
[ Zawgyi font First / Unicode below ]
ကားလ္ေပါ့ပါ (သို႔မဟုတ္) လစ္ဘရယ္ဒီမိုကေရစီအား ခုခံကာကြယ္သူ
==========
ႏိုင္ငံေရးကို စိတ္၀င္စားသူမ်ား၊ လူငယ္မ်ား၊ ပညာတတ္မ်ား၊ တိုင္းျပည္ကို တစ္နည္းတစ္ဖံု အက်ိဳးျပဳ လိုစိတ္ရွိသူမ်ားအား ဖတ္ေစလိုသည့္ စာအုပ္တစ္အုပ္ကို ေျပာပါဆိုလွ်င္ ကားလ္ေပါ့ပါ (Karl Popper) ေရးသားေသာ “Open Society and Its Enemies” (ပြင့္လင္းလူ႔အဖြဲ႕အစည္းႏွင့္ ယင္း၏ ရန္သူမ်ား) စာအုပ္ျဖစ္ေလသည္။
ကြန္ျမဴနစ္၀ါဒ၊ ဖက္ဆစ္၀ါဒ၊ နာဇီ၀ါဒ အစရွိသည့္ လံုးစည္းအာဏာရွင္၀ါဒ (totalitarianism) မွန္သမွ်ကို အေျခခံက်က် ေ၀ဖန္တိုက္ခိုက္ထားေသာ ယင္းစာအုပ္မွာ ေရးၿပီးသည့္အခ်ိန္က ထုတ္ေ၀မည္သူမရခင္ စာအုပ္တိုက္ ႏွစ္ဆယ္ေက်ာ္က ျငင္းပယ္ျခင္းခံခဲ့ရသည့္ စာအုပ္ျဖစ္ေလသည္။ ဤစာအုပ္က အဓိကဆန္းစစ္ေ၀ဖန္သည့္ ေတြးေခၚရွင္ ႏွင္ဦးမွာ ပေလတို ႏွင့္ ကားလ္မာ့ခ္စ္ ျဖစ္သည္။ ၁၉၄၅-ခန္႔ေလာက္ကတည္းက ယင္းစာအုပ္ အဂၤလန္တြင္ စထုတ္ခဲ့ေသာ္လည္း ယင္းအားလက္ခံအားေပးသူ နည္းလွသည္။ ကြန္ျမဴနစ္၀ါဒ၏ အုတ္ျမစ္ျဖစ္သည့္ မာ့ခ္စ္၀ါဒကို အေသအခ်ာ အက်ယ္တ၀င့္ သံုးသပ္စိစစ္ ေ၀ဖန္ျငင္းပယ္ထားသည့္ ထို “ပြင့္လင္းလူ႔အဖြဲ႕အစည္း” စာအုပ္ကို ၁၉၈၉-ခုႏွစ္ ဘာလင္တံတိုင္းၿပိဳက်ၿပီး စစ္ေအးတိုက္ပြဲ ၿပီးဆံုးသြားသည့္အခါက်မွ လူအမ်ားစတင္ သတိထားမိလာၾကျခင္း ျဖစ္ေလသည္။
ေပါ့ပါ၏ ေရးသားခ်က္မ်ားသည္ ဒီမိုကေရစီစနစ္၏ အေျခခံမူမ်ားကို အူလိုက္သည္းလိႈက္ ရဲရဲရင့္ရင့္ ကာကြယ္ခုခံသည္၊ ဒီမိုကရက္တစ္ ျပဳျပင္ေျပာင္းလဲမႈမ်ားျဖင့္ ေကာင္းစြာ အုတ္ျမစ္ခ်တည္ေဆာက္အပ္ေသာ လူ႔အဖြဲ႕အစည္းမ်ား၏ ရုပ္ပံုလႊာကို ကြက္ကြက္ကြင္းကြင္း ျမင္ေယာင္ႏိုင္ငံ ေဖာ္ညႊန္းျပေလသည္။
ကားလ္ေပါ့ပါ (၁၉၀၂-၁၉၉၄) ၏ အေတြးအေခၚမ်ားအနက္ သိသင့္သိထိုက္ေလာက္သည့္ အေၾကာင္းအရာ အခ်ိဳ႕ကို ေအာက္ပါအတိုင္းတင္ၿပလိုပါသည္။
(က) ေပါ့ပါသည္ မွားႏိုင္ေျခအားလက္ခံသည့္၀ါဒီ (fallibilist) တစ္ဦးျဖစ္သည္။ “ငါတို႔အယူ၀ါဒသည္ မမွားႏိုင္၊ ငါတို႔အယူ၀ါဒသည္ အမွန္တရားကို အေသအခ်ာသိသည္၊ အနာဂတ္လမ္းေၾကာင္းတြင္ ဘာျဖစ္လာမည္ကို အေသအခ်ာေျပာႏိုင္သည္၊ ေရႊျပည္ေတာ္ကို ေလာကနိဗၺာန္ကို မည္ကဲ့သို႔ တည္ေဆာက္ရမည္” ဆိုေသာ အယူ၀ါဒမ်ားအား ေပါ့ပါ လက္မခံေပ။ ကြန္ျမဴနစ္၀ါဒ အစရွိေသာ သမိုင္းဆင့္ကဲျဖစ္စဥ္မ်ားကို အေသအခ်ာသိသည္ဆိုသည့္ သမိုင္းေရးရာျဖစ္စဥ္ေသဝါဒ (Historicism) သည္ လူ႔ေဘာင္ေလာကတြင္ လူမႈစနစ္မ်ားကို လူ႔အဖြဲ႕အစည္းႏွင့္ခ်ီ၍ စမ္းသပ္မႈမ်ား ျပဳလုပ္ၾကသျဖင့္ ႀကီးစြာထိခိုက္နစ္နာမႈ ျဖစ္ေစေၾကာင္း ေပါ့ပါက ေျပာသည္။
(ခ) ေပါ့ပါက သိပၸံနည္းက်အမွန္တရားမ်ားကို ရွာေဖြရာတြင္ falsification (ေခၚ) အမွားရွာေဖြေထာက္ျပျခင္း အားျဖင့္ အနီးဆံုးအမွန္ရွာျခင္း နည္းလမ္း သည္သာလွ်င္ အမွန္တရားႏွင့္ အနီးဆံုးရႏိုင္မည့္ နည္းလမ္းျဖစ္ေၾကာင္းတင္ျပသည္။ ဥပမာအားျဖင့္ – ငန္းမွန္သမွ် သည္အျဖဴေရာင္ျဖစ္သည္ ဆိုေသာ အဆိုသည္ အျဖဴမဟုတ္ေသာ ငန္းတစ္ေကာင္ေကာင္ကို မတင္ျပႏိုင္ေသးသေရြ႕ မွန္သည္ဟု ယူဆမည္၊ သို႔ရာတြင္ ၾသစေတးလ်တြင္ ငန္းနက္တစ္ေကာင္ စေတြ႕သည္ႏွင့္ ထိုအယူအဆမွားေၾကာင္း စတင္အတည္ျပဳမည္ ဆိုေသာ နည္းလမ္းမ်ိဳးျဖစ္သည္။ သိပၸံနည္းက် ဆိုရွယ္လစ္၀ါဒ ဆိုသည့္ မာ့ခ္စ္၀ါဒ၏ “သိပၸံနည္းက်မႈ” ဆိုသည္အား ေပါ့ပါက လက္မခံေပ။ falsification အား critical rationalism ဟုလည္း ေခၚေ၀ၚၾကသည္။
(ဂ) ေပါ့ပါသည္ piecemeal social engineering (ေခၚ) တစ္ပိုင္းခ်င္း တစ္လွမ္းခ်င္း လူမႈစနစ္ ေျပာင္းလဲေရးဝါဒ ကိုေဖာ္ထုတ္တင္ျပခဲ့သည္။ လူအဖြဲ႕အစည္းႏွင့္ခ်ီ ၿဖိဳဖ်က္အသစ္ေဆာက္သည့္ အလြန္အလွမ္းက်ယ္ ေလာကေျပာင္းလဲေရး စီမံကိန္းႀကီးမ်ားအစား – လူမႈဖူလံုေရးက႑၊ တရားစီရင္ေရး ျပဳျပင္မႈ၊ လက္၀ါးႀကီးအုပ္ဆန္႔က်င္ေရးအတြက္ အစိုးရ၀င္ေရာက္စြက္ဖက္မႈ စသည္အားျဖင့္ တစ္စိတ္တစ္ပိုင္းခ်င္း ျပဳျပင္ေျပာင္းလဲမႈမ်ား လုပ္သြားျခင္းကို ေထာက္ခံအားေပးသည္။
(ဃ) အမ်ားျပည္သူဆိုင္ရာမူ၀ါဒခ်မွတ္ေရးႏွင့္ပတ္သက္လွ်င္ ေပါ့ပါသည္ negative utilitarianism (ေခၚ) အဆိုးဘက္ကိုၾကည့္ျမင္ေသာ အသံုးခ်ပဓါန၀ါဒ ကိုလက္ခံသူျဖစ္သည္။ ယင္းအယူအဆအရ ဆိုလိုသည့္သေဘာမွာ – ႏိုင္ငံေတာ္ (အစိုးရ) ၏ အခန္းက႑အား လူတို႔အား ေပ်ာ္ရြင္ေစေသာအရာမ်ား လုပ္ေဆာင္ေပးျခင္းကို အဓိကဦးတည္သည္ထက္ ဖယ္ရွားႏိုင္သမွ်ေသာ ဒုကၡတို႔အား ဖယ္ရွားေလ်ာ့ပါးေစျခင္းအား ဦးတည္လုပ္ေဆာင္လိုသည့္ သေဘာျဖစ္သည္။ “မသိျမင္ႏိုင္ေသးေသာ ခ်မ္းသာသုခမ်ားကို ထုတ္လုပ္ႏိုင္ရန္ႀကိဳးစားျခင္းထက္ လက္ေတြ႕ျမင္သိေနရေသာ ဒုကၡမ်ားကို ေလွ်ာ့ခ်ရန္ ႀကိဳးစားပါ” Seek to reduce known ills than to produce unknown blessings. ဆိုသည့္သေဘာ ျဖစ္ေလသည္။
(င) ေပါ့ပါ တင္ျပေသာ သည္းညဥ္းခံအတူယဥ္တြဲေနထိုင္မႈဆိုင္ရာ ၀ိေရာဓိ (paradox of tolerance) သေဘာအရ – သည္းညဥ္းခံ အတူယွဥ္တြဲေနထိုင္ေရး (tolerance) အား အေျခခံပင္ကိုယ္အားျဖင့္ မလိုလားသူမ်ားကို လူ႔အသိုင္းအ၀ိုင္း ဒီမိုကေရဒီအသိုင္းအ၀ိုင္းတြင္ ေနရာမေပးအပ္၊ ထိုသည္းညဥ္းမခံသူ (the intolerant) မ်ားသည္ အားမရွိေသးေသာအခါ ဒီမိုကေရဒီအရိပ္ကို ခိုလံႈလႈပ္ရွားဖို႔ႀကိဳးစားၿပီး အားရွိလာလွ်င္ ဒီမိုကေရဒီစနစ္ကို ၿဖိဳဖ်က္ပစ္မည့္ သူမ်ား ျဖစ္ၾကသည္။ ေပါ့ပါက ကြန္ျမဳနစ္မ်ားကို အဓိက လက္ညိွဳးထိုး ဥပမာေပးသည္။ (ဆိုမာလီယာဖြား အေမရိကန္သူ Ayaan Hirsi Ali က အစၥလမ္မစ္ အေျခခံ၀ါဒီမ်ား ၏ျပဳမႈလႈပ္ရွားေဆာင္ရြက္မႈမ်ားကိုလည္း ေပါ့ပါေျပာေသာ paradox of tolerance ထဲတြင္ ထိုနည္းလ်င္လ်င္ ထည့္တြက္စဥ္းစားသင့္ေၾကာင္း အစဥ္ေထာက္ျပေလ့ရွိသည္။)
(စ) ေပါ့ပါ တင္ျပေသာ လြတ္လပ္မႈဆိုင္ရာ၀ိေရာဓိ paradox of freedom အရ ဆိုလိုသည္မွာ – လြတ္လပ္မႈကို အကန္အသတ္မရွိ လႊတ္ေပးထားလွ်င္ လြတ္လပ္မႈမ်ား၏ က်ဆံုးခန္းသို႔ ေရာက္သြားႏိုင္သည္။ ဥပမာအားျဖင့္ ဥေရာပတြင္ စက္မႈေတာ္လွန္ေရးထြန္းကားၿပီးခါစ အရင္းရွင္စနစ္ေပၚထြန္းခါစ Laissez-faire လက္ေစးဖယ္ယာ (ေခၚ) ဇက္ႀကိဳးမဲ့အရင္းရွင္စနစ္ျဖစ္ေလသည္။ အလုပ္ခ်ိန္ကန္သတ္မႈမ်ားမရွိ၊ အစိုးရ၀င္ေရာက္ထိန္းေက်ာင္းမႈမ်ားမရွိ၊ လက္၀ါးႀကီးအုပ္မႈဆန္႔က်င္ေရး ဥပေဒမ်ားမရွိ၊ အလုပ္သမားသမဂၢမ်ား မရွိ၊ ပင္စင္ခံစားခြင့္စနစ္မ်ားမရွိသည့္ကာလမ်ိဳးတြင္ စီးပြားေရးအင္အားႀကီးသူမ်ား၏ ထိန္းကြပ္မဲ့လြတ္လပ္မႈသည္ စီးပြားေရးအင္အားခ်ိိနဲ႔လြန္းသူမ်ားကို အခေပးကၽြန္အဆင့္သာသာသို႔ ေရာက္သြားေစႏိုင္သည္။ ထို႔ေၾကာင့္ ဤအေျခအေနမ်ားကို အစိုးရက ထိန္းကြပ္ေပးရမည္ ဟု ဆိုလိုသည္။
(ဆ) ပါတီအမ်ားစနစ္ထက္ ႏွစ္ပါတီ သို႔မဟုတ္ ႏွစ္ပါတီ အဓိကပံုစံျဖင့္ ပံုေဖာ္ႏိုင္ေရးဘက္က ေပါ့ပါ အားသန္ပံုရသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုႏွစ္ပါတီတို႔၏ စဥ္ဆက္မျပတ္ မိမိကိုယ္ကို ေ၀ဖန္ႏိုင္မႈ ျဖစ္စဥ္သည္ ပါတီအမ်ားစနစ္ သို႔မဟုတ္ အခ်ိဳးက်ကိုယ္စားျပဳမႈစနစ္ထက္ ပိုမိုအားေကာင္းသည္ ဟု ေပါ့ပါက သံုးသပ္သည္။ ညႊန္႔ေပါင္းအစိုးရဖြဲ႕ရေသာ စနစ္မ်ားတြင္ ပါတီငယ္မ်ားသည္ ညႊန္႔ေပါင္းအစိုးရကို အခ်ိန္မေရြးျပဳတ္က်ေအာင္ လုပ္ႏိုင္သည္ျဖစ္ရကား ပါတီငယ္မ်ားထံ ရွိသင့္ေသာ အာဏာမ်ားထက္ မတန္တဆအာဏာမ်ား ေရာက္ရွိေနတတ္ေၾကာင္း သူက ေထာက္ျပသည္။
(ဇ) “ေပါ့ပါ အလိုက် ဒီမိုကေရစီဟူသည္ကား လူအမ်ား၏ အုပ္ခ်ဳပ္မႈသက္သက္ကို ဆိုလိုျခင္းမဟုတ္။ ဘယ္ဟာကမွန္တယ္ ဘယ္ဟာကမွားတယ္ ဆိုတာကို အမ်ားစုသေဘာအားျဖင့္ ဆံုးျဖတ္မႈကို ဆိုလိုျခင္းမဟုတ္။ ေပါ့ပါ ေျပာသည့္ ဒီမိုကေရစီ ဟူသည္မွာကား ဆိုးသြမ္းအုပ္ခ်ဳပ္သူမ်ားကို ေသြးထြက္သံယို အၾကမ္းဖက္မႈမရွိဘဲ ဖယ္ရွားအစားထိုးႏိုင္ေအာင္ ႏိုင္ငံေတာ္ပံုစံအား မည္သို႔ ဖြဲ႕စည္းတည္ေထာင္သင့္သည္ ဆိုသည့္ ျပႆနာအား အေျဖထုတ္ျခင္းပင္ ျဖစ္သည္” ဟု ေပါ့ပါ၏ အတၳဳပတၱိအက်ဥ္းအား ေရးသားသူ Hannes H. Gissurarson ကဆိုသည္။
ကားလ္ေပါ့ပါ၏ ေရးသားခ်က္မ်ားအနက္မွ မွတ္သားဖြယ္ ေကာက္ႏႈတ္ခ်က္တစ္ခုကို ေအာက္တြင္ ေဖာ္ျပပါသည္။
“It is high time for us to learn that the question ‘who is to wield the power in the state?’ matters only little as compared to the question ‘how is the power wielded’ and ‘how much power is wielded?’. We must learn that in the long run, all political problems are institutional problems, problems of the legal framework rather than of persons, and that progress toward more equality can be safeguarded only by the institutional control of power.”
‘ႏိုင္ငံေတာ္ရဲ႕အာဏာကို ဘယ္သူကိုင္တြယ္မလဲ’ ဆိုတဲ့ေမးခြန္းဟာ ‘အာဏာကို ဘယ္လိုကိုင္တြယ္မလဲ’ ဆိုတဲ့ေမးခြန္းနဲ႔ ‘အာဏာ ဘယ္မွ်ေလာက္ကို ကိုင္တြယ္မွာလဲ’ ဆိုတဲ့ေမးခြန္းေတြနဲ႔ႏိႈင္းစာရင္ ဘာမွ အေရးမႀကီး သေလာက္ပဲ ဆိုတဲ့အေၾကာင္းကို ကၽြန္ေတာ္တို႔ အေသအခ်ာနားလည္ၿပီးသား ျဖစ္ရမယ့္ ကာလကိုေတာင္ ေတာ္ေတာ္ လြန္ခဲ့ပါၿပီ။ ေရရွည္က်ရင္ ကၽြန္ေတာ္တို႔ သိကိုသိလာရမွာက ဘာလဲဆိုေတာ့ – ႏိုင္ငံေရးျပႆနာ မွန္သမွ်ဟာ အင္စတီက်ဴးရွင္း (ခိုင္မာအစဥ္အလာေရးရာ အဖြဲ႕အစည္းတက်ေဆာင္ရြက္မႈေရးရာ) ျပႆနာေတြသာျဖစ္ေၾကာင္း လူပုဂၢိဳလ္ေတြရဲ႕ ျပႆနာဆိုတာထက္ ဥပေဒမူေဘာင္ရဲ႕ ျပႆနာမ်ားသာျဖစ္ေၾကာင္း၊ ေနာက္ၿပီးေတာ့ တန္းတူညီမွ်ေရးဆီသို႔ ဦးတည္ျဖစ္ထြန္းမႈဆိုတာမ်ိဳးဟာ အာဏာကို အင္စတီက်ဴးရွင္းပံုစံက်က်နန ခ်ဳပ္ကိုင္ထားမႈအားျဖင့္သာလွ်င္ ေကာင္းစြာေစာင့္ေရွာက္ ထိန္းသိမ္းႏိုင္မယ္ ဆိုတာေတြကို သိနားလည္ေအာင္ လုပ္ကိုလုပ္ၾကရမွာ ျဖစ္ပါတယ္။”
ေပါ့ပါ၏ ဤေဆြးေႏြးခ်က္ႏွင့္ စပ္လ်ဥ္း၍ – ဟိုးေရွးေရွး ပေလတို အယူအဆမွသည္ ၁၉-ရာစု ကားလ္မာ့ခ္အထိ ႏို္င္ငံေရးသေဘာတရားတို႔သည္ကား မည္သို႔အုပ္ခ်ဳပ္သင့္သနည္း ဆိုသည္ကို မၾကည့္ဘဲ “မည္သူ” က အုပ္ခ်ဳပ္သင့္သည္ ဆိုသည့္ ရႈေထာင့္မွသာ ၾကည့္ျမင္ခဲ့ၾကသည့္အတြက္ မွားယြင္းခဲ့ၾကေၾကာင္း ေပါ့ပါက ေထာက္ျပသည္။
ေပါ့ပါ၏ ဤေဆြးေႏြးခ်က္ကို ဖတ္ရသည့္အခါ လြန္ခဲ့ေသာ ေျခာက္ႏွစ္ခန္႔က မိတ္ေဆြ NLD ပါတီ၀င္တစ္ဦးႏွင့္ စကားစျမည္ေျပာမိရင္း သူ၏ ႏိုင္ငံေရးအျမင္ကို ေဆြးေႏြးခဲ့ၾကစဥ္ သူ၏ ေျပာစကားတစ္ခြန္းကို မွတ္မိသတိရမိ၏။ သူေျပာျပေသာ သူ၏ႏိုင္ငံေရးအျမင္မ်ား၏ အဆံုးသတ္၌ “ကၽြန္ေတာ္ေတာ့ ေဒၚစုကို ယံုတယ္ဗ်” ဆိုသည့္စကားကို အေလးအနက္ ေျပာၾကားပါရွိသည္။ ထိုသို႔ ေဒၚစုကို ယံုၾကည္ေၾကာင္း ေဒၚစုထံတြင္ ႏို္ငံေရးလမ္းစဥ္မွန္သမွ်ကို ယံုၾကည္ပံုအပ္ထားေၾကာင္းကို အျခားေသာ NLD အမတ္မ်ားထံမွလည္း ၾကားမိဖူးေလသည္။ အင္စတီက်ဴးရွင္းပံုစံက်က် အလုပ္လုပ္ျခင္းကို မတည္ေဆာက္ဘဲ “ေဒၚစုကို ယံုၾကည္ျခင္း” အေပၚ ၀ကြက္အားျပဳတည္မွီထားေသာ ၎တို႔၏ ပါတီသည္ ၿပီးခဲ့သည့္ ၂၀၂၁ ေဖေဖာ္၀ါရီလ (၁) ရက္ေန႔ တပ္က အာဏာရယူသြားမႈျဖစ္စဥ္အား က်န္းမာႀကံ႕ခိုင္စြာ ဘယ္လိုရင္ဆိုင္မည္ ဆိုသည္ကို ျပင္ဆင္ထားမႈ ရွိခဲ့ေၾကာင္းကိုကား မေတြ႕ရေပ။
KZO
(၀၉-၀၈-၂၀၂၁)
[လူငယ္မ်ားအတြက္ နိုင္ငံေရးမွတ္စုတိုမ်ား (၁၀)]
#ShortNotesOnPoliticsForYouth
#KyawZawOo
#KZO
==========
ကားလ်ပေါ့ပါ (သို့မဟုတ်) လစ်ဘရယ်ဒီမိုကရေစီအား ခုခံကာကွယ်သူ
နိုင်ငံရေးကို စိတ်ဝင်စားသူများ၊ လူငယ်များ၊ ပညာတတ်များ၊ တိုင်းပြည်ကို တစ်နည်းတစ်ဖုံ အကျိုးပြု လိုစိတ်ရှိသူများအား ဖတ်စေလိုသည့် စာအုပ်တစ်အုပ်ကို ပြောပါဆိုလျှင် ကားလ်ပေါ့ပါ (Karl Popper) ရေးသားသော “Open Society and Its Enemies” (ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ယင်း၏ ရန်သူများ) စာအုပ်ဖြစ်လေသည်။
ကွန်မြူနစ်ဝါဒ၊ ဖက်ဆစ်ဝါဒ၊ နာဇီဝါဒ အစရှိသည့် လုံးစည်းအာဏာရှင်ဝါဒ (totalitarianism) မှန်သမျှကို အခြေခံကျကျ ဝေဖန်တိုက်ခိုက်ထားသော ယင်းစာအုပ်မှာ ရေးပြီးသည့်အချိန်က ထုတ်ဝေမည်သူမရခင် စာအုပ်တိုက် နှစ်ဆယ်ကျော်က ငြင်းပယ်ခြင်းခံခဲ့ရသည့် စာအုပ်ဖြစ်လေသည်။ ဤစာအုပ်က အဓိကဆန်းစစ်ဝေဖန်သည့် တွေးခေါ်ရှင် နှင်ဦးမှာ ပလေတို နှင့် ကားလ်မာ့ခ်စ် ဖြစ်သည်။ ၁၉၄၅-ခန့်လောက်ကတည်းက ယင်းစာအုပ် အင်္ဂလန်တွင် စထုတ်ခဲ့သော်လည်း ယင်းအားလက်ခံအားပေးသူ နည်းလှသည်။ ကွန်မြူနစ်ဝါဒ၏ အုတ်မြစ်ဖြစ်သည့် မာ့ခ်စ်ဝါဒကို အသေအချာ အကျယ်တဝင့် သုံးသပ်စိစစ် ဝေဖန်ငြင်းပယ်ထားသည့် ထို “ပွင့်လင်းလူ့အဖွဲ့အစည်း” စာအုပ်ကို ၁၉၈၉-ခုနှစ် ဘာလင်တံတိုင်းပြိုကျပြီး စစ်အေးတိုက်ပွဲ ပြီးဆုံးသွားသည့်အခါကျမှ လူအများစတင် သတိထားမိလာကြခြင်း ဖြစ်လေသည်။
ပေါ့ပါ၏ ရေးသားချက်များသည် ဒီမိုကရေစီစနစ်၏ အခြေခံမူများကို အူလိုက်သည်းလှိုက် ရဲရဲရင့်ရင့် ကာကွယ်ခုခံသည်၊ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများဖြင့် ကောင်းစွာ အုတ်မြစ်ချတည်ဆောက်အပ်သော လူ့အဖွဲ့အစည်းများ၏ ရုပ်ပုံလွှာကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်နိုင်ငံ ဖော်ညွှန်းပြလေသည်။
ကားလ်ပေါ့ပါ (၁၉၀၂-၁၉၉၄) ၏ အတွေးအခေါ်များအနက် သိသင့်သိထိုက်လောက်သည့် အကြောင်းအရာ အချို့ကို အောက်ပါအတိုင်းတင်ပြလိုပါသည်။
(က) ပေါ့ပါသည် မှားနိုင်ခြေအားလက်ခံသည့်ဝါဒီ (fallibilist) တစ်ဦးဖြစ်သည်။ “ငါတို့အယူဝါဒသည် မမှားနိုင်၊ ငါတို့အယူဝါဒသည် အမှန်တရားကို အသေအချာသိသည်၊ အနာဂတ်လမ်းကြောင်းတွင် ဘာဖြစ်လာမည်ကို အသေအချာပြောနိုင်သည်၊ ရွှေပြည်တော်ကို လောကနိဗ္ဗာန်ကို မည်ကဲ့သို့ တည်ဆောက်ရမည်” ဆိုသော အယူဝါဒများအား ပေါ့ပါ လက်မခံပေ။ ကွန်မြူနစ်ဝါဒ အစရှိသော သမိုင်းဆင့်ကဲဖြစ်စဉ်များကို အသေအချာသိသည်ဆိုသည့် သမိုင်းရေးရာဖြစ်စဉ်သေဝါဒ (Historicism) သည် လူ့ဘောင်လောကတွင် လူမှုစနစ်များကို လူ့အဖွဲ့အစည်းနှင့်ချီ၍ စမ်းသပ်မှုများ ပြုလုပ်ကြသဖြင့် ကြီးစွာထိခိုက်နစ်နာမှု ဖြစ်စေကြောင်း ပေါ့ပါက ပြောသည်။
(ခ) ပေါ့ပါက သိပ္ပံနည်းကျအမှန်တရားများကို ရှာဖွေရာတွင် falsification (ခေါ်) အမှားရှာဖွေထောက်ပြခြင်း အားဖြင့် အနီးဆုံးအမှန်ရှာခြင်း နည်းလမ်း သည်သာလျှင် အမှန်တရားနှင့် အနီးဆုံးရနိုင်မည့် နည်းလမ်းဖြစ်ကြောင်းတင်ပြသည်။ ဥပမာအားဖြင့် – ငန်းမှန်သမျှ သည်အဖြူရောင်ဖြစ်သည် ဆိုသော အဆိုသည် အဖြူမဟုတ်သော ငန်းတစ်ကောင်ကောင်ကို မတင်ပြနိုင်သေးသရွေ့ မှန်သည်ဟု ယူဆမည်၊ သို့ရာတွင် သြစတေးလျတွင် ငန်းနက်တစ်ကောင် စတွေ့သည်နှင့် ထိုအယူအဆမှားကြောင်း စတင်အတည်ပြုမည် ဆိုသော နည်းလမ်းမျိုးဖြစ်သည်။ သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒ ဆိုသည့် မာ့ခ်စ်ဝါဒ၏ “သိပ္ပံနည်းကျမှု” ဆိုသည်အား ပေါ့ပါက လက်မခံပေ။ falsification အား critical rationalism ဟုလည်း ခေါ်ဝေါ်ကြသည်။
(ဂ) ပေါ့ပါသည် piecemeal social engineering (ခေါ်) တစ်ပိုင်းချင်း တစ်လှမ်းချင်း လူမှုစနစ် ပြောင်းလဲရေးဝါဒ ကိုဖော်ထုတ်တင်ပြခဲ့သည်။ လူအဖွဲ့အစည်းနှင့်ချီ ဖြိုဖျက်အသစ်ဆောက်သည့် အလွန်အလှမ်းကျယ် လောကပြောင်းလဲရေး စီမံကိန်းကြီးများအစား – လူမှုဖူလုံရေးကဏ္ဍ၊ တရားစီရင်ရေး ပြုပြင်မှု၊ လက်ဝါးကြီးအုပ်ဆန့်ကျင်ရေးအတွက် အစိုးရဝင်ရောက်စွက်ဖက်မှု စသည်အားဖြင့် တစ်စိတ်တစ်ပိုင်းချင်း ပြုပြင်ပြောင်းလဲမှုများ လုပ်သွားခြင်းကို ထောက်ခံအားပေးသည်။
(ဃ) အများပြည်သူဆိုင်ရာမူဝါဒချမှတ်ရေးနှင့်ပတ်သက်လျှင် ပေါ့ပါသည် negative utilitarianism (ခေါ်) အဆိုးဘက်ကိုကြည့်မြင်သော အသုံးချပဓါနဝါဒ ကိုလက်ခံသူဖြစ်သည်။ ယင်းအယူအဆအရ ဆိုလိုသည့်သဘောမှာ – နိုင်ငံတော် (အစိုးရ) ၏ အခန်းကဏ္ဍအား လူတို့အား ပျော်ရွင်စေသောအရာများ လုပ်ဆောင်ပေးခြင်းကို အဓိကဦးတည်သည်ထက် ဖယ်ရှားနိုင်သမျှသော ဒုက္ခတို့အား ဖယ်ရှားလျော့ပါးစေခြင်းအား ဦးတည်လုပ်ဆောင်လိုသည့် သဘောဖြစ်သည်။ “မသိမြင်နိုင်သေးသော ချမ်းသာသုခများကို ထုတ်လုပ်နိုင်ရန်ကြိုးစားခြင်းထက် လက်တွေ့မြင်သိနေရသော ဒုက္ခများကို လျှော့ချရန် ကြိုးစားပါ” Seek to reduce known ills than to produce unknown blessings. ဆိုသည့်သဘော ဖြစ်လေသည်။
(င) ပေါ့ပါ တင်ပြသော သည်းညဉ်းခံအတူယဉ်တွဲနေထိုင်မှုဆိုင်ရာ ၀ိရောဓိ (paradox of tolerance) သဘောအရ – သည်းညဉ်းခံ အတူယှဉ်တွဲနေထိုင်ရေး (tolerance) အား အခြေခံပင်ကိုယ်အားဖြင့် မလိုလားသူများကို လူ့အသိုင်းအဝိုင်း ဒီမိုကရေဒီအသိုင်းအဝိုင်းတွင် နေရာမပေးအပ်၊ ထိုသည်းညဉ်းမခံသူ (the intolerant) များသည် အားမရှိသေးသောအခါ ဒီမိုကရေဒီအရိပ်ကို ခိုလှုံလှုပ်ရှားဖို့ကြိုးစားပြီး အားရှိလာလျှင် ဒီမိုကရေဒီစနစ်ကို ဖြိုဖျက်ပစ်မည့် သူများ ဖြစ်ကြသည်။ ပေါ့ပါက ကွန်မြုနစ်များကို အဓိက လက်ညှိုးထိုး ဥပမာပေးသည်။ (ဆိုမာလီယာဖွား အမေရိကန်သူ Ayaan Hirsi Ali က အစ္စလမ်မစ် အခြေခံဝါဒီများ ၏ ပြုမှုလှုပ်ရှားဆောင်ရွက်မှုများကိုလည်း ပေါ့ပါပြောသော paradox of tolerance ထဲတွင် ထိုနည်းလျင်လျင် ထည့်တွက်စဉ်းစားသင့်ကြောင်း အစဉ်ထောက်ပြလေ့ရှိသည်။)
(စ) ပေါ့ပါ တင်ပြသော လွတ်လပ်မှုဆိုင်ရာဝိရောဓိ paradox of freedom အရ ဆိုလိုသည်မှာ – လွတ်လပ်မှုကို အကန်အသတ်မရှိ လွှတ်ပေးထားလျှင် လွတ်လပ်မှုများ၏ ကျဆုံးခန်းသို့ ရောက်သွားနိုင်သည်။ ဥပမာအားဖြင့် ဥရောပတွင် စက်မှုတော်လှန်ရေးထွန်းကားပြီးခါစ အရင်းရှင်စနစ်ပေါ်ထွန်းခါစ Laissez-faire လက်စေးဖယ်ယာ (ခေါ်) ဇက်ကြိုးမဲ့အရင်းရှင်စနစ်ဖြစ်လေသည်။ အလုပ်ချိန်ကန်သတ်မှုများမရှိ၊ အစိုးရဝင်ရောက်ထိန်းကျောင်းမှုများမရှိ၊ လက်ဝါးကြီးအုပ်မှုဆန့်ကျင်ရေး ဥပဒေများမရှိ၊ အလုပ်သမားသမဂ္ဂများ မရှိ၊ ပင်စင်ခံစားခွင့်စနစ်များမရှိသည့်ကာလမျိုးတွင် စီးပွားရေးအင်အားကြီးသူများ၏ ထိန်းကွပ်မဲ့လွတ်လပ်မှုသည် စီးပွားရေးအင်အားချိိနဲ့လွန်းသူများကို အခပေးကျွန်အဆင့်သာသာသို့ ရောက်သွားစေနိုင်သည်။ ထို့ကြောင့် ဤအခြေအနေများကို အစိုးရက ထိန်းကွပ်ပေးရမည် ဟု ဆိုလိုသည်။
(ဆ) ပါတီအများစနစ်ထက် နှစ်ပါတီ သို့မဟုတ် နှစ်ပါတီ အဓိကပုံစံဖြင့် ပုံဖော်နိုင်ရေးဘက်က ပေါ့ပါ အားသန်ပုံရသည်။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ပါတီတို့၏ စဉ်ဆက်မပြတ် မိမိကိုယ်ကို ဝေဖန်နိုင်မှု ဖြစ်စဉ်သည် ပါတီအများစနစ် သို့မဟုတ် အချိုးကျကိုယ်စားပြုမှုစနစ်ထက် ပိုမိုအားကောင်းသည် ဟု ပေါ့ပါက သုံးသပ်သည်။ ညွှန့်ပေါင်းအစိုးရဖွဲ့ရသော စနစ်များတွင် ပါတီငယ်များသည် ညွှန့်ပေါင်းအစိုးရကို အချိန်မရွေးပြုတ်ကျအောင် လုပ်နိုင်သည်ဖြစ်ရကား ပါတီငယ်များထံ ရှိသင့်သော အာဏာများထက် မတန်တဆအာဏာများ ရောက်ရှိနေတတ်ကြောင်း သူက ထောက်ပြသည်။
(ဇ) “ပေါ့ပါ အလိုကျ ဒီမိုကရေစီဟူသည်ကား လူအများ၏ အုပ်ချုပ်မှုသက်သက်ကို ဆိုလိုခြင်းမဟုတ်။ ဘယ်ဟာကမှန်တယ် ဘယ်ဟာကမှားတယ် ဆိုတာကို အများစုသဘောအားဖြင့် ဆုံးဖြတ်မှုကို ဆိုလိုခြင်းမဟုတ်။ ပေါ့ပါ ပြောသည့် ဒီမိုကရေစီ ဟူသည်မှာကား ဆိုးသွမ်းအုပ်ချုပ်သူများကို သွေးထွက်သံယို အကြမ်းဖက်မှုမရှိဘဲ ဖယ်ရှားအစားထိုးနိုင်အောင် နိုင်ငံတော်ပုံစံအား မည်သို့ ဖွဲ့စည်းတည်ထောင်သင့်သည် ဆိုသည့် ပြဿနာအား အဖြေထုတ်ခြင်းပင် ဖြစ်သည်” ဟု ပေါ့ပါ၏ အတ္ထုပတ္တိအကျဉ်းအား ရေးသားသူ Hannes H. Gissurarson ကဆိုသည်။
ကားလ်ပေါ့ပါ၏ ရေးသားချက်များအနက်မှ မှတ်သားဖွယ် ကောက်နှုတ်ချက်တစ်ခုကို အောက်တွင် ဖော်ပြပါသည်။
“It is high time for us to learn that the question ‘who is to wield the power in the state?’ matters only little as compared to the question ‘how is the power wielded’ and ‘how much power is wielded?’. We must learn that in the long run, all political problems are institutional problems, problems of the legal framework rather than of persons, and that progress toward more equality can be safeguarded only by the institutional control of power.”
‘နိုင်ငံတော်ရဲ့အာဏာကို ဘယ်သူကိုင်တွယ်မလဲ’ ဆိုတဲ့မေးခွန်းဟာ ‘အာဏာကို ဘယ်လိုကိုင်တွယ်မလဲ’ ဆိုတဲ့မေးခွန်းနဲ့ ‘အာဏာ ဘယ်မျှလောက်ကို ကိုင်တွယ်မှာလဲ’ ဆိုတဲ့မေးခွန်းတွေနဲ့နှိုင်းစာရင် ဘာမှ အရေးမကြီး သလောက်ပဲ ဆိုတဲ့အကြောင်းကို ကျွန်တော်တို့ အသေအချာနားလည်ပြီးသား ဖြစ်ရမယ့် ကာလကိုတောင် တော်တော် လွန်ခဲ့ပါပြီ။ ရေရှည်ကျရင် ကျွန်တော်တို့ သိကိုသိလာရမှာက ဘာလဲဆိုတော့ – နိုင်ငံရေးပြဿနာ မှန်သမျှဟာ အင်စတီကျူးရှင်း (ခိုင်မာအစဉ်အလာရေးရာ အဖွဲ့အစည်းတကျဆောင်ရွက်မှုရေးရာ) ပြဿနာတွေသာဖြစ်ကြောင်း လူပုဂ္ဂိုလ်တွေရဲ့ ပြဿနာဆိုတာထက် ဥပဒေမူဘောင်ရဲ့ ပြဿနာများသာဖြစ်ကြောင်း၊ နောက်ပြီးတော့ တန်းတူညီမျှရေးဆီသို့ ဦးတည်ဖြစ်ထွန်းမှုဆိုတာမျိုးဟာ အာဏာကို အင်စတီကျူးရှင်းပုံစံကျကျနန ချုပ်ကိုင်ထားမှုအားဖြင့်သာလျှင် ကောင်းစွာစောင့်ရှောက် ထိန်းသိမ်းနိုင်မယ် ဆိုတာတွေကို သိနားလည်အောင် လုပ်ကိုလုပ်ကြရမှာ ဖြစ်ပါတယ်။”
ပေါ့ပါ၏ ဤဆွေးနွေးချက်နှင့် စပ်လျဉ်း၍ – ဟိုးရှေးရှေး ပလေတို အယူအဆမှသည် ၁၉-ရာစု ကားလ်မာ့ခ်အထိ နို်င်ငံရေးသဘောတရားတို့သည်ကား မည်သို့အုပ်ချုပ်သင့်သနည်း ဆိုသည်ကို မကြည့်ဘဲ “မည်သူ” က အုပ်ချုပ်သင့်သည် ဆိုသည့် ရှုထောင့်မှသာ ကြည့်မြင်ခဲ့ကြသည့်အတွက် မှားယွင်းခဲ့ကြကြောင်း ပေါ့ပါက ထောက်ပြသည်။
ပေါ့ပါ၏ ဤဆွေးနွေးချက်ကို ဖတ်ရသည့်အခါ လွန်ခဲ့သော ခြောက်နှစ်ခန့်က မိတ်ဆွေ NLD ပါတီဝင်တစ်ဦးနှင့် စကားစမြည်ပြောမိရင်း သူ၏ နိုင်ငံရေးအမြင်ကို ဆွေးနွေးခဲ့ကြစဉ် သူ၏ ပြောစကားတစ်ခွန်းကို မှတ်မိသတိရမိ၏။ သူပြောပြသော သူ၏နိုင်ငံရေးအမြင်များ၏ အဆုံးသတ်၌ “ကျွန်တော်တော့ ဒေါ်စုကို ယုံတယ်ဗျ” ဆိုသည့်စကားကို အလေးအနက် ပြောကြားပါရှိသည်။ ထိုသို့ ဒေါ်စုကို ယုံကြည်ကြောင်း ဒေါ်စုထံတွင် နို်ငံရေးလမ်းစဉ်မှန်သမျှကို ယုံကြည်ပုံအပ်ထားကြောင်းကို အခြားသော NLD အမတ်များထံမှလည်း ကြားမိဖူးလေသည်။ အင်စတီကျူးရှင်းပုံစံကျကျ အလုပ်လုပ်ခြင်းကို မတည်ဆောက်ဘဲ “ဒေါ်စုကို ယုံကြည်ခြင်း” အပေါ် ဝကွက်အားပြုတည်မှီထားသော ၎င်းတို့၏ ပါတီသည် ပြီးခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့ တပ်က အာဏာရယူသွားမှုဖြစ်စဉ်အား ကျန်းမာကြံ့ခိုင်စွာ ဘယ်လိုရင်ဆိုင်မည် ဆိုသည်ကို ပြင်ဆင်ထားမှု ရှိခဲ့ကြောင်းကိုကား မတွေ့ရပေ။
KZO
(၀၉-၀၈-၂၀၂၁)
[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၁၀)]
#ShortNotesOnPoliticsForYouth
#KyawZawOo
#KZO
==========
To download “Open Society and Its Enemies Volume I”
To download “Open Society and Its Enemies Volume II”
==========