“ရို” နာမည်ခံလိုသူများ နှင့် ပတ်သက်၍ ဒေါက်တာမီမီဝင်းဘတ်၏ ရှင်းလင်းချက် အကျဉ်းချုပ်
[ Zawgyi font first / Unicode below ]
==========
(This is the gist of a talk presented by Dr Miemie Winn Byrd, Asia-Pacific Center for Security Studies)
==========
==========
[ Unicode ]
(This is the gist of a talk presented by Dr Miemie Winn Byrd, Asia-Pacific Center for Security Studies)
တစ်။ ဗြိတိသျှ ကိုလိုနီခေတ်က သန်းခေါင်စာရင်းတွင် ရခိုင်ပြည်ရှိ မူဆလင်အစုအဖွဲ့များအား အသေအချာ မှတ်တမ်းတင်ခဲ့သော်လည်း ရိုဟင်ဂျာ ဆိုသည့်အမည်ဖြင့် မူဆလင်များရှိကြောင်းမှတ်တမ်းတင်ခဲ့ခြင်း လုံးဝမတွေ့ရ။
နှစ်။ “ရိုဟင်ဂျာ” ဆိုသောအမည်မှာ နဂိုမူလအားဖြင့် ရခိုင်လူမျိုးကို အာရေဗစ်ဘာသာစကားဖြင့် “ရခိုင်သား” ဟု ခေါ်ဆိုခြင်းဖြစ်။
သုံး။ ယခင်ကပင် ရခိုင်ပြည်ထဲကိုရောက်နေသော ဘင်္ဂါလီအနည်းငယ် ရှိနေနိုင်သော်လည်း ဘင်္ဂလာဒေ့ရှ်ဘက်မှ နောက်မှ (ခိုး)ဝင်လာသည့် ဘင်္ဂါလီ late-comer များ၊ new-comer များ နှင့် အများကြီးထပ်မံရောနှောပြီး အုပ်စုကြီးသထက်ကြီးလာ။ (ဥပမာအားဖြင့် – အမေရိကန်ထဲတွင် နဂိုတည်းကရှိနေသော မက္ကဆီကန်အနွယ်ဝင်များ နှင့် နောက်မှ ခိုးဝင်လာသူများ ထက်မံရောနှောပြီး လူဦးရေများလာသည့်သဘော)။ Like Mexican un-documented immigrants ၊ မှတ်ပုံတင်ထားခြင်း မရှိသည့် မက္ကဆီကန် ကူးဝင်လာသူများ နှင့်တူ
လေး။ ပြဿနာကို ပိုကြီးစေသည်က UN က ဒုက္ခသည်အဆင့် သတ်မှတ်ပေးသည့်သူများက အခွင့်အရေးပိုရသည့်အတွက် ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ခံမည့်အစား “ရိုဟင်ဂျာ” ဟု ဝင်ရောက်ခံယူသူများကြောင့်လည်း ရိုအုပ်စု လူဦးရေဖောင်းပွလာ။
ငါး။ ဟိုးယခင်က  ထိုကျူးကျော်ဘင်္ဂါလီအုပ်စုသည် ဒေသခံရခိုင်များအား ဂျီဟတ်ဆင်နွှဲပြီး အကြီးအကျယ်သတ်ဖြတ်ခဲ့ကြသည့်အတွက် ရခိုင်များက ၎င်းတို့အားခွင့်မလွှတ်၊ ငါတို့အသတ်ခံနေရနေတုန်းကတော့ ဘယ်သူကဘာမှဘာမပြောဘူး ဆိုသည့်အမြင် ရခိုင်များတွင် ရှိ၊
ခြောက်။ ဘင်္ဂါလာဒေ့ရှ်သည် ဧရိယာငယ်ပြီး လူဦးရေများသည့်အပြင် global climate change ကြောင့် တဖြည်းဖြည်း ပင်လယ်ထဲသို့ နိမ့်ဝင်နစ်မြုပ်လျက်ရှိသည်။ ထို့ကြောင့် ဖောင်းဖွလာနေသော လူဦးရေအချို့အဝက်မှာ climate change  ဒုက္ခသည်များ ဖြစ်လာကြသည်။  (ဘင်္ဂလာဒေ့ရှ်က GDP ပိုများသည် ဆိုသည့်အချက် တစ်ခုတည်းကို ထောက်ပြလျက် ခိုးဝင်ခြင်း မဖြစ်နိုင်ဟု ပြော၍ မရ)
ခုနစ်။ ပြဿနာရဲ့ အဓိကအကြောင်းအရာက နိုင်ငံသားဖြစ်လို့သည့် ဆန္ဒက အဓိကမဟုတ်၊ မြန်မာနိုင်ငံ၏ ဇာတိသား ဌာနေတိုင်းရင်းသား nativism / being indigenous ဖြစ်လိုသည့် ဆန္ဒ။ ယင်းကဲ့သို့ ဇာတိသားဖြစ်ခြင်းအပေါ် အခြေခံကာ ထပ်ဆင့် မျှော်လင့်ချက်များ၊ သို့ရာတွင် ရခိုင်ပြည်ထဲမှ နဂိုရှိပြီးသား တိုင်းရင်းသား မူဆလင်များကလည်း ရိုများကို ခိုးဝင်သူများအဖြစ်သာ သဘောထား။
ကြာချိန် = ၁၅ မိနစ် ၁၁ စက္ကန့်
Link to full video => https://vimeo.com/206178039
Link to cut-out video => https://youtu.be/onqURfLX6_I
==========
(ဒေါက်တာမီမီဝင်းဘတ်မှာ အမေရိကန်ကြည်းတပ်တွင် နှစ်ပေါင်း (၂၈ ) နှစ်တိုင်တိုင် ဒုတိယဗိုလ်မှူးကြီး ရာထူးအဆင့်ထိ တာဝန်ထမ်းဆောင်ကာ အငြိမ်းစားယူခဲ့သူဖြစ်ပြီး၊ Asia-Pacific Center for Security Studies တွင် ၂၀၀၇-ခုနှစ်မှ စတင်ကာ အမေရိကန်-မြန်မာဆက်ဆံရေး၊ အရှေ့တောင်အာရှတွင်း လုံခြုံရေးဒိုင်းနမစ် နှင့် အခြား လုံခြုံရေးဆက်စပ်ဘာသာရပ်များကို သင်ကြားပို့ချလျက်ရှိသူဖြစ်ပါသည်။)
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out /  Change )
Facebook photo
You are commenting using your Facebook account. Log Out /  Change )
Connecting to %s