လွတ်မြောက်လာသည့်အတွက် ကြိုဆိုဂုဏ်ပြုခြင်း

[ Zawgyi font here / Unicode below ]

အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မမ်ားျဖင့္ ဖမ္းဆီးခ်ဳပ္ေႏွာင္တရားစြဲဆိုျခင္းခံေနခဲ့ရေသာ စကၤာပူႏိုင္ငံ ရခုိင္အသင္း၀င္မ်ား၊ AA တပ္မွဴးခ်ဳပ္၏ ညီမႏွင့္ ေယာက္ဖတို႔မွာ ယေန႔ လြတ္ေျမာက္လာၾကသည့္အတြက္ ၀မ္းေျမာက္ပါသည္။ ဤအမႈမ်ားတြင္သာမက အလားတူ ရကၡိဳင့္တပ္ေတာ္-ဆက္စပ္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မမ်ားျဖင့္ စြဲဆိုထားသည့္အမႈမ်ားအားလံုးကိုလည္း ကြင္းလံုးကၽြတ္ လႊတ္ေပးႏိုင္ရန္အတြက္ ေဒါက္တာေအးေမာင္တို႔ ေမတၱာရပ္ခံခဲ့ေၾကာင္း သိရပါသည္။

ရကၡိဳင့္တပ္ေတာ္ တပ္မွဴးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္၏ ညီျဖစ္သူ ကိုေအာင္ျမတ္ေက်ာ္အပါအ၀င္ တရားစြဲခံရသူမ်ား၏ လြတ္ေျမာက္ေရးအတြက္ တစ္ဖက္တစ္လမ္းမွ ႀကိဳးပမ္းေဆာင္ရြက္ခဲ့ေသာ ေဒါက္တာေအးေမာင္၏ ႀကိဳးပမ္းအားထုတ္ခဲ့မႈမ်ားကို ကၽြႏု္ပ္တို႔ ရခုိင့္ဦးေဆာင္ပါတီ ေခါင္းေဆာင္မ်ားက အသိအမွတ္ျပဳပါသည္။ အျခားတဖက္တြင္လည္း ရကၡိဳင့္တပ္ေတာ္၏ က်ယ္ျပန္႔လာေသာအေနအထား၊ နိုင္ငံတြင္း ႏိုင္ငံေရးအခင္းအက်င္း ေျပာင္းလဲလာမႈ ႏွင့္ သက္ဆိုင္ရာ တာ၀န္ရွိပုဂၢိဳလ္တို႔၏ စိတ္ေကာင္းေစတနာထားရွိမႈတို႔မွာ  ဤထိန္းသိမ္းခံပုဂၢိဳလ္မ်ား လြတ္ေျမာက္ေရးအတြက္ ႀကီးစြာ အေထာက္အကူျပဳခဲ့သည္ ဟု ဆိုလွ်င္လည္း ကၽြႏ္ုပ္တို႔ ျငင္းဆိုမည္မဟုတ္ပါ။

ဤထိန္းသိမ္းခံပုဂၢိဳလ္မ်ား လြတ္ေျမာက္ေရးသက္သက္မွ်ကိုသာ ေဆာင္ရြက္ျခင္းမွ်သည္ ေရွ႕လာမည့္ ရခိုင္ျပည္ၿငိမ္းခ်မ္းေရးအတြက္ လံုေလာက္မည္မဟုတ္သည့္အတြက္ေၾကာင့္ AA ရကၡိဳင့္တပ္ေတာ္ႏွင့္ပတ္သက္လ်က္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မတို႔ျဖင့္ စြဲဆိုထားသည့္ အမႈမ်ားစြာတို႔တြင္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ အပါအ၀င္ AA ရကၡိဳင့္တပ္ေတာ္ ထိပ္သီးေခါင္းေဆာင္မ်ားအား ဆက္စပ္စြဲဆိုထားျခင္းကို ပယ္ျဖဳတ္ေပးရန္လိုအပ္ေၾကာင္းကိုလည္း ေဒါက္တာေအးေမာင္က ေထာက္ျပ ေမတၱာရပ္ခံခဲ့ေၾကာင္း သိရွိရပါသည္။ သို႔မွသာလွ်င္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို အေႏွာင့္အသြားမရွိ ဆက္လက္ ေဆာင္ရြက္သြားရန္ လြယ္ကူသြားမည္ ျဖစ္ပါသည္။

ရခုိင္ျပည္ေရာ ျမန္မာျပည္ပါ ၿငိမ္းခ်မ္းေစဖို႔ ဆႏၵျပဳပါသည္။

ဦးေက်ာ္ေဇာဦး

ေျပာေရးဆိုခြင့္ရွိသူ

ရခိုင့္ဦးေဆာင္ပါတီ

၂၀၂၁-ခုႏွစ္ ဇြန္လ (၉) ရက္

==========

[ Unicode here ]

လွတ်မြောက်လာသည့်အတွက် ကြိုဆိုဂုဏ်ပြုခြင်း

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြင့် ဖမ်းဆီးချုပ်နှောင်တရားစွဲဆိုခြင်းခံနေခဲ့ရသော စင်္ကာပူနိုင်ငံ ရခိုင်အသင်းဝင်များ၊ AA တပ်မှူးချုပ်၏ ညီမနှင့် ယောက်ဖတို့မှာ ယနေ့ လွတ်မြောက်လာကြသည့်အတွက် ဝမ်းမြောက်ပါသည်။ ဤအမှုများတွင်သာမက အလားတူ ရက္ခိုင့်တပ်တော်-ဆက်စပ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြင့် စွဲဆိုထားသည့်အမှုများအားလုံးကိုလည်း ကွင်းလုံးကျွတ် လွှတ်ပေးနိုင်ရန်အတွက် ဒေါက်တာအေးမောင်တို့ မေတ္တာရပ်ခံခဲ့ကြောင်း သိရပါသည်။

ရက္ခိုင့်တပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် တရားစွဲခံရသူများ၏ လွတ်မြောက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းဆောင်ရွက်ခဲ့သော ဒေါက်တာအေးမောင်၏ ကြိုးပမ်းအားထုတ်ခဲ့မှုများကို ကျွနု်ပ်တို့ ရခိုင့်ဦးဆောင်ပါတီ ခေါင်းဆောင်များက အသိအမှတ်ပြုပါသည်။ အခြားတဖက်တွင်လည်း ရက္ခိုင့်တပ်တော်၏ ကျယ်ပြန့်လာသောအနေအထား၊ နိုင်ငံတွင်း နိုင်ငံရေးအခင်းအကျင်း ပြောင်းလဲလာမှု နှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တို့၏ စိတ်ကောင်းစေတနာထားရှိမှုတို့မှာ ဤထိန်းသိမ်းခံပုဂ္ဂိုလ်များ လွတ်မြောက်ရေးအတွက် ကြီးစွာ အထောက်အကူပြုခဲ့သည် ဟု ဆိုလျှင်လည်း ကျွန်ုပ်တို့ ငြင်းဆိုမည်မဟုတ်ပါ။

ဤထိန်းသိမ်းခံပုဂ္ဂိုလ်များ လွတ်မြောက်ရေးသက်သက်မျှကိုသာ ဆောင်ရွက်ခြင်းမျှသည် ရှေ့လာမည့် ရခိုင်ပြည်ငြိမ်းချမ်းရေးအတွက် လုံလောက်မည်မဟုတ်သည့်အတွက်ကြောင့် AA ရက္ခိုင့်တပ်တော်နှင့်ပတ်သက်လျက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မတို့ဖြင့် စွဲဆိုထားသည့် အမှုများစွာတို့တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် AA ရက္ခိုင့်တပ်တော် ထိပ်သီးခေါင်းဆောင်များအား ဆက်စပ်စွဲဆိုထားခြင်းကို ပယ်ဖြုတ်ပေးရန်လိုအပ်ကြောင်းကိုလည်း ဒေါက်တာအေးမောင်က ထောက်ပြ မေတ္တာရပ်ခံခဲ့ကြောင်း သိရှိရပါသည်။ သို့မှသာလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အနှောင့်အသွားမရှိ ဆက်လက် ဆောင်ရွက်သွားရန် လွယ်ကူသွားမည် ဖြစ်ပါသည်။

ရခိုင်ပြည်ရော မြန်မာပြည်ပါ ငြိမ်းချမ်းစေဖို့ ဆန္ဒပြုပါသည်။

ဦးကျော်ဇောဦး
ပြောရေးဆိုခွင့်ရှိသူ
ရခိုင့်ဦးဆောင်ပါတီ
၂၀၂၁-ခုနှစ် ဇွန်လ (၉) ရက်

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s