
[ Zawgyi font First / Unicode below ]
ယဥ္ေက်းမႈမ်ား ထိပ္တိုက္တိုးျခင္း
==========
တစ္။
၁၉၈၉-ခုႏွစ္ ႏို၀င္ဘာလ (၉) ရက္ေန႔၌ ဘာလင္တံတိုင္းၿဖိဳဖ်က္ျခင္းခံရၿပီးေသာအခါ စစ္ေအးတိုက္ပြဲ ၿပီးဆံုးသြားသည္။ ထိုအခါ ဖူကူးယားမား အစရွိေသာ ပညာရွင္တခ်ိဳ႕က – ကြန္ျမဴနစ္စနစ္ ႏွင္ အေနာက္ကမၻာ၏ လစ္ဘရယ္ဒီမိုကေရစီ တို႔အၾကားစစ္ပြဲတြင္ ကြန္ျမဴနစ္စနစ္က်ဆံုးသြားၿပီ၊ သမိုင္း၏ အလားတူ ထိပ္တိုက္တိုးျဖစ္စဥ္မ်ား မရွိေတာ့ၿပီ၊ သမုိင္းတစ္ခန္းရပ္ၿပီ ဟု ဆိုလာၾကသည္။ ထိုအခါ ဖူကူးယားမား၏ ဆရာေဟာင္း ျဖစ္သူ ဆင္မ်ဴယယ္ ဟင္တင္းတန္ (Samuel Huntington) က “Clash of Civilizations and Remaking of World Order” ယဥ္ေက်းမႈမ်ား ထိပ္တိုက္တိုးျခင္း ႏွင့္ ကမၻာႏိုင္ငံမ်ားအခင္းအက်င္းသစ္ ဖန္တီးျခင္း ဆိုသည့္ စာအုပ္ကို ေရးသားသည္။ ယင္းစာအုပ္ကို ၁၉၉၆-ခုႏွစ္တြင္ ထုတ္ေ၀သည္။
ယင္းစာအုပ္၏ အဓိကသတင္းစကားမွာ စစ္ေအးတိုက္ပြဲအၿပီး အုပ္စုႏွစ္စုတို႔တိုက္ပြဲ ၿပီးသြားေသာ္လည္း ယဥ္ေက်းမႈအဖြဲ႕အစည္း (Civilization) မ်ား၏ တြန္းတိုက္မႈမ်ားရွိလာမည္၊ အထူးသျဖင့္ သိသိသာသာျဖစ္မည့္ တြန္းတိုက္မႈပံုစံႏွစ္ရပ္မွာ အေနာက္ဒီမိုကေရစီကမၻာ ႏွင့္ က်န္ေသာ ယဥ္ေက်းမႈမ်ားအၾကား တြန္းတိုက္မႈ ႏွင့္ အစၥလမ္မစ္ကမၻာႏွင့္ က်န္ေသာ ယဥ္ေက်းမႈမ်ားအၾကား ျဖစ္ေသာ တြန္းတိုက္မႈမ်ားသည္ အမ်ားဆံုးျဖစ္ႏိုင္သည္ စာေရးသူက ဆိုသည္။
ႏွစ္။
ယဥ္ေက်းမႈအဖြဲ႕အစည္းအုပ္စုမ်ားကို ဟင္းတင္တန္က (ေသးငယ္အုပ္စုကေလး အခ်ိဳ႕ကို ထည့္မတြက္လွ်င္) အၾကမ္းဖ်င္းအားျဖင့္ အဓိက ရွစ္အုပ္စုခြဲႏိုင္သည္ ဟု တင္ျပသည္။
(၁) တရုတ္ (Sinic)၊ – တရုတ္ႏွင့္ တရုတ္အသိုက္အ၀န္း၊ ဗီယက္နမ္ ႏွင္ ကိုးရီးယားအပါအ၀င္
(၂) ဂ်ပန္ (Japonic)
(၃) ဟိႏၵဴ (Hindu)
(၄) အစၥလမ္မစ္ (Islamic)
(၅) ေအာသိုေဒါ့ (Orthodox) – ရုရွားဗဟိုျပဳ
(၆) အေနာက္ႏိုင္ငံမ်ား (the west) – ဥေရာပ ႏွင့္ ေျမာက္အေမရိက ဗဟိုျပဳ
(၇) လက္တင္အေမရိက (Latin America)
(၈) အာဖရိက (Africa)
သံုး။
အေနာက္အုပ္စုအဖို႔ က်ရိပ္သန္းလာျခင္းျဖစ္သည္ ဟု ဟင္တင္းတန္က ယူဆၿပီး၊ ေအာက္ပါ လကၡဏာသံုးရပ္ ရွိေနသည္ ဟုလည္း ဆိုသည္။
(က) အေနာက္အုပ္စု၏ အက်ဘက္ကိုသြားေနမႈမွာလည္း အလြန္ေႏွးေသာ ျဖစ္စဥ္တစ္ရပ္ျဖင့္သာ ရွိေနဆဲျဖစ္ၿပီး၊ ကမၻာ့အင္အားႀကီးႏို္င္ငံမ်ားကို ရုတ္ခ်ဥ္းသက္ေရာက္မႈ မရွိႏိုင္ေသး၊
(ခ) ပါ၀ါက်ဆင္းျခင္းျဖစ္စဥိမွာ မ်ဥ္းေျဖာင့္အတိုင္း တသမတ္တည္းျဖစ္လိမ့္မည္ မဟုတ္၊ ျပန္တက္ျခင္း အရွိန္ျပန္ရျခင္း ရပ္ဆိုင္းသြားျခင္း စသည္ျဖင့္ ျဖစ္ေနႏိုင္သည္၊
(ဂ) ႏိုင္ငံတစ္ရပ္၏ပါ၀ါအေနအထားသည္ (ဆိုလိုသည္မွာ အက်ဆိုသည္မွာလည္း) ယင္းပါ၀ါကို ကိုင္ထားသူမ်ား၏ ဆံုးျဖတ္ခ်က္မ်ား အမူအက်င့္မ်ားအေပၚ မူတည္ၿပီး သက္ေရာက္မႈရွိမည္၊
ေလး။
အစၥလမ္မစ္အုပ္စု ႏွင့္ တရုတ္အုပ္စုတို႔ ပူးေပါင္းမႈအားျဖင့္ ယင္းႏွစ္အုပ္စုစလံုး၏ ဘံုရန္သူျဖစ္ေသာ အေနာက္အုပ္စုကို ရင္ဆိုင္လိမ့္အည္ဟု စာေရးသူက မွန္းဆထားသည္။ အေနာက္အုပ္စု ႏွင့္ က်န္အုပ္စုမ်ားအားလံုးတို႔အၾကား အဟျဖစ္ေစေသာ အျခင္းအရာသံုးရပ္ကို ဟင္းတင္းတန္က ဤသို႔ေထာက္ျပသည္။
(၁) အသစ္အသစ္ေသာ အင္အားႀကီးႏိုင္ငံမ်ား ေပါေပါမ်ားမ်ားျဖစ္မလာေရး ဗ်ဴဟာအားျဖင့္ စစ္အင္အားသာလြန္ေနမႈကို ဆက္လက္ထိန္းသိမ္းထားရန္ အေနာက္အုပ္စုတြင္ အရည္အေသြးရွိေနဆဲျဖစ္ျခင္း၊
(၂) လူ႔အခြင့္အေရး ႏွင့္ ဒီမိုကေရစီ အစရွိေသာ အေနာက္အုပ္စု၏ စံတန္ဖိုးမ်ား ထြန္းကားေရးကို ေရွ႕တန္းတင္ျခင္း၊
(၃) အေနာက္ႏိုင္ငံသားမဟုတ္သည့္ ႏိုင္ငံကူးသူမ်ား၊ ဒုကၡသည္မ်ားကို အေနာက္လူ႔အဖြဲ႕အစည္းမ်ားသို႔ ၀င္ေရာက္ခြင့္အား ကန္႔သတ္ျခင္း၊
အေနာက္အုပ္စု၏ ယဥ္ေက်းမႈအရႀကီးစိုးမႈ (cultural hegemony) ကို ဆက္လက္ က်င့္သံုးထိန္းသိမ္းႏိုင္ရန္ အားထုတ္ေနျခင္းအျဖစ္ ဤအခ်က္သံုးခ်က္ကို အေနာက္အုပ္စု မဟုတ္ေသာႏိုင္ငံမ်ားက ရႈျမင္သည္။
အဓိကေတာက္ေလွ်ာက္တြန္းတိုက္မႈ (fault line war) အျဖစ္ အနာက္အုပ္စု ႏွင့္ အစၥလမ္မစ္အုပ္စု ႏွစ္အုပ္စုအၾကား ျဖစ္လာလိမ့္မည္ျဖစ္ၿပီး၊ အုပ္စုဗဟိုေနရာရ ဆရာႀကီးႏွစ္ႏုိင္ငံတို႔ၾကား တြန္းတိုက္မႈမွာ အေမရိကန္ ႏွင့္ တရုတ္အၾကား ျဖစ္လာလိမ့္မည္ ဟု ဟင္းတင္တန္က ေဟာကိန္းထုတ္သည္။
ငါး။
ေအာက္ပါအခ်က္မ်ားသည္ အေနာက္အုပ္စု ႏွင့္ အစၥလမ္မစ္ကမၻာတို႔အၾကား ပဋိပကၡကို ပိုဆိုးေစသည့္ အခ်က္မ်ားျဖစ္သည္ ဟု ဟင္းတင္တန္ကျမင္သည္။
(က) ကမၻာ့မူဆလင္လူဦးေရတိုးပြားမႈေနာက္ဆက္တြဲမွာ အလုပ္လက္မဲ့ မေက်မနပ္ လူငယ္ထု မ်ားသထက္မ်ားလာၿပီး အစၥလမ္မစ္အေရးေတာ္ပံုေခါင္းစဥ္ေတြအတြက္ လူစုရလြယ္ျခင္း၊
(ခ) မၾကာေသးခင္က အစၥမစ္ဘာသာ၏ ျပန္ႏိုးထလာမႈေၾကာင့္ (အျခားသာသာမ်ားႏွင့္ ႏိႈင္းစာလွ်င္) အစၥလမ္ဘာသာ၏ ဆီေလ်ာ္မွန္ကန္အား ျပန္လည္ခိုင္မာလာမႈအျဖစ္ မူဆလင္မ်ားက ရရွိခံစားၾကျခင္း၊
(ဂ) အေနာက္စံတန္ဖိုးမ်ား အစဥ္အလာမ်ားကို ကမၻာလံုးဆိုင္ရာမူမ်ားျဖစ္လာေစရန္ အေနာက္အုပ္စုက အားထုတ္ေနျခင္း ႏွင့္ အေနာက္အုပ္စု စစ္အင္အားအသာစီးရမႈကို ရွိၿမဲရွိေနေစေအာင္ အားထုတ္ေနျခင္းတို႔အား မူဆလင္အသိုက္အ၀န္းမ်ားက မ်က္မုန္းက်ိဳးျခင္း၊
(ဃ) ဘံုရန္သူ ကြန္ျမဴနစ္၀ါဒ မရွိေတာ့ၿပီျဖစ္သည့္အတြက္ အေနာက္အုပ္စုႏွင့္ အစၥလမ္မစ္အုပ္စုတို႔ တစ္ဘက္ကိုတစ္ဘက္ ရန္သူမ်ားအျဖစ္ၾကည့္ျမင္ႏိုင္ရန္ အားလပ္သြားၾကၿပီျဖစ္ျခင္း၊
(င) ေခတ္တိုးတက္လာသည့္အေလ်ာက္ အေနာက္အုပ္စုႏွင့္ အစၥလမ္မစ္အုပ္စုတို႔ ထိေတြ႕ဆက္သြယ္ႏိုင္မႈ မ်ားျပားလာသည္ႏွင့္အမွ် တစ္ဘက္ႏွင့္တစ္ဘက္ မတူကြဲျပားမႈမ်ားအျဖစ္သိျမင္ၾကရျခင္းအား ပိုမို အက်ယ္ခ်ဲ႕ျမင္ႏိုင္ၾကျခင္း၊
[မွတ္ခ်က္။ ။ အစၥလမ္မစ္အုပ္စုႏွင့္ အေနာက္အုပ္စု အုပ္စု ၏ ပဋိပကၡအျဖစ္ျမင္သည့္ ဤအျမင္ကို (“၂၁-ရာစုအတြက္ သင္ခန္းစာ ၂၁ ခု” စာအုပ္ကိုေရးသူ) ယူေဗာလ္ ႏိုအာ ဟရားရီက လက္မခံေခ်။ အစၥလမ္မစ္အေျခခံ၀ါဒမွာ အေနာက္အုပ္စုတစ္ခုတည္းႏွင့္ ထိပ္တိုက္ရင္ဆိုင္မႈ ျဖစ္ေနျခင္း မဟုတ္ဘဲ ကမၻာလံုးဆိုင္ရာ လူ႔ယဥ္ေက်းမႈအား ၿခိမ္းေျခာက္ေနမႈအျဖစ္ သူကေရးသားသည္။]
ေျခာက္။
လူ႔ယဥ္ေက်းမႈေပါင္းစံုတို႔၏ကမၻာျဖစ္လာခ်ိန္မွာ အေနာက္အုပ္စုအေနျဖင့္ အေျခအေနႏွင့္ဆီေလ်ာ္မႈရွိေအာင္ ေျပာင္းလဲ ခ်ိန္ဆလုပ္ေဆာင္မႈမရွိပါက – အေနာက္အုပ္စု၏ ပါ၀ါႏွင့္ ၾသဇာေသာ္လည္း က်ဆင္းလာမည္ (သို႔မဟုတ္ပါက) အျခားေသာ အင္အားႀကီး ယဥ္ေက်းမႈအုပ္စုမ်ားႏွင့္ ထိပ္တိုက္ေတြ႕ျခင္းျဖစ္သြားႏိုင္သည္ ဟု သူကဆိုသည္။
KZO
(၀၇-၀၈၂၀၂၁)
[လူငယ္မ်ားအတြက္ နိုင္ငံေရးမွတ္စုတိုမ်ား (၉)]
#ShortNotesOnPoliticsForYouth
#kyawzawoo
#kzo
==========
[ Unicode ]
ယဉ်ကျေးမှုများ ထိပ်တိုက်တိုးခြင်း
တစ်။
၁၉၈၉-ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့၌ ဘာလင်တံတိုင်းဖြိုဖျက်ခြင်းခံရပြီးသောအခါ စစ်အေးတိုက်ပွဲ ပြီးဆုံးသွားသည်။ ထိုအခါ ဖူကူးယားမား အစရှိသော ပညာရှင်တချို့က – ကွန်မြူနစ်စနစ် နှင် အနောက်ကမ္ဘာ၏ လစ်ဘရယ်ဒီမိုကရေစီ တို့အကြားစစ်ပွဲတွင် ကွန်မြူနစ်စနစ်ကျဆုံးသွားပြီ၊ သမိုင်း၏ အလားတူ ထိပ်တိုက်တိုးဖြစ်စဉ်များ မရှိတော့ပြီ၊ သမိုင်းတစ်ခန်းရပ်ပြီ ဟု ဆိုလာကြသည်။ ထိုအခါ ဖူကူးယားမား၏ ဆရာဟောင်း ဖြစ်သူ ဆင်မျူယယ် ဟင်တင်းတန် (Samuel Huntington) က “Clash of Civilizations and Remaking of World Order” ယဉ်ကျေးမှုများ ထိပ်တိုက်တိုးခြင်း နှင့် ကမ္ဘာနိုင်ငံများအခင်းအကျင်းသစ် ဖန်တီးခြင်း ဆိုသည့် စာအုပ်ကို ရေးသားသည်။ ယင်းစာအုပ်ကို ၁၉၉၆-ခုနှစ်တွင် ထုတ်ဝေသည်။
ယင်းစာအုပ်၏ အဓိကသတင်းစကားမှာ စစ်အေးတိုက်ပွဲအပြီး အုပ်စုနှစ်စုတို့တိုက်ပွဲ ပြီးသွားသော်လည်း ယဉ်ကျေးမှုအဖွဲ့အစည်း (Civilization) များ၏ တွန်းတိုက်မှုများရှိလာမည်၊ အထူးသဖြင့် သိသိသာသာဖြစ်မည့် တွန်းတိုက်မှုပုံစံနှစ်ရပ်မှာ အနောက်ဒီမိုကရေစီကမ္ဘာ နှင့် ကျန်သော ယဉ်ကျေးမှုများအကြား တွန်းတိုက်မှု နှင့် အစ္စလမ်မစ်ကမ္ဘာနှင့် ကျန်သော ယဉ်ကျေးမှုများအကြား ဖြစ်သော တွန်းတိုက်မှုများသည် အများဆုံးဖြစ်နိုင်သည် စာရေးသူက ဆိုသည်။
နှစ်။
ယဉ်ကျေးမှုအဖွဲ့အစည်းအုပ်စုများကို ဟင်းတင်တန်က (သေးငယ်အုပ်စုကလေး အချို့ကို ထည့်မတွက်လျှင်) အကြမ်းဖျင်းအားဖြင့် အဓိက ရှစ်အုပ်စုခွဲနိုင်သည် ဟု တင်ပြသည်။
(၁) တရုတ် (Sinic)၊ – တရုတ်နှင့် တရုတ်အသိုက်အဝန်း၊ ဗီယက်နမ် နှင် ကိုးရီးယားအပါအဝင်
(၂) ဂျပန် (Japonic)
(၃) ဟိန္ဒူ (Hindu)
(၄) အစ္စလမ်မစ် (Islamic)
(၅) အောသိုဒေါ့ (Orthodox) – ရုရှားဗဟိုပြု
(၆) အနောက်နိုင်ငံများ (the west) – ဥရောပ နှင့် မြောက်အမေရိက ဗဟိုပြု
(၇) လက်တင်အမေရိက (Latin America)
(၈) အာဖရိက (Africa)
သုံး။
အနောက်အုပ်စုအဖို့ ကျရိပ်သန်းလာခြင်းဖြစ်သည် ဟု ဟင်တင်းတန်က ယူဆပြီး၊ အောက်ပါ လက္ခဏာသုံးရပ် ရှိနေသည် ဟုလည်း ဆိုသည်။
(က) အနောက်အုပ်စု၏ အကျဘက်ကိုသွားနေမှုမှာလည်း အလွန်နှေးသော ဖြစ်စဉ်တစ်ရပ်ဖြင့်သာ ရှိနေဆဲဖြစ်ပြီး၊ ကမ္ဘာ့အင်အားကြီးနို်င်ငံများကို ရုတ်ချဉ်းသက်ရောက်မှု မရှိနိုင်သေး၊
(ခ) ပါ၀ါကျဆင်းခြင်းဖြစ်စဥိမှာ မျဉ်းဖြောင့်အတိုင်း တသမတ်တည်းဖြစ်လိမ့်မည် မဟုတ်၊ ပြန်တက်ခြင်း အရှိန်ပြန်ရခြင်း ရပ်ဆိုင်းသွားခြင်း စသည်ဖြင့် ဖြစ်နေနိုင်သည်၊
(ဂ) နိုင်ငံတစ်ရပ်၏ပါ၀ါအနေအထားသည် (ဆိုလိုသည်မှာ အကျဆိုသည်မှာလည်း) ယင်းပါ၀ါကို ကိုင်ထားသူများ၏ ဆုံးဖြတ်ချက်များ အမူအကျင့်များအပေါ် မူတည်ပြီး သက်ရောက်မှုရှိမည်၊
လေး။
အစ္စလမ်မစ်အုပ်စု နှင့် တရုတ်အုပ်စုတို့ ပူးပေါင်းမှုအားဖြင့် ယင်းနှစ်အုပ်စုစလုံး၏ ဘုံရန်သူဖြစ်သော အနောက်အုပ်စုကို ရင်ဆိုင်လိမ့်အည်ဟု စာရေးသူက မှန်းဆထားသည်။ အနောက်အုပ်စု နှင့် ကျန်အုပ်စုများအားလုံးတို့အကြား အဟဖြစ်စေသော အခြင်းအရာသုံးရပ်ကို ဟင်းတင်းတန်က ဤသို့ထောက်ပြသည်။
(၁) အသစ်အသစ်သော အင်အားကြီးနိုင်ငံများ ပေါပေါများများဖြစ်မလာရေး ဗျူဟာအားဖြင့် စစ်အင်အားသာလွန်နေမှုကို ဆက်လက်ထိန်းသိမ်းထားရန် အနောက်အုပ်စုတွင် အရည်အသွေးရှိနေဆဲဖြစ်ခြင်း၊
(၂) လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ အစရှိသော အနောက်အုပ်စု၏ စံတန်ဖိုးများ ထွန်းကားရေးကို ရှေ့တန်းတင်ခြင်း၊
(၃) အနောက်နိုင်ငံသားမဟုတ်သည့် နိုင်ငံကူးသူများ၊ ဒုက္ခသည်များကို အနောက်လူ့အဖွဲ့အစည်းများသို့ ဝင်ရောက်ခွင့်အား ကန့်သတ်ခြင်း၊
အနောက်အုပ်စု၏ ယဉ်ကျေးမှုအရကြီးစိုးမှု (cultural hegemony) ကို ဆက်လက် ကျင့်သုံးထိန်းသိမ်းနိုင်ရန် အားထုတ်နေခြင်းအဖြစ် ဤအချက်သုံးချက်ကို အနောက်အုပ်စု မဟုတ်သောနိုင်ငံများက ရှုမြင်သည်။
အဓိကတောက်လျှောက်တွန်းတိုက်မှု (fault line war) အဖြစ် အနာက်အုပ်စု နှင့် အစ္စလမ်မစ်အုပ်စု နှစ်အုပ်စုအကြား ဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ အုပ်စုဗဟိုနေရာရ ဆရာကြီးနှစ်နိုင်ငံတို့ကြား တွန်းတိုက်မှုမှာ အမေရိကန် နှင့် တရုတ်အကြား ဖြစ်လာလိမ့်မည် ဟု ဟင်းတင်တန်က ဟောကိန်းထုတ်သည်။
ငါး။
အောက်ပါအချက်များသည် အနောက်အုပ်စု နှင့် အစ္စလမ်မစ်ကမ္ဘာတို့အကြား ပဋိပက္ခကို ပိုဆိုးစေသည့် အချက်များဖြစ်သည် ဟု ဟင်းတင်တန်ကမြင်သည်။
(က) ကမ္ဘာ့မူဆလင်လူဦးရေတိုးပွားမှုနောက်ဆက်တွဲမှာ အလုပ်လက်မဲ့ မကျေမနပ် လူငယ်ထု များသထက်များလာပြီး အစ္စလမ်မစ်အရေးတော်ပုံခေါင်းစဉ်တွေအတွက် လူစုရလွယ်ခြင်း၊
(ခ) မကြာသေးခင်က အစ္စမစ်ဘာသာ၏ ပြန်နိုးထလာမှုကြောင့် (အခြားသာသာများနှင့် နှိုင်းစာလျှင်) အစ္စလမ်ဘာသာ၏ ဆီလျော်မှန်ကန်အား ပြန်လည်ခိုင်မာလာမှုအဖြစ် မူဆလင်များက ရရှိခံစားကြခြင်း၊
(ဂ) အနောက်စံတန်ဖိုးများ အစဉ်အလာများကို ကမ္ဘာလုံးဆိုင်ရာမူများဖြစ်လာစေရန် အနောက်အုပ်စုက အားထုတ်နေခြင်း နှင့် အနောက်အုပ်စု စစ်အင်အားအသာစီးရမှုကို ရှိမြဲရှိနေစေအောင် အားထုတ်နေခြင်းတို့အား မူဆလင်အသိုက်အဝန်းများက မျက်မုန်းကျိုးခြင်း၊
(ဃ) ဘုံရန်သူ ကွန်မြူနစ်ဝါဒ မရှိတော့ပြီဖြစ်သည့်အတွက် အနောက်အုပ်စုနှင့် အစ္စလမ်မစ်အုပ်စုတို့ တစ်ဘက်ကိုတစ်ဘက် ရန်သူများအဖြစ်ကြည့်မြင်နိုင်ရန် အားလပ်သွားကြပြီဖြစ်ခြင်း၊
(င) ခေတ်တိုးတက်လာသည့်အလျောက် အနောက်အုပ်စုနှင့် အစ္စလမ်မစ်အုပ်စုတို့ ထိတွေ့ဆက်သွယ်နိုင်မှု များပြားလာသည်နှင့်အမျှ တစ်ဘက်နှင့်တစ်ဘက် မတူကွဲပြားမှုများအဖြစ်သိမြင်ကြရခြင်းအား ပိုမို အကျယ်ချဲ့မြင်နိုင်ကြခြင်း၊
[မှတ်ချက်။ ။ အစ္စလမ်မစ်အုပ်စုနှင့် အနောက်အုပ်စု အုပ်စု ၏ ပဋိပက္ခအဖြစ်မြင်သည့် ဤအမြင်ကို (“၂၁-ရာစုအတွက် သင်ခန်းစာ ၂၁ ခု” စာအုပ်ကိုရေးသူ) ယူဗောလ် နိုအာ ဟရားရီက လက်မခံချေ။ အစ္စလမ်မစ်အခြေခံဝါဒမှာ အနောက်အုပ်စုတစ်ခုတည်းနှင့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်နေခြင်း မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ လူ့ယဉ်ကျေးမှုအား ခြိမ်းခြောက်နေမှုအဖြစ် သူကရေးသားသည်။]
ခြောက်။
လူ့ယဉ်ကျေးမှုပေါင်းစုံတို့၏ကမ္ဘာဖြစ်လာချိန်မှာ အနောက်အုပ်စုအနေဖြင့် အခြေအနေနှင့်ဆီလျော်မှုရှိအောင် ပြောင်းလဲ ချိန်ဆလုပ်ဆောင်မှုမရှိပါက – အနောက်အုပ်စု၏ ပါ၀ါနှင့် သြဇာသော်လည်း ကျဆင်းလာမည် (သို့မဟုတ်ပါက) အခြားသော အင်အားကြီး ယဉ်ကျေးမှုအုပ်စုများနှင့် ထိပ်တိုက်တွေ့ခြင်းဖြစ်သွားနိုင်သည် ဟု သူကဆိုသည်။
KZO
(၀၇-၀၈၂၀၂၁)
[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၉)]
#ShortNotesOnPoliticsForYouth
#kyawzawoo
#KZO