ရခိုင်လူငယ်များ အချိန်နှင့် ပညာရေးကို မလစ်ဟင်းစေသင့်

[ Zawgyi font first / Unicode below ]

ရခိုင္လူငယ္မ်ား အခ်ိန္ႏွင့္ ပညာေရးကို မလစ္ဟင္းေစသင့္

ပည္မေနမ်ားက ေျမွာက္ပင့္ခိုင္းေစလိုလွ်င္ သို႔မဟုတ္ ေျမွာက္ပင့္ခိုင္းေစေကာင္းေသာ ဖင္ေပါ့ေသာ ရခုိင္မ်ားကို ေတြ႕လွ်င္ “တိုးတက္ေသာ အျမင္ရွိေသာ” ရခုိင္မ်ားဟု သမုတ္ေပးၾကသည္။

ရခိုင္တို႔ လုပ္စရာရွိသည့္ လမ္းေၾကာင္းကို မေသြဖီဘဲ တည့္တည့္မတ္မတ္ေလွ်ာက္လွမ္းသူမ်ားကိုမူ “အမ်ိဳးသားေရး အစြန္းေရာက္မ်ား” ဟု တံဆိပ္ကပ္ေပးတတ္ၾကသည္။ထိုထို စကားလံုးမ်ားသည္ လွ်ာအရိုးမရွိ အႏွစ္သာရမပါ ေျပာေနၾကေသာ စကားလံုးမ်ားသာ ျဖစ္ၾကသည္။

၎တို႔က ထိုနည္းႏွင္ႏွင္ ေျပာဆိုသံုးစြဲေနေသာ စကားလံုးမ်ားထဲမွ အခ်ိဳ႕မွာ – “ဓမၼ အဓမၼ” “ဖက္ဒရယ္” “အမ်ိဳးသား ညီညြတ္ေရး” “ေတာင္းပန္” စသည္အားျဖင့္ ျဖစ္ၾကသည္။

ယင္းစကားလံုးမ်ားကို ၾကားလွ်င္ၾကားသည့္ အတိုင္း ဘာသာျပန္၍ မရႏိုင္။သူမ်ားက ေျမွာက္ေပးသျဖင့္ “တိုးတက္ေသာ အျမင္ရွိေသာ” ရခိုင္လူငယ္ ဟု အထင္ေရာက္လ်က္ ေက်ာင္းမတက္ေရး ေဆာ္ၾသေနသူမ်ား ရွိေနႏိုင္သည္။

တစ္။ လက္ရွိ ပညာေရးစနစ္သည္ ခ်ိဳ႕ယြင္းခ်က္မ်ား ရွိေနႏိုင္ေသာ္လည္း ေဖေဖာ္၀ါရီလ (၁) ရက္ေန႔ ေနာက္ပိုင္းတြင္ ေန႔ခ်င္းညခ်င္း “စစ္ကၽြန္ပညာေရး” အျဖစ္ ေျပာင္းလဲသြားျခင္းမဟုတ္။

ႏွစ္။ ေက်ာင္းမတက္ဘဲ ကုန္လြန္သြားေသာအခ်ိန္မ်ားကို မည္သူကမွ အစားလာေပးလိမ့္မည္မဟုတ္။ နဂိုပညာေရးအခံ အားနည္းေသာ ျပည္နယ္မ်ားတြင္ Home schooling လုပ္ရန္ မိသားစုမ်ားတြင္ ရင္းျမစ္မ်ားမရွိ။

သံုး။ ျမန္မာအစိုးရကို ေတာ္လွန္သည္ႏွင့္ေရာေထြးလ်က္ အစိုးရသင္ၾကားသည့္ပညာေရးကိုပါ မသင္ေစရ ဟူ၍ (ရခိုင္ေဒသ ေနရာေတာ္ေတာ္မ်ားမ်ားတြင္) ဖိအားေပးဖ်က္ဆီးသည့္ ေတာ္လွန္ေရးသမားမ်ားရွိခဲ့ဖူးသည္။ ကြန္ျမဴနစ္မ်ားျဖစ္ၾကၿပီး ၎တို႔ကိုယ္တိုင္ပင္လွ်င္ မ်ိဳးတံုးခဲ့ၿပီးၿပီ/။

။ေလး။ အေထြေထြသပိတ္ႏိႈးေဆာ္ခ်က္မ်ားတြင္ ေက်ာင္းမတက္ဖို႔ပါေနသည္ကိုေတြ႔ရသည္။ အျခားအခ်က္မ်ားႏွင့္ပတ္သက္၍ မွတ္ခ်က္မေပးလိုေသာ္လည္း ျပည္သူ႔က်န္းမာေရး ၀န္ေဆာင္မႈ စနစ္ၿပိဳလဲ ေစေအာင္ ျပဳမႈႏိႈးေဆာ္ျခင္း ႏွင့္ ေက်ာင္းမတက္ရန္ ႏိႈးေဆာ္ျခင္းတို႔ကို ရႈတ္ခ်သည္။

ငါး။ ေက်ာင္းတက္ေသာ ဆရာ ဆရာမမ်ားႏွင့္ ေက်ာင္းသူေက်ာင္းသားမ်ားအား ၿခိမ္းေျခာက္ျခင္းကို ရႈတ္ခ်သည္။

ဦးေက်ာ္ေဇာဦး

၂၀၂၁-ခုႏွစ္ ေမလ (၅) ရက္

==========

[ Unicode ]

ရခိုင်လူငယ်များ အချိန်နှင့် ပညာရေးကို မလစ်ဟင်းစေသင့်

ပြည်မနေများက မြှောက်ပင့်ခိုင်းစေလိုလျှင် သို့မဟုတ် မြှောက်ပင့်ခိုင်းစေကောင်းသော ဖင်ပေါ့သော ရခိုင်များကို တွေ့လျှင် “တိုးတက်သော အမြင်ရှိသော” ရခိုင်များဟု သမုတ်ပေးကြသည်။ ရခိုင်တို့ လုပ်စရာရှိသည့် လမ်းကြောင်းကို မသွေဖီဘဲ တည့်တည့်မတ်မတ်လျှောက်လှမ်းသူများကိုမူ “အမျိုးသားရေး အစွန်းရောက်များ” ဟု တံဆိပ်ကပ်ပေးတတ်ကြသည်။

ထိုထို စကားလုံးများသည် လျှာအရိုးမရှိ အနှစ်သာရမပါ ပြောနေကြသော စကားလုံးများသာ ဖြစ်ကြသည်။ ၎င်းတို့က ထိုနည်းနှင်နှင် ပြောဆိုသုံးစွဲနေသော စကားလုံးများထဲမှ အချို့မှာ – “ဓမ္မ အဓမ္မ” “ဖက်ဒရယ်” “အမျိုးသား ညီညွတ်ရေး” “တောင်းပန်” စသည်အားဖြင့် ဖြစ်ကြသည်။ ယင်းစကားလုံးများကို ကြားလျှင်ကြားသည့် အတိုင်း ဘာသာပြန်၍ မရနိုင်။

သူများက မြှောက်ပေးသဖြင့် “တိုးတက်သော အမြင်ရှိသော” ရခိုင်လူငယ် ဟု အထင်ရောက်လျက် ကျောင်းမတက်ရေး ဆော်သြနေသူများ ရှိနေနိုင်သည်။

တစ်။ လက်ရှိ ပညာရေးစနစ်သည် ချို့ယွင်းချက်များ ရှိနေနိုင်သော်လည်း ဖေဖော်ဝါရီလ (၁) ရက်နေ့ နောက်ပိုင်းတွင် နေ့ချင်းညချင်း “စစ်ကျွန်ပညာရေး” အဖြစ် ပြောင်းလဲသွားခြင်းမဟုတ်။

နှစ်။ ကျောင်းမတက်ဘဲ ကုန်လွန်သွားသောအချိန်များကို မည်သူကမှ အစားလာပေးလိမ့်မည်မဟုတ်။ နဂိုပညာရေးအခံ အားနည်းသော ပြည်နယ်များတွင် Home schooling လုပ်ရန် မိသားစုများတွင် ရင်းမြစ်များမရှိ။

သုံး။ မြန်မာအစိုးရကို တော်လှန်သည်နှင့်ရောထွေးလျက် အစိုးရသင်ကြားသည့်ပညာရေးကိုပါ မသင်စေရ ဟူ၍ (ရခိုင်ဒေသ နေရာတော်တော်များများတွင်) ဖိအားပေးဖျက်ဆီးသည့် တော်လှန်ရေးသမားများရှိခဲ့ဖူးသည်။ ကွန်မြူနစ်များဖြစ်ကြပြီး ၎င်းတို့ကိုယ်တိုင်ပင်လျှင် မျိုးတုံးခဲ့ပြီးပြီ။

လေး။ အထွေထွေသပိတ်နှိုးဆော်ချက်များတွင် ကျောင်းမတက်ဖို့ပါနေသည်ကိုတွေ့ရသည်။ အခြားအချက်များနှင့်ပတ်သက်၍ မှတ်ချက်မပေးလိုသော်လည်း ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု စနစ်ပြိုလဲ စေအောင် ပြုမှုနှိုးဆော်ခြင်း နှင့် ကျောင်းမတက်ရန် နှိုးဆော်ခြင်းတို့ကို ရှုတ်ချသည်။

ငါး။ ကျောင်းတက်သော ဆရာ ဆရာမများနှင့် ကျောင်းသူကျောင်းသားများအား ခြိမ်းခြောက်ခြင်းကို ရှုတ်ချသည်။

ဦးကျော်ဇောဦး

၂၀၂၁-ခုနှစ် မေလ (၅) ရက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s