ဆုမျှော် ဘက်ဂျက်မျှော် ဘာသာတရား

[ Zawgyi font First / Unicode below ]

ဆုေမၽွာ္ ဘက္ဂ်က္ေမၽွာ္ ဘာသာတရား

နိုင္ငံတကာဆုမ်ားကို ေမၽွာ္ကိုးရေသာအလုပ္ကို လုပ္ကိုင္ရသူမ်ား နိုင္ငံတကာ ဘက္ဂ်က္ကို ေသာက္စို႔ရေသာ အလုပ္ကို လုပ္သူမ်ားအဖို႔ မိမိတို႔၏ ေျပာဆိုေနထိုင္ေတြးႀကံပုံကို ဆရာသခင္္မ်ားခ်မွတ္ေပးသည့္အတိုင္း ဘာသာတရားတစ္ခုပမာ လိုက္နာၾကရေလသည္။ ထိုကဲ့သို႔ေတြးႀကံေျပာဆိုလုပ္ကိုင္ျခင္းသည္ပင္လၽွင္ အမွန္ျဖစ္ၿပီး ယင္းစံႏွင့္ကြဲျပားသူမ်ားမွာ ပညာခ်ိဳ႕တဲ့သူမ်ား ဉာဏ္ပညာႏုံ႔နဲ႔သူမ်ားဟု ထိုသူတို႔က အလိုအေလ်ာက္ပင္ မွတ္ယူတတ္ၾကေလသည္။

ရန္သူမ်ားပတ္ပတ္လည္အၾကား ေတာ္လွန္ေရးတစ္ခုေပၚေပါက္နိုင္ရန္ ေရခံေျမခံအလြန္နည္းသည့္ အေနအထားတြင္ ေတာ္လွန္ေရးတစ္ရပ္ကို ေပၚထြန္းလာနိုင္ေအာင္ ႀကိဳးပမ္းနိုင္သည့္ ရခိုင္လူထုသည္ကား ထိုသူတို႔ ထင္သေလာက္ အသိဉာဏ္ႏုံနဲ႔ၿပီး စိတ္ခံစားမႈေနာက္ကို လိုက္ၾကသူမ်ားျဖစ္သည္ ဟု ကၽြန္ေတာ္ မထင္ေပ။

ဘူးသီးေတာင္ၿမိဳ႕နယ္တြင္ ခမီအမ်ိဳးသမီးတစ္ဦးကို ဘဂၤါလီတစ္ဦးက မုဒိမ္းက်င့္သည့္သတင္းကို ထိုအတိုင္း ေရးသားတင္ျပသည့္ DMG သတင္းဌာနတြင္ ဘာအျပစ္မွ ကၽြန္ေတာ္မေတြ႕မိေပ။ မီးေလာင္လၽွင္ မီးေလာင္သည္ ဟု ေရးရမည္သာျဖစ္ေလသည္။ “မီး” ကို “မီး” ဟု ေရးသည့္အတြက္ “မီး”သိကၡာက်ရပါသည္ “မီး”တို႔အေပၚ hate speech အမုန္းစကားေျပာေနၾကသည္ ဟု ဆိုၾကသူမ်ား၏ သက္ေမြးဝမ္းေက်ာင္း သမၼာအာဇီဝက်မႈကိုသာလၽွင္ စိစစ္သုံးသပ္ၾကည့္ၾကသင့္ေလသည္။

လူမ်ိဳးလိမ္နာမည္ကို သုံးစြဲေရးသားေပးျခင္းသည္ကား ရခိုင္လူမ်ိဳးတို႔၏ အသက္ရွင္ရပ္တည္မႈကို ေခ်မႈန္းေနရာမေရာက္ဟု ထိုသူတို႔ အထင္ရွိေနၾကေလသည္။ ထိုလူမ်ိဳးလိမ္နာမည္ကို ပိုမိုတြင္က်ယ္ေအာင္ လုပ္ေပးေနျခင္းသည္ကာ ရခိုင္လူမ်ိဳးတို႔၏ တည္တံ့မႈ (survival) ကို အျပင္းအထန္ၿခိမ္းေျခာက္သည္သာမက ျမန္မာျပည္မအတြက္ပါ အလားအလာမေကာင္းဟု ျမင္သူတို႔ ျမင္ေနၾကၿပီ။ မျမင္သူတို႔ကား မျမင္ေသး။

ထိုလူမ်ိဳးလိမ္နာမည္တြင္က်ယ္လာေသာအခါ ျမန္မာျပည္မအတြင္းရွိ ေတာင္အာရွအႏြယ္မ်ား (အိႏၵိယႏြယ္ဖြားမ်ား၊ ပါကိစၥတန္အႏြယ္မ်ား၊ ဘဂၤါလီမ်ား စသည္ျဖင့္) ႏွင့္ အခ်ိဳ႕ေသာ ျပည္မမူဆလင္မ်ားသည္ ထိုလူမ်ိဳးနာမည္လိမ္ေအာက္တြင္ တစ္စုတစ္စည္းတည္း ခံယူလာမည့္ အလားအလာတစ္ခု ရွိေနသည့္ အေၾကာင္းကို မေန႔က ျပည္မမိတ္ေဆြတစ္ဦးက ေတြးေတာဆင္ျခင္ျပပါသည္။

၂၀၂၁ ေမလ (၂၃) ရက္

==========

==========

[ Unicode here ]

ဆုမျှော် ဘက်ဂျက်မျှော် ဘာသာတရား

နိုင်ငံတကာဆုများကို မျှော်ကိုးရသောအလုပ်ကို လုပ်ကိုင်ရသူများ နိုင်ငံတကာ ဘက်ဂျက်ကို သောက်စို့ရသော အလုပ်ကို လုပ်သူများအဖို့ မိမိတို့၏ ပြောဆိုနေထိုင်တွေးကြံပုံကို ဆရာသခင််များချမှတ်ပေးသည့်အတိုင်း ဘာသာတရားတစ်ခုပမာ လိုက်နာကြရလေသည်။ ထိုကဲ့သို့တွေးကြံပြောဆိုလုပ်ကိုင်ခြင်းသည်ပင်လျှင် အမှန်ဖြစ်ပြီး ယင်းစံနှင့်ကွဲပြားသူများမှာ ပညာချို့တဲ့သူများ ဉာဏ်ပညာနုံ့နဲ့သူများဟု ထိုသူတို့က အလိုအလျောက်ပင် မှတ်ယူတတ်ကြလေသည်။

ရန်သူများပတ်ပတ်လည်အကြား တော်လှန်ရေးတစ်ခုပေါ်ပေါက်နိုင်ရန် ရေခံမြေခံအလွန်နည်းသည့် အနေအထားတွင် တော်လှန်ရေးတစ်ရပ်ကို ပေါ်ထွန်းလာနိုင်အောင် ကြိုးပမ်းနိုင်သည့် ရခိုင်လူထုသည်ကား ထိုသူတို့ ထင်သလောက် အသိဉာဏ်နုံနဲ့ပြီး စိတ်ခံစားမှုနောက်ကို လိုက်ကြသူများဖြစ်သည် ဟု ကျွန်တော် မထင်ပေ။

ဘူးသီးတောင်မြို့နယ်တွင် ခမီအမျိုးသမီးတစ်ဦးကို ဘင်္ဂါလီတစ်ဦးက မုဒိမ်းကျင့်သည့်သတင်းကို ထိုအတိုင်း ရေးသားတင်ပြသည့် DMG သတင်းဌာနတွင် ဘာအပြစ်မှ ကျွန်တော်မတွေ့မိပေ။ မီးလောင်လျှင် မီးလောင်သည် ဟု ရေးရမည်သာဖြစ်လေသည်။ “မီး” ကို “မီး” ဟု ရေးသည့်အတွက် “မီး”သိက္ခာကျရပါသည် “မီး”တို့အပေါ် hate speech အမုန်းစကားပြောနေကြသည် ဟု ဆိုကြသူများ၏ သက်မွေးဝမ်းကျောင်း သမ္မာအာဇီဝကျမှုကိုသာလျှင် စိစစ်သုံးသပ်ကြည့်ကြသင့်လေသည်။

လူမျိုးလိမ်နာမည်ကို သုံးစွဲရေးသားပေးခြင်းသည်ကား ရခိုင်လူမျိုးတို့၏ အသက်ရှင်ရပ်တည်မှုကို ချေမှုန်းနေရာမရောက်ဟု ထိုသူတို့ အထင်ရှိနေကြလေသည်။ ထိုလူမျိုးလိမ်နာမည်ကို ပိုမိုတွင်ကျယ်အောင် လုပ်ပေးနေခြင်းသည်ကာ ရခိုင်လူမျိုးတို့၏ တည်တံ့မှု (survival) ကို အပြင်းအထန်ခြိမ်းခြောက်သည်သာမက မြန်မာပြည်မအတွက်ပါ အလားအလာမကောင်းဟု မြင်သူတို့ မြင်နေကြပြီ။ မမြင်သူတို့ကား မမြင်သေး။

ထိုလူမျိုးလိမ်နာမည်တွင်ကျယ်လာသောအခါ မြန်မာပြည်မအတွင်းရှိ တောင်အာရှအနွယ်များ (အိန္ဒိယနွယ်ဖွားများ၊ ပါကိစ္စတန်အနွယ်များ၊ ဘင်္ဂါလီများ စသည်ဖြင့်) နှင့် အချို့သော ပြည်မမူဆလင်များသည် ထိုလူမျိုးနာမည်လိမ်အောက်တွင် တစ်စုတစ်စည်းတည်း ခံယူလာမည့် အလားအလာတစ်ခု ရှိနေသည့် အကြောင်းကို မနေ့က ပြည်မမိတ်ဆွေတစ်ဦးက တွေးတောဆင်ခြင်ပြပါသည်။

၂၀၂၁ မေလ (၂၃) ရက်

==========

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s