
[ Zawgyi font First / Unicode below ]
တရုတ္ၿခံေဘးက ေျမကြက္ကေလးမ်ား
==========
တစ္။
၁၉၅၀-၅၃ ကိုးရီးယားကၽြန္းဆြယ္စစ္ပြဲကို မွတ္မိသေလာက္ အက်ဥ္းခ်ဳပ္ေျပာရမည္ဆိုလွ်င္ – ဆိုဗီယက္ ေခါင္းေဆာင္ စတာလင္၏ အားေပးေအားေျမွာက္ျပဳမႈလက္ခ်က္ျဖင့္ ေျမာက္ကိုးရီးယားတပ္မ်ားသည္ နယ္ျခား (၃၈) မ်ဥ္းၿပိဳင္ကို ေက်ာ္နင္းလ်က္ ရုတ္တရက္ က်ဴးေက်ာ္ ၀င္ေရာက္လာသည္။ ရက္ပိုင္းအတြင္း ကိုးရီးယားကၽြန္းဆြယ္ ေတာင္ဖက္အစြန္ဆံုးနားအထိ ေတာင္ကိုးရီးယားက်ံဳ႕သြားသည္။ ကုလသမဂၢ ဆံုးျဖတ္ခ်က္ျဖင့္ အေမရိကန္ေခါင္းေဆာင္ေသာ UN စုေပါင္းတပ္မ်ားသည္ ေတာင္ကိုးရီးယားဘက္မွ ၀င္တိုက္သည္။ (ထိုစဥ္က ကုလသမဂၢ လံုၿခံဳေရးေကာင္စီတြင္ တရုတ္ထိုင္ခံု၌ ကြန္ျမဴနစ္ ျပည္မ တရုတ္ျပည္ကို ထိုင္ခြင့္မေပးဘဲ ထိုင္၀မ္ကို ထိုင္ခြင့္ျပဳထားသျဖင့္ ဆိုဗီယက္က အစည္းအေ၀းမ်ားကို သပိတ္ေမွာက္ထားသည္။) အေမရိကန္-UN စုေပါင္းတပ္မ်ားက ေျမာက္ကိုးရီးယားတပ္မ်ားကို တိုက္ယင္းတိုက္ရင္း ေျမာက္ဘက္သို႔ တြန္းတင္သြားရာ ေျမာက္ကိုးရီးယားတပ္မ်ား တျဖည္းျဖည္း တရုတ္နယ္စပ္နား ေရာက္သည္အထိ ဆုတ္ခံရသည္။
တရုတ္နယ္စပ္နားသို႔ အေမရိကန္တပ္မ်ားခ်ဥ္းကပ္လာသည့္အခါ ရုတ္ခ်ဥ္းဆိုသလို တရုတ္ ကြန္ျမဴနစ္ တပ္မ်ားက နယ္စပ္ကိုကူးလာ၍ ေျမာက္ကိုးရီးယားဘက္က ၀င္တိုက္သည္။ တရုတ္ဘက္က အေသအေပ်ာက္ အလြန္မ်ားေသာ္လည္း အေမရိကန္-UN တပ္ေပါင္းစုသည္ ယခင္ နယ္ျခား (၃၈) မ်ဥ္းၿပိဳင္ရွိရာသို႔ တျဖည္းျဖည္း ျပန္ဆုတ္လာၾကရသည္။ ထို႔ေနာက္ ေနာက္ပိုင္း မတိုးသာမဆုတ္သာ ကာလအတြင္း တရုတ္တပ္မ်ားသည္ တရုတ္ျပည္အတြင္းသို႔ တသုတ္ၿပီးတသုတ္ ျပန္ဆုတ္သည္။ ထိုအခ်ိန္မွစ၍ (၃၈) မ်ဥ္းၿပိဳင္သည္ ေတာင္ ႏွင့္ ေျမာက္ ကိုးရီးယား ႏွစ္ႏိုင္ငံအၾကား de facto နယ္ျခားမ်ဥ္း ျဖစ္ေနခဲ့သည္မွာ ယေန႔ထက္ထိျဖစ္ေလသည္။
ႏွစ္။
အႏွစ္တစ္ရာေလာက္ ဂ်ပန္ျပည္တြင္း ပဋိပကၡမ်ားကို အဆံုးသတ္ၿပီး အႏိုင္ရသူ ႏိုင္ငံကို ေပါင္းစည္းႏိုင္သူအျဖစ္ ၁၆-ရာစုတြင္ ေပၚထြန္းလာခဲ့ေသာ ဂ်ပန္စစ္သူႀကီး တိုယိုတိုမိ ဟိဒဲယိုရွိ (Toyotomi Hideyoshi) သည္ တရုတ္ျပည္ကို တိုက္ခိုက္သိမ္းပိုက္ရန္အတြက္ စစ္ေရးျပင္ဆင္ၿပီးေနာက္ ကိုးရီးယားဘုရင္ထံသို႔ လွမ္း အေၾကာင္းၾကားသည္။ သူ၏တရုတ္ျပည္ကို ၀င္တိုက္မည့္ စီမံကိန္းႀကီးကို ေျပာျပလ်က္ တရုတ္ျပည္အား ၀င္တိုက္ရာတြင္ ပါ၀င္ပူးေပါင္းရန္ ဖိတ္ေခၚသည္။
ကိုးရီးယားဘုရင္ ရွင္းဂ်ိဳးကျငင္းပယ္သည့္အခါ ဟိဒဲယိုရွိသည္ သူ၏စီမံကိန္းကို မေျပာင္းလဲဘဲ ကိုးရီးယားကို စတိုက္သည္။ ကိုးရီးယားျပည္ကို ဂ်ပန္တပ္မ်ား တိုက္ခိုက္ေနစဥ္ တရုတ္ မင္ မင္းဆက္ ဧကရာဇ္ ၀မ္လိ (Wanli) က လက္ပိုက္ၾကည့္မေနေတာ့ဘဲ ကိုးရီးယားကၽြန္းဆြယ္သို႔ တရုတ္တပ္မ်ားေစလႊတ္ကာ ကိုးရီးယားမ်ားဘက္မွ ၀င္တိုက္ေစသည္။ ဓနအင္အားျဖင့္လည္း စစ္ပြဲကို ကိုးရီးယားမ်ားဘက္က ကူညီသည္။ ကနဦးအင္အား တစ္သိန္းခြဲခန္႔ျဖင့္ ဟိဒဲယိုရွိ ဦးေဆာင္ေသာ ဂ်ပန္တပ္မ်ားသည္ ၁၅၉၂-ခုႏွစ္မွ ၁၅၉၈-ခုႏွစ္အတြင္း ႏွစ္ႀကိမ္တိုင္တိုင္ ကိုးရီးယားကၽြန္းဆြယ္ကို လုပ္ႀကံေသာ္လည္း ကိုးရီးယား ႏွင့္ တရုတ္ ပူးေပါင္းတပ္မ်ားကို မႏိုင္ႏိုင္ခဲ့ေပ။ ၁၅၉၈-ခုႏွစ္တြင္ ဟိဒဲယိုရွိ ကြယ္လြန္ေသာအခါ ဂ်ပန္တပ္မ်ား ကိုးရီးယားကၽြန္းဆြယ္မွ ဆုတ္ခြာလာခဲ့ၾကသည္။
သံုး။
ဟင္နရီကစ္ဆင္းဂ်ား က သူ၏ World Order (ကမၻာႏိုင္ငံမ်ား၏ အခင္းအက်င္း) စာအုပ္တြင္ ဟိဒဲယိုရွိ၏ ၁၆-ရာစု ကိုးရီးယားကၽြန္းဆြယ္က်ဴးေက်ာ္မႈ အေၾကာင္းကို ေရးသားရင္း မွတ္ခ်က္ျပဳသည္မွာ – ၁၆-ရာစု ကိုးရီးယားျပည္ကို ဂ်ပန္၀င္တိုက္သည့္ စစ္ပြဲတြင္ တရုတ္၀င္ကူတိုက္သည့္အေၾကာင္းကို အေသအခ်ာ ထည့္တြက္မိခဲ့သည္ဆိုပါက ၂၀-ရာစု ကိုးရီးယားစစ္ပြဲတြင္ အေမရိကန္တို႔၏ ျပဳမႈေဆာင္ရြက္မႈမွာ မတူကြဲျပားေသာပံုစံျဖင့္ ေဆာင္ရြက္ခဲ့ႏိုင္ဖြယ္ရွိသည္ ဟု သူက ဆိုပါသည္။ “ . . . , if heeded, might have changed America’s conduct in the twentieth-century Korean War.”
KZO
(၀၆-၀၈-၂၀၂၁)
[လူငယ္မ်ားအတြက္ နိုင္ငံေရးမွတ္စုတိုမ်ား (၈)]
#ShortNotesOnPoliticsForYouth
#KyawZawOo
#KZO
==========
[ Unicode ]
တရုတ်ခြံဘေးက မြေကွက်ကလေးများ
တစ်။
၁၉၅၀-၅၃ ကိုးရီးယားကျွန်းဆွယ်စစ်ပွဲကို မှတ်မိသလောက် အကျဉ်းချုပ်ပြောရမည်ဆိုလျှင် – ဆိုဗီယက် ခေါင်းဆောင် စတာလင်၏ အားပေးအေားမြှောက်ပြုမှုလက်ချက်ဖြင့် မြောက်ကိုးရီးယားတပ်များသည် နယ်ခြား (၃၈) မျဉ်းပြိုင်ကို ကျော်နင်းလျက် ရုတ်တရက် ကျူးကျော် ဝင်ရောက်လာသည်။ ရက်ပိုင်းအတွင်း ကိုးရီးယားကျွန်းဆွယ် တောင်ဖက်အစွန်ဆုံးနားအထိ တောင်ကိုးရီးယားကျုံ့သွားသည်။ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ဖြင့် အမေရိကန်ခေါင်းဆောင်သော UN စုပေါင်းတပ်များသည် တောင်ကိုးရီးယားဘက်မှ ဝင်တိုက်သည်။ (ထိုစဉ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တရုတ်ထိုင်ခုံ၌ ကွန်မြူနစ် ပြည်မ တရုတ်ပြည်ကို ထိုင်ခွင့်မပေးဘဲ ထိုင်ဝမ်ကို ထိုင်ခွင့်ပြုထားသဖြင့် ဆိုဗီယက်က အစည်းအဝေးများကို သပိတ်မှောက်ထားသည်။) အမေရိကန်-UN စုပေါင်းတပ်များက မြောက်ကိုးရီးယားတပ်များကို တိုက်ယင်းတိုက်ရင်း မြောက်ဘက်သို့ တွန်းတင်သွားရာ မြောက်ကိုးရီးယားတပ်များ တဖြည်းဖြည်း တရုတ်နယ်စပ်နား ရောက်သည်အထိ ဆုတ်ခံရသည်။
တရုတ်နယ်စပ်နားသို့ အမေရိကန်တပ်များချဉ်းကပ်လာသည့်အခါ ရုတ်ချဉ်းဆိုသလို တရုတ် ကွန်မြူနစ် တပ်များက နယ်စပ်ကိုကူးလာ၍ မြောက်ကိုးရီးယားဘက်က ဝင်တိုက်သည်။ တရုတ်ဘက်က အသေအပျောက် အလွန်များသော်လည်း အမေရိကန်-UN တပ်ပေါင်းစုသည် ယခင် နယ်ခြား (၃၈) မျဉ်းပြိုင်ရှိရာသို့ တဖြည်းဖြည်း ပြန်ဆုတ်လာကြရသည်။ ထို့နောက် နောက်ပိုင်း မတိုးသာမဆုတ်သာ ကာလအတွင်း တရုတ်တပ်များသည် တရုတ်ပြည်အတွင်းသို့ တသုတ်ပြီးတသုတ် ပြန်ဆုတ်သည်။ ထိုအချိန်မှစ၍ (၃၈) မျဉ်းပြိုင်သည် တောင် နှင့် မြောက် ကိုးရီးယား နှစ်နိုင်ငံအကြား de facto နယ်ခြားမျဉ်း ဖြစ်နေခဲ့သည်မှာ ယနေ့ထက်ထိဖြစ်လေသည်။
နှစ်။
အနှစ်တစ်ရာလောက် ဂျပန်ပြည်တွင်း ပဋိပက္ခများကို အဆုံးသတ်ပြီး အနိုင်ရသူ နိုင်ငံကို ပေါင်းစည်းနိုင်သူအဖြစ် ၁၆-ရာစုတွင် ပေါ်ထွန်းလာခဲ့သော ဂျပန်စစ်သူကြီး တိုယိုတိုမိ ဟိဒဲယိုရှိ (Toyotomi Hideyoshi) သည် တရုတ်ပြည်ကို တိုက်ခိုက်သိမ်းပိုက်ရန်အတွက် စစ်ရေးပြင်ဆင်ပြီးနောက် ကိုးရီးယားဘုရင်ထံသို့ လှမ်း အကြောင်းကြားသည်။ သူ၏တရုတ်ပြည်ကို ဝင်တိုက်မည့် စီမံကိန်းကြီးကို ပြောပြလျက် တရုတ်ပြည်အား ဝင်တိုက်ရာတွင် ပါဝင်ပူးပေါင်းရန် ဖိတ်ခေါ်သည်။
ကိုးရီးယားဘုရင် ရှင်းဂျိုးကငြင်းပယ်သည့်အခါ ဟိဒဲယိုရှိသည် သူ၏စီမံကိန်းကို မပြောင်းလဲဘဲ ကိုးရီးယားကို စတိုက်သည်။ ကိုးရီးယားပြည်ကို ဂျပန်တပ်များ တိုက်ခိုက်နေစဉ် တရုတ် မင် မင်းဆက် ဧကရာဇ် ဝမ်လိ (Wanli) က လက်ပိုက်ကြည့်မနေတော့ဘဲ ကိုးရီးယားကျွန်းဆွယ်သို့ တရုတ်တပ်များစေလွှတ်ကာ ကိုးရီးယားများဘက်မှ ဝင်တိုက်စေသည်။ ဓနအင်အားဖြင့်လည်း စစ်ပွဲကို ကိုးရီးယားများဘက်က ကူညီသည်။ ကနဦးအင်အား တစ်သိန်းခွဲခန့်ဖြင့် ဟိဒဲယိုရှိ ဦးဆောင်သော ဂျပန်တပ်များသည် ၁၅၉၂-ခုနှစ်မှ ၁၅၉၈-ခုနှစ်အတွင်း နှစ်ကြိမ်တိုင်တိုင် ကိုးရီးယားကျွန်းဆွယ်ကို လုပ်ကြံသော်လည်း ကိုးရီးယား နှင့် တရုတ် ပူးပေါင်းတပ်များကို မနိုင်နိုင်ခဲ့ပေ။ ၁၅၉၈-ခုနှစ်တွင် ဟိဒဲယိုရှိ ကွယ်လွန်သောအခါ ဂျပန်တပ်များ ကိုးရီးယားကျွန်းဆွယ်မှ ဆုတ်ခွာလာခဲ့ကြသည်။
သုံး။
ဟင်နရီကစ်ဆင်းဂျား က သူ၏ World Order (ကမ္ဘာနိုင်ငံများ၏ အခင်းအကျင်း) စာအုပ်တွင် ဟိဒဲယိုရှိ၏ ၁၆-ရာစု ကိုးရီးယားကျွန်းဆွယ်ကျူးကျော်မှု အကြောင်းကို ရေးသားရင်း မှတ်ချက်ပြုသည်မှာ – ၁၆-ရာစု ကိုးရီးယားပြည်ကို ဂျပန်ဝင်တိုက်သည့် စစ်ပွဲတွင် တရုတ်ဝင်ကူတိုက်သည့်အကြောင်းကို အသေအချာ ထည့်တွက်မိခဲ့သည်ဆိုပါက ၂၀-ရာစု ကိုးရီးယားစစ်ပွဲတွင် အမေရိကန်တို့၏ ပြုမှုဆောင်ရွက်မှုမှာ မတူကွဲပြားသောပုံစံဖြင့် ဆောင်ရွက်ခဲ့နိုင်ဖွယ်ရှိသည် ဟု သူက ဆိုပါသည်။ “ . . . , if heeded, might have changed America’s conduct in the twentieth-century Korean War.”
KZO
(၀၆-၀၈-၂၀၂၁)
[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၈)]
#ShortNotesOnPoliticsForYouth
#KyawZawOo
#KZO