
[ Zawgyi font First / Unicode below ]
ပက္ရီကလီးစ္၏ က်ဆုံးစစ္သည္မ်ား ဂုဏ္ျပဳမိန္႔ခြန္း
အေရွ႕ကမၻာျခမ္း အိႏၵိယတိုက္ငယ္၌ ဗုဒၶအေလာင္းအလ်ာ သိဒၶတၳ အား ဖြားျမင္ေတာ္မူၿပီး ႏွစ္ေပါင္း (၁၉၂) ႏွစ္အၾကာ သကၠရာဇ္ ဘီစီ (၄၃၁) ခုႏွစ္တြင္ အေနာက္ကမၻာျခမ္းရွိ ဂရိၿမိဳ႕ျပနိုင္ငံ ေအသင္ ၏ နိုင္ငံေရးသမား ပယ္ရီကလီးစ္ (Pericles) သည္ ပီလိုပိုနီးရွန္း စစ္ပြဲတြင္ ေလာေလာလတ္လတ္ က်ဆုံးသြားခဲ့သည့္ ေအသင္စစ္သည္ေတာ္မ်ားသို႔ ဂုဏ္ျပဳစကားကို ေအသင္နိုင္ငံသူနိုင္ငံသားမ်ားအား ေျပာၾကားခဲ့ရာ – ထိုမိန္႔ခြန္းသည္ အေနာက္ကမၻာ၏ လက္ရွိအထိ အႏွစ္ (၂၅၀၀) ခန္႔ သမိုင္းတြင္ ၾသဇာအႀကီးမားဆုံး မိန္႔ခြန္းျဖစ္လာေလသည္။
ပယ္ရီကလီးစ္၏ အဆိုပါ နိုင္ငံေတာ္အသုဘမိန္႔ခြန္း (Pericles’ funeral oration) တြင္ (ရန္ဘက္ စပါတာနိုင္ငံႏွင့္မတူ) လူ႔တန္ဖိုးရွိရွိ ေနထိုင္နိုင္ၾကသည့္ ေအသင္ဒီမိုကေရစီစနစ္၏ ဂုဏ္ရည္ႀကံအင္မ်ားအား ျခဳံငုံေျပာျပခ်က္မ်ားပါရွိရာ – ထိုေျပာၾကားခ်က္မ်ားမွာ လာမည့္ ႏွစ္ေပါင္း ႏွစ္ေထာင္ငါးရာအတြင္း ကမၻာတစ္ဝွမ္း တျဖည္းျဖည္းျဖစ္ထြန္းလာမည့္ ဒီမိုကေရစီစနစ္၏ အႏွစ္သာရ အေျခခံမ်ားပမာ ျဖစ္လာခဲ့သည္။
သူစီဒိဒီးစ္ (Thucydides) ကမွတ္တမ္းတင္ခဲ့သျဖင့္ ဖတ္ရႈရသည့္ အဆိုပါမိန္႔ခြန္းတြင္ – မိမိတို႔ တိုက္ပြဲ၀င္ကာကြယ္ေနၾကသည့္ ေအသင္ၿမိဳ႕ျပနိုင္ငံ၏ အုပ္ခ်ဳပ္ပုံစနစ္ႏွင့္ ပတ္သက္၍ ပယ္ရီကလီးစ္ ၏ ေျပာၾကားခ်က္မ်ားအနက္ ေအာက္ပါေကာက္ႏႈတ္ခ်က္မွာ နမူနာတစ္စ ျဖစ္ေလသည္။
“(ေအသင္ရဲ့) အုပ္ခ်ဳပ္ေရးဟာ လူအနည္းငယ္ရဲ့ လက္ထဲမွာ ရွိတာမဟုတ္ဘဲ နိုင္ငံသားအမ်ားရဲ့လက္ထဲမွာ ရွိတဲ့အတြက္ ငါတို႔ကို ဒီမိုကေရစီနိုင္ငံလို႔ ေခၚၾကတာျဖစ္တယ္။ လူပုဂၢိဳလ္မ်ားရဲ့အၾကား အျငင္းပြားမႈေတြနဲ႔ပတ္သက္လာရင္ ဥပေဒအရ တူညီေသာအခြင့္အေရး လူတိုင္းအတြက္ ေပးထားတယ္။ ထူးခၽြန္သူမ်ားကို အသိအမွတ္ျပဳတဲ့ ဒီစနစ္ထဲမွာ တစ္စုံတစ္ဦးဟာ ထူးခၽြန္ထက္ျမက္တယ္ဆိုရင္ အမ်ားျပည္သူဆိုင္ရာ ရာထူးတာ၀န္တစ္ခုကို ထမ္းေဆာင္ခ်င္တယ္ဆိုရင္ အခြင့္ထူးခံမ်ားကသာ ရေစရမယ္ဆိုတဲ့ စနစ္မရွိဘူး၊ အရည္အခ်င္းအားျဖင့္ သာလၽွင္ ရရွိၾကမယ့္ သေဘာျဖစ္တယ္။ တစ္ဦးတစ္ေယာက္ရဲ့ အေနအထားဟာ ဘယ္ေလာက္ပင္ ညိဳးႏြမ္းေစကာမႈ တိုင္းျပည္ကို အက်ိဳးျပဳရမယ့္ေနရာမ်ိဳးမွာ သူရဲ့ဆင္းရဲမႈဟာ အခက္အခဲမျဖစ္ေစရဘူး။ မိမိတို႔ဘ၀တူ နိုင္ငံသားေတြ ကိုယ္ႀကိဳက္ရာကိုယ္လုပ္ခြင့္ရွိၾကတဲ့ ဒီစနစ္ထဲမွာ ငါနဲ႔မတူ ငါ့ရန္သူဆိုၿပီး စိတ္ဆိုးမႈန္ကုတ္ မေနၾကဘူး၊ သံသယနဲ႔ ေစာင့္ၾကည့္ေနျခင္း မရွိၾကဘူး။”
“It is true that we are called a democracy, for the administration is in the hands of the many and not of the few. But while there exists equal justice to all and alike in their private disputes, the claim of excellence is also recognized; and when a citizen is in any way distinguished, he is preferred to the public service, not as a matter of privilege, but as the reward of merit. Neither is poverty an obstacle, but a man may benefit his country whatever the obscurity of his condition. There is no exclusiveness in our public life, and in our private business we are not suspicious of one another, nor angry with our neighbor if he does what he likes; we do not put on sour looks at him which, though harmless, are not pleasant.”
ဒီမိုကေရစီစနစ္ (Democracy)၊ ဥပေဒေရွ႕ေမွာက္မွာ လူတိုင္းအတြက္ တန္းတူညီမၽွတဲ့ တရားမၽွတမႈရွိရမယ္ ဆိုေသာ အယူအဆ (equal justice under law)၊ ကြဲျပားမႈကို လက္ခံစိတ္ရွိျခင္း (tolerance)၊ တံခါးဖြင့္ထားေသာ နိုင္ငံျခားေရးဝါဒ၊ စစ္မာန္ခုတ္သည့္ စပါတာႏွင့္မတူ ဘက္စုံဖြံ့ၿဖိဳးေရးကို အားေပးေသာ ပညာေရးစနစ္၊ ဖြံ့ၿဖိဳးေနေသာ ေအသင္ၿမိဳ႕ၿပ စသည္တို႔ကို ထင္ဟပ္ေသာ အခ်က္အလက္မ်ားႏွင့္ ပက္ရီကလီးစ္ ၏ မိန္႔ခြန္းသည္ ေခတ္ၿပိဳင္ေအသင္နိုင္ငံသားမ်ားသို႔ သတင္းစကားေပးခဲ့သည္သာမက ေနာင္လာေနာက္သားမ်ား အတြက္ပါ အေမြအႏွစ္အျဖစ္ က်န္ရစ္ခဲ့ေပသည္။
KZO
(၃၀-၀၇-၂၀၂၁)
[လူငယ္မ်ားအတြက္ နိုင္ငံေရးမွတ္စုတိုမ်ား (၁)]
#ShortNotesOnPoliticsForYouth
#KyawZawOo
#KZO
==========
ပက်ရီကလီးစ်၏ ကျဆုံးစစ်သည်များ ဂုဏ်ပြုမိန့်ခွန်း
အရှေ့ကမ္ဘာခြမ်း အိန္ဒိယတိုက်ငယ်၌ ဗုဒ္ဓအလောင်းအလျာ သိဒ္ဓတ္ထ အား ဖွားမြင်တော်မူပြီး နှစ်ပေါင်း (၁၉၂) နှစ်အကြာ သက္ကရာဇ် ဘီစီ (၄၃၁) ခုနှစ်တွင် အနောက်ကမ္ဘာခြမ်းရှိ ဂရိမြို့ပြနိုင်ငံ အေသင် ၏ နိုင်ငံရေးသမား ပယ်ရီကလီးစ် (Pericles) သည် ပီလိုပိုနီးရှန်း စစ်ပွဲတွင် လောလောလတ်လတ် ကျဆုံးသွားခဲ့သည့် အေသင်စစ်သည်တော်များသို့ ဂုဏ်ပြုစကားကို အေသင်နိုင်ငံသူနိုင်ငံသားများအား ပြောကြားခဲ့ရာ – ထိုမိန့်ခွန်းသည် အနောက်ကမ္ဘာ၏ လက်ရှိအထိ အနှစ် (၂၅၀၀) ခန့် သမိုင်းတွင် သြဇာအကြီးမားဆုံး မိန့်ခွန်းဖြစ်လာလေသည်။
ပယ်ရီကလီးစ်၏ အဆိုပါ နိုင်ငံတော်အသုဘမိန့်ခွန်း (Pericles’ funeral oration) တွင် (ရန်ဘက် စပါတာနိုင်ငံနှင့်မတူ) လူ့တန်ဖိုးရှိရှိ နေထိုင်နိုင်ကြသည့် အေသင်ဒီမိုကရေစီစနစ်၏ ဂုဏ်ရည်ကြံအင်များအား ခြုံငုံပြောပြချက်များပါရှိရာ – ထိုပြောကြားချက်များမှာ လာမည့် နှစ်ပေါင်း နှစ်ထောင်ငါးရာအတွင်း ကမ္ဘာတစ်ဝှမ်း တဖြည်းဖြည်းဖြစ်ထွန်းလာမည့် ဒီမိုကရေစီစနစ်၏ အနှစ်သာရ အခြေခံများပမာ ဖြစ်လာခဲ့သည်။
သူစီဒိဒီးစ် (Thucydides) ကမှတ်တမ်းတင်ခဲ့သဖြင့် ဖတ်ရှုရသည့် အဆိုပါမိန့်ခွန်းတွင် – မိမိတို့ တိုက်ပွဲ၀င်ကာကွယ်နေကြသည့် အေသင်မြို့ပြနိုင်ငံ၏ အုပ်ချုပ်ပုံစနစ်နှင့် ပတ်သက်၍ ပယ်ရီကလီးစ် ၏ ပြောကြားချက်များအနက် အောက်ပါကောက်နှုတ်ချက်မှာ နမူနာတစ်စ ဖြစ်လေသည်။
“(အေသင်ရဲ့) အုပ်ချုပ်ရေးဟာ လူအနည်းငယ်ရဲ့ လက်ထဲမှာ ရှိတာမဟုတ်ဘဲ နိုင်ငံသားအများရဲ့လက်ထဲမှာ ရှိတဲ့အတွက် ငါတို့ကို ဒီမိုကရေစီနိုင်ငံလို့ ခေါ်ကြတာဖြစ်တယ်။ လူပုဂ္ဂိုလ်များရဲ့အကြား အငြင်းပွားမှုတွေနဲ့ပတ်သက်လာရင် ဥပဒေအရ တူညီသောအခွင့်အရေး လူတိုင်းအတွက် ပေးထားတယ်။ ထူးချွန်သူများကို အသိအမှတ်ပြုတဲ့ ဒီစနစ်ထဲမှာ တစ်စုံတစ်ဦးဟာ ထူးချွန်ထက်မြက်တယ်ဆိုရင် အများပြည်သူဆိုင်ရာ ရာထူးတာ၀န်တစ်ခုကို ထမ်းဆောင်ချင်တယ်ဆိုရင် အခွင့်ထူးခံများကသာ ရစေရမယ်ဆိုတဲ့ စနစ်မရှိဘူး၊ အရည်အချင်းအားဖြင့် သာလျှင် ရရှိကြမယ့် သဘောဖြစ်တယ်။ တစ်ဦးတစ်ယောက်ရဲ့ အနေအထားဟာ ဘယ်လောက်ပင် ညိုးနွမ်းစေကာမှု တိုင်းပြည်ကို အကျိုးပြုရမယ့်နေရာမျိုးမှာ သူရဲ့ဆင်းရဲမှုဟာ အခက်အခဲမဖြစ်စေရဘူး။ မိမိတို့ဘ၀တူ နိုင်ငံသားတွေ ကိုယ်ကြိုက်ရာကိုယ်လုပ်ခွင့်ရှိကြတဲ့ ဒီစနစ်ထဲမှာ ငါနဲ့မတူ ငါ့ရန်သူဆိုပြီး စိတ်ဆိုးမှုန်ကုတ် မနေကြဘူး၊ သံသယနဲ့ စောင့်ကြည့်နေခြင်း မရှိကြဘူး။”
“It is true that we are called a democracy, for the administration is in the hands of the many and not of the few. But while there exists equal justice to all and alike in their private disputes, the claim of excellence is also recognized; and when a citizen is in any way distinguished, he is preferred to the public service, not as a matter of privilege, but as the reward of merit. Neither is poverty an obstacle, but a man may benefit his country whatever the obscurity of his condition. There is no exclusiveness in our public life, and in our private business we are not suspicious of one another, nor angry with our neighbor if he does what he likes; we do not put on sour looks at him which, though harmless, are not pleasant.”
ဒီမိုကရေစီစနစ် (Democracy)၊ ဥပဒေရှေ့မှောက်မှာ လူတိုင်းအတွက် တန်းတူညီမျှတဲ့ တရားမျှတမှုရှိရမယ် ဆိုသော အယူအဆ (equal justice under law)၊ ကွဲပြားမှုကို လက်ခံစိတ်ရှိခြင်း (tolerance)၊ တံခါးဖွင့်ထားသော နိုင်ငံခြားရေးဝါဒ၊ စစ်မာန်ခုတ်သည့် စပါတာနှင့်မတူ ဘက်စုံဖွံ့ဖြိုးရေးကို အားပေးသော ပညာရေးစနစ်၊ ဖွံ့ဖြိုးနေသော အေသင်မြို့ပြ စသည်တို့ကို ထင်ဟပ်သော အချက်အလက်များနှင့် ပက်ရီကလီးစ် ၏ မိန့်ခွန်းသည် ခေတ်ပြိုင်အေသင်နိုင်ငံသားများသို့ သတင်းစကားပေးခဲ့သည်သာမက နောင်လာနောက်သားများ အတွက်ပါ အမွေအနှစ်အဖြစ် ကျန်ရစ်ခဲ့ပေသည်။
KZO
(၃၀-၀၇-၂၀၂၁)
[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၁)]
==========