အမျိုးသားနိုင်ငံတော် (nation state) နှင့် နိုင်ငံပြည်ထောင် (state nation)

[ Zawgyi font First / Unicode below ]

အမ်ိဳးသားႏိုင္ငံေတာ္ (nation state) ႏွင့္ ႏိုင္ငံျပည္ေထာင္ (state nation)

● Nation ဆိုသည္အား အမ်ိဳးသားအစုအေ၀း (ethno-cultural community) အျဖစ္ အၾကမ္းဖ်င္း ယူဆႏိုင္သည္။ မႏုႆေဗဒ လူမ်ိဳးႏြယ္အရ ယဥ္ေက်းမွႈအရ ဘာသာစကားအရ ေနာက္ခံသမိုင္းေၾကာင္းအရ ဘာသာစကားအရ ကိုုးကြယ္သည့္သာသာအရ အစရွိသည့္ လကၡဏာမ်ား အနည္းႏွင့္အမ်ားဆိုသလုိ တူညီၾကသည့္ မွ်ေ၀ခံစားၾကသည့္ လူဦးေရစု လူ႔အသိုက္အ၀န္းကို ဆိုလိုသည္။ ထိုလူဦးေရစု ထိုလူ႔အသုိက္အ၀န္းသည့္ အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံ ျဖစ္ခ်င္မွ ျဖစ္မည္။ မျဖစ္ခ်င္လည္း မျဖစ္။ နယ္ေျမသတ္မွတ္မႈ ဆိုသည္ထက္ အခ်ဳပ္အျခာပိုင္ဆိုင္မႈ ဆိုသည္ထက္ လူဦးေရ လူ႔အသိုက္အ၀န္းတစ္ခုကို အေလးေပး ရည္ညႊန္းဆိုလိုျခင္း ျဖစ္သည္။ (သီးျခားဆန္သည့္ ဥပမာ တစ္ရပ္မွာ – ဇူးလူးလူမ်ိဳးတို႔ကို တစ္ခါတရံ Zulu Nation ဟု ေခၚၾကေသာ္လည္း ၎တို႔တြင္ ဘုရင္ ပင္ရွိေသာ္လည္း Zulu Nation ဟူသည္ကား အခ်ဳပ္အျခာအာဏာပိုင္ ႏိုင္ငံတစ္ခု မဟုတ္ပါ။ ဇူးလူးလူမ်ိဳးအသိုက္အ၀န္းကို ရံဖန္ရံခါ ေခၚေ၀ၚ သံုးစြဲေသာ စကားမွ်သာ ျဖစ္ေပသည္။)

● State ႏိုင္ငံေတာ္ ဆိုသည္ကား တရားဥပေဒစိုးမိုးမႈကို ဗဟိုခ်က္တစ္ေနရာမွ (လိုအပ္ပါက လိုအပ္သလို အင္အားသံုး) အုပ္ခ်ဳပ္ ေဆာင္ရြက္ေနသည့္ အာဏာပိုင္ဆိုင္မႈျဖစ္သည္။ ယင္းတြင္ အာဏာလႊမ္းမိုး သည့္/ရမည့္ နယ္ေျမ သတ္သတ္မွတ္မွတ္ရွိသည္။ ႏိုင္ငံေတာ္အတြင္းရွိ လူဦးေရအစုအဖြဲ႕တို႔မွာ လူမ်ိဳး ဘာသာစကား ယဥ္ေက်းမႈေနာက္ခံ တူခ်င္တူမည္၊ မတူခ်င္လည္း တူမည္မဟုတ္ေပ။

● Nation State အမ်ိဳးသားႏိုင္ငံေတာ္ တို႔မည္သည္ကား ေနာက္ခံသမိုင္းေၾကာင္းမ်ားရာစု တူညီၾကေသာ လူ႔အစုအေ၀းမ်ားက ႏိုင္ငံျဖစ္လာၾကျခင္းကို ဆိုလိုသည္။ ဥပမာအားျဖင့္ – ေခတ္ေရြ႕လ်ားမႈအလိုက္ ဥေရာပတိုက္၌ အမ်ိဳးသားနုိင္ငံမ်ား အစီအရီေပၚထြန္းလာၾကသည္။ ျပင္သစ္ဘာသာစကား ျပင္သစ္ယဥ္ေက်းမႈေနာက္ခံရွိေသာ လူအုပ္စုမ်ားအားျဖင့္ ျပင္သစ္ႏုိင္ငံျဖစ္လာသည္။ ဂ်ာမန္စကားေျပာလူအုပ္စုမ်ား ရွိသည့္နယ္ေျမမ်ား စုေပါင္းလ်က္ ဂ်ာမနီႏိုင္ငံထူေထာင္ၾကသည္။ ဤျဖစ္စဥ္မ်ားတြင္ Nation မ်ားကို အေျခခံလ်က္ State မ်ားကို ထူေထာင္ၾကျခင္းျဖစ္သည္။ ေနာက္ဥပမာ တစ္ခုျပရလွ်င္ ဂ်ပန္ႏိုင္ငံသည္လည္း Nation State အမ်ိဳးသားႏိုင္ငံတစ္ရပ္ျဖစ္သည္။

● State Nation ႏိုင္ငံျပည္ေထာင္ အမ်ိဳးအစားျဖစ္သည့္ ႏိုင္ငံမ်ားတြင္ကား အခ်ဴပ္အျခာအာဏာပိုင္ ႏိုင္ငံတည္ေထာင္ျခင္းကို အေၾကာင္းျပဳလ်က္ သီးျခားကြဲျပားေသာ အုပ္စု အသီးသီးတို႔အေနျဖင့္ စုေပါင္းမွ်ေ၀ေသာ ဘံုအမ်ိဳးသားလကၡဏာတစ္ရပ္ကို တစတစခံယူလာၾကျခင္းမ်ိဳး ျဖစ္သည္။ ႏိုင္ငံေတာ္ေၾကာင့္ ျပည္ေထာင္သားလကၡဏာကို ခံယူၾကျခင္းျဖစ္သည္။ အိႏၵိယႏိုင္ငံ ထူေထာင္လိုက္သည့္အတြက္ ႏိုင္ငံတြင္းရွိ ပန္ခ်ာပီမ်ား၊ ဟိႏၵဴမ်ား၊ ဂူဂ်ာရတီမ်ား၊ မာရသီမ်ား၊ ဘဂၤါလီမ်ား၊ တမီးလ္မ်ား စသည္အားျဖင့္ ယဥ္ေက်းမႈ ဘာသာစကား ကိုးကြယ္သည့္ဘာသာကြဲျပားၾကသည့္ လူ႔အသိုက္အ၀န္းမ်ားကိုယ္စီတို႔တြင္ ငါတို႔အားလံုးဟာ Indian အႏၵိယႏိုင္ငံသားေတြ ျဖစ္ၾကပါကလားဟု ဘံုအမွတ္သရုပ္လကၡဏာအား ခံယူလာၾကေစျခင္း ျဖစ္ေလသည္။ ေနာက္ထပ္ ဥပမာတစ္ခုမွာ အာဖဂန္နစၥတန္ျဖစ္ေလသည္။ ယင္းႏိုင္ငံအတြင္းရွိ မတူညီေသာ ပထန္၊ တာဂ်စ္၊ ဥဇဘက္ အစရွိေသာ လူမ်ိဳးကြဲမ်ားအားလံုးသည္ ႏိုင္ငံကို အေၾကာင္းျပဳလ်က္ အာဖဂန္ဟု ခံယူၾကရေလသည္။

● State-building ႏိုင္ငံေတာ္တည္ေဆာက္ျခင္း ဟူသည္ကား – ေကာင္းစြာလည္ပတ္ေနေသာ တိုင္းျပည္တစ္ခု ျဖစ္လာေစရန္ စစ္ေရး အုပ္ခ်ဳပ္ေရးတို႔အပါအ၀င္ျဖစ္ေသာ ႏိုင္ငံယႏၱရားမ်ားမ်ား ပံုေပၚလည္ပတ္ႏိုင္ေအာင္ တည္ေဆာက္ျခင္းျဖစ္ေလသည္။ ထိုသို႔တည္ေဆာက္ရာတြင္ အုပ္ခ်ဳပ္သူႏွင့္ အုပ္ခ်ဳပ္ခံမ်ား အၾကား လူမႈပဋိညာဥ္ ပံုေပၚခုိင္မာလာေစလ်က္ အုပ္ခ်ဳပ္သူမ်ား၏ တရား၀င္မႈကို တည္ေဆာက္ျခင္း၊ တရားဥပေဒစိုးမိုးမႈကို ထြန္းကားေစေအာင္ျပဳလုပ္ရာ၌ (ႏိုင္ငံတကာ အစိုးရမ်ား၏ အခ်ဳပ္အျခာ သေဘာသဘာ၀အတိုင္း) အၾကမ္းပတမ္းအင္အားကို မူပိုင္အသံုးျပဳခြင့္ရွိသည့္ အာဏာပိုင္အဖြဲ႕အစည္း အျဖစ္ တည္ေဆာက္ျခင္း၊ အုပ္ခ်ဳပ္ေရးႏွင့္တကြ က်န္းမာေရး ပညာေရး အစရွိသည့္ အမ်ားျပည္သူ ၀န္ေဆာင္မႈအရပ္ရပ္တို႔အား ျဖည့္ဆည္းလည္ပတ္ေပးေစ ႏိုင္ေရး တည္ေဆာက္ျခင္း တို႔လည္း အပါအ၀င္ ျဖစ္ေပသည္။

● Nation-building ျပည္ေထာင္တည္ေဆာက္ျခင္း ဟူသည္မွာကား – အၾကမ္းဖ်င္းဆိုရလွ်င္ မိမိတို႔ နိုင္ငံတည္ေဆာက္မည့္ နယ္ေျမအပိုင္းအျခားအတြင္းရွိ လူဦးေရထုတို႔အေနျဖင့္ ဘာသာစကား ယဥ္ေက်းမႈေနာက္ခံ လူမ်ိဳး ကိုးကြယ္သည့္ဘာသာ ေနာက္ခံယဥ္ေက်းမႈ အစရွိသည္အားျဖင့္ တူညီၾကသည္ျဖစ္ေစ အနည္းအမ်ားဆိုသလို ကြဲျပားေနၾကသည္ျဖစ္ေစ တစ္ခုတည္းေသာ ဘံုလကၡဏာတစ္ရပ္ကို လက္ခံၾကလ်က္ အမ်ိဳးသားအမွတ္လကၡဏာအား ခံယူမႈတို႔ အားေကာင္းက်ယ္ျပန္႔လာေစရန္ ေဆာင္ရြက္ျခင္း ျဖစ္ေပသည္။

● Arakan အာရကန္ဟူသည္ကား လက္ရွိသံုးစြဲေနၾကသည့္ ရခိုင္ျပည္နယ္ ဆိုသည့္စကားလံုးထက္ ဧရိယာပိုမို က်ယ္ျပန္႔ေသာ အစဥ္အလာနယ္ေျမတစ္ရပ္ကို ဆိုလိုေၾကာင္း သတိမူမိရန္ လိုသည္။ Arakan အာရကန္တြင္ လူဦးေရအမ်ားဆံုးအုပ္စုမွာ ရခိုင္လူမ်ိဳးမ်ား ျဖစ္ေၾကေသာ္လည္း လူမ်ိဳး ဘာသာစကား ကိုးကြယ္သည့္ဘာသာ ကြဲျပားေသာ အျခားလူဦးေရအုပ္စုမ်ား ပါ၀င္ေနေၾကာင္း သတိမူမိရန္ လိုသည္။ Nation ဟူေသာ စကားလံုးႏွင့္ ယွဥ္တြဲစဥ္းစားမည္ ဆိုလွ်င္ကား – Mog Nation ဟု ဆိုလွ်င္ ရခုိင္ေဒသမွ ရခုိင္မ်ားသာမက ဘဂၤလာဘက္မွ ရခုိင္စကားေျပာ ရခိုင္လူမ်ိဳးမ်ား၊ ဗိုလ္မင္းေထာင္၊ ဖလံေထာင္သားမ်ား၊ မရမာလူမ်ိဳးမ်ား ႏွင့္တကြ အႏၵိယႏိုင္ငံ ထရိပူနယ္ထဲမွ ေမာ့ဂ္ (mog) လူမ်ိဳးမ်ား အားလံုးကို လႊမ္းၿခံဳေခၚေ၀ၚေသာ (စိတ္ကူးျပဳထားသည့္) လူ႔အသိုက္အ၀န္း တစ္ရပ္ အျဖစ္ စဥ္းစားႏိုင္မည္ ဟု ထင္ပါသည္။ အစဥ္အလာအားျဖင့္ ဘဂၤါလီမ်ားက ရခိုင္ျပည္တြင္းရွိ ရခုိင္တို႔အား ေမာ့ဂ္ ဟု ေခၚသည္သာမက ၁၉၈၀ ၀န္းက်င္မတိုင္ခင္အထိ ဘဂၤလာထဲရွိ ရခိုင္စကားေျပာ လူဦးေရအားလံုးကို ေမာ့ဂ္ ဟုေခၚခဲ့ၾကသည္။ ၁၉၈၀ ၀န္းက်င္တြင္ စစ္တေကာင္းေတာင္တန္းနယ္ေပၚက ရခုိင္သားမ်ားကို မရမာလူမ်ိဳးအျဖစ္ သီးျခားသတ္မွတ္ၿပီး ေတာင္ေပၚသားမ်ားအျဖစ္ သီးျခား အထူးအခြင့္အေရးမ်ား ပိုေပးသည္။ ထိုအခ်ိန္မွစ၍ ဘဂၤလာထဲတြင္ ရခိုင္တို႔ကို ေမာ့ဂ္ ဟု မေခၚေတာ့ဘဲ ရခုိင္တစ္မ်ိဳး ႏွင့္ မရမာတစ္မ်ိဳးအျဖစ္ တုိင္းရင္းသားလူမ်ိဳး ႏွစ္မ်ိဳးခြဲျခားသတ္မွတ္လိုက္သည္။ ထရိပူရထဲမွ ရခိုင္စကားေျပာလူမ်ိဳးမွာမူ ေရွးယခင္အစဥ္အဆက္ကအတိုင္း ယေန႔ထက္ထိ ေမာ့ဂ္လူမ်ိဳးအျဖစ္ ခံယူထားသည္။

KZO
(၂၁-၀၈-၂၀၂၁)

[လူငယ္မ်ားအတြက္ ႏိုင္ငံေရးမွတ္စုတိုမ်ား(၁၄)]

==========

[ Unicode ]

အမျိုးသားနိုင်ငံတော် (nation state) နှင့် နိုင်ငံပြည်ထောင် (state nation)

● Nation ဆိုသည်အား အမျိုးသားအစုအဝေး (ethno-cultural community) အဖြစ် အကြမ်းဖျင်း ယူဆနိုင်သည်။ မနုဿဗေဒ လူမျိုးနွယ်အရ ယဉ်ကျေးမှှုအရ ဘာသာစကားအရ နောက်ခံသမိုင်းကြောင်းအရ ဘာသာစကားအရ ကိုုးကွယ်သည့်သာသာအရ အစရှိသည့် လက္ခဏာများ အနည်းနှင့်အများဆိုသလို တူညီကြသည့် မျှဝေခံစားကြသည့် လူဦးရေစု လူ့အသိုက်အဝန်းကို ဆိုလိုသည်။ ထိုလူဦးရေစု ထိုလူ့အသိုက်အဝန်းသည့် အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်ချင်မှ ဖြစ်မည်။ မဖြစ်ချင်လည်း မဖြစ်။ နယ်မြေသတ်မှတ်မှု ဆိုသည်ထက် အချုပ်အခြာပိုင်ဆိုင်မှု ဆိုသည်ထက် လူဦးရေ လူ့အသိုက်အဝန်းတစ်ခုကို အလေးပေး ရည်ညွှန်းဆိုလိုခြင်း ဖြစ်သည်။ (သီးခြားဆန်သည့် ဥပမာ တစ်ရပ်မှာ – ဇူးလူးလူမျိုးတို့ကို တစ်ခါတရံ Zulu Nation ဟု ခေါ်ကြသော်လည်း ၎င်းတို့တွင် ဘုရင် ပင်ရှိသော်လည်း Zulu Nation ဟူသည်ကား အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု မဟုတ်ပါ။ ဇူးလူးလူမျိုးအသိုက်အဝန်းကို ရံဖန်ရံခါ ခေါ်ဝေါ် သုံးစွဲသော စကားမျှသာ ဖြစ်ပေသည်။)

● State နိုင်ငံတော် ဆိုသည်ကား တရားဥပဒေစိုးမိုးမှုကို ဗဟိုချက်တစ်နေရာမှ (လိုအပ်ပါက လိုအပ်သလို အင်အားသုံး) အုပ်ချုပ် ဆောင်ရွက်နေသည့် အာဏာပိုင်ဆိုင်မှုဖြစ်သည်။ ယင်းတွင် အာဏာလွှမ်းမိုး သည့်/ရမည့် နယ်မြေ သတ်သတ်မှတ်မှတ်ရှိသည်။ နိုင်ငံတော်အတွင်းရှိ လူဦးရေအစုအဖွဲ့တို့မှာ လူမျိုး ဘာသာစကား ယဉ်ကျေးမှုနောက်ခံ တူချင်တူမည်၊ မတူချင်လည်း တူမည်မဟုတ်ပေ။

● Nation State အမျိုးသားနိုင်ငံတော် တို့မည်သည်ကား နောက်ခံသမိုင်းကြောင်းများရာစု တူညီကြသော လူ့အစုအဝေးများက နိုင်ငံဖြစ်လာကြခြင်းကို ဆိုလိုသည်။ ဥပမာအားဖြင့် – ခေတ်ရွေ့လျားမှုအလိုက် ဥရောပတိုက်၌ အမျိုးသားနိုင်ငံများ အစီအရီပေါ်ထွန်းလာကြသည်။ ပြင်သစ်ဘာသာစကား ပြင်သစ်ယဉ်ကျေးမှုနောက်ခံရှိသော လူအုပ်စုများအားဖြင့် ပြင်သစ်နိုင်ငံဖြစ်လာသည်။ ဂျာမန်စကားပြောလူအုပ်စုများ ရှိသည့်နယ်မြေများ စုပေါင်းလျက် ဂျာမနီနိုင်ငံထူထောင်ကြသည်။ ဤဖြစ်စဉ်များတွင် Nation များကို အခြေခံလျက် State များကို ထူထောင်ကြခြင်းဖြစ်သည်။ နောက်ဥပမာ တစ်ခုပြရလျှင် ဂျပန်နိုင်ငံသည်လည်း Nation State အမျိုးသားနိုင်ငံတစ်ရပ်ဖြစ်သည်။

● State Nation နိုင်ငံပြည်ထောင် အမျိုးအစားဖြစ်သည့် နိုင်ငံများတွင်ကား အချူပ်အခြာအာဏာပိုင် နိုင်ငံတည်ထောင်ခြင်းကို အကြောင်းပြုလျက် သီးခြားကွဲပြားသော အုပ်စု အသီးသီးတို့အနေဖြင့် စုပေါင်းမျှဝေသော ဘုံအမျိုးသားလက္ခဏာတစ်ရပ်ကို တစတစခံယူလာကြခြင်းမျိုး ဖြစ်သည်။ နိုင်ငံတော်ကြောင့် ပြည်ထောင်သားလက္ခဏာကို ခံယူကြခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံ ထူထောင်လိုက်သည့်အတွက် နိုင်ငံတွင်းရှိ ပန်ချာပီများ၊ ဟိန္ဒူများ၊ ဂူဂျာရတီများ၊ မာရသီများ၊ ဘင်္ဂါလီများ၊ တမီးလ်များ စသည်အားဖြင့် ယဉ်ကျေးမှု ဘာသာစကား ကိုးကွယ်သည့်ဘာသာကွဲပြားကြသည့် လူ့အသိုက်အဝန်းများကိုယ်စီတို့တွင် ငါတို့အားလုံးဟာ Indian အန္ဒိယနိုင်ငံသားတွေ ဖြစ်ကြပါကလားဟု ဘုံအမှတ်သရုပ်လက္ခဏာအား ခံယူလာကြစေခြင်း ဖြစ်လေသည်။ နောက်ထပ် ဥပမာတစ်ခုမှာ အာဖဂန်နစ္စတန်ဖြစ်လေသည်။ ယင်းနိုင်ငံအတွင်းရှိ မတူညီသော ပထန်၊ တာဂျစ်၊ ဥဇဘက် အစရှိသော လူမျိုးကွဲများအားလုံးသည် နိုင်ငံကို အကြောင်းပြုလျက် အာဖဂန်ဟု ခံယူကြရလေသည်။

● State-building နိုင်ငံတော်တည်ဆောက်ခြင်း ဟူသည်ကား – ကောင်းစွာလည်ပတ်နေသော တိုင်းပြည်တစ်ခု ဖြစ်လာစေရန် စစ်ရေး အုပ်ချုပ်ရေးတို့အပါအဝင်ဖြစ်သော နိုင်ငံယန္တရားများများ ပုံပေါ်လည်ပတ်နိုင်အောင် တည်ဆောက်ခြင်းဖြစ်လေသည်။ ထိုသို့တည်ဆောက်ရာတွင် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံများ အကြား လူမှုပဋိညာဉ် ပုံပေါ်ခိုင်မာလာစေလျက် အုပ်ချုပ်သူများ၏ တရားဝင်မှုကို တည်ဆောက်ခြင်း၊ တရားဥပဒေစိုးမိုးမှုကို ထွန်းကားစေအောင်ပြုလုပ်ရာ၌ (နိုင်ငံတကာ အစိုးရများ၏ အချုပ်အခြာ သဘောသဘာဝအတိုင်း) အကြမ်းပတမ်းအင်အားကို မူပိုင်အသုံးပြုခွင့်ရှိသည့် အာဏာပိုင်အဖွဲ့အစည်း အဖြစ် တည်ဆောက်ခြင်း၊ အုပ်ချုပ်ရေးနှင့်တကွ ကျန်းမာရေး ပညာရေး အစရှိသည့် အများပြည်သူ ဝန်ဆောင်မှုအရပ်ရပ်တို့အား ဖြည့်ဆည်းလည်ပတ်ပေးစေ နိုင်ရေး တည်ဆောက်ခြင်း တို့လည်း အပါအဝင် ဖြစ်ပေသည်။

● Nation-building ပြည်ထောင်တည်ဆောက်ခြင်း ဟူသည်မှာကား – အကြမ်းဖျင်းဆိုရလျှင် မိမိတို့ နိုင်ငံတည်ဆောက်မည့် နယ်မြေအပိုင်းအခြားအတွင်းရှိ လူဦးရေထုတို့အနေဖြင့် ဘာသာစကား ယဉ်ကျေးမှုနောက်ခံ လူမျိုး ကိုးကွယ်သည့်ဘာသာ နောက်ခံယဉ်ကျေးမှု အစရှိသည်အားဖြင့် တူညီကြသည်ဖြစ်စေ အနည်းအများဆိုသလို ကွဲပြားနေကြသည်ဖြစ်စေ တစ်ခုတည်းသော ဘုံလက္ခဏာတစ်ရပ်ကို လက်ခံကြလျက် အမျိုးသားအမှတ်လက္ခဏာအား ခံယူမှုတို့ အားကောင်းကျယ်ပြန့်လာစေရန် ဆောင်ရွက်ခြင်း ဖြစ်ပေသည်။

● Arakan အာရကန်ဟူသည်ကား လက်ရှိသုံးစွဲနေကြသည့် ရခိုင်ပြည်နယ် ဆိုသည့်စကားလုံးထက် ဧရိယာပိုမို ကျယ်ပြန့်သော အစဉ်အလာနယ်မြေတစ်ရပ်ကို ဆိုလိုကြောင်း သတိမူမိရန် လိုသည်။ Arakan အာရကန်တွင် လူဦးရေအများဆုံးအုပ်စုမှာ ရခိုင်လူမျိုးများ ဖြစ်ကြေသော်လည်း လူမျိုး ဘာသာစကား ကိုးကွယ်သည့်ဘာသာ ကွဲပြားသော အခြားလူဦးရေအုပ်စုများ ပါဝင်နေကြောင်း သတိမူမိရန် လိုသည်။ Nation ဟူသော စကားလုံးနှင့် ယှဉ်တွဲစဉ်းစားမည် ဆိုလျှင်ကား – Mog Nation ဟု ဆိုလျှင် ရခိုင်ဒေသမှ ရခိုင်များသာမက ဘင်္ဂလာဘက်မှ ရခိုင်စကားပြော ရခိုင်လူမျိုးများ၊ ဗိုလ်မင်းထောင်၊ ဖလံထောင်သားများ၊ မရမာလူမျိုးများ နှင့်တကွ အန္ဒိယနိုင်ငံ ထရိပူနယ်ထဲမှ မော့ဂ် (mog) လူမျိုးများ အားလုံးကို လွှမ်းခြုံခေါ်ဝေါ်သော (စိတ်ကူးပြုထားသည့်) လူ့အသိုက်အဝန်း တစ်ရပ် အဖြစ် စဉ်းစားနိုင်မည် ဟု ထင်ပါသည်။ အစဉ်အလာအားဖြင့် ဘင်္ဂါလီများက ရခိုင်ပြည်တွင်းရှိ ရခိုင်တို့အား မော့ဂ် ဟု ခေါ်သည်သာမက ၁၉၈၀ ဝန်းကျင်မတိုင်ခင်အထိ ဘင်္ဂလာထဲရှိ ရခိုင်စကားပြော လူဦးရေအားလုံးကို မော့ဂ် ဟုခေါ်ခဲ့ကြသည်။ ၁၉၈၀ ဝန်းကျင်တွင် စစ်တကောင်းတောင်တန်းနယ်ပေါ်က ရခိုင်သားများကို မရမာလူမျိုးအဖြစ် သီးခြားသတ်မှတ်ပြီး တောင်ပေါ်သားများအဖြစ် သီးခြား အထူးအခွင့်အရေးများ ပိုပေးသည်။ ထိုအချိန်မှစ၍ ဘင်္ဂလာထဲတွင် ရခိုင်တို့ကို မော့ဂ် ဟု မခေါ်တော့ဘဲ ရခိုင်တစ်မျိုး နှင့် မရမာတစ်မျိုးအဖြစ် တိုင်းရင်းသားလူမျိုး နှစ်မျိုးခွဲခြားသတ်မှတ်လိုက်သည်။ ထရိပူရထဲမှ ရခိုင်စကားပြောလူမျိုးမှာမူ ရှေးယခင်အစဉ်အဆက်ကအတိုင်း ယနေ့ထက်ထိ မော့ဂ်လူမျိုးအဖြစ် ခံယူထားသည်။

KZO
(၂၁-၀၈-၂၀၂၁)

[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ(၁၄)]

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s