နိုင်ငံသားတစ်ဦးချင်း အခြေခံသဘာဝ အခွင့်အရေးများ (Bill of Rights)

[ Zawgyi font First / Unicode below ]

အေမရိကန္ႏိုင္ငံသားမ်ား၏ သဘာ၀အေလ်ာက္ ရပိုင္ခြင့္ရွိၿပီး အစိုးရက တားဆီးပိတ္ပင္ပိုင္ခြင့္မရွိေသာ အခြင့္အေရးမ်ား အစုအေ၀းကို ႏိုင္ငံသား အေျခခံအခြင့္အေရးစု (Bill of Rights) ဟုေခၚသည္။

အေမရိကန္၏ ပထမဆံုး ျပည္နယ္ (၁၃) ခုတို႔စုေပါင္းလ်က္ ကြန္ဖက္ဒေရးရွင္းဖြဲ႕စည္းပံု (Articles of Confederation) အားျဖင့္ ႏိုင္ငံတည္ေထာင္ခဲ့ၾကေသာ္လည္း ထိုကြန္ဖက္ဒေရးရွင္းဖြဲ႕စည္းပံုအရ အားေကာင္းေသာ ဗဟိုအစိုးရမရွိဘဲ ႏိုင္ငံတစ္ခုအေနျဖင့္ ရပ္တည္ဖို႔ အခက္အခဲရွိသည္ ဟု ယူဆၾကသျဖင့္ ပိုမိုအားေကာင္းေသာ ဖက္ဒရယ္အစိုးရ တည္ေဆာက္ႏိုင္ေရးအတြက္ Articles of Confederation ေခၚ ကြန္ဖက္ဒေရးရွင္း ဖြဲ႕စည္းပံုကို ျပင္ဆင္ႏိုင္ရန္ ႀကိဳးစားၾကသည္။ ဗဟို ဘက္ဂ်က္ရရွိေရးအတြက္ ျပည္နယ္မ်ားထံမွ ခခယယေတာင္းရျခင္း၊ ဆူပူပုန္ကန္မႈမ်ားကို ႏွိမ္နင္းရာတြင္ အခက္အခဲႀကံဳျခင္း၊ ႏိုင္ငံရပ္ျခားအစိုးရမ်ားႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ေရး စသည့္ စသည့္ အားနည္းခ်က္မ်ားကို ျပင္ဆင္ႏိုင္ေရးမွာ (၁၃) ျပည္နယ္စုတို႔အတြက္ အေရးတႀကီးလိုအပ္လာသည္ျဖစ္ရာ အားေကာင္းေသာ ဗဟိုအစိုးရတည္ေဆာက္ႏိုင္ေရးအတြက္ Federalist ေခၚ ဖက္ဒရယ္ အစိုးရေပၚေပါက္ေရး၀ါဒီမ်ားက ကြန္ဂရက္ (Continental Congress) တြင္ ႀကိဳးပမ္းၾကသည္။ ဖက္ဒရယ္ဖြဲ႕စည္းေရးမလိုလားသူမ်ားကို anti-federalist မ်ား ဟု ေခၚၾကသည္။

ကြန္ဖက္ဒေရးရွင္း ဖြဲ႕စည္းပံုကို ျပင္ဆင္သည္ထက္ ဖြဲ႕စည္းပံုအသစ္ေရးဆြဲသည္က ပိုေကာင္းမည္ဟု ယူဆၾကသျဖင့္ ေရးဆြဲၾကရာ – ထို အေမရိကန္ဖြဲ႕စည္းပံုအသစ္တြင္ ႏိုင္ငံသားတစ္ဦးခ်င္း၏ အေျခခံသဘာ၀အခြင့္အေရးမ်ား မပါရွိေသးျဖစ္ေနျခင္းအား ေထာက္ျပၾကသည္။ ဖက္ဒရယ္ျပည္ေထာင္စုသို႔ မအပ္ႏွင္းထားေသာ မည္သည့္အခြင့္အာဏာမဆို ျပည္နယ္မ်ားႏွင့္ လူပုဂၢိဳလ္မ်ားထံတြင္ ရွိေနမည္ျဖစ္ေၾကာင္း ေဆြးေႏြးသူမ်ားက ေဆြးေႏြးၾကေသာ္လည္း ေထာက္ျပသူမ်ားက ဘ၀င္မက်ႏိုင္ၾကေပ။

ထို႔ေၾကာင့္ ထိုအခ်က္မ်ားကို ထည့္သြင္းၾကေရး အႀကိတ္အနယ္ ေဆြးေႏြးမႈမ်ားအၿပီးတြင္ ထိုအေျခခံအခြင့္အေရးမ်ားကို ဖြဲ႕စည္းပံု၏ ထပ္တိုးျပင္ဆင္ခ်က္ (amendment) မ်ားအျဖစ္ ကြန္ဂရက္ႏွင့္ ျပည္နယ္တစ္ခုခ်င္းက အတည္ျပဳႏိုင္ရန္ Federalist တစ္ဦးျဖစ္သူ ဂ်ိမ္းစ္မက္ဒီဆင္ (James Madison) က ျပင္ဆင္ခ်က္မူၾကမ္း (၁၂) ခ်က္ကို တင္ျပရာ ၁၇၉၁-ခုႏွစ္ ဒီဇင္ဘာလအထိ  သံုးႏွစ္အတြင္း အခ်က္ (၁၀) ခ်က္ကို အေမရိကန္ဖြဲ႕စည္းပံု၏ ျပင္ဆင္ခ်က္မ်ားအျဖစ္ အတည္ျပဳႏိုင္ခဲ့သည္။ ထို ဖြဲ႕စည္းပံုျပင္ဆင္ခ်က္ ဆယ္ခ်က္ကိုပင္လွ်င္ ႏိုင္ငံသားမ်ား၏ အေျခခံအခြင့္အေရးစု (Bill of Rights) ဟု ေခၚဆိုၾကျခင္း ျဖစ္ေလသည္။

အားေကာင္းသည့္အစိုးရတစ္ရပ္ရပ္သည္ မင္းဆိုးမင္းညစ္ အစိုးရ (tyranny) မျဖစ္လာေရးကို ေတြးေမွ်ာ္ႀကံဆခဲ့ၾကေသာ အေမရိကန္ ေရွးဦးဖခင္မ်ားေၾကာင့္ Bill of Rights သည္ ယေန႔ထက္ထိ ဒီမိုကရက္တစ္ အေမရိကန္လူ႔အဖြဲ႕အစည္းတြင္ လူပုဂၢိဳလ္တစ္ဦးခ်င္း အခြင့္အေရးမ်ားကို အကာအကြယ္ေပးသည့္ ယႏၱရား၏ အခိုင္အမာ အုတ္ျမစ္ျဖစ္ေနလ်က္ရွိသည္။

အဆိုပါ ဖြဲ႕စည္းပံုျပင္ဆင္ခ်က္ ဆယ္ခ်က္တို႔အား ေအာက္တြင္ အက်ဥ္းခ်ဳပ္ သာသာျပန္ ရည္ညႊန္းခ်က္ႏွင့္အတူ ေဖာ္ျပထားပါသည္။

First Amendment

Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press, or the right of the people peaceably to assemble, and to petition the Government for a redress of grievances. (ပထမျပင္ဆင္ခ်က္။    ။ လြတ္လပ္စြာကိုးကြယ္ခြင့္၊ လြတ္လပ္စြာေျပာဆိုခြင့္၊ သတင္းစာလြတ္လပ္ခြင့္၊ ၿငိမ္းခ်မ္းစြာ စုေ၀းခြင့္၊ နစ္နာမႈမ်ားအတြက္  အစိုးရထံတင္ျပခြင့္)

Second Amendment

A well-regulated Militia, being necessary to the security of a free State, the right of the people to keep and bear Arms, shall not be infringed. (ဒုတိယျပင္ဆင္ခ်က္။        ။ စည္းစနစ္တက် ဖြဲ႕စည္းထား ေသာ ျပည္သူ႔စစ္မ်ားဖြဲ႕စည္းထားရွိႏိုင္ေရးအတြက္ လက္နက္ကိုင္ေဆာင္ထားရွိခြင့္)

Third Amendment

No Soldier shall, in time of peace be quartered in any house, without the consent of the Owner, nor in time of war, but in a manner to be prescribed by law. (တတိယျပင္ဆင္ခ်က္။      ။ အမ်ားျပည္သူ႔ အိမ္ေနရာမ်ားတြင္ ပိုင္ရွင္မ်ား၏ သေဘာတူညီခ်က္မရွိဘဲ စစ္သားမ်ားကို စခန္းခ်ေစခြင့္မရွိေစဖို႔)

Fourth Amendment

The right of the people to be secure in their persons, houses, papers, and effects, against unreasonable searches and seizures, shall not be violated, and no Warrants shall issue, but upon probable cause, supported by Oath or affirmation, and particularly describing the place to be searched, and the persons or things to be seized. (စတုတၳျပင္ဆင္ခ်က္။       ။ က်ိဳးေၾကာင္းဆီေလ်ာ္မႈ မရွိဘဲ ၀င္ေရာက္ရွာေဖြျခင္း ဖမ္းဆီးျခင္းမ်ားမွ ကင္းလြတ္ခြင့္)

Fifth Amendment

No person shall be held to answer for a capital, or otherwise infamous crime, unless on a presentment or indictment of a Grand Jury, except in cases arising in the land or naval forces, or in the Militia, when in actual service in time of War or public danger; nor shall any person be subject for the same offence to be twice put in jeopardy of life or limb; nor shall be compelled in any criminal case to be a witness against himself, nor be deprived of life, liberty, or property, without due process of law; nor shall private property be taken for public use, without just compensation. (ပဥၥမျပင္ဆင္ခ်က္။ ။ က်နမွန္ကန္ေသာ တရားစီရင္ေရးလုပ္ငန္းစဥ္မ်ားျဖင့္ တရားစီရင္ျခင္း၊ မိမိကိုယ္ကို ဆန္႔က်င္ထြက္ဆိုရျခင္းမွ ကင္းလြတ္ခြင့္၊ ျပစ္မႈတစ္ခုတည္းကို ႏွစ္ႀကိမ္စီရင္ျခင္းမွ ကင္းလြတ္ခြင့္)

Sixth Amendment

In all criminal prosecutions, the accused shall enjoy the right to a speedy and public trial, by an impartial jury of the State and district wherein the crime shall have been committed, which district shall have been previously ascertained by law, and to be informed of the nature and cause of the accusation; to be confronted with the witnesses against him; to have compulsory process for obtaining witnesses in his favor, and to have the Assistance of Counsel for his defense. (ဆ႒မျပင္ဆင္ခ်က္။ ။ တရားစြဲဆိုခံရသူမ်ား၏ အဖြင့္အေရးမ်ား၊ ဥပမာအားျဖင့္ ျမန္ျမန္ထက္ထက္စီရင္ျခင္း၊ အမ်ားျပည္သူ႔ေရွ႕ေမွာက္စီရင္ျခင္း)

Seventh Amendment

In suits at common law, where the value in controversy shall exceed twenty dollars, the right of trial by jury shall be preserved, and no fact tried by a jury, shall be otherwise re-examined in any court of the United States, than according to the rules of the common law. (သတၱမျပင္ဆင္ခ်က္။        ။ တရားမမႈမ်ားတြင္ ဂ်ဴရီျဖင့္တရားစီရင္ျခင္း)

Eight Amendment

Excessive bail shall not be required, nor excessive fines imposed, nor cruel and unusual punishments inflicted. (အ႒မျပင္ဆင္ခ်က္။   ။ အာမခံတင္ေငြ အလြန္မကၽြံေတာင္းဆိုခံရျခင္းမွ ကင္းလြတ္ခြင့္၊ ရက္စက္ေသာ ပံုမွန္မဟုတ္ေသာ အျပစ္ေပးျခင္းမွ ကင္းလြတ္ခြင့္)

Ninth Amendment

The enumeration in the Constitution, of certain rights, shall not be construed to deny or disparage others retained by the people. (န၀မျပင္ဆင္ခ်က္။    ။ ျပည္သူတို႔၏ အျခားေသာ အခြင့္အေရးမ်ား)

Tenth Amendment

The powers not delegated to the United States by the Constitution, nor prohibited by it to the States, are reserved to the States respectively, or to the people. (ဒသမျပင္ဆင္ခ်က္။   ။ ျပည္ေထာင္စုသို႔ မအပ္ႏွင္းေသာ ၾကြင္းက်န္အာဏာမ်ားအားလံုး ျပည္နယ္မ်ားလက္ထဲတြင္ ရွိေနျခင္း)

KZO

(၀၅-၀၈-၂၀၂၁)

==========

[ Unicode ]

နိုင်ငံသားတစ်ဦးချင်း အခြေခံသဘာဝ အခွင့်အရေးများ (BILL OF RIGHTS)

အမေရိကန်နိုင်ငံသားများ၏ သဘာဝအလျောက် ရပိုင်ခွင့်ရှိပြီး အစိုးရက တားဆီးပိတ်ပင်ပိုင်ခွင့်မရှိသော အခွင့်အရေးများ အစုအဝေးကို နိုင်ငံသား အခြေခံအခွင့်အရေးစု (Bill of Rights) ဟုခေါ်သည်။

အမေရိကန်၏ ပထမဆုံး ပြည်နယ် (၁၃) ခုတို့စုပေါင်းလျက် ကွန်ဖက်ဒရေးရှင်းဖွဲ့စည်းပုံ (Articles of Confederation) အားဖြင့် နိုင်ငံတည်ထောင်ခဲ့ကြသော်လည်း ထိုကွန်ဖက်ဒရေးရှင်းဖွဲ့စည်းပုံအရ အားကောင်းသော ဗဟိုအစိုးရမရှိဘဲ နိုင်ငံတစ်ခုအနေဖြင့် ရပ်တည်ဖို့ အခက်အခဲရှိသည် ဟု ယူဆကြသဖြင့် ပိုမိုအားကောင်းသော ဖက်ဒရယ်အစိုးရ တည်ဆောက်နိုင်ရေးအတွက် Articles of Confederation ခေါ် ကွန်ဖက်ဒရေးရှင်း ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ရန် ကြိုးစားကြသည်။ ဗဟို ဘက်ဂျက်ရရှိရေးအတွက် ပြည်နယ်များထံမှ ခခယယတောင်းရခြင်း၊ ဆူပူပုန်ကန်မှုများကို နှိမ်နင်းရာတွင် အခက်အခဲကြုံခြင်း၊ နိုင်ငံရပ်ခြားအစိုးရများနှင့် စာချုပ်ချုပ်ဆိုနိုင်ရေး စသည့် စသည့် အားနည်းချက်များကို ပြင်ဆင်နိုင်ရေးမှာ (၁၃) ပြည်နယ်စုတို့အတွက် အရေးတကြီးလိုအပ်လာသည်ဖြစ်ရာ အားကောင်းသော ဗဟိုအစိုးရတည်ဆောက်နိုင်ရေးအတွက် Federalist ခေါ် ဖက်ဒရယ် အစိုးရပေါ်ပေါက်ရေးဝါဒီများက ကွန်ဂရက် (Continental Congress) တွင် ကြိုးပမ်းကြသည်။ ဖက်ဒရယ်ဖွဲ့စည်းရေးမလိုလားသူများကို anti-federalist များ ဟု ခေါ်ကြသည်။

ကွန်ဖက်ဒရေးရှင်း ဖွဲ့စည်းပုံကို ပြင်ဆင်သည်ထက် ဖွဲ့စည်းပုံအသစ်ရေးဆွဲသည်က ပိုကောင်းမည်ဟု ယူဆကြသဖြင့် ရေးဆွဲကြရာ – ထို အမေရိကန်ဖွဲ့စည်းပုံအသစ်တွင် နိုင်ငံသားတစ်ဦးချင်း၏ အခြေခံသဘာဝအခွင့်အရေးများ မပါရှိသေးဖြစ်နေခြင်းအား ထောက်ပြကြသည်။ ဖက်ဒရယ်ပြည်ထောင်စုသို့ မအပ်နှင်းထားသော မည်သည့်အခွင့်အာဏာမဆို ပြည်နယ်များနှင့် လူပုဂ္ဂိုလ်များထံတွင် ရှိနေမည်ဖြစ်ကြောင်း ဆွေးနွေးသူများက ဆွေးနွေးကြသော်လည်း ထောက်ပြသူများက ဘဝင်မကျနိုင်ကြပေ။

ထို့ကြောင့် ထိုအချက်များကို ထည့်သွင်းကြရေး အကြိတ်အနယ် ဆွေးနွေးမှုများအပြီးတွင် ထိုအခြေခံအခွင့်အရေးများကို ဖွဲ့စည်းပုံ၏ ထပ်တိုးပြင်ဆင်ချက် (amendment) များအဖြစ် ကွန်ဂရက်နှင့် ပြည်နယ်တစ်ခုချင်းက အတည်ပြုနိုင်ရန် Federalist တစ်ဦးဖြစ်သူ ဂျိမ်းစ်မက်ဒီဆင် (James Madison) က ပြင်ဆင်ချက်မူကြမ်း (၁၂) ချက်ကို တင်ပြရာ ၁၇၉၁-ခုနှစ် ဒီဇင်ဘာလအထိ သုံးနှစ်အတွင်း အချက် (၁၀) ချက်ကို အမေရိကန်ဖွဲ့စည်းပုံ၏ ပြင်ဆင်ချက်များအဖြစ် အတည်ပြုနိုင်ခဲ့သည်။ ထို ဖွဲ့စည်းပုံပြင်ဆင်ချက် ဆယ်ချက်ကိုပင်လျှင် နိုင်ငံသားများ၏ အခြေခံအခွင့်အရေးစု (Bill of Rights) ဟု ခေါ်ဆိုကြခြင်း ဖြစ်လေသည်။

အားကောင်းသည့်အစိုးရတစ်ရပ်ရပ်သည် မင်းဆိုးမင်းညစ် အစိုးရ (tyranny) မဖြစ်လာရေးကို တွေးမျှော်ကြံဆခဲ့ကြသော အမေရိကန် ရှေးဦးဖခင်များကြောင့် Bill of Rights သည် ယနေ့ထက်ထိ ဒီမိုကရက်တစ် အမေရိကန်လူ့အဖွဲ့အစည်းတွင် လူပုဂ္ဂိုလ်တစ်ဦးချင်း အခွင့်အရေးများကို အကာအကွယ်ပေးသည့် ယန္တရား၏ အခိုင်အမာ အုတ်မြစ်ဖြစ်နေလျက်ရှိသည်။

အဆိုပါ ဖွဲ့စည်းပုံပြင်ဆင်ချက် ဆယ်ချက်တို့အား အောက်တွင် အကျဉ်းချုပ် သာသာပြန် ရည်ညွှန်းချက်နှင့်အတူ ဖော်ပြထားပါသည်။

First Amendment
Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press, or the right of the people peaceably to assemble, and to petition the Government for a redress of grievances. (ပထမပြင်ဆင်ချက်။ ။ လွတ်လပ်စွာကိုးကွယ်ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ သတင်းစာလွတ်လပ်ခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ နစ်နာမှုများအတွက် အစိုးရထံတင်ပြခွင့်)

Second Amendment
A well-regulated Militia, being necessary to the security of a free State, the right of the people to keep and bear Arms, shall not be infringed. (ဒုတိယပြင်ဆင်ချက်။ ။ စည်းစနစ်တကျ ဖွဲ့စည်းထား သော ပြည်သူ့စစ်များဖွဲ့စည်းထားရှိနိုင်ရေးအတွက် လက်နက်ကိုင်ဆောင်ထားရှိခွင့်)

Third Amendment
No Soldier shall, in time of peace be quartered in any house, without the consent of the Owner, nor in time of war, but in a manner to be prescribed by law. (တတိယပြင်ဆင်ချက်။ ။ အများပြည်သူ့ အိမ်နေရာများတွင် ပိုင်ရှင်များ၏ သဘောတူညီချက်မရှိဘဲ စစ်သားများကို စခန်းချစေခွင့်မရှိစေဖို့)

Fourth Amendment
The right of the people to be secure in their persons, houses, papers, and effects, against unreasonable searches and seizures, shall not be violated, and no Warrants shall issue, but upon probable cause, supported by Oath or affirmation, and particularly describing the place to be searched, and the persons or things to be seized. (စတုတ္ထပြင်ဆင်ချက်။ ။ ကျိုးကြောင်းဆီလျော်မှု မရှိဘဲ ဝင်ရောက်ရှာဖွေခြင်း ဖမ်းဆီးခြင်းများမှ ကင်းလွတ်ခွင့်)

Fifth Amendment
No person shall be held to answer for a capital, or otherwise infamous crime, unless on a presentment or indictment of a Grand Jury, except in cases arising in the land or naval forces, or in the Militia, when in actual service in time of War or public danger; nor shall any person be subject for the same offence to be twice put in jeopardy of life or limb; nor shall be compelled in any criminal case to be a witness against himself, nor be deprived of life, liberty, or property, without due process of law; nor shall private property be taken for public use, without just compensation. (ပဥ္စမပြင်ဆင်ချက်။ ။ ကျနမှန်ကန်သော တရားစီရင်ရေးလုပ်ငန်းစဉ်များဖြင့် တရားစီရင်ခြင်း၊ မိမိကိုယ်ကို ဆန့်ကျင်ထွက်ဆိုရခြင်းမှ ကင်းလွတ်ခွင့်၊ ပြစ်မှုတစ်ခုတည်းကို နှစ်ကြိမ်စီရင်ခြင်းမှ ကင်းလွတ်ခွင့်)

Sixth Amendment
In all criminal prosecutions, the accused shall enjoy the right to a speedy and public trial, by an impartial jury of the State and district wherein the crime shall have been committed, which district shall have been previously ascertained by law, and to be informed of the nature and cause of the accusation; to be confronted with the witnesses against him; to have compulsory process for obtaining witnesses in his favor, and to have the Assistance of Counsel for his defense. (ဆဋ္ဌမပြင်ဆင်ချက်။ ။ တရားစွဲဆိုခံရသူများ၏ အဖွင့်အရေးများ၊ ဥပမာအားဖြင့် မြန်မြန်ထက်ထက်စီရင်ခြင်း၊ အများပြည်သူ့ရှေ့မှောက်စီရင်ခြင်း)

Seventh Amendment
In suits at common law, where the value in controversy shall exceed twenty dollars, the right of trial by jury shall be preserved, and no fact tried by a jury, shall be otherwise re-examined in any court of the United States, than according to the rules of the common law. (သတ္တမပြင်ဆင်ချက်။ ။ တရားမမှုများတွင် ဂျူရီဖြင့်တရားစီရင်ခြင်း)

Eight Amendment
Excessive bail shall not be required, nor excessive fines imposed, nor cruel and unusual punishments inflicted. (အဋ္ဌမပြင်ဆင်ချက်။ ။ အာမခံတင်ငွေ အလွန်မကျွံတောင်းဆိုခံရခြင်းမှ ကင်းလွတ်ခွင့်၊ ရက်စက်သော ပုံမှန်မဟုတ်သော အပြစ်ပေးခြင်းမှ ကင်းလွတ်ခွင့်)

Ninth Amendment
The enumeration in the Constitution, of certain rights, shall not be construed to deny or disparage others retained by the people. (နဝမပြင်ဆင်ချက်။ ။ ပြည်သူတို့၏ အခြားသော အခွင့်အရေးများ)

Tenth Amendment
The powers not delegated to the United States by the Constitution, nor prohibited by it to the States, are reserved to the States respectively, or to the people. (ဒသမပြင်ဆင်ချက်။ ။ ပြည်ထောင်စုသို့ မအပ်နှင်းသော ကြွင်းကျန်အာဏာများအားလုံး ပြည်နယ်များလက်ထဲတွင် ရှိနေခြင်း)

KZO
(၀၅-၀၈-၂၀၂၁)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s