မူဂျာဟစ် ထကြွမှု (၁၉၄၈-၁၉၆၁) အကျဉ်း

[ Zawgyi font First / Unicode below ]

မူဂ်ာဟစ္ ထႂကြမႈ (၁၉၄၈-၁၉၆၁) အက်ဥ္

(တစ္) လြန္ခဲ့ေသာ ႏွစ္ေပါင္း (၆၈) ႏွစ္ခန႔္ ၁၉၅၃-ခုႏွစ္ထုတ္ ရခိုင့္တန္ေဆာင္ မဂၢဇင္း တြင္ ထိုေခတ္ မူဂ်ာဟစ္ကုလားဆိုးမ်ား ေသာင္းက်န္းမႈေၾကာင့္ ဘူးသီးေတာင္ ႏွင့္ ေမာင္ေတာနယ္မွ ရခိုင္တိုင္းရင္းသားမ်ား ခံစားေနၾကရပုံကို တစ္ကြက္ကာတြန္းျဖင့္ ေဖာ္က်ဴးထားခဲ့သည္အား ေတြ႕နိုင္ေပသည္။

ရခိုင့္သမီးပ်ိဳေလးအား လက္ထဲတြင္ ဆုပ္ကိုင္ လွိုက္ခါရယ္ေမာေနသည့္ မူဂ်ာဟစ္လက္နက္ကိုင္၏ ေျခရင္းတြင္ ရခိုင္တိုင္းရင္းသားမ်ားက ေသဆုံးေနသည္။ တိုင္းရင္းသား မိသားစုဝင္မ်ားက ရပ္ရြာမ်ားကို စြန႔္ခြာ ထြက္ေျပးေနၾကရသည္။ ေနာက္ခံတြင္ တိုင္းရင္းသားေက်းရြာမ်ားက မီးေလာင္ေနသည္။

ထိုကဲ့သို႔ျဖစ္ပ်က္ေနခ်ိန္တြင္ သံဃာယနာတင္ေဆာင္သူ နိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ ဦးႏု က စိတ္ပုတီးတစ္ကုံး ကိုင္လ်က္ တရားမွတ္ေနသည္။ လုံျခဳံေရးတပ္ဖြဲ႕မ်ားက ေသနတ္ကို ပုခုံးေပၚတင္ကာ ဘာမွမလုပ္ပဲ မတ္တပ္ရပ္ေနသည္။ ထိုကာတြန္း႐ုပ္ပုံသည္ ၁၉၅၀-ဝန္းက်င္ကာလ ဘဂၤါလီမူဆလင္တို႔၏ မူဂ်ာဟစ္ ေသာင္းက်န္းမႈ အေတာအတြင္း အျဖစ္အပ်က္မ်ားကို ျခဳံငုံမိေလသည္။

(ႏွစ္) ၁၉၄၂-ခုႏွစ္ ေဆာင္းဦးကာလတြင္ အိႏၵိယဘက္သို႔ ဆုတ္ခြာေနဆဲ ၿဗိတိသၽွတပ္မ်ားက စစ္ေတြခရိုင္ ေျမာက္ပိုင္း (ဘူးသီးေတာင္-ေမာင္ေတာ) ရွိ ဘဂၤါလီမူဆလင္မ်ားစြာတို႔အား V Force အျဖစ္ဖြဲ႕စည္းကာ ေလ့က်င့္ေပးသည္၊ လက္နက္တပ္ဆင္ေပးသည္၊ ယူနီေဖာင္းဆင္ေပးသည္။ ၿဗိတိသၽွတို႔က ၎တို႔ကို အဖ်က္အေမွာင့္လုပ္ငန္းမ်ား၊ ေျမျပင္ေထာက္လွမ္းေရးသတင္းစုေဆာင္းမႈ၊ ၿဗိတိသၽွေလတပ္က ပ်က္က်ေသာ ေလယဥ္မ်း ပိုင္းေလာ့မ်ားကို ရွာေဖြကယ္ဆယ္ျခင္း၊ ကင္းလွည့္ျခင္း၊ ဂ်ပန္ႏွင့္ ပူးေပါင္းသူမ်ားကို ရွာေဖြေဖာ္ထုတ္ျခင္းတို႔အတြက္ အသုံးခ်ျခင္းျဖစ္သည္။ ေဒသခံမ်ိဳးရင္း indigenous ရခိုင္အပါအဝင္ မူဆလင္မဟုတ္သူမ်ားအားလုံးမွာ ဂ်ပန္ႏွင့္ ပူးေပါင္းသူမ်ားအျဖစ္ ၎တို႔၏ ဖိႏွိပ္ခံမ်ား ညႇဥ္းပန္းႏွိပ္စက္ခံရသတ္ျဖတ္ခံရသူမ်ား ျဖစ္လာၾကရသည္။ ဘဂၤါလီတို႔အား ထို႔ကဲ့သို႔ လက္နက္တပ္ဆင္လိုက္ျခင္းေၾကာင့္ လက္နက္မဲ့ ေဒသခံ ဗုဒၶဘာသာဝင္မ်ားႏွင့္ လူဦးေရအရ လက္နက္အရ အလြန္ကြာျခားသြားရကား ထိုမူဆလင္ V Force တို႔၏ လက္ခ်က္ျဖင့္ ရခိုင္ႏွင့္ အျခားတိုင္းရင္းသားမ်ားသည္ စစ္အတြင္းတြင္ ေသာင္းခ်ီအသတ္ခံရသည္။ စစ္အတြင္း ထိုဘူးသီးေတာင္-ေမာင္ေတာ နယ္အတြင္း မူဆလင္မဟုတ္သူမ်ား လုံးဝကင္းစင္သေလာက္ျဖစ္သြားသည္။ ဒုတိယကမၻာစစ္ႀကီးအၿပီးတြင္ ထိုနယ္မ်ားတြင္ နဂိုေနထိုင္သူ ရခိုင္ႏွင့္ အျခားဗုဒၵဘာသာဝင္ တိုင္းရင္းသားမ်ားမွာ ဘူးသီးေတာင္-ေမာင္ေတာသို႔ ျပန္လည္အေျခမခ်နိုင္သေလာက္ပင္ ျဖစ္ေသာ္ျငားလည္း နတ္ျမစ္တစ္ဘက္ကမ္းသို႔ ကူးသြားသူ စစ္တေကာင္းသား ဘဂၤါလီမ်ားမွာ ဘူးသီးေတာင္-ေမာင္ေတာ တြင္ ျပန္လည္အေျခခ်ၾကရာ ၎တို႔ျဖင့္ ထိုနယ္ေျမမွာ ျပည့္နက္သြားသည္။ အသတ္ခံရသူ စြန႔္ခြာသြားသူ ဗုဒၶဘာသာဝင္ ရခိုင္ႏွင့္ အျခားတိုင္းရင္းသားတို႔၏ တရားဝင္ပိုင္ ေျမမ်ား အိမ္ေနရာမ်ား (lawful property of Arakanese absentees) တြင္ စစ္တေကာင္းသား ဘဂၤါလီမ်ားမွာ ဝင္ေရာက္အပိုင္ရသြားသူမ်ား (de facto occupant) မ်ား ျဖစ္လာၾကသည္။

(သုံး) ျမန္မာျပည္ လြတ္လပ္ေရးအတြက္ အေရးဆိုရန္ လန္ဒန္သို႔အသြား လမ္းခရီးတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ ၁၉၄၇ ခုႏွစ္ ဇြန္နဝါရီလတြင္ ကရာခ်ိၿမိဳ႕သို႔ဝင္ေရာက္ကာ ပါကိစၥတန္ လြတ္လပ္ေရးဖခင္ ဂ်င္းနားအား ဝင္ေရာက္ေတြ႕ဆုံကာ ေဆြးေႏြးၾကရာတြင္ – ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ေမာင္ေတာေဒသက မူဆလင္မ်ားအေနျဖင့္ အေရွ႕ဘဂၤလားနယ္ထဲအပါအဝင္အျဖစ္ျဖင့္ ေနာင္ အေရွ႕ပါကိစၥတန္၏ အစိတ္အပိုင္းျဖစ္လာေစလိုသည့္ သေဘာရွိေနၾကသည့္အေရးကို ထည့္သြင္းေဆြးေႏြးရာ – ဂ်င္းနားက မူဆလင္အဖြဲ႕ခ်ဳပ္အေနျဖင့္ ျမန္မာျပည္ထဲက ေမာင္ေတာကို ပါကိစၥတန္မွာ ထည့္သြင္းေတာင္းဆိုဖို႔ ရည္ရြယ္ခ်က္ အလ်ဥ္းမရွိေၾကာင္း ေျဖၾကားအာမခံခဲ့သည္။

(ေလး) ၁၉၄၈-ခုႏွစ္ ႏွစ္ဦးပိုင္းတြင္ ျမန္မာျပည္လြတ္လပ္ေရးရၿပီးေနာက္ ေမာင္ေတာနယ္ျခားေဒသမွာ အစိုးရအုပ္ခ်ဳပ္ေရး လုံးဝမရွိသည့္ေနရာ ျဖစ္ေနေၾကာင္း ၁၉၄၈ ဇြန္လကတည္းက press သတင္းမ်ားတြင္ ေပၚလြင္လာခဲ့သည္။ နိုင္ငံျခားသားမ်ား နတ္ျမစ္ကို အတားအဆီးမရွိ ဝင္ၾကသည္ ထြက္ၾကသည္။ နတ္ျမစ္ကို ျဖတ္သန္းလ်က္ ကုန္ေမွာင္ခိုျခင္းမ်ားအား ႀကီးႀကီးမားမား လုပ္ကိုင္ၾကသည္။ ဘဂၤါလီမူဆလင္မ်ား၏ အၿပိဳင္ အုပ္ခ်ဳပ္ေရး ယႏၲရားမ်ား ေပၚေပါက္လာသည္။ ၁၉၄၈ ဧၿပီလတြင္ လူစုလူေဝးတစ္ခုကို ၿဖိဳခြင္းရန္ႀကိဳးစားေသာ ရဲမ်ားပစ္သတ္ခံရသည္။ ဤသည္ကား မူဂ်ာဟစ္တို႔၏ ပုန္ကန္ထႂကြမႈ ေပၚေပၚထင္ထင္ စတင္ ေပၚေပါက္ျခင္းျဖစ္သည္ ဟု ဆိုနိုင္သည္။ မူဂ်ာဟစ္တို႔၏ ပုန္ကန္ထႂကြမႈသည္ ျမန္မာျပည္ ေရာင္စုံ ေသာင္းက်န္းမႈသမိုင္းတြင္ ဗမာျပည္ကြန္ျမဴနစ္ပါတီ ေတာခိုမႈႏွင့္ တခ်ိန္တည္းနီးကပါး ျမန္မာ့လြတ္လပ္ေရးႏွင့္အတူ ေပၚေပါက္လာျခင္းျဖစ္သည္။

(ငါး) ထ္ို ဘူးသီးေတာင္-ေမာင္ေတာေဒသ ဘဂၤါလီမူဆလင္သူပုန္မ်ားကို မူဂ်ာဟစ္မ်ား (ဂ်ီဟတ္ ဘာသာေရးစစ္ပြဲ ဆင္ႏႊဲသူမ်ား) ဟု ေခၚေဝၚၾကသည္။ ၎တို႔၏ ထုတ္ေဖာ္ထားေသာ ရည္ရြယ္ခ်က္မွာ ဘူးသီးေတာင္ႏွင့္ ေမာင္ေတာကို သီးျခားမူဆလင္ျပည္နယ္အျဖစ္ ေဖာ္ထုတ္နိုင္ရန္ျဖစ္သည္။ ထိုျပည္နယ္ကို ပါကိစၥတန္ႏွင့္တြဲဖက္ေစမည္လား ျမန္မာနိုင္ငံႏွင့္တြဲဖက္ေစမည္လား ေပၚေပၚလြင္လြင္ ထုတ္ေျပာျခင္းမရွိေသာ္လည္း ပါကိစၥတန္ႏွင့္ ေပါင္းစည္းရန္ လိုလားမႈမွာ သိသာၿပီး ျဖစ္ေလသည္။ နိုင္ငံေရး မဟုတ္ေသာ ေဆာင္ရြက္မႈမ်ားတြင္ ႀကီးႀကီးမားမား ပါဝင္ဆာင္ရြက္မႈတစ္ရပ္မွာ – ေမွာင္ခိုလုပ္ငန္း ျဖစ္ေလသည္။ ဆန္စက္ေလွတစ္စီးကို (၁၅) ႐ူပီးက်စီ အခြန္ေပးေဆာင္ရသည္ ဟုဆိုသည္။ ဓါးျပမႈမ်ားကိုလည္း အခါအားေလ်ာ္စြာ က်ဴးလြန္သည္။

(ေျခာက္) မဖြယ္မရာနည္းလမ္းေပါင္းစုံတို႔မွ ရရွိေသာဝင္ေငြမ်ားျဖင့္ မူဂ်ာဟစ္ေခါင္းေဆာင္ ႏွစ္ဦးျဖစ္သူ ဆူလတန္အာမက္ (Sultan Ahmed) ႏွင့္ ဂ်ဖားဟူစိန္ (Jaffar Hussein) တို႔မွာ စစ္တေကာင္းတြင္ အိမ္တစ္ေဆာင္ မီးတေျပာင္ႏွင့္ ေနထိုင္ၾကသည္ ဟုဆိုသည္။ ထိုမူလ ေခါင္းေဆာင္ႏွစ္ဦးတို႔အျပင္ ထိုသူတို႔ႏွင့္ဘက္ကြဲလ်က္ ၁၉၅၁ ေလာက္တြင္ ေနာက္ထပ္ ေရွ႕တန္းေရာက္လာသူ မူဂ်ာဟစ္ ေခါင္းေဆာင္ႏွစ္ဦးတို႔မွာ ‘ဗိုလ္ခ်ဳပ္’ အဗၺဒူကာဆိန္း (Abdul Kassim) ႏွင့္ ရာရွစ္ (Raschid) ဆိုသူတစ္ဦးတို႔ ျဖစ္ၾကသည္။ ေနာက္ထပ္ တစ္ခါတေလ ေဖာ္ျပျခင္းခံရသူ ေခါင္းေဆာင္ေနာက္တစ္ဦးမွာ – အိုမာမီး (Omar Meah) ဆိုသူ ေက်ာင္းဆရာေဟာင္းတစ္ဦး ျဖစ္ၿပီး ၁၉၄၂-ခုႏွစ္ ေမာင္ေတာေဒသ “ၿငိမ္းခ်မ္းေရးေကာ္မတီ” အဖြဲ႕ဝင္ေဟာင္းတစ္ဦးျဖစ္သည္။ အဆိုပါ အမည္ခံ “ၿငိမ္းခ်မ္းေရးေကာ္မတီ” မွာ ၁၉၄၂ လူမ်ိဳးတုံးသတ္ျဖတ္မႈကာလ ေမာင္ေတာအုပ္ခ်ဳပ္ေရးကို de facto ရယူခဲ့သည့္ အဖြဲ႕ျဖစ္သည္။

(ခုနစ္) ၁၉၅၂ ဒီဇင္ဘာ (၃၁) ရက္စြဲပါ ၿဗိတိသၽွသံ႐ုံး အစီရင္ခံစာတစ္ခုအရ သိရသည္မွာ – ၁၉၅၁-ခုႏွစ္တြင္ မူဂ်ာဟစ္မ်ား ႀကီးစိုးထိန္းခ်ဳပ္ရာနယ္ေျမမ်ားအတြင္းရွိ ေက်းရြာမ်ားအားလုံး ပါကိစၥတန္အလံ လြင့္ထူထားၾကရန္ အမိန႔္မ်ားထုတ္ခဲ့သည္ ဟု ဆိုသည္။ ဆက္ေၾကးမ်ားေကာက္ခံျခင္း လူသစ္မ်ားစုေဆာင္းျခင္းတို႔ ျပဳလုပ္ေသာျဖစ္စဥ္မ်ားတြင္ ကာဆိန္း ကေျပာသည္မွာ – ကတ္ရွမီးယားေဒသတိုက္ပြဲမ်ားအတြက္ ျပည္သူ႔ေထာက္ခံမႈကို ယခုလိုရယူစုစည္းေနရျခင္းျဖစ္ေၾကာင္း ႏွင့္ ဤဘူးသီးေတာင္-ေမာင္ေတာေဒသသည္ မူဆလင္ျပည္နယ္ျဖစ္လာေသာအခါ ပါကိစၥတန္ႏွင့္ လက္တြဲလ်က္ အိႏၵိယအားတိုက္ၾကမည္ ျဖစ္ေၾကာင္း ေျပာျပစည္း႐ုံးသည္ ဟု ဆိုသည္။ (Thus in 1951 they gave orders that the Pakistan flag must be flown in all villages under their control, and in the course of collecting money and recruits Kassim informed the people that their support was needed on account of the Kashmir crisis: the area of northern Akyab must, he said, become a Muslim State so that its people could fight alongside Pakistan against India.)

(ရွစ္) ၁၉၄၈ တြင္ မူဂ်ာဟစ္မ်ားသည္ ဘူးသီးေတာင္ႏွင့္ ေမာင္ေတာ ႏွစ္ၿမိဳ႕နယ္စလုံးကို လုံးဝစိုးမိုးထိန္းခ်ဳပ္ထားခဲ့သည္။ တိုက္ပြဲတစ္ခုတြင္ ျမန္မာတပ္ရင္းတစ္ခုလုံးေခ်မႈန္းခံရၿပီး၊ ရိုင္ဖယ္ (၇၅)လက္၊ စက္ေသနတ္ ႏွစ္လက္၊ က်ည္ႏွစ္ေသတၱာတို႔ ဆုံးရႈံးသြားခဲ့သည္။ ျမန္မာတပ္မ်ားက အေျခအေနကို ျပန္လည္ ထိန္းခ်ဳပ္လာနိုင္ခ်ိန္ ၁၉၄၉ ေဖေဖာ္ဝါရီတြင္ ကရင္ KNDO တို႔ထႂကြမႈ စတင္ျဖစ္ပြားၿပီးေနာက္ အမွတ္ (၅) ဗမာ့ေသနတ္ကိုင္တပ္ရင္းအား ျပန္လည္႐ုပ္သိမ္းေရႊ႕ေျပာင္းသြားမႈႏွင့္အတူ အေျခအေနမ်ား ျပန္လည္ ဆိုးရြားလာသည္။ မူဂ်ာဟစ္တို႔အင္အားမွာ တစ္ေထာင္ထက္မပိုနိုင္ဟု ခန႔္မွန္းနို္င္ေသာ္လည္း လက္နက္ကိုင္အင္အားကို မပို႔နိုင္ေသာေၾကာင့္ ထိန္းခ်ဳပ္မရနိုင္ျခင္းျဖစ္ေလသည္။ (အခ်ိဳ႕က အင္အား ႏွစ္ေထာင္မွ ငါးေထာင္ၾကားရွိခဲ့သည္ ဟု ဆိုၾကသည္။) ၁၉၅၁ ဇူလိုင္တြင္ အမွတ္ (၃) ဗမာ့လက္နက္ကိုင္တပ္ရင္းကို ေမာင္ေတာသို႔ ပို႔ေဆာင္တိုက္ပြဲဝင္ေစသည္။ ထိုကာလဝန္းက်င္တြင္ မူဂ်ာဟစ္မ်ားသည္ ပထန္လူမ်ိဳး ကၽြမ္းက်င္သူေလးဦးႏွင့္တကြ လက္နက္အလုပ္႐ုံတစ္ခုကို လည္ပတ္ေစၿပီး လက္နက္ျပင္ဆင္မႈလုပ္ငန္းသာမက (.၃၀၃) ရိုင္ဖယ္မ်ားကိုပါ ထုတ္လုပ္သည္ ဟု ဆိုၾကေလသည္။ အမွတ္ (၂) အေရးေပၚခ်င္းတပ္သည္လည္း အစိုးရဘက္က ဦးစီးတိုက္ခိုက္ရာတြင္ပါဝင္ခဲ့သည္ ဟု မွတ္တမ္းမ်ားက ဆိုသည္။

(ကိုး) ၁၉၅၂-ခုႏွစ္တြင္ ျမန္မာျပည္၏ အေျခအေနအရပ္ရပ္ တည္ၿငိမ္တိုးတက္လာမႈ ႏွင့္အတူ ေမယုေဒသတြင္ အစိုးရက စစ္ေရးအရ ေကာင္းစြာဖိအားေပးလာနိုင္သည္။ ၁၉၅၄-ခုႏွစ္အထိ စစ္ဆင္ေရးမ်ားကို ဖိဖိစီးစီး လုပ္ခဲ့သည္။ ဖိအားအလြန္မ်ားလာခ်ိန္တြင္ မူဂ်ာဟစ္ေခါင္းေဆာင္မ်ား ရန္ျဖစ္ၾကၿပီး၊ ရာရွစ္ ေခါင္းေဆာင္သည့္အဖြဲ႕က လက္နက္ခ်သည္။ လူ (၁၅၀) အင္အားျဖင့္ က်န္ရစ္သူ ကာဆိန္းသည္ ေနာက္ပိုင္းတြင္ ေမာင္ေတာၿမိဳ႕နယ္ ေျမာက္ဘက္စြန္းသို႔ တေရြ႕ေရြ႕ေရာက္သြားၿပီး ယင္းမွတဆင့္ နယ္စပ္ေက်ာ္ျဖတ္သြားသည္ ဟု ဆိုၾကသည္။ ၁၉၆၁-ခုႏွစ္တြင္ မူဂ်ာဟစ္ထႂကြမႈ အဆုံးသတ္သည္ ဟု မွတ္တမ္းျပဳၾကသည္။

(တစ္ဆယ္) ဘူးသီးေတာင္-ေမာင္ေတာ ရွိ မူဆလင္ဘဂၤါလီမ်ားမွာ မူဂ်ာဟစ္တိုက္ပြဲမ်ား ဒဏ္ကို ခံစားၾကရသည္မွန္ေသာ္လည္း ၎တို႔ထက္ အမ်ားႀကီးပိုမိုလ်က္ မူဂ်ာဟစ္မ်ား၏ဒဏ္ကို ခံစားရသူမ်ားမွာ မူဆလင္မဟုတ္သည့္ ရခိုင္၊ ၿမိဳ၊ ခမီး၊ ဒိုင္းနက္၊ သက္ အစရွိသည့္ ေဒသခံတိုင္းရင္းသားမ်ား ျဖစ္ၾကသည္။ ဆက္ေၾကးေကာက္၊ လုယက္၊ မီးရွို႔၊ မုဒိမ္းက်င့္၊ သတ္ျဖတ္ စသည္တို႔ကို မခံနိုင္လၽွင္ နယ္ေျမစြန႔္ခြာ ထြက္ေျပး ၾကရသည္သာ ျဖစ္ေလသည္။

၁၉၅၂-ခုႏွစ္ မတ္လတြင္ ရတည ရခိုင္အမတ္မ်ားစုေပါင္းလ်က္ သတင္းစာရွင္းလင္းပြဲတစ္ခု ျပဳလုပ္ကာ ဘူးသီးေတာင္-ေမာင္ေတာ ေဒသတြင္ မူဂ်ာဟစ္အေရးအား ျပတ္ျပတ္သားသား အေရးယူေဆာင္ရြက္မႈမ်ား လိုအပ္ေနေၾကာင္း ထုတ္ေဖာ္ ေျပာဆိုၾကသည္။ နိုင္ငံျခားသား ပါကိစၥတန္နိုင္ငံသားမ်ား နယ္စပ္ကို ေက်ာ္ျဖတ္လ်က္ ဒလေဟာဝင္ေရာက္ေနမႈမ်ား ျဖစ္ေနလ်က္ရွိဆဲျဖစ္ေၾကာင္း တင္ျပခဲ့ၾကသည္။ မူဂ်ာဟစ္ထႂကြမႈသည္ ရွမ္းျပည္နယ္တြင္ ကူမင္တန္တပ္မ်ား က်ဴးေက်ာ္ဝင္ေရာက္မႈထက္ပင္ နိုင္ငံ့အခ်ဳပ္အျခာအား အႏၲရာယ္ျဖစ္ေနေစေသာကိစၥျဖစ္ေၾကာင္း အေသအခ်ာမကိုင္တြယ္လၽွင္ ဘူသီးေတာင္-ေမာင္ေတာကို နိုင္ငံအေနျဖင့္ လက္လြတ္သြားရနိုင္ေၾကာင္း၊ မူဂ်ာဟစ္မ်ားမွာ ေဒသအတြင္းရွိ မူဆလင္မ်ား၏ ေထာက္ခံမႈကို ရရွိထားေၾကာင္း တင္ျပခဲ့ၾကသည္။

(ဆယ့္တစ္) ၁၉၄၉ ဝန္းက်င္ ရခိုင္ျပည္နယ္ဘက္တြင္ အခိုင္အမာ ယုံၾကည္ေနၾကသည္မွာ – မူဂ်ာဟစ္မ်ားကို ေကာ့ဘဇားခရိုင္ ၿမိဳ႕ျပအုပ္ခ်ဳပ္ေရးအရာရွိမ်ားက လက္နက္ခဲယမ္းမီးေက်ာက္ စားေရရိကၡာမ်ား အကူအညီေပးေနၾကျခင္း ျဖစ္သည္ ဟု ယုံၾကည္ၾကသည္။ တိုက္ပြဲတြင္ ဒဏ္ရာရေသာ မူဂ်ာဟစ္သူပုန္မ်ားကို ေကာ့ဘဇား၊ ပင္းဝါ (ရာမူး) ႏွင့္ တက္ကနပ္ဖ္ ရွိ အစိုးရေဆး႐ုံမ်ားတြင္ ကုသၾကသည္။ ပုန္ကန္မႈအေစာပိုင္းကာလတြင္ ပါကိစၥတန္ဘက္ျခမ္းက ေထာက္ပို႔ (logistics) အကူအညီမ်ားရထားေသာ မူဂ်ာဟစ္တို႔မွာ အစိုးရတပ္မ်ားႏွင့္ ယွဥ္လၽွင္ ေထာက္ပို႔ပိုင္းအရ အျပတ္အသတ္သာလြန္ခဲ့သည္။ ၁၉၄၉ ျဖစ္ရပ္တစ္ခုတြင္ သူပုန္အလံေထာင္ထားကာ ယူနီေဖာင္းဝတ္ မူဂ်ာဟစ္မ်ား တင္ေဆာင္ထားသည့္ စက္ေလွတစ္စီး နတ္ျမစ္ကို ျဖတ္ကူးေနစဥ္ ပါကိစၥတန္ ေရတပ္သေဘၤာတစ္စီးက နတ္ျမစ္ဝတြင္ အခန႔္သား ရပ္နားလ်က္ရွိသည္ ဟု ဆိုသည္။

ထိုကာလ အေရွ႕ပါကိစၥတန္ (ယခု ဘဂၤလာေဒ့ရွ္) ဘက္ျခမ္း၏ လိုအပ္ခ်က္အရ ဆန္ကို ေမွာင္ခိုတင္သြင္းရန္ ပါကိစၥတန္ဘက္က အားေပးအားေျမႇာက္လုပ္သည္။ ၁၉၅၀ ျဖစ္ရပ္တစ္ခုတြင္ ျမန္မာ နယ္ျခားရဲအခ်ိဳ႕က ေမွာင္ခိုစက္ေလွအား လိုက္ဖမ္းေနစဥ္ ပါကိစၥတန္တပ္မ်ားက (ျမန္မာေရပိုင္နက္ထဲ) ဝင္ေရာက္တိုက္ခိုက္ကာ ေမွာင္ခိုစက္ေလွအား အကာအကြယ္ေပး ပစ္ခတ္တိုက္ခိုက္သျဖင့္ ျမန္မာရဲတစ္ဦး ဒဏ္ရာရကာ အက်ဥ္းသားအျဖစ္ ပါကိစၥတန္ရဲမ်ားထံ အဖမ္းခံရသည္။

KZO
(၁၅-၀၈-၂၀၂၁)

[လူငယ္မ်ားအတြက္ နိုင္ငံေရးမွတ္စုတိုမ်ား (၁၂)]

#ShortNotesOnPoliticsForYouth

#KyawZawOo

#KZO

==========

[ Unicode ]

မူဂျာဟစ် ထကြွမှု (၁၉၄၈-၁၉၆၁) အကျဉ်း

(တစ်) လွန်ခဲ့သော နှစ်ပေါင်း (၆၈) နှစ်ခန့် ၁၉၅၃-ခုနှစ်ထုတ် ရခိုင့်တန်ဆောင် မဂ္ဂဇင်း တွင် ထိုခေတ် မူဂျာဟစ် ကုလားဆိုးများ သောင်းကျန်းမှုကြောင့် ဘူးသီးတောင် နှင့် မောင်တောနယ်မှ ရခိုင်တိုင်းရင်းသားများ ခံစားနေကြရပုံကို တစ်ကွက်ကာတွန်းဖြင့် ဖော်ကျူးထားခဲ့သည်အား တွေ့နိုင်ပေသည်။

ရခိုင့်သမီးပျိုလေးအား လက်ထဲတွင် ဆုပ်ကိုင် လှိုက်ခါရယ်မောနေသည့် မူဂျာဟစ်လက်နက်ကိုင်၏ ခြေရင်းတွင် ရခိုင်တိုင်းရင်းသားများက သေဆုံးနေသည်။ တိုင်းရင်းသား မိသားစုဝင်များက ရပ်ရွာများကို စွန့်ခွာ ထွက်ပြေးနေကြရသည်။ နောက်ခံတွင် တိုင်းရင်းသားကျေးရွာများက မီးလောင်နေသည်။

ထိုကဲ့သို့ဖြစ်ပျက်နေချိန်တွင် သံဃာယနာတင်ဆောင်သူ နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု က စိတ်ပုတီးတစ်ကုံး ကိုင်လျက် တရားမှတ်နေသည်။ လုံခြုံရေးတပ်ဖွဲ့များက သေနတ်ကို ပုခုံးပေါ်တင်ကာ ဘာမှမလုပ်ပဲ မတ်တပ်ရပ်နေသည်။ ထိုကာတွန်းရုပ်ပုံသည် ၁၉၅၀-ဝန်းကျင်ကာလ ဘင်္ဂါလီမူဆလင်တို့၏ မူဂျာဟစ် သောင်းကျန်းမှု အတောအတွင်း အဖြစ်အပျက်များကို ခြုံငုံမိလေသည်။

(နှစ်) ၁၉၄၂-ခုနှစ် ဆောင်းဦးကာလတွင် အိန္ဒိယဘက်သို့ ဆုတ်ခွာနေဆဲ ဗြိတိသျှတပ်များက စစ်တွေခရိုင် မြောက်ပိုင်း (ဘူးသီးတောင်-မောင်တော) ရှိ ဘင်္ဂါလီမူဆလင်များစွာတို့အား V Force အဖြစ်ဖွဲ့စည်းကာ လေ့ကျင့်ပေးသည်၊ လက်နက်တပ်ဆင်ပေးသည်၊ ယူနီဖောင်းဆင်ပေးသည်။ ဗြိတိသျှတို့က ၎င်းတို့ကို အဖျက်အမှောင့်လုပ်ငန်းများ၊ မြေပြင်ထောက်လှမ်းရေးသတင်းစုဆောင်းမှု၊ ဗြိတိသျှလေတပ်က ပျက်ကျသော လေယဉ်မျး ပိုင်းလော့များကို ရှာဖွေကယ်ဆယ်ခြင်း၊ ကင်းလှည့်ခြင်း၊ ဂျပန်နှင့် ပူးပေါင်းသူများကို ရှာဖွေဖော်ထုတ်ခြင်းတို့အတွက် အသုံးချခြင်းဖြစ်သည်။ ဒေသခံမျိုးရင်း indigenous ရခိုင်အပါအဝင် မူဆလင်မဟုတ်သူများအားလုံးမှာ ဂျပန်နှင့် ပူးပေါင်းသူများအဖြစ် ၎င်းတို့၏ ဖိနှိပ်ခံများ ညှဉ်းပန်းနှိပ်စက်ခံရသတ်ဖြတ်ခံရသူများ ဖြစ်လာကြရသည်။ ဘင်္ဂါလီတို့အား ထို့ကဲ့သို့ လက်နက်တပ်ဆင်လိုက်ခြင်းကြောင့် လက်နက်မဲ့ ဒေသခံ ဗုဒ္ဓဘာသာဝင်များနှင့် လူဦးရေအရ လက်နက်အရ အလွန်ကွာခြားသွားရကား ထိုမူဆလင် V Force တို့၏ လက်ချက်ဖြင့် ရခိုင်နှင့် အခြားတိုင်းရင်းသားများသည် စစ်အတွင်းတွင် သောင်းချီအသတ်ခံရသည်။ စစ်အတွင်း ထိုဘူးသီးတောင်-မောင်တော နယ်အတွင်း မူဆလင်မဟုတ်သူများ လုံးဝကင်းစင်သလောက်ဖြစ်သွားသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ထိုနယ်များတွင် နဂိုနေထိုင်သူ ရခိုင်နှင့် အခြားဗုဒ္ဒဘာသာဝင် တိုင်းရင်းသားများမှာ ဘူးသီးတောင်-မောင်တောသို့ ပြန်လည်အခြေမချနိုင်သလောက်ပင် ဖြစ်သော်ငြားလည်း နတ်မြစ်တစ်ဘက်ကမ်းသို့ ကူးသွားသူ စစ်တကောင်းသား ဘင်္ဂါလီများမှာ ဘူးသီးတောင်-မောင်တော တွင် ပြန်လည်အခြေချကြရာ ၎င်းတို့ဖြင့် ထိုနယ်မြေမှာ ပြည့်နက်သွားသည်။ အသတ်ခံရသူ စွန့်ခွာသွားသူ ဗုဒ္ဓဘာသာဝင် ရခိုင်နှင့် အခြားတိုင်းရင်းသားတို့၏ တရားဝင်ပိုင် မြေများ အိမ်နေရာများ (lawful property of Arakanese absentees) တွင် စစ်တကောင်းသား ဘင်္ဂါလီများမှာ ဝင်ရောက်အပိုင်ရသွားသူများ (de facto occupant) များ ဖြစ်လာကြသည်။

(သုံး) မြန်မာပြည် လွတ်လပ်ရေးအတွက် အရေးဆိုရန် လန်ဒန်သို့အသွား လမ်းခရီးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇွန်နဝါရီလတွင် ကရာချိမြို့သို့ဝင်ရောက်ကာ ပါကိစ္စတန် လွတ်လပ်ရေးဖခင် ဂျင်းနားအား ဝင်ရောက်တွေ့ဆုံကာ ဆွေးနွေးကြရာတွင် – ဗိုလ်ချုပ်အောင်ဆန်းက မောင်တောဒေသက မူဆလင်များအနေဖြင့် အရှေ့ဘင်္ဂလားနယ်ထဲအပါအဝင်အဖြစ်ဖြင့် နောင် အရှေ့ပါကိစ္စတန်၏ အစိတ်အပိုင်းဖြစ်လာစေလိုသည့် သဘောရှိနေကြသည့်အရေးကို ထည့်သွင်းဆွေးနွေးရာ – ဂျင်းနားက မူဆလင်အဖွဲ့ချုပ်အနေဖြင့် မြန်မာပြည်ထဲက မောင်တောကို ပါကိစ္စတန်မှာ ထည့်သွင်းတောင်းဆိုဖို့ ရည်ရွယ်ချက် အလျဉ်းမရှိကြောင်း ဖြေကြားအာမခံခဲ့သည်။

(လေး) ၁၉၄၈-ခုနှစ် နှစ်ဦးပိုင်းတွင် မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် မောင်တောနယ်ခြားဒေသမှာ အစိုးရအုပ်ချုပ်ရေး လုံးဝမရှိသည့်နေရာ ဖြစ်နေကြောင်း ၁၉၄၈ ဇွန်လကတည်းက press သတင်းများတွင် ပေါ်လွင်လာခဲ့သည်။ နိုင်ငံခြားသားများ နတ်မြစ်ကို အတားအဆီးမရှိ ဝင်ကြသည် ထွက်ကြသည်။ နတ်မြစ်ကို ဖြတ်သန်းလျက် ကုန်မှောင်ခိုခြင်းများအား ကြီးကြီးမားမား လုပ်ကိုင်ကြသည်။ ဘင်္ဂါလီမူဆလင်များ၏ အပြိုင် အုပ်ချုပ်ရေး ယန္တရားများ ပေါ်ပေါက်လာသည်။ ၁၉၄၈ ဧပြီလတွင် လူစုလူဝေးတစ်ခုကို ဖြိုခွင်းရန်ကြိုးစားသော ရဲများပစ်သတ်ခံရသည်။ ဤသည်ကား မူဂျာဟစ်တို့၏ ပုန်ကန်ထကြွမှု ပေါ်ပေါ်ထင်ထင် စတင် ပေါ်ပေါက်ခြင်းဖြစ်သည် ဟု ဆိုနိုင်သည်။ မူဂျာဟစ်တို့၏ ပုန်ကန်ထကြွမှုသည် မြန်မာပြည် ရောင်စုံ သောင်းကျန်းမှုသမိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုမှုနှင့် တချိန်တည်းနီးကပါး မြန်မာ့လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခြင်းဖြစ်သည်။

(ငါး) ထ်ို ဘူးသီးတောင်-မောင်တောဒေသ ဘင်္ဂါလီမူဆလင်သူပုန်များကို မူဂျာဟစ်များ (ဂျီဟတ် ဘာသာရေးစစ်ပွဲ ဆင်နွှဲသူများ) ဟု ခေါ်ဝေါ်ကြသည်။ ၎င်းတို့၏ ထုတ်ဖော်ထားသော ရည်ရွယ်ချက်မှာ ဘူးသီးတောင်နှင့် မောင်တောကို သီးခြားမူဆလင်ပြည်နယ်အဖြစ် ဖော်ထုတ်နိုင်ရန်ဖြစ်သည်။ ထိုပြည်နယ်ကို ပါကိစ္စတန်နှင့်တွဲဖက်စေမည်လား မြန်မာနိုင်ငံနှင့်တွဲဖက်စေမည်လား ပေါ်ပေါ်လွင်လွင် ထုတ်ပြောခြင်းမရှိသော်လည်း ပါကိစ္စတန်နှင့် ပေါင်းစည်းရန် လိုလားမှုမှာ သိသာပြီး ဖြစ်လေသည်။ နိုင်ငံရေး မဟုတ်သော ဆောင်ရွက်မှုများတွင် ကြီးကြီးမားမား ပါဝင်ဆာင်ရွက်မှုတစ်ရပ်မှာ – မှောင်ခိုလုပ်ငန်း ဖြစ်လေသည်။ ဆန်စက်လှေတစ်စီးကို (၁၅) ရူပီးကျစီ အခွန်ပေးဆောင်ရသည် ဟုဆိုသည်။ ဓါးပြမှုများကိုလည်း အခါအားလျော်စွာ ကျူးလွန်သည်။

(ခြောက်) မဖွယ်မရာနည်းလမ်းပေါင်းစုံတို့မှ ရရှိသောဝင်ငွေများဖြင့် မူဂျာဟစ်ခေါင်းဆောင် နှစ်ဦးဖြစ်သူ ဆူလတန်အာမက် (Sultan Ahmed) နှင့် ဂျဖားဟူစိန် (Jaffar Hussein) တို့မှာ စစ်တကောင်းတွင် အိမ်တစ်ဆောင် မီးတပြောင်နှင့် နေထိုင်ကြသည် ဟုဆိုသည်။ ထိုမူလ ခေါင်းဆောင်နှစ်ဦးတို့အပြင် ထိုသူတို့နှင့်ဘက်ကွဲလျက် ၁၉၅၁ လောက်တွင် နောက်ထပ် ရှေ့တန်းရောက်လာသူ မူဂျာဟစ် ခေါင်းဆောင်နှစ်ဦးတို့မှာ ‘ဗိုလ်ချုပ်’ အဗ္ဗဒူကာဆိန်း (Abdul Kassim) နှင့် ရာရှစ် (Raschid) ဆိုသူတစ်ဦးတို့ ဖြစ်ကြသည်။ နောက်ထပ် တစ်ခါတလေ ဖော်ပြခြင်းခံရသူ ခေါင်းဆောင်နောက်တစ်ဦးမှာ – အိုမာမီး (Omar Meah) ဆိုသူ ကျောင်းဆရာဟောင်းတစ်ဦး ဖြစ်ပြီး ၁၉၄၂-ခုနှစ် မောင်တောဒေသ “ငြိမ်းချမ်းရေးကော်မတီ” အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည်။ အဆိုပါ အမည်ခံ “ငြိမ်းချမ်းရေးကော်မတီ” မှာ ၁၉၄၂ လူမျိုးတုံးသတ်ဖြတ်မှုကာလ မောင်တောအုပ်ချုပ်ရေးကို de facto ရယူခဲ့သည့် အဖွဲ့ဖြစ်သည်။

(ခုနစ်) ၁၉၅၂ ဒီဇင်ဘာ (၃၁) ရက်စွဲပါ ဗြိတိသျှသံရုံး အစီရင်ခံစာတစ်ခုအရ သိရသည်မှာ – ၁၉၅၁-ခုနှစ်တွင် မူဂျာဟစ်များ ကြီးစိုးထိန်းချုပ်ရာနယ်မြေများအတွင်းရှိ ကျေးရွာများအားလုံး ပါကိစ္စတန်အလံ လွင့်ထူထားကြရန် အမိန့်များထုတ်ခဲ့သည် ဟု ဆိုသည်။ ဆက်ကြေးများကောက်ခံခြင်း လူသစ်များစုဆောင်းခြင်းတို့ ပြုလုပ်သောဖြစ်စဉ်များတွင် ကာဆိန်း ကပြောသည်မှာ – ကတ်ရှမီးယားဒေသတိုက်ပွဲများအတွက် ပြည်သူ့ထောက်ခံမှုကို ယခုလိုရယူစုစည်းနေရခြင်းဖြစ်ကြောင်း နှင့် ဤဘူးသီးတောင်-မောင်တောဒေသသည် မူဆလင်ပြည်နယ်ဖြစ်လာသောအခါ ပါကိစ္စတန်နှင့် လက်တွဲလျက် အိန္ဒိယအားတိုက်ကြမည် ဖြစ်ကြောင်း ပြောပြစည်းရုံးသည် ဟု ဆိုသည်။ (Thus in 1951 they gave orders that the Pakistan flag must be flown in all villages under their control, and in the course of collecting money and recruits Kassim informed the people that their support was needed on account of the Kashmir crisis: the area of northern Akyab must, he said, become a Muslim State so that its people could fight alongside Pakistan against India.)

(ရှစ်) ၁၉၄၈ တွင် မူဂျာဟစ်များသည် ဘူးသီးတောင်နှင့် မောင်တော နှစ်မြို့နယ်စလုံးကို လုံးဝစိုးမိုးထိန်းချုပ်ထားခဲ့သည်။ တိုက်ပွဲတစ်ခုတွင် မြန်မာတပ်ရင်းတစ်ခုလုံးချေမှုန်းခံရပြီး၊ ရိုင်ဖယ် (၇၅)လက်၊ စက်သေနတ် နှစ်လက်၊ ကျည်နှစ်သေတ္တာတို့ ဆုံးရှုံးသွားခဲ့သည်။ မြန်မာတပ်များက အခြေအနေကို ပြန်လည် ထိန်းချုပ်လာနိုင်ချိန် ၁၉၄၉ ဖေဖော်ဝါရီတွင် ကရင် KNDO တို့ထကြွမှု စတင်ဖြစ်ပွားပြီးနောက် အမှတ် (၅) ဗမာ့သေနတ်ကိုင်တပ်ရင်းအား ပြန်လည်ရုပ်သိမ်းရွှေ့ပြောင်းသွားမှုနှင့်အတူ အခြေအနေများ ပြန်လည် ဆိုးရွားလာသည်။ မူဂျာဟစ်တို့အင်အားမှာ တစ်ထောင်ထက်မပိုနိုင်ဟု ခန့်မှန်းနို်င်သော်လည်း လက်နက်ကိုင်အင်အားကို မပို့နိုင်သောကြောင့် ထိန်းချုပ်မရနိုင်ခြင်းဖြစ်လေသည်။ (အချို့က အင်အား နှစ်ထောင်မှ ငါးထောင်ကြားရှိခဲ့သည် ဟု ဆိုကြသည်။) ၁၉၅၁ ဇူလိုင်တွင် အမှတ် (၃) ဗမာ့လက်နက်ကိုင်တပ်ရင်းကို မောင်တောသို့ ပို့ဆောင်တိုက်ပွဲဝင်စေသည်။ ထိုကာလဝန်းကျင်တွင် မူဂျာဟစ်များသည် ပထန်လူမျိုး ကျွမ်းကျင်သူလေးဦးနှင့်တကွ လက်နက်အလုပ်ရုံတစ်ခုကို လည်ပတ်စေပြီး လက်နက်ပြင်ဆင်မှုလုပ်ငန်းသာမက (.၃၀၃) ရိုင်ဖယ်များကိုပါ ထုတ်လုပ်သည် ဟု ဆိုကြလေသည်။ အမှတ် (၂) အရေးပေါ်ချင်းတပ်သည်လည်း အစိုးရဘက်က ဦးစီးတိုက်ခိုက်ရာတွင်ပါဝင်ခဲ့သည် ဟု မှတ်တမ်းများက ဆိုသည်။

(ကိုး) ၁၉၅၂-ခုနှစ်တွင် မြန်မာပြည်၏ အခြေအနေအရပ်ရပ် တည်ငြိမ်တိုးတက်လာမှု နှင့်အတူ မေယုဒေသတွင် အစိုးရက စစ်ရေးအရ ကောင်းစွာဖိအားပေးလာနိုင်သည်။ ၁၉၅၄-ခုနှစ်အထိ စစ်ဆင်ရေးများကို ဖိဖိစီးစီး လုပ်ခဲ့သည်။ ဖိအားအလွန်များလာချိန်တွင် မူဂျာဟစ်ခေါင်းဆောင်များ ရန်ဖြစ်ကြပြီး၊ ရာရှစ် ခေါင်းဆောင်သည့်အဖွဲ့က လက်နက်ချသည်။ လူ (၁၅၀) အင်အားဖြင့် ကျန်ရစ်သူ ကာဆိန်းသည် နောက်ပိုင်းတွင် မောင်တောမြို့နယ် မြောက်ဘက်စွန်းသို့ တရွေ့ရွေ့ရောက်သွားပြီး ယင်းမှတဆင့် နယ်စပ်ကျော်ဖြတ်သွားသည် ဟု ဆိုကြသည်။ ၁၉၆၁-ခုနှစ်တွင် မူဂျာဟစ်ထကြွမှု အဆုံးသတ်သည် ဟု မှတ်တမ်းပြုကြသည်။

(တစ်ဆယ်) ဘူးသီးတောင်-မောင်တော ရှိ မူဆလင်ဘင်္ဂါလီများမှာ မူဂျာဟစ်တိုက်ပွဲများ ဒဏ်ကို ခံစားကြရသည်မှန်သော်လည်း ၎င်းတို့ထက် အများကြီးပိုမိုလျက် မူဂျာဟစ်များ၏ဒဏ်ကို ခံစားရသူများမှာ မူဆလင်မဟုတ်သည့် ရခိုင်၊ မြို၊ ခမီး၊ ဒိုင်းနက်၊ သက် အစရှိသည့် ဒေသခံတိုင်းရင်းသားများ ဖြစ်ကြသည်။ ဆက်ကြေးကောက်၊ လုယက်၊ မီးရှို့၊ မုဒိမ်းကျင့်၊ သတ်ဖြတ် စသည်တို့ကို မခံနိုင်လျှင် နယ်မြေစွန့်ခွာ ထွက်ပြေး ကြရသည်သာ ဖြစ်လေသည်။

၁၉၅၂-ခုနှစ် မတ်လတွင် ရတည ရခိုင်အမတ်များစုပေါင်းလျက် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ကာ ဘူးသီးတောင်-မောင်တော ဒေသတွင် မူဂျာဟစ်အရေးအား ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မှုများ လိုအပ်နေကြောင်း ထုတ်ဖော် ပြောဆိုကြသည်။ နိုင်ငံခြားသား ပါကိစ္စတန်နိုင်ငံသားများ နယ်စပ်ကို ကျော်ဖြတ်လျက် ဒလဟောဝင်ရောက်နေမှုများ ဖြစ်နေလျက်ရှိဆဲဖြစ်ကြောင်း တင်ပြခဲ့ကြသည်။ မူဂျာဟစ်ထကြွမှုသည် ရှမ်းပြည်နယ်တွင် ကူမင်တန်တပ်များ ကျူးကျော်ဝင်ရောက်မှုထက်ပင် နိုင်ငံ့အချုပ်အခြာအား အန္တရာယ်ဖြစ်နေစေသောကိစ္စဖြစ်ကြောင်း အသေအချာမကိုင်တွယ်လျှင် ဘူသီးတောင်-မောင်တောကို နိုင်ငံအနေဖြင့် လက်လွတ်သွားရနိုင်ကြောင်း၊ မူဂျာဟစ်များမှာ ဒေသအတွင်းရှိ မူဆလင်များ၏ ထောက်ခံမှုကို ရရှိထားကြောင်း တင်ပြခဲ့ကြသည်။

(ဆယ့်တစ်) ၁၉၄၉ ဝန်းကျင် ရခိုင်ပြည်နယ်ဘက်တွင် အခိုင်အမာ ယုံကြည်နေကြသည်မှာ – မူဂျာဟစ်များကို ကော့ဘဇားခရိုင် မြို့ပြအုပ်ချုပ်ရေးအရာရှိများက လက်နက်ခဲယမ်းမီးကျောက် စားရေရိက္ခာများ အကူအညီပေးနေကြခြင်း ဖြစ်သည် ဟု ယုံကြည်ကြသည်။ တိုက်ပွဲတွင် ဒဏ်ရာရသော မူဂျာဟစ်သူပုန်များကို ကော့ဘဇား၊ ပင်းဝါ (ရာမူး) နှင့် တက်ကနပ်ဖ် ရှိ အစိုးရဆေးရုံများတွင် ကုသကြသည်။ ပုန်ကန်မှုအစောပိုင်းကာလတွင် ပါကိစ္စတန်ဘက်ခြမ်းက ထောက်ပို့ (logistics) အကူအညီများရထားသော မူဂျာဟစ်တို့မှာ အစိုးရတပ်များနှင့် ယှဉ်လျှင် ထောက်ပို့ပိုင်းအရ အပြတ်အသတ်သာလွန်ခဲ့သည်။ ၁၉၄၉ ဖြစ်ရပ်တစ်ခုတွင် သူပုန်အလံထောင်ထားကာ ယူနီဖောင်းဝတ် မူဂျာဟစ်များ တင်ဆောင်ထားသည့် စက်လှေတစ်စီး နတ်မြစ်ကို ဖြတ်ကူးနေစဉ် ပါကိစ္စတန် ရေတပ်သင်္ဘောတစ်စီးက နတ်မြစ်ဝတွင် အခန့်သား ရပ်နားလျက်ရှိသည် ဟု ဆိုသည်။

ထိုကာလ အရှေ့ပါကိစ္စတန် (ယခု ဘင်္ဂလာဒေ့ရှ်) ဘက်ခြမ်း၏ လိုအပ်ချက်အရ ဆန်ကို မှောင်ခိုတင်သွင်းရန် ပါကိစ္စတန်ဘက်က အားပေးအားမြှောက်လုပ်သည်။ ၁၉၅၀ ဖြစ်ရပ်တစ်ခုတွင် မြန်မာ နယ်ခြားရဲအချို့က မှောင်ခိုစက်လှေအား လိုက်ဖမ်းနေစဉ် ပါကိစ္စတန်တပ်များက (မြန်မာရေပိုင်နက်ထဲ) ဝင်ရောက်တိုက်ခိုက်ကာ မှောင်ခိုစက်လှေအား အကာအကွယ်ပေး ပစ်ခတ်တိုက်ခိုက်သဖြင့် မြန်မာရဲတစ်ဦး ဒဏ်ရာရကာ အကျဉ်းသားအဖြစ် ပါကိစ္စတန်ရဲများထံ အဖမ်းခံရသည်။

KZO
(၁၅-၀၈-၂၀၂၁)

[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၁၂)]

#ShortNotesOnPoliticsForYouth

#KyawZawOo

#KZO

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s