ဟင်နရီဒေးဗစ် သရိုး အစပျိုးသည့် အကြမ်းမဖက်-မလိုက်နာရေး (civil disobedience) သဘောတရား

[ Zawgyi font First / Unicode below ]

ဟင္နရီေဒးဗစ္ သရိုး အစပ်ိဳးသည့္ အၾကမ္းမဖက္-မလိုက္နာေရး (civil disobedience) သေဘာတရား

● ကမၻာအရပ္ရပ္မွာသာမက ယေန႔ ျမန္မာျပည္တြင္ နာမည္ႀကီးေသာ အၾကမ္းမဖက္ မလိုက္နာေရး (civil disobedience) သေဘာတရားမွာ အေမရိကန္ႏိုင္ငံ မက္ဆာခ်ဴးဆက္ ျပည္နယ္ ကြန္ေကာ့ဒ္ၿမိဳ႕သား ဟင္နရီ ေဒးဗစ္ သရိုး (Henry David Thoreau) က အစပ်ိဳးေဖာ္ထုတ္ခဲ့သည္။ ယင္းလႈပ္ရွားမႈ သေဘာတရားကို ေနာက္ေနာင္တြင္ အိႏၵိယလြတ္လပ္ေရး တိုက္ပြဲ၀င္သူ မဟတၱနဂႏၵီ ႏွင့္ အေမရိကန္လူမည္း အခြင့္အေရး ေတာင္းဆိုတိုက္ပြဲ၀င္သူ မာတင္လူသာကင္း တို႔က ဆက္ခံၾကျခင္းျဖစ္သည္။

● လြတ္လပ္ေရးရၿပီး အႏွစ္ (၇၀) ေက်ာ္ခန္႔အၾကာ အေမရိကန္ႏိုင္ငံအဖို႔ ဇာတိနယ္သား ရက္အင္ဒီးယန္းမ်ားကို မ်ိဳးတံုးေစျခင္း၊ ကၽြန္စနစ္ကို ထားရွိျခင္း၊ မကၠဆီကို-အေမရိကန္ စစ္ပြဲဆင္ႏႊဲျခင္း အစရွိသည့္ အျခင္းအရာမ်ားကို မႏွစ္ၿမိဳ႕ရကား – ဟင္နရီ ေဒးဗစ္ သရိုး (၁၈၁၇-၁၈၆၂) သည္ သူထမ္းေဆာင္ရမည့္ လူခြန္ကို မေဆာင္ႏိုင္ေၾကာင္းျငင္းဆိုသည္။ ထိုကဲ့သို႔ ျငင္းဆိုရံုမွ်မက ထိုကဲ့သို႔ျငင္းဆိုေၾကာင္းကိုလည္း အာေဘာင္အာရင္းသန္သန္ျဖင့္ ထုတ္ေဖာ္ေျပာေနသည့္အတြက္ သူ႔အားဖမ္းဆီးခ်ဳပ္ေႏွာင္ထားေလရာ သူ႔ေဆြမ်ိဳးတစ္ဦးက သူမသိေအာင္ အခြန္သြားေဆာင္ေလမွ ျပန္လြတ္လာေလသည္။ ထိုျဖစ္ရပ္ျဖစ္ပ်က္ၿပီးေနာက္ ၁၈၄၈-ခုႏွစ္ ကြန္ေကာ့ဒ္ၿမိဳ႕ အသိပညာေဆြးေႏြးပြဲ တစ္ခုတြင္ “The rights and Duties of the individual in Relation to Government” (အစိုးရႏွင့္ စပ္လ်ဥ္း၍ လူပုဂၢိဳလ္၏ အခြင့္အေရးမ်ား ႏွင့္ တာ၀န္မ်ား) ဟူေသာ ေခါင္းစဥ္ျဖင့္ သရိုး ေဟာေျပာေလသည္။ ယင္း ေဟာေျပာခ်က္ သည္ပင္လွ်င္ ေနာက္တစ္ႏွစ္အၾကာတြင္ ထုတ္ေ၀သည့္ စာတမ္းစာအုပ္ တစ္အုပ္တြင္ “Resistance to Civil Government” (အစိုးရအား ခုခံျခင္း) ဟု အမည္ေပးထားသည့္ အက္ေဆး၏ အေျခခံပင္ျဖစ္ေလသည္။ သရိုး ေသလြန္ၿပီးေနာက္ သူ၏စာမ်ားအား ျပန္လည္ ထုတ္ေ၀ ၾကရာတြင္ အဆိုပါ အက္ေဆးအား “Civil Disobedience” (အစိုးရအား မနာခံျခင္း) ဟူေသာ အမည္ျဖင့္ ထုတ္ေ၀ခဲ့သည္။ မွတ္သားဖြယ္ရာအခ်က္တစ္ခ်က္ကား – သရိုး ၏ မူရင္းသေဘာတရားတြင္ “civil” ဟူေသာ စကားလံုးကို အရပ္သားမ်ားကို အုပ္ခ်ဳပ္ေသာ အစိုးရအား ရည္ညႊန္းရန္ သံုးျခင္းျဖစ္ေသာ္လည္း ယေန႔ေခတ္ “civil disobedience” သေဘာတရားပါ “civil” ဟူေသာ စကားလံုးကိုကား civility ယဥ္ေက်းသိမ္ေမြ႕ျခင္း အၾကမ္းမဖက္ျခင္း ဟူေသာ အဓိပၸါယ္ျဖင့္ သံုးစြဲၾကျခင္းျဖစ္ေလသည္။

● မဟတၱမဂႏၵီ ဦးေဆာင္ေသာ ဆားခြန္မေဆာင္ေရး ခ်ီတက္ပြဲ၊ အခြင့္မရေသာ္လည္း အတင္း၀င္ေရာက္ မဲေပးၾကသည့္ မဲေပးခြင့္ ရရွိေရးလႈပ္ရွားမႈ၊ ခြဲျခားဆက္ဆံမႈ ဆန္႔က်င္ေရးအတြက္ လူျဖဴမ်ားအတြက္သာ ဆိုသည့္ စားေသာက္ေနရာမ်ားတြင္ ၀င္ထိုင္သည့္ လႈပ္ရွားမႈ စသည္တို႔အား ပံုစံကြဲ အၾကမ္းမဖက္ မလိုက္နာေရး (civil disobedience) လႈပ္ရွားမႈမ်ားအျဖစ္ ဆိုၾကသည္။ အေမရိကန္ လြတ္လပ္ေရးတိုက္ပြဲမ်ား၏အစ ျဖစ္ေသာ ေဘာ္စတြန္တီးပါတီ လႈပ္ရွားမႈအား civil disobedience အမ်ိဳးအစားတြင္ ထည့္သြင္းၾက ေသာ္လည္း ပစၥည္းဥစၥာဖ်က္ဆီးျခင္းမ်ား ပါ၀င္ေနသည့္အတြက္ civil disobedience အျဖစ္ မသတ္မွတ္ လိုၾကသည္လည္း ရွိသည္။

● မူမွန္ civil disobedience အျဖစ္ သတ္မွတ္ႏိုင္ၾကဖို႔ရာ – အစိုးရအာဏာကို ဖီဆန္ေရးလႈပ္ရွားမႈေတြမွာ ေအာက္ပါ ႀကံအင္လကၡဏာသံုးရပ္ ရွိဖို႔လိုသည္ ဟု ဆိုၾကသည္။ (တစ္) ဥပေဒ (သို႔) အမိန္႔ကို ခ်ိဳးေဖာက္သည့္ အျပဳအမူပါရွိျခင္း (Lawbreaking) (ႏွစ္) ရာဇ၀တ္မႈမဆန္ဘဲ ခိုင္ခုိင္မာမာမူကိုင္စြဲ လုပ္ေဆာင္ျခင္း (principledness) (သံုး) အသိတရားျဖင့္ သိသိႀကီးလုပ္ေဆာင္ျခင္း (Conscientiousness) တို႔ ျဖစ္ၾကသည္။

● သတင္းစကားေျပာၾကားျခင္း (delivering message) သည္လည္း civil disobedience ၏ သြင္ျပင္တစ္ရပ္ျဖစ္ေလသည္။ မမွ်တသည့္ အျခင္းအရာတစ္ရပ္ ဥပမာအားျဖင့္ ကၽြန္စနစ္ေသာ္လည္းေကာင္း၊ လူျဖဴလူမဲခြဲျခားျခင္း ကိုေသာ္လည္းေကာင္း ျပန္လည္ျပင္ဆင္ရန္ လိုအပ္ေနေၾကာင္း အစိုးရ သို႔မဟုတ္ လူအမ်ားတို႔အား သိၾကားေစျခင္း သေဘာသြင္ျပင္ပါရွိသည္။ ငါတို႔ ဘယ္မတရားမႈကို မႀကိဳက္ဘူး၊ ငါတို႔ ဘာကို ဘယ္လိုျဖစ္ေစခ်င္တယ္ ဆိုတာ သတ္သတ္မွတ္မွတ္ ေဖာ္ထုတ္ေျပာၾကားျခင္း ပါရွိၾကရမည္ ဟု ဆိုလိုသည္။

● အမ်ားျမင္သာျခင္း (publicity-as-visivility) သည္လည္း civil disobedience ၏ သြင္ျပင္တစ္ရပ္ ျဖစ္ေလသည္။ မိမိ၏ ႏိုင္ငံေရးလုပ္ရပ္ကို အမ်ားေရွ႕သို႔ ေရာက္ေစျခင္း ႏွင့္တကြ ထိုလုပ္ရပ္ကို မိမိလုပ္ေၾကာင္း တာ၀န္ခံမႈ ပါရွိေစရမည္ ဟု ဆိုေလသည္။ ဥပမာအားျဖင့္ အေမရိကန္ လံုၿခံဳေရး ေအဂ်င္စီ၏ လုပ္ရပ္မ်ားကို မႀကိဳက္သည့္ စႏိုဒင္သည္ ေအဂ်င္စီ၏ လွ်ိဳ႕၀ွက္ စာရြက္စာတမ္းမ်ားကို ျပင္ပသို႔ေရာက္ေစခဲ့သည္သာမက ထိုလုပ္ရပ္ကို မိမိလုပ္ပါသည္ ဟု တာ၀န္ယူျခင္းမ်ိဳးကို ဆိုလိုသည္။

● အၾကမ္းမဖက္ျခင္း (non-violence) အား civil disobedience လုပ္ရပ္မ်ား၏ အေရးႀကီးေသာ ႀကံအင္ လကၡဏာတစ္ရပ္အျဖစ္ အမ်ားလက္ခံထားၾကသည္။ အၾကမ္းမဖက္ေသာ ဆႏၵျပကန္႔ကြက္မႈမ်ားအဖို႔ အမ်ား၏အျမင္တြင္ အေကာင္းဖက္က ရႈျမင္ခံရႏိုင္ေျခမ်ားၿပီး အၾကမ္းဖက္မႈေရာစြက္ေသာ ဆႏၵျပကန္႔ကြက္မႈမ်ားမွာမူ အမ်ားျပည္သူတို႔၏ ဖယ္ၾကဥ္မႈကို ခံရႏုိင္ေျခမ်ားသည့္အျပင္ အၾကမ္းဖက္ ႏွိမ္ႏွင္းမႈႏွင့္လည္း တန္ျပန္ရင္ဆိုင္ရမည္ ျဖစ္သည္။

● ပစၥည္းဥစၥာမ်ားအား ပ်က္စီးေစျခင္း (property damage) အား အၾကမ္းဖက္မႈသေဘာ အျဖစ္မွတ္ယူၾကသည္ျဖစ္ရာ civil disobedience လႈပ္ရွားမႈတြင္ ယင္းအား ပတ္သက္ေစျခင္း မရွိေစရ ဟု အမ်ား သတ္မွတ္ၾကသည္။ ပုဂၢလိကပိုင္ပစၥည္းမ်ားဟူသည္ကား လူပုဂၢိဳလ္ တစ္ဦးတစ္ေယာက္၏ တိုးခ်ဲ႕လက္တံမ်ားအျဖစ္ လစ္ဘရယ္သေဘာတရားအရ ယူဆၾကသည့္အျပင္ ပစၥည္းမ်ားကို ထိခိုက္ဖ်က္ဆီးျခင္းသည္ လူပုဂၢိဳလ္မ်ားကို အၾကမ္းဖက္ျခင္းသို႔ ဦးတည္ သြားေစနိုင္သည္ ဟု ယူဆၾကေသာေၾကာင့္ civil disobedience တြင္ ပစၥည္းဥစၥာဖ်က္ဆီးျခင္းအား မလုပ္ေဆာင္ေစရန္ သတ္မွတ္ၾကသည္။

● မိမိကိုယ္တိုင္ကို အၾကမ္းဖက္ရာေရာက္သည့္ အျပဳအမူမ်ား (self-violence)။ အစာငတ္ခံဆႏၵျပျခင္းအား civil disobedience လႈပ္ရွားမႈ ပံုစံတစ္ရပ္အျဖစ္ လက္ခံၾကေသာ္လည္း မိမိကိုယ္ကို မီးရိႈ႕ျခင္းအစရွိသည့္ မိမိကိုယ္ကို အၾကမ္းဖက္ျခင္းမ်ားကို civil disobedience လုပ္ရပ္မ်ား အျဖစ္မသတ္မွတ္ၾကေခ်။ သို႔ေသာ္ ထိုလုပ္ရပ္မ်ားကို အေၾကာင္းျပဳလ်က္ အေျဖေကာင္းမ်ား ထြက္လာႏိုင္သည္ကိုကား ျငင္းဖြယ္ရာ မရွိေပ။

● မတိမ္းေရွာင္ျခင္း (non-evasion)။ ျပ႒ာန္းထားေသာ ဥပေဒ/အမိန္႔ စသည္တို႔ကို မလိုက္နာျခင္းအားျဖင့္ civil disobedience လုပ္ရပ္ကို လုပ္ေဆာင္သူမ်ားမွာ ထိုလုပ္ရပ္အတြက္ တည္ဆဲဥပေဒအရ ျပစ္ဒဏ္ခံရမည္ကို ေရွာင္လြဲျခင္း ထြက္ေျပးျခင္းမရွိဘဲ ထိပ္တိုက္ရင္ဆိုင္ျခင္းသည္ civil disobedience လုပ္ေဆာင္ရာတြင္ ျပဳမူေလ့ရွိၾကသည့္ စံအျပဳအမူတစ္ရပ္ျဖစ္သည္။ ထိုသို႔ ဖမ္းဆီးအျပစ္ေပးခံရျခင္းအတြက္ ရွက္ေၾကာက္ေနစရာ အေၾကာင္းယုတၱိမရွိ ဟု ခံယူၾကသည္။

● တည္ၿငိမ္စြာ ရင္ဆိုင္ျခင္း (decorum)။ ဂႏၵီ ႏွင့္ မာတင္လူသာကင္းတို႔၏ civil disobedience လႈပ္ရွားမႈအမ်ိဳးအစားတြင္ အာဏာပိုင္မ်ား၏ ဖမ္းဆီးရက္စက္မႈမ်ားကို ခံရေသာအခါ တည္တည္ၿငိမ္ၿငိမ္ျဖင့္ ရင္ဆိုင္တတ္ၾကေလ့ရွိသည္။

● တည္ဆဲ ဥပေဒစနစ္ လက္ခံျခင္း (fidelity to law)။ ေတာ္လွန္ေရးသမားမ်ားက စနစ္တစ္ရပ္လံုးကို လက္မခံဘဲ ၿဖိဳဖ်က္ရန္ အားထုတ္ေလ့ရွိၾကၿပီး၊ civil disobedience လႈပ္ရွားသူအမ်ားစုကမႈ မတရားသျဖင့္ ျဖစ္ပ်က္ေနသည့္ အစိတ္အပိုင္းကိုသာ ျပဳျပင္ဖာေထးႏိုင္ရန္ အလို႔ငွာ – ဥပေဒအခ်ိဳ႕အားေဖာက္ဖ်က္ၾကေသာ္လည္း လက္ရွိတည္ဆဲ ဥပေဒစနစ္ အုပ္ခ်ဳပ္ေရးစနစ္ကို လက္သင့္ခံသည့္ စိတ္ထားျဖင့္ လႈပ္ရွားေဆာင္ရြက္ၾကသည္။

● အသိစိတ္ျဖင့္ ကန္႔ကြက္ျခင္း(Conscientious objection) အားလည္း civil disobedience ပံုစံတစ္မ်ိဳးအျဖစ္ သတ္မွတ္ၾကေလသည္။ ဥပမာအားျဖင့္ ၁၉၆၇-ခုႏွစ္တြင္ ဗီယက္နမ္စစ္ပြဲကို ကန္႔ကြက္ေသာအားျဖင့္ စစ္မႈမထမ္းမေနရဥပေဒအားျဖင့္ တာ၀န္ထမ္းေဆာင္ရန္ ျငင္းပယ္သူ မိုဟာမက္အလီ သည္ ေထာင္ဒဏ္ငါးႏွစ္ ႏွင့္ ဒဏ္ေငြတစ္ေသာင္း ခ်မွတ္ျခင္းခံရသည္။ လက္ေ၀ွ႔ကစားခြင့္ ငါးႏွစ္ပိတ္ပင္ျခင္းခံရသည္။

● အေရးအႀကီးဆံုးအခ်က္ တစ္ရပ္မွာ – civil disobedience လုပ္ရပ္မ်ားသည္ကား လစ္ဘရယ္ ဒီမိုကေရစီႏိုင္ငံမ်ားတြင္ ရွိေနဆဲ တရားမမွ်တမႈမ်ားအား ျပဳျပင္ေပးၾကရန္ ေတာင္းဆိုၾကသည့္ ပံုစံတစ္ရပ္သာ ျဖစ္ေၾကာင္း မွတ္ယူၾကရန္ ျဖစ္ေလသည္။ civil disobedience အား တာလီဘန္အုပ္ခ်ဳပ္ေသာ အာဖဂန္နစၥတန္၊ ေဆာ္ဒီအာေရဗီးယား၊ ေျမာက္ကိုးရီးယား တို႔ကဲ့သို႔ေသာ ႏိုင္ငံမ်ားတြင္ လုပ္ေဆာင္ႏိုင္ရန္ အေျခအေန ႏွင့္ အက်ိဳးထင္ႏိုင္ေျခ တို႔ နည္းပါးေပသည္။

● ပူးတြဲပါ ဓါတ္ပံုမွာ – CDM ဆရာတစ္ဦးျဖစ္သည့္ ဦးေဆြ၀င္းအား ဖမ္းဆီးထားသူမ်ားက ဒူးေထာက္၀န္ခံခိုင္းေနပံု ျဖစ္သည္ ဟု ဆိုပါသည္။ ေရႊဘိုၿမိဳ႕နယ္ တအံုေက်းရြာ အထက္တန္းေက်ာင္းကေန ေက်ာင္းမတက္ CDM လုပ္ေနေသာ အထက္တန္းျပဆရာ ဦးေဆြ၀င္း (၄၆-ႏွစ္) အား ၂၀၂၁-ခုႏွစ္ ၾသဂုတ္လ (၂၅) ရက္ နံနက္ပိုင္းအခ်ိန္ ေရႊဘိုၿမိဳ႕နယ္ ပလိုင္းေက်းရြာ ဓမၼစကူးလ္ ဘုန္းေတာ္ႀကီး​ေက်ာင္းဝင္း၌ ယခုကဲ့သို႔ ဒူးေထာက္ခိုင္းထားခဲ့သည္ ဟု ဆိုပါသည္။

KZO
(၂၈-၀၈-၂၀၂၁)

[လူငယ္မ်ားအတြက္ ႏိုင္ငံေရးမွတ္စုတိုမ်ား (၁၅)]

#ShortNotesOnPoliticsForYouth

#KyawZawOo

#KZO

==========

[ Unicode ]

ဟင်နရီဒေးဗစ် သရိုး အစပျိုးသည့် အကြမ်းမဖက်-မလိုက်နာရေး (civil disobedience) သဘောတရား

● ကမ္ဘာအရပ်ရပ်မှာသာမက ယနေ့ မြန်မာပြည်တွင် နာမည်ကြီးသော အကြမ်းမဖက် မလိုက်နာရေး (civil disobedience) သဘောတရားမှာ အမေရိကန်နိုင်ငံ မက်ဆာချူးဆက် ပြည်နယ် ကွန်ကော့ဒ်မြို့သား ဟင်နရီ ဒေးဗစ် သရိုး (Henry David Thoreau) က အစပျိုးဖော်ထုတ်ခဲ့သည်။ ယင်းလှုပ်ရှားမှု သဘောတရားကို နောက်နောင်တွင် အိန္ဒိယလွတ်လပ်ရေး တိုက်ပွဲဝင်သူ မဟတ္တနဂန္ဒီ နှင့် အမေရိကန်လူမည်း အခွင့်အရေး တောင်းဆိုတိုက်ပွဲဝင်သူ မာတင်လူသာကင်း တို့က ဆက်ခံကြခြင်းဖြစ်သည်။

● လွတ်လပ်ရေးရပြီး အနှစ် (၇၀) ကျော်ခန့်အကြာ အမေရိကန်နိုင်ငံအဖို့ ဇာတိနယ်သား ရက်အင်ဒီးယန်းများကို မျိုးတုံးစေခြင်း၊ ကျွန်စနစ်ကို ထားရှိခြင်း၊ မက္ကဆီကို-အမေရိကန် စစ်ပွဲဆင်နွှဲခြင်း အစရှိသည့် အခြင်းအရာများကို မနှစ်မြို့ရကား – ဟင်နရီ ဒေးဗစ် သရိုး (၁၈၁၇-၁၈၆၂) သည် သူထမ်းဆောင်ရမည့် လူခွန်ကို မဆောင်နိုင်ကြောင်းငြင်းဆိုသည်။ ထိုကဲ့သို့ ငြင်းဆိုရုံမျှမက ထိုကဲ့သို့ငြင်းဆိုကြောင်းကိုလည်း အာဘောင်အာရင်းသန်သန်ဖြင့် ထုတ်ဖော်ပြောနေသည့်အတွက် သူ့အားဖမ်းဆီးချုပ်နှောင်ထားလေရာ သူ့ဆွေမျိုးတစ်ဦးက သူမသိအောင် အခွန်သွားဆောင်လေမှ ပြန်လွတ်လာလေသည်။ ထိုဖြစ်ရပ်ဖြစ်ပျက်ပြီးနောက် ၁၈၄၈-ခုနှစ် ကွန်ကော့ဒ်မြို့ အသိပညာဆွေးနွေးပွဲ တစ်ခုတွင် “The rights and Duties of the individual in Relation to Government” (အစိုးရနှင့် စပ်လျဉ်း၍ လူပုဂ္ဂိုလ်၏ အခွင့်အရေးများ နှင့် တာဝန်များ) ဟူသော ခေါင်းစဉ်ဖြင့် သရိုး ဟောပြောလေသည်။ ယင်း ဟောပြောချက် သည်ပင်လျှင် နောက်တစ်နှစ်အကြာတွင် ထုတ်ဝေသည့် စာတမ်းစာအုပ် တစ်အုပ်တွင် “Resistance to Civil Government” (အစိုးရအား ခုခံခြင်း) ဟု အမည်ပေးထားသည့် အက်ဆေး၏ အခြေခံပင်ဖြစ်လေသည်။ သရိုး သေလွန်ပြီးနောက် သူ၏စာများအား ပြန်လည် ထုတ်ဝေ ကြရာတွင် အဆိုပါ အက်ဆေးအား “Civil Disobedience” (အစိုးရအား မနာခံခြင်း) ဟူသော အမည်ဖြင့် ထုတ်ဝေခဲ့သည်။ မှတ်သားဖွယ်ရာအချက်တစ်ချက်ကား – သရိုး ၏ မူရင်းသဘောတရားတွင် “civil” ဟူသော စကားလုံးကို အရပ်သားများကို အုပ်ချုပ်သော အစိုးရအား ရည်ညွှန်းရန် သုံးခြင်းဖြစ်သော်လည်း ယနေ့ခေတ် “civil disobedience” သဘောတရားပါ “civil” ဟူသော စကားလုံးကိုကား civility ယဉ်ကျေးသိမ်မွေ့ခြင်း အကြမ်းမဖက်ခြင်း ဟူသော အဓိပ္ပါယ်ဖြင့် သုံးစွဲကြခြင်းဖြစ်လေသည်။

● မဟတ္တမဂန္ဒီ ဦးဆောင်သော ဆားခွန်မဆောင်ရေး ချီတက်ပွဲ၊ အခွင့်မရသော်လည်း အတင်းဝင်ရောက် မဲပေးကြသည့် မဲပေးခွင့် ရရှိရေးလှုပ်ရှားမှု၊ ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေးအတွက် လူဖြူများအတွက်သာ ဆိုသည့် စားသောက်နေရာများတွင် ဝင်ထိုင်သည့် လှုပ်ရှားမှု စသည်တို့အား ပုံစံကွဲ အကြမ်းမဖက် မလိုက်နာရေး (civil disobedience) လှုပ်ရှားမှုများအဖြစ် ဆိုကြသည်။ အမေရိကန် လွတ်လပ်ရေးတိုက်ပွဲများ၏အစ ဖြစ်သော ဘော်စတွန်တီးပါတီ လှုပ်ရှားမှုအား civil disobedience အမျိုးအစားတွင် ထည့်သွင်းကြ သော်လည်း ပစ္စည်းဥစ္စာဖျက်ဆီးခြင်းများ ပါဝင်နေသည့်အတွက် civil disobedience အဖြစ် မသတ်မှတ် လိုကြသည်လည်း ရှိသည်။

● မူမှန် civil disobedience အဖြစ် သတ်မှတ်နိုင်ကြဖို့ရာ – အစိုးရအာဏာကို ဖီဆန်ရေးလှုပ်ရှားမှုတွေမှာ အောက်ပါ ကြံအင်လက္ခဏာသုံးရပ် ရှိဖို့လိုသည် ဟု ဆိုကြသည်။ (တစ်) ဥပဒေ (သို့) အမိန့်ကို ချိုးဖောက်သည့် အပြုအမူပါရှိခြင်း (Lawbreaking) (နှစ်) ရာဇဝတ်မှုမဆန်ဘဲ ခိုင်ခိုင်မာမာမူကိုင်စွဲ လုပ်ဆောင်ခြင်း (principledness) (သုံး) အသိတရားဖြင့် သိသိကြီးလုပ်ဆောင်ခြင်း (Conscientiousness) တို့ ဖြစ်ကြသည်။

● သတင်းစကားပြောကြားခြင်း (delivering message) သည်လည်း civil disobedience ၏ သွင်ပြင်တစ်ရပ်ဖြစ်လေသည်။ မမျှတသည့် အခြင်းအရာတစ်ရပ် ဥပမာအားဖြင့် ကျွန်စနစ်သော်လည်းကောင်း၊ လူဖြူလူမဲခွဲခြားခြင်း ကိုသော်လည်းကောင်း ပြန်လည်ပြင်ဆင်ရန် လိုအပ်နေကြောင်း အစိုးရ သို့မဟုတ် လူအများတို့အား သိကြားစေခြင်း သဘောသွင်ပြင်ပါရှိသည်။ ငါတို့ ဘယ်မတရားမှုကို မကြိုက်ဘူး၊ ငါတို့ ဘာကို ဘယ်လိုဖြစ်စေချင်တယ် ဆိုတာ သတ်သတ်မှတ်မှတ် ဖော်ထုတ်ပြောကြားခြင်း ပါရှိကြရမည် ဟု ဆိုလိုသည်။

● အများမြင်သာခြင်း (publicity-as-visivility) သည်လည်း civil disobedience ၏ သွင်ပြင်တစ်ရပ် ဖြစ်လေသည်။ မိမိ၏ နိုင်ငံရေးလုပ်ရပ်ကို အများရှေ့သို့ ရောက်စေခြင်း နှင့်တကွ ထိုလုပ်ရပ်ကို မိမိလုပ်ကြောင်း တာဝန်ခံမှု ပါရှိစေရမည် ဟု ဆိုလေသည်။ ဥပမာအားဖြင့် အမေရိကန် လုံခြုံရေး အေဂျင်စီ၏ လုပ်ရပ်များကို မကြိုက်သည့် စနိုဒင်သည် အေဂျင်စီ၏ လျှို့ဝှက် စာရွက်စာတမ်းများကို ပြင်ပသို့ရောက်စေခဲ့သည်သာမက ထိုလုပ်ရပ်ကို မိမိလုပ်ပါသည် ဟု တာဝန်ယူခြင်းမျိုးကို ဆိုလိုသည်။

● အကြမ်းမဖက်ခြင်း (non-violence) အား civil disobedience လုပ်ရပ်များ၏ အရေးကြီးသော ကြံအင် လက္ခဏာတစ်ရပ်အဖြစ် အများလက်ခံထားကြသည်။ အကြမ်းမဖက်သော ဆန္ဒပြကန့်ကွက်မှုများအဖို့ အများ၏အမြင်တွင် အကောင်းဖက်က ရှုမြင်ခံရနိုင်ခြေများပြီး အကြမ်းဖက်မှုရောစွက်သော ဆန္ဒပြကန့်ကွက်မှုများမှာမူ အများပြည်သူတို့၏ ဖယ်ကြဉ်မှုကို ခံရနိုင်ခြေများသည့်အပြင် အကြမ်းဖက် နှိမ်နှင်းမှုနှင့်လည်း တန်ပြန်ရင်ဆိုင်ရမည် ဖြစ်သည်။

● ပစ္စည်းဥစ္စာများအား ပျက်စီးစေခြင်း (property damage) အား အကြမ်းဖက်မှုသဘော အဖြစ်မှတ်ယူကြသည်ဖြစ်ရာ civil disobedience လှုပ်ရှားမှုတွင် ယင်းအား ပတ်သက်စေခြင်း မရှိစေရ ဟု အများ သတ်မှတ်ကြသည်။ ပုဂ္ဂလိကပိုင်ပစ္စည်းများဟူသည်ကား လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ တိုးချဲ့လက်တံများအဖြစ် လစ်ဘရယ်သဘောတရားအရ ယူဆကြသည့်အပြင် ပစ္စည်းများကို ထိခိုက်ဖျက်ဆီးခြင်းသည် လူပုဂ္ဂိုလ်များကို အကြမ်းဖက်ခြင်းသို့ ဦးတည် သွားစေနိုင်သည် ဟု ယူဆကြသောကြောင့် civil disobedience တွင် ပစ္စည်းဥစ္စာဖျက်ဆီးခြင်းအား မလုပ်ဆောင်စေရန် သတ်မှတ်ကြသည်။

● မိမိကိုယ်တိုင်ကို အကြမ်းဖက်ရာရောက်သည့် အပြုအမူများ (self-violence)။ အစာငတ်ခံဆန္ဒပြခြင်းအား civil disobedience လှုပ်ရှားမှု ပုံစံတစ်ရပ်အဖြစ် လက်ခံကြသော်လည်း မိမိကိုယ်ကို မီးရှို့ခြင်းအစရှိသည့် မိမိကိုယ်ကို အကြမ်းဖက်ခြင်းများကို civil disobedience လုပ်ရပ်များ အဖြစ်မသတ်မှတ်ကြချေ။ သို့သော် ထိုလုပ်ရပ်များကို အကြောင်းပြုလျက် အဖြေကောင်းများ ထွက်လာနိုင်သည်ကိုကား ငြင်းဖွယ်ရာ မရှိပေ။

● မတိမ်းရှောင်ခြင်း (non-evasion)။ ပြဋ္ဌာန်းထားသော ဥပဒေ/အမိန့် စသည်တို့ကို မလိုက်နာခြင်းအားဖြင့် civil disobedience လုပ်ရပ်ကို လုပ်ဆောင်သူများမှာ ထိုလုပ်ရပ်အတွက် တည်ဆဲဥပဒေအရ ပြစ်ဒဏ်ခံရမည်ကို ရှောင်လွဲခြင်း ထွက်ပြေးခြင်းမရှိဘဲ ထိပ်တိုက်ရင်ဆိုင်ခြင်းသည် civil disobedience လုပ်ဆောင်ရာတွင် ပြုမူလေ့ရှိကြသည့် စံအပြုအမူတစ်ရပ်ဖြစ်သည်။ ထိုသို့ ဖမ်းဆီးအပြစ်ပေးခံရခြင်းအတွက် ရှက်ကြောက်နေစရာ အကြောင်းယုတ္တိမရှိ ဟု ခံယူကြသည်။

● တည်ငြိမ်စွာ ရင်ဆိုင်ခြင်း (decorum)။ ဂန္ဒီ နှင့် မာတင်လူသာကင်းတို့၏ civil disobedience လှုပ်ရှားမှုအမျိုးအစားတွင် အာဏာပိုင်များ၏ ဖမ်းဆီးရက်စက်မှုများကို ခံရသောအခါ တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်တတ်ကြလေ့ရှိသည်။

● တည်ဆဲ ဥပဒေစနစ် လက်ခံခြင်း (fidelity to law)။ တော်လှန်ရေးသမားများက စနစ်တစ်ရပ်လုံးကို လက်မခံဘဲ ဖြိုဖျက်ရန် အားထုတ်လေ့ရှိကြပြီး၊ civil disobedience လှုပ်ရှားသူအများစုကမှု မတရားသဖြင့် ဖြစ်ပျက်နေသည့် အစိတ်အပိုင်းကိုသာ ပြုပြင်ဖာထေးနိုင်ရန် အလို့ငှာ – ဥပဒေအချို့အားဖောက်ဖျက်ကြသော်လည်း လက်ရှိတည်ဆဲ ဥပဒေစနစ် အုပ်ချုပ်ရေးစနစ်ကို လက်သင့်ခံသည့် စိတ်ထားဖြင့် လှုပ်ရှားဆောင်ရွက်ကြသည်။

● အသိစိတ်ဖြင့် ကန့်ကွက်ခြင်း(Conscientious objection) အားလည်း civil disobedience ပုံစံတစ်မျိုးအဖြစ် သတ်မှတ်ကြလေသည်။ ဥပမာအားဖြင့် ၁၉၆၇-ခုနှစ်တွင် ဗီယက်နမ်စစ်ပွဲကို ကန့်ကွက်သောအားဖြင့် စစ်မှုမထမ်းမနေရဥပဒေအားဖြင့် တာဝန်ထမ်းဆောင်ရန် ငြင်းပယ်သူ မိုဟာမက်အလီ သည် ထောင်ဒဏ်ငါးနှစ် နှင့် ဒဏ်ငွေတစ်သောင်း ချမှတ်ခြင်းခံရသည်။ လက်ဝှေ့ကစားခွင့် ငါးနှစ်ပိတ်ပင်ခြင်းခံရသည်။

● အရေးအကြီးဆုံးအချက် တစ်ရပ်မှာ – civil disobedience လုပ်ရပ်များသည်ကား လစ်ဘရယ် ဒီမိုကရေစီနိုင်ငံများတွင် ရှိနေဆဲ တရားမမျှတမှုများအား ပြုပြင်ပေးကြရန် တောင်းဆိုကြသည့် ပုံစံတစ်ရပ်သာ ဖြစ်ကြောင်း မှတ်ယူကြရန် ဖြစ်လေသည်။ civil disobedience အား တာလီဘန်အုပ်ချုပ်သော အာဖဂန်နစ္စတန်၊ ဆော်ဒီအာရေဗီးယား၊ မြောက်ကိုးရီးယား တို့ကဲ့သို့သော နိုင်ငံများတွင် လုပ်ဆောင်နိုင်ရန် အခြေအနေ နှင့် အကျိုးထင်နိုင်ခြေ တို့ နည်းပါးပေသည်။

● ပူးတွဲပါ ဓါတ်ပုံမှာ – CDM ဆရာတစ်ဦးဖြစ်သည့် ဦးဆွေဝင်းအား ဖမ်းဆီးထားသူများက ဒူးထောက်ဝန်ခံခိုင်းနေပုံ ဖြစ်သည် ဟု ဆိုပါသည်။ ရွှေဘိုမြို့နယ် တအုံကျေးရွာ အထက်တန်းကျောင်းကနေ ကျောင်းမတက် CDM လုပ်နေသော အထက်တန်းပြဆရာ ဦးဆွေဝင်း (၄၆-နှစ်) အား ၂၀၂၁-ခုနှစ် သြဂုတ်လ (၂၅) ရက် နံနက်ပိုင်းအချိန် ရွှေဘိုမြို့နယ် ပလိုင်းကျေးရွာ ဓမ္မစကူးလ် ဘုန်းတော်ကြီး​ကျောင်းဝင်း၌ ယခုကဲ့သို့ ဒူးထောက်ခိုင်းထားခဲ့သည် ဟု ဆိုပါသည်။

KZO
(၂၈-၀၈-၂၀၂၁)

[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၁၅)]

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s