လည်ပင်းမညှစ်ဖို့ မေတ္တာရပ်ခံချက်

[ Zawgyi font first / Unicode below ]

လည္ပင္းမညႇစ္ဖို႔ ေမတၱာရပ္ခံခ်က္

ေဆးဖက္သုံး ေအာက္စီဂ်င္ (medical oxygen) ဟာ COVID-19 ေဝဒနာရွင္ေတြအနက္ အထိုက္အေလ်ာက္ျပင္းထန္ခံစားရသူေတြ နဲ႔ ျပင္းထန္အဆင့္ခံစားေနရသူေတြကို ကုသရာမွာ မရွိမျဖစ္လိုအပ္တဲ့ အမ်ားျပည္သူက်န္းမာေရးဆိုင္ရာ ကုန္ပစၥည္း (essential public health commodity) ျဖစ္ပါတယ္။

ယေန႔ ၾကားသိရတဲ့သတင္းေတြအရ ေျမာက္ဦးၿမိဳ႕နယ္မွာ အမ်ားျပည္သူရံပုံေငြနဲ႔ တည္ေဆာက္လိုက္တဲ့ ေအာက္စီဂ်င္စက္႐ုံကေန ထြက္ရွိလာမယ့္ ေအာက္စီဂ်င္ေတြကို အစိုးရေဆး႐ုံေတြဆီကိုသာျဖန႔္ျဖဴးရန္ ဆိုတဲ့ အစီအစဥ္နဲ႔ တင္းက်ပ္သြားမယ္ လို႔ သိရပါတယ္။

ေအာက္စီဂ်င္ကိုလိုအပ္နိုင္တဲ့ လူနာေတြဟာ အစိုးရေဆး႐ုံေတြမက အိမ္ေနကုသမႈခံယူသူမ်ားပါ ရွိလာနိုင္တဲ့ အေျခအေနရွိေနစဥ္မွာ ဒီလိုမ်ိဳးတင္းက်ပ္မႈဟာ လူနာေတြကို လည္ပင္းညႇစ္သတ္ရာေရာက္သြားပါလိမ့္မယ္။ ေနာက္ၿပီးေတာ့ ရခိုင္ၿမိဳ႕နယ္အသီးသီးမွာ တြန္းေနၾကဆဲျဖစ္တဲ့ ေဆးဖက္ေအာက္စီဂ်င္ထုတ္ စက္႐ုံ တည္ေဆာက္ေရး အစီအစဥ္ေတြကို သြားေရာက္ ထိခိုက္နိုင္ေျခရွိသြားပါလိမ့္မယ္။

အိႏၵိယအေတြ႕အၾကဳံအရဆိုရင္ – ေဆးဖက္ဆိုင္ရာ ေအာက္စီဂ်င္ေတြ သယ္ယူေရႊ႕ေျပာင္းမႈကို မည္သည့္ (အဆင့္) အာဏာပိုင္ေတြကမွ မည္သည့္ ကန႔္သတ္မႈမ်ိဳးကိုမွ မလုပ္ေစရ ဆိုၿပီးေတာ့ အိႏၵိယဗဟိုအစိုးရက ဝင္ေရာက္စြက္ဖက္ အမိန႔္ထုတ္ခဲ့ရဖူးတယ္။

ဘယ္သူမဆို ေလကို ဓါးျမတိုက္တာကို ကၽြန္ေတာ္တို႔ ကန႔္ကြက္ပါတယ္။ ျဖစ္သင့္တဲ့ အစီအစဥ္ေတြ ျဖစ္လာေအာင္ ေျပာအားဆိုအားရွိသူေတြက ညႇိႏွိုင္းနိုင္ရင္ေကာင္းပါမယ္။ ဘယ္သူေတြကို ထိခိုက္လာနိုင္တယ္ ဆိုတာ ႀကိဳျမင္ေနရပါတယ္။

ဦးေက်ာ္ေဇာဦး
၂၀၂၁ ဇူလိုင္လ (၂၂၂) ရက္

==========

[ Unicode here ]

လည်ပင်းမညှစ်ဖို့ မေတ္တာရပ်ခံချက်

ဆေးဖက်သုံး အောက်စီဂျင် (medical oxygen) ဟာ COVID-19 ဝေဒနာရှင်တွေအနက် အထိုက်အလျောက်ပြင်းထန်ခံစားရသူတွေ နဲ့ ပြင်းထန်အဆင့်ခံစားနေရသူတွေကို ကုသရာမှာ မရှိမဖြစ်လိုအပ်တဲ့ အများပြည်သူကျန်းမာရေးဆိုင်ရာ ကုန်ပစ္စည်း (essential public health commodity) ဖြစ်ပါတယ်။

ယနေ့ ကြားသိရတဲ့သတင်းတွေအရ မြောက်ဦးမြို့နယ်မှာ အများပြည်သူရံပုံငွေနဲ့ တည်ဆောက်လိုက်တဲ့ အောက်စီဂျင်စက်ရုံကနေ ထွက်ရှိလာမယ့် အောက်စီဂျင်တွေကို အစိုးရဆေးရုံတွေဆီကိုသာဖြန့်ဖြူးရန် ဆိုတဲ့ အစီအစဉ်နဲ့ တင်းကျပ်သွားမယ် လို့ သိရပါတယ်။

အောက်စီဂျင်ကိုလိုအပ်နိုင်တဲ့ လူနာတွေဟာ အစိုးရဆေးရုံတွေမက အိမ်နေကုသမှုခံယူသူများပါ ရှိလာနိုင်တဲ့ အခြေအနေရှိနေစဉ်မှာ ဒီလိုမျိုးတင်းကျပ်မှုဟာ လူနာတွေကို လည်ပင်းညှစ်သတ်ရာရောက်သွားပါလိမ့်မယ်။

နောက်ပြီးတော့ ရခိုင်မြို့နယ်အသီးသီးမှာ တွန်းနေကြဆဲဖြစ်တဲ့ ဆေးဖက်အောက်စီဂျင်ထုတ် စက်ရုံ တည်ဆောက်ရေး အစီအစဉ်တွေကို သွားရောက် ထိခိုက်နိုင်ခြေရှိသွားပါလိမ့်မယ်။

အိန္ဒိယအတွေ့အကြုံအရဆိုရင် – ဆေးဖက်ဆိုင်ရာ အောက်စီဂျင်တွေ သယ်ယူရွှေ့ပြောင်းမှုကို မည်သည့် (အဆင့်) အာဏာပိုင်တွေကမှ မည်သည့် ကန့်သတ်မှုမျိုးကိုမှ မလုပ်စေရ ဆိုပြီးတော့ အိန္ဒိယဗဟိုအစိုးရက ဝင်ရောက်စွက်ဖက် အမိန့်ထုတ်ခဲ့ရဖူးတယ်။

ဘယ်သူမဆို လေကို ဓါးပြတိုက်တာကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်။ ဖြစ်သင့်တဲ့ အစီအစဉ်တွေ ဖြစ်လာအောင် ပြောအားဆိုအားရှိသူတွေက ညှိနှိုင်းနိုင်ရင်ကောင်းပါမယ်။ ဘယ်သူတွေကို ထိခိုက်လာနိုင်တယ် ဆိုတာ ကြိုမြင်နေရပါတယ်။

ဦးကျော်ဇောဦး

၂၀၂၁ ဇူလိုင်လ (၂၂) ရက်

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s