မဒီနာ မှသည် နတ်မြစ် ဆီသို့

[ Zawgyi font first / Unicode below ]







KZO
15-07-2021

==========

[ Unicode here / Zawgyi font above ]

မဒီနာ မှသည် နတ်မြစ် ဆီသို့

ရခိုင့်လစာစား ပေါ်တူဂီတပ်တွေရဲ့ သစ္စာဖောက်ပူးပေါင်းတိုက်ခိုက်မှုနဲ့ ရခိုင်တွေရဲ့ စစ်တကောင်းခံတပ်ဟာ မူဆလင် မဂိုတပ်တွေရဲ့ လက်ထဲကို ၁၆၆၆-ခုနှစ် ဇွန်နဝါရီလ (၂၆) ရက်နေ့မှာ ကျဆုံးခဲ့ပြီးတော့ ရခိုင်တွေဟာ (မိမိတို့အုပ်ချုပ်ရာ ဘင်္ဂါလီ လူများစုတို့ နယ်မြေဖြစ်တဲ့) စစ်တကောင်းနယ် တစ်ခွင်ကနေ အရှေ့ဘက်သို့ ထွက်ပြေးကြရပါတယ်။

ရခိုင့် စစ်တကောင်းခံတပ်ကျတဲ့ အဖြစ်အပျက်ဟာ – ယင်းမတိုင်ခင် နှစ်ပေါင်းတစ်ထောင်ကျော် အေဒီ ၆၁၆ ၀န်းကျင်ကနေ မိုဟာမက်ရဲ့ ဦးဆောင်မှုနဲ့ မဒီနာ၀န်းကျင်မှာ စတင်တိုက်ခိုက်လာတာကနေ အာရေဗီးယားကျွန်းဆွယ်ကနေ ရခိုင့်နတ်မြစ်ကမ်းခြေအထိ ဆင့်ကဲဆင့်ကဲ ခေတ် အဆက်ဆက် မူဆလင်တပ်တွေဟာ နှစ်ပေါင်းတစ်ထောင်ကျော်အတွင်း နယ်မြေ တစ်ဆက်တစ်စပ်တည်း အနိုင်တိုက်လာခဲ့တဲ့ တိုက်ပွဲတွေ (an unbroken string of advances) ရဲ့ နောက်ဆုံး နယ်ခြားသို့ရောက်ရာ တိုက်ပွဲဖြစ်ပါတယ်။

အာရေဗီးယားကျွန်းဆွယ်ကနေ့ အရှေ့ဘက်ကို တရွေ့ရွေ့နဲ့ ရွေ့လျားလာရာမှာ – ပါရှား (ယခု အီရန်)၊ အာဖဂန်နစ္စတန်နယ်မြေတွေ၊ အိန္ဒိယတိုက်ငယ်( ယနေ့ ပါကိစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်) အထိ ခေတ်အဆက်ဆက် မူဆလင်တပ်တွေ အနိုင်တိုက်ပြီး ရခိုင်ပြည် နတ်မြစ်ကမ်းကို ရောက်လာပြီးနောက် ဒီနေ့ထက်ထိ ရှေ့မတိုးလာနိုင်ခဲ့သေးပါဘူး။

ဒီနေ့ခေတ်မှာ နတ်မြစ်ကို ကူးနိုင်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ အစ္စလမ်မစ်နိုင်ငံများအဖွဲ့ (OIC) ရဲ့ ကြိုးပမ်းမှုတွေကို နိုင်ငံတကာ စင်မြင့်မှာ မြင်နေရပါတယ်။ အိုအိုင်စီရဲ့ စေခိုင်းမှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲတဲ့ ကိစ္စတို့၊ နောက်ပြီးတော့ မနေ့ကဆိုရင် အိုအိုင်စီကိုယ်စား ပါကိစ္စတန်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ နာမည်လိမ်လူမျိုးများကိစ္စကို အဆိုတင်ပြီး ဆုံးဖြတ်စေခဲ့တဲ့ ဖြစ်ရပ်တို့ ဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ အဲဒီဆုံးဖြတ်ချက်ကို လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

KZO
15-07-2021

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s