကြမှုဟာ ရောဂါကူးစက်ပျံ့နှံ့မှုကို အတိုင်းအတာတစ်ခုအထိ လျော့ပါးစေနိုင်မှာ ဖြစ်တယ်။
(ဃ) မောင်တော နဲ့ ဘူးသီးတောင် မြို့ပေါ်နေသူတို့ဟာ “တတ်နိုင်သမျှ အိမ်တွင်းနေ၊ ခွဲခြားနေ၊ ဘေးကင်းအောင်နေ” (Stay home. Stay apart. And stay safe.) ကို ကျင့်သုံးနေကြဖို့ လိုအပ်ပါလိမ့်မယ်။
(င) စစ်တွေမြို့အတွင်းမှာ – နောက်ပြီးတော့ စစ်တွေစျေးအတွင်းမှာ အေးအေးလူလူ နေ့စဉ်နဲ့အမျှ သွားလာနေကြတဲ့ ဘင်္ဂါလီတွေကိုလည်း တတ်နိုင်သမျှ ပြန်လည်ကန့်သတ်ဖို့ လိုအပ်လိမ့်မယ်။
နောက်ဆုံးတစ်ချက်က – ကျွန်တော်အခုလို ပြောတာ ရေးတာတွေအားလုံးကို သက်ဆိုင်ရာ ဒေသသားတွေက စိတ်မဆိုးကြဖို့ လိုပါတယ်။
ဦးကျော်ဇောဦး
၂၀၂၀၊ ဇွန်လ (၁၁) ရက်
==========