တောင်းပန်ခြင်း မခံရသူများ

၂၀၁၇ လွန်ခဲ့တဲ့ သုံးနှစ်ကျော်လေးနှစ်လောက်က ဖော်ပြပါ youtube ဗီဒီယိုကလစ် တက်ပြီး တစ်ရက် နှစ်ရက်အကြာမှာ ကျွန်တော့်ရဲဘော်တစ်ယောက် အဲဒါကို စတွေ့ပါတယ်။ မှတ်မိသလောက်ဆိုရင် ဘင်္ဂလာဒေ့ရှ်က လက်ဝဲဆန်တဲ့ ဟိန္ဒူလူငယ်အချို့ ဒုက္ခသည်စခန်းကို ကိုယ်တိုင်သွားမေးပြီး ဗီဒီယိုရိုက် တင်တာဖြစ်နိုင်တယ်။ ကျွန်တော်တို့ စတွေ့တဲ့အချိန်မှာ ကြည့်ရှုသူအရေအတွက် ဆယ်ဂဏန်းလောက်ပဲရှိပါလိမ့်မယ်။ (အခု သိန်းဂဏန်း ရှိပါတယ်။)

ဘင်္ဂလာဘက်ကို လူသိန်းချီထွက်သွားမှုမဖြစ်ခင်မှာ ဘင်္ဂါလီတွေ (အာဆာနဲ့ဆက်စပ်သူတွေ) က မောင်တောမြို့နယ် ခမောင်းဆိပ်နယ်မြေ (အရပ်အခေါ် ဖာကီရာဘာဇား) ရွာငယ်နှစ်ခုက ဟိန္ဒူဘာသာဝင်တွေကို ရာချီ ရွာလုံးကျွတ် သတ်ဖြတ်ခဲ့ပြီးနောက် ဘင်္ဂလာဘက်ကို ဖမ်းခေါ်သွားတဲ့ အမျိုးသမီးငယ် ဆယ်ဦးခန့်အနက်က နှစ်ဦးဖြစ်ပါတယ်။

ဒေါ်စုအစိုးရက သတ်မှတ်ကြေငြာတဲ့ အသေအပျောက်စာရင်းမှာ မပါတဲ့ ဒီလူတစ်ရာနီးကပါး ရဲ့သတင်း ဒီအတိုင်း တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ရင် – တစ်ချိန်ချိန်မှာ ဒီလူတွေကို ရခိုင်တွေက သတ်ပြီးမြုပ်ထားခဲ့တယ် ဆိုပြီး လိမ်နေကျလိမ်နည်းတွေနဲ့ လိမ်တာခံရမှာ စိုးလို့ အဲသည်ကလေးမတွေရဲ့ ဆွေမျိုးတွေနဲ့ဆက်သွယ်တယ်။ စစ်တွေ (သို့မဟုတ်) အခြားတစ်နေရာရာကို ရောက်နေလို့ မသေမပျောက်ကျန်ခဲ့တဲ့ ဆွေမျိုးတွေကို ခေါ်စုပြီး ရွာမှာ အသတ်ခံရသူများစာရင်းကို ကျွန်တော် ပြုစုပါတယ်။ တုန်တုန်ရီရီနဲ့ ပူဆွေးသောကရောက်နေရသူများကို စိတ်ရှည်လက်ရှည်နဲ့ အခါအခါမေးမြန်းပြီး စာရင်းကို ပြုစုယူရပါတယ်။

ဖြစ်စဉ်အသေးစိတ်ကို မြန်မာလို နဲ့ အင်္ဂလိပ်လို အသေအချာရေးပြီး အဆင်သင့်ဖြစ်တဲ့အချိန် မနက်စောစော သူံနာရီလောက်မှာ အဲဒီသတင်းကို Facebook မှာ တင်လိုက်ပါတယ်။ မနက်စောစော ခြောက်နာရီကျော်လောက်မှာ (အဲသည်တုန်းက ပြန်ကြားရေး ဒုဝန်ကြီးဖြစ်တဲ့) ဦးအောင်လှထွန်းက ကျွန်တော့်ကို ဖုန်းဆက်ပါတယ်။ ဒီသတင်းကို အတည်ယူနိုင်မလား၊ ကျွန်တော် တာဝန်ခံနိုင်မလား ဆိုပြီး အလုပ်သဘော မေးပါတယ်။ ကျွန်တော်က yes လို့ မဆိုင်းမတွ ပြန်ပြောလိုက်ပါတယ်။ အဲသည်အချိန်က စလို့ ဒီသတင်းဟာ ကမ္ဘာကြီးမှာ စတင်လည်ပတ်ခဲ့ပါတယ်။ (သတင်းကို KZO Blog ရဲ့ ပူးတွဲပါလင့်မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။)

အဲသည် သတ်ဖြတ်ခံရသူတွေအတွက်၊ နောက်ပြီးတော့ အဲသည်မတိုင်ခင် ဖားရှာငါးရှာသွားရင်း သတ်ဖြတ်ခံခြင်း မုဒိမ်းကျင့်ခြင်းခံရတဲ့ မြို၊ ရခိုင် အစရှိတဲ့ ဌာနေတိုင်းရင်းသားတွေအတွက် ဘယ်သူကမှ တောင်းပန်တာ ဒီနေ့ထက်ထိ မတွေ့သေးပါဘူး။


ဦးကျော်ဇောဦး

၂၀၂၁ မတ်လ (၃၁) ရက်

==========

သတင်းသို့ =>

[ https://kzo.home.blog/2017/09/13/76-report-on-massacre-of-more-than-90-hindus-by-bengali-terrorists/ ]

==========

video သို့ => ( youtube မှာတင်ထားတဲ့ ဗီဒီယိုက ဝိုင်းရီပို့ထု ဖြုတ်ချခံရ လို့ cloud မှာ တင်ထားတဲ့ လင့်ကို တင်ပေးလိုက်ပါတယ်။)

https://drive.google.com/file/d/10ckaXMQ7TXyTnBY8dsPyQ_X2u5D9ai8N/view?usp=sharing

==========

to download the videos from the drive

  1. https://drive.google.com/file/d/10ckaXMQ7TXyTnBY8dsPyQ_X2u5D9ai8N/view?usp=sharing
  2. https://drive.google.com/file/d/1oLUc0ZamnNwGENkRZ158ZXZtePXhty96/view?usp=sharing
  3. https://drive.google.com/file/d/1Ivk2JgnYhOLIEu0g2hX4rWa4oY8dPA4j/view?usp=sharing
  4. https://drive.google.com/file/d/1JrqUIIzq8i2CtK0W6uhxj1zXX5dBJWDA/view?usp=sharing
  5. https://drive.google.com/file/d/1CsWGGE28fnNIiSU9Y8Sf7K-0JMuqieyu/view?usp=sharing
  6. https://drive.google.com/file/d/1SNPpeUzEv85LJmiRJUsx-X5QL6GQj_cK/view?usp=sharing

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s