
[ Zawgyi font First / Unicode below ]
အသၽွင္ဥတၱမ ႏွင့္ တြဲေရးခြဲေရး မွတ္စု
ဆရာေတာ္၏ ႏိုင္ငံေရး
● ေဒါက္တာဘေမာ္၏ ျပန္ေျပာင္း ေရးသားခ်က္မ်ားအရ ၁၉-ရာစု အေစာပိုင္းကာလ ၿဗိတိသွ်လက္ေအာက္ ျမန္မာ့စီးပြားေရး ႏိုင္ငံေရး အေျခအေနအရပ္ရပ္ကို ထိန္းခ်ဳပ္ထားသူမ်ားကား – ထိပ္ပိုင္းတြင္ ၿဗိတိသွ်အင္ပါယာ၏ ကိုယ္စားလွယ္ ၿဗိတိသွ်လူျဖဴမ်ား၊ အလယ္ပိုင္းတြင္ အိႏၵိယႏြယ္ဖြား ႏွင့္ တရုတ္ စီးပြားေရး အသိုက္အ၀န္း၊ ေအာက္ေျခအလႊာပိုင္းတြင္ အႏၵိယ အလုပ္ၾကမ္းသမားမ်ား၊ အိႏၵိယႏြယ္ဖြား ကူလီမ်ား လႊမ္းမိုးထားေလရာ ဗမာျပည္၏ မူရင္းပိုင္ရွင္ ဇာတိလူမ်ိဳးမ်ားကား မည့္သည့္ေနရာကိုမွ မရ၊ မိမိတိုင္းျပည္တြင္ပင္ ေဘးထြက္ထိုင္ေနၾကရေလသည္။ ၿဗိတိသွ်တို႔ ျပ႒ာန္းထားေသာ မမွ်တေသာ ဥပေဒတို႔ ေအာက္တြင္ ေအာက္ျမန္မာႏုိင္ငံ၏ ထက္၀က္ခန္႔မွ်ေသာ လယ္ေျမတို႔မွာ အိႏၵိယႏြယ္ဖြား ခ်စ္တီး ေငြေခ်းစားသူမ်ား လက္ေအာက္သို႔ က်ေရာက္ကုန္ေလသည္။ ဤကား ေဒါက္တာဗေမာ္၏ တင္ျပခ်က္တည္း။
● ထိုသို႔ေသာ ေအာက္က်ေနာက္က်ဘ၀ မွရုန္းထြက္ၾကရန္လိုအပ္ေနေၾကာင္း အေျခအေနသစ္တစ္ရပ္ ျဖစ္ထြန္းလာ၏။
“ထိုသို႔ေသာ အေျခအေနသစ္သည္ ပံုရိပ္သစ္မ်ားကို ေမြးထုတ္ေလသည္။ ထို႔ပံုရိပ္သစ္မ်ားအနက္ တစ္ရပ္မွာ အသွ်င္ ဦးဥတၱမ ျဖစ္ေလသည္။ အမ်ိဳး၊ ဘာသာ ႏွင့္တကြ ထိုႏွစ္ရပ္တို႔၏ စုစည္းမႈအင္အားျဖင့္ ထုတ္လႊတ္လိုက္ေသာ အင္အားစုမ်ား (တစ္နည္း၊ ထိုကာလ ႏိုင္ငံေရးႏိုးၾကားမႈမ်ား) အား လူပုဂၢိဳလ္ အျဖစ္ ကြက္ကြက္ကြင္းကြင္း ပံုုျပဳႏိုင္သူမွာ ဆရာေတာ္ ဦးဥတၱမ မွလြဲ၍ မည္သူမွ် မရွိေခ်။ (ျမန္မာ့လြတ္လပ္ေရး ႏိုးၾကားမႈပံုရိပ္သည္ပင္လွ်င္ ဆရာေတာ္ ဦးဥတၱမေပတည္း ဟု ဆိုလိုေပသည္။) ဗမာ့ႏိုင္ငံေရးေလာက၏ ကနဦးဆံုးေသာ ရဲရင့္ျပင္းထန္အသံရွင္မွာ ဆရာေတာ္ဦးဥတၱမ ျဖစ္ေလသည္။ ထိုအသံကို နားေထာင္ရန္လို႔ငွာ မ်ားစြာေသာ လူထု အစုအခဲတို႔သည္ သူ႔ထံသို႔ လာေရာက္စုေ၀းနားေထာင္ၾကေလသည္။ ၾကားရေသာစကားမ်ားကို တဖန္ျပန္လည္ ေ၀ငွၾကျပန္သည္။ ထိုဘုန္းေတာ္ႀကီးကား အမွန္တကယ္ပင္ မဟာ့မဟာ လက္မြန္မဆြ အင္အားႀကီး ေပတည္း။ လူထုအား ဆြဲယမ္းလႈပ္ခါေသာ မုန္တိုင္းႀကီးေပတည္း။ ထိုကဲ့သို႔ ဆြဲယမ္းလႈပ္ခါမႈမ်ိဳးကို ဗမာလူထု၏ ရင္ထဲအသည္းထဲက ေမွ်ာ္လင့္ေစာင့္စားေနၾကခ်ိန္တြင္ အခ်ိန္ကိုက္ လာေရာက္တိုက္ခတ္ လႈပ္ခါေသာ မုန္တိုင္းႀကီးပင္ ျဖစ္ေပသတည္း။”
“The new situation quickly produced its images. One of them was U Ottama, a Buddhist monk who more vividly than anyone else personified the unity of race and religion and the forces they had released. His was the first bold, radical voice in Burmese politics, and the masses flocked to hear it and passed on the words to others. This monk was definitely a great archetypal force, a storm in fact that shook the people at a time when they waited in their hearts for such a shaking.”
● အသွ်င္ ဦးဥတၱမ ေဆာ္ၾသခဲ့ေသာ ႏိုင္ငံေရးလမ္းေၾကာင္းမ်ား၊ ႏိုင္ငံေရးတုန္႔ျပန္မႈမ်ားအနက္ မွတ္သားဖြယ္ရာအခ်ိဳ႕မွာ –
- တစ္တိုင္းျပည္လံုး လူျဖဴသခင္ႀကီးမ်ား၊ လူျဖဴသခင္တို႔၏ အခိုင္းအေစမ်ားကို ဖိန္႔ဖိန္႔တုန္မွ် နားရြက္မလႈပ္၀ံ့ဘဲ ေၾကာက္ရြံ႕ေနၾကခ်ိန္တြင္ ဘာမွ ေၾကာက္စရာမရွိေၾကာင္း နမူနာလမ္းျပအျဖစ္ ျမန္မာျပည္ ဘုရင္ခံ ကရက္ေဒါက္အား အိတ္ဖြင့္ေပးစာ ေပးပို႔လ်က္ “ကရက္ေဒါက္ ထြက္သြား” ဟု ႏွင္ထုတ္ျခင္း၊
- ေပၚထြန္းခါစ ၀ိုင္အမ္ဘီေအ အသင္းႀကီးတြင္ တာ၀န္ေနရာမ်ားအား ရာသက္ပန္ ခန္႔အပ္ထားျခင္း မျပဳဘဲ ကာလအလိုက္ ေရြးေကာက္တင္ေျမွာက္သည့္ စနစ္ျဖင့္ တင္ေျမွာက္ၾကရန္ လမ္းျပ ၾသ၀ါဒေပးျခင္း၊
- ၿဗိတိသွ်တို႔ ခ်ေပးေသာ ပညာေရးမွ လမ္းခြဲလ်က္ အမ်ိဳးသားပညာေရးကို အားေပးၾကဖို႔ရန္ ေဆာ္ၾသျခင္း၊
- အဂၤလိပ္ထုတ္ကုန္ပစၥည္း မွန္သမွ် တို႔အား သပိတ္ေမွာက္ၾကလ်က္ အႏုနည္းျဖင့္ ဆန္႔က်င္ၾကရန္ က်ယ္က်ယ္ျပန္႔ျပန္႔ ေဟာေျပာ ေဆာ္ၾသျခင္း၊
- ဒိုင္အာခီ (ေခၚ) ၿဗိတိသွ်မ်ား ခန္႔အပ္သူမ်ားက တစ္၀က္ ေရြးေကာက္တင္ေျမွာက္ခံရသူမ်ားက တစ္၀က္ အုပ္ခ်ဳပ္သည့္ စနစ္အား လက္မခံဘဲ၊ အိုင္ယာလန္ျပည္၏ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ရရွိေရးႀကိဳးပမ္းမႈ Irish Home Rule Movement ကိုအတုယူလ်က္ ဇာတိျပည္သားတို႔၏ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ဟုမ္းရူးလ္ ရရွိေရးအတြက္သာလွ်င္ စိုက္လိုက္မတ္တတ္ ေတာင္းဆို ေဟာေျပာ ႏိႈးေဆာ္ျခင္း၊
- အိႏၵိယအတြင္းမွ ျမန္မာျပည္ကို သီးျခားခြဲထုတ္အုပ္ခ်ဳပ္ေရး ျပဳသင့္ မျပဳသင့္ အဆံုးအျဖတ္ဆိုင္ရာ လႈပ္ရွားအားထုတ္မႈတြင္ အိႏိၵယႏွင့္ တြဲေရးဘက္က ရပ္တည္ ေဟာေျပာ ႏိႈးေဆာ္ျခင္း၊ (၁၉၃၂-ခုႏွစ္)
- ၁၉၃၇-ခုႏွစ္ ေရြးေကာက္ပြဲတြင္ ငါးပြင့္ဆိုင္အဖြဲ႕ကို အားေပးလ်က္ ေဟာေျပာႏိႈးေဆာ္ျခင္း၊ – တို႔ ျဖစ္ၾကသည္။
တြဲေရးခြဲေရး ျပန္ေျပာင္းသံုးသပ္ခ်က္
● ၿဗိတိသွ်အင္ပါယာ၏ တစ္စိတ္တစ္ပိုင္းျဖစ္သည့္ ၿဗိတိသွ် အိႏၵိယ (British India) ထဲကေန ျမန္မာႏိုင္ငံကို သီးျခားခြဲထုတ္သင့္ မခြဲထုတ္သင့္အေရးတြင္ အမ်ားစုက အဓိကထား စဥ္းစားၾကေသာ ရႈေထာင့္ႏွစ္ခုမွာ – တစ္၊ အိႏၵိယသားမ်ား အလံုးအရင္းျဖင့္ ျမန္မာျပည္ကို အဆက္မျပတ္၀င္ေရာက္လာေနသည့္အတြက္ စိုးရိမ္မႈ ႀကီးသထက္ႀကီးလာၾကျခင္း၊ ႏွင့္ ျမန္မာျပည္မွ ရေသာအခြန္အတုတ္၀င္ေငြမ်ားရာစုကို အိႏၵိယ တစ္ျပည္လံုး အတြက္ သံုးစြဲေနျခင္း တို႔ ျဖစ္ၾကသည္။
● ခြဲေရးတြဲေရးကို စဥ္းစားခန္းေရာက္သည့္ကာလအထိ ၿဗိတိသွ်လက္ေအာက္ခံ ရန္ကုန္ၿမိဳ႕သည္ အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ၿပီးလွ်င္ ေရျခားေျမျခားလာေရာက္ အေျခခ်သူမ်ား (immigrants) အမ်ားဆံုးၿမိဳ႕ျဖစ္သည္။ ၁၉၃၀ ျပည့္လြန္ႏွစ္မ်ားတြင္ ရန္ကုန္ၿမိဳ႕ေန အိႏၵိယႏြယ္ဖြားမ်ားထံမွ ေကာက္ခံရရွိေသာ ရန္ကုန္ ျမဴနီစပယ္အခြန္သည္ စုစုေပါင္း၏ (၅၅) ရာခိုင္ႏႈန္း ရွိၿပီး၊ ရန္ကုန္ၿမိဳ႕ေန ဗမာမ်ားထံမွ ေကာက္ခံရရွိသည္မ်ာ စုစုေပါင္း၏ (၁၁) ရာခုိင္ႏႈန္းမွ်သာ ရွိသည္။ ထိုအခ်ိန္က ျမန္မာျပည္သည္ ၿဗိတိသွ်လက္ေအာက္ခံ အိႏၵိယ (British Raj) ၏ နယ္ေျမအလိုက္တြင္ အႀကီးဆံုးျပည္နယ္ ျဖစ္ေသာ္လည္း လူဦးေရအားျဖင့္ ကိုးသန္းမွ်သာရွိၿပီး ယင္းႏွင့္ကပ္လ်က္ ဘန္ေဂါလ္ျပည္နယ္၏ လူဦးေရမွာမူ (၇၅) သန္းရွိေနသည့္အခ်က္ကို စိုးရိမ္ၾကသည္။
● ျမန္မာျပည္တြင္း ၿဗိတိသွ်အသိုက္အ၀န္းက ခြဲေရးဘက္က အားေပးရသည့္ အေၾကာင္းရင္းမွာ – အိႏၵိယႏြယ္ဖြားမ်ား ၀င္ေရာက္ေနမႈကို တားဆီးႏိုင္ရန္ အဓိကမဟုတ္ဘဲ တရုတ္ႏြယ္ဖြားမ်ား၀င္ေရာက္လာမႈကို တားဆီးရန္သာ အဓိကျဖစ္သည္ ဟု တခ်ိဳ႕က ဆိုၾကေသာ္လည္း ထိုအခ်က္မွာ မွန္ကန္မႈမရွိေခ်။ ထိုကာလ ကိန္းဂဏန္းမ်ားအရ ေရျခားေျမျခားလာေရာက္ အေျခခ်သူ (immigrant) အေယာက္တစ္ရာတြင္ ကိုးဆယ္မွာ အိႏၵိယႏြယ္ဖြားမ်ား ျဖစ္ၾကသည္။
● ၀တ္လံုေတာ္ရ ဦးျမ က ၁၉၂၈-ခုႏွစ္ထုတ္ သူ၏ “A Plea for Separation of Burma from India” စာအုပ္ငယ္တြင္ – ျမန္မာျပည္သည္ အိႏၵိယ၏ ျပည္နယ္တစ္ခု ျဖစ္ေနသည့္အတြက္ တစ္ႏွစ္လွ်င္ ျမန္မာျပည္၏ အခြန္ေတာ္ရေငြမ်ားအနက္က ရူပီး (၆၈) သန္း ႏွစ္စဥ္ ဆံုးရံႈးေနေၾကာင္း တြက္ခ်က္ျပ၏။ ထိုစဥ္ကာလ ရူပီး (၆၈) သန္း ဆိုသည္မွာ (၁၉၂၇-၂၈) ျမန္မာျပည္ စုစုေပါင္း၀င္ေငြ total revenue ၏ (၆၃) ရာခုိင္ႏႈန္းပင္ ျဖစ္ေလသည္။ ထိုေငြမ်ားကို ျမန္မာျပည္သူျပည္သားမ်ား မသံုးစြဲရဘဲ ဟိုးအေနာက္ဘက္ အာဖဂန္နစၥတန္ အပါအဝင္ အထိက်ယ္ျပန္႔ေသာ အိႏၵိယနယ္ေျမမ်ား၏ အုပ္ခ်ဳပ္ေရး တည္ေဆာက္ေရးတို႔တြင္သာ သံုးစြဲေနေၾကာင္း ေထာက္ျပခဲ့သည္။ (လက္ရွိ မ်က္ေမွာက္ေခတ္ ရခုိင္ကမ္းေျခအပါအ၀င္ ရခုိင္ျပည္နယ္ ႏွင့္ ျမန္မာတစ္ျပည္လံုးတို႔ ဆက္သြယ္ခ်က္ကိုလည္း အလားတူႏိႈင္းယဥ္စဥ္းစားၾကည့္ႏိုင္သည္။)
● ျမန္မာျပည္တြင္း ၿဗိတိသွ်အသိုက္အ၀န္းက ခြဲေရးဘက္က အားေပးရသည့္ အေၾကာင္းရင္းမွာ – ျမန္မာႏိုင္ငံ၏ အမ်ိဳးသားေရးလႈပ္ရွားမႈကို အိႏၵိယ၏ အမ်ိဳးသားေရးလႈပ္ရွားမႈႏွင့္ ခြဲထုတ္ပစ္ႏိုင္ရန္ ျဖစ္သည္ ဆိုသည့္အခ်က္မွာမူကား မွန္ကန္မႈ ရွိေကာင္း ရွိႏိုင္သည္။ ထိုအခ်က္ကို ဆရာေတာ္ ဦးဥတၱမကလည္း ေထာက္ျပလ်က္ မခြဲခြာေရးအတြက္ သတိေပးခ်က္ ထုတ္ျပန္ခဲ့သည္။ “ၿဗိတိသွ်အစိုးရအေနျဖင့္ ျမန္မာအမ်ိဳးသားတို႔၏ ၀ံသာႏုစိတ္ဓါတ္ကို ခ်ိဳးႏွိမ္ရန္ အိႏၵိယအမ်ိဳးသား ၀ံသာႏုမ်ား၏ လႈပ္ရွားမႈမ်ား ျမန္မာႏိုင္ငံသို႔ ကူးစက္ပ်ံ႕ႏွံ႔ မလာႏိုင္ရန္အတြက္ ခြဲခြာေစလိုျခင္း ျဖစ္သည္” ဟု တင္ျပခဲ့သည္။
သင္ခန္းစာ
● ဦးဥတၱမသည္ ျမန္မာႏိုင္ငံလြတ္လပ္ေရးအတြက္ ပထမဦးဆံုး မ်က္စိဖြင့္ေပးခဲ့သူျဖစ္ေသာ္လည္း အျခားတစ္ဘက္တြင္ကား နယ္ခ်ဲ႕ဆန္႔က်င္ေရးႏွင့္ အာရွတိုက္သားမ်ား ေကာင္းစားႀကီးပြားေရး၀ါဒီ ျဖစ္ေလသည္။ သူ၏ မိန္႔ခြန္းမ်ားတြင္ “ရခုိင္ျပည္သားဇာတိျဖစ္ျခင္း” အား ရွားရွားပါးပါး ထည့္သြင္းေျပာဆိုဖူးျခင္း ရွိသည္ကလြဲ၍ ရခိုင္လူမ်ိဳးတို႔ႏွင့္ ရခိုင္ျပည္အက်ိဳးအလို႔ငွာ သီးျခားေျပာဆိုဖူးျခင္းတို႔ မရွိခဲ့ေပ။ ယင္း၏ အျခားတစ္ဖက္တြင္ကား အိႏၵိယျပည္လံုးဆိုင္ရာ ဟင္ဒူမဟာဆဗၺ အသင္းႀကီး၏ ဥကၠ႒အျဖစ္ ေဆာင္ရြက္ဖူးျခင္း၊ လြတ္လပ္ေရးတိုက္ပြဲ၀င္ အိႏၵိယျပည္ ကြန္ကရက္အသင္းႀကီးႏွင့္ အခါအားေလ်ာ္စြာ ဆက္စပ္ေဆာင္ရြက္ျခင္း၊ ဘာသာစကားမ်ားစြာတို႔ကို တတ္ပြန္လ်က္ ႏိုင္ငံအမ်ားတို႔တြင္ ပညာဆည္းပူးလ်က္/ပို႔ခ်လ်က္ ေနထိုင္ဖူးျခင္း စသည့္ ျဖတ္သန္းမႈမ်ားအား အေျခခံလ်က္ က်ယ္ျပန္႔ေသာ လူမ်ိဳးတို႔ ဌာေနတို႔၏ အက်ိဳးကို သယ္ပိုးလိုေသာ စိတ္ထားျဖင့္ ႏိုင္ငံေရးလုပ္ရပ္မ်ား လုပ္ေဆာင္ခဲ့ပံု ရေလသည္။ ရခိုင္လူမ်ိဳးတို႔ကား ဆရာေတာ္အား ေလးစားပင္ ေလးစားၿမဲ ျဖစ္ၾကေသာ္လည္း ေၾသာ္ ရခိုင္ျပည္/ရခုိင္လူမ်ိဳးတို႔၏ ဘ၀ကား ဆရာေတာ္ဦးဥတၱမ တည္းဟူေသာ ဖေယာင္းတိုင္ ေျခရင္းပမာ အလင္းေရာင္မက်ေရာက္ဘဲ ေမွာင္မည္းရရွာေလသည္ ဟုသာ ေရရြတ္ၾကရရွာေလသည္။
● ျပည္မသားတို႔ကား ဆရာေတာ္အား ေခတ္အဆက္ဆက္ သမိုင္းစာမ်က္ႏွာမ်ားထဲမွ ထုတ္ႏိုင္သေလာက္ ထုတ္ပစ္ႏိုင္ရန္ ႀကိဳးစားၾကေလသည္။ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေ၀စိန္ေအာင္က “စက္တင္ဘာလ (၉) ရက္ေန႔ကို ျမန္မာႏိုင္ငံ၏ ရံုးပိတ္ရက္အျဖစ္ (သို႔မဟုတ္) ရခိုင္ျပည္နယ္အစိုးရ ရံုးပိတ္ရက္အျဖစ္ သတ္မွတ္ေပးရန္ အစီအစဥ္ ရွိ/မရွိ” ဟု ၂၀၁၉-ခုႏွစ္က လႊတ္ေတာ္တြင္ ေမးျမန္းခဲ့ရာ – ဟုတ္တယ္၊ လြတ္လပ္ေရးႀကိဳးပမ္းမႈေတြထဲမွာ ပါ၀င္ခဲ့တဲ့ ေခါင္းေဆာင္ေတြထဲကတစ္ဦး ျဖစ္တယ္၊ ဦးဥတၱမေန႔ကို သတ္မွတ္ေပးလိုက္ရင္ အျခားတိုင္းရင္းသားေခါင္းေဆာင္ေတြ အတြက္လည္း ေတာင္းဆိုလာႏိုင္တယ္ ဟု အဓိပၸါယ္ျဖင့္ ေျဖၾကားခံခဲ့ရရာ ဦးဥတၱမအား သာမန္ႏိုင္ငံေရးသမားငယ္အျဖစ္သာ မွတ္တမ္း၀င္ေနေစလိုေသာ သေဘာရွိေနသည္ကို ေတြ႕ရေပသည္။ ၁၉၃၅-ခုႏွစ္တြင္ (၉၁) ဌာနအုပ္ခ်ဳပ္ေရးစတင္ၿပီးေနာက္ ႏိုင္ငံေရးအကြဲအၿပဲမ်ားအၾကား၌ ဆရာေတာ္အား ႏိုင္ငံေရးအယူအဆ မတူသူမ်ားက အမ်ိဳးမ်ိဳးစြပ္စြဲေျပာဆိုမႈမ်ား ရွိလာခဲ့ရာကေန – သည္ကေန႔အထိ ဆရာေတာ္ကို ျမန္မာႏိုင္ငံေရးသမိုင္းမွာ အေရာင္မွိန္ေစလိုၾကဆဲပင္ ျဖစ္ပါသည္။
● ဦးဥတၱမ၏ ႏိုင္ငံေရးျဖတ္သန္းမႈမ်ားမွ ထုတ္ယူႏိုင္ေသာ သင္ခန္းစာတစ္ရပ္အျဖစ္ ရခုိင့္ဦးေဆာင္ပါတီ၏ (၀၆-၀၂-၂၀၂၁) ရက္ေန႔ ထုတ္ျပန္ခ်က္မွ ပထမစာပုိဒ္အား ထပ္ဆင့္ တင္ျပလိုက္ရပါသည္။ “ျမန္မာ့လြတ္လပ္ေရး ေခတ္ဦးကာလကပင္ ျပည္မႏိုင္ငံေရးထဲတြင္ ဆရာေတာ္ ဦးဥတၱမကဲ့သို႔ေသာ ရခိုင္အမ်ိဳးသား ႏုိင္ငံေရးသမားမ်ား ဦးေဆာင္ဦးရြက္ ပါ၀င္လာခဲ့ေသာ္လည္း ရခိုင္တို႔၏ နင္းျပားအေျခအေနမွာ မည္သည့္ ဗဟိုအစိုးရပင္တက္တက္ ေျပာင္းလဲသြားခဲ့ျခင္း မရွိပါ။ ျပည္မ ဗဟိုအစိုးရအာဏာအတြက္ အားၿပိဳင္ၾကသည့္ မည္သည့္ဘက္ျခမ္းပင္ျဖစ္ေစ ရခိုင္အပါအ၀င္ တိုင္းရင္းသားတို႔၏ ရပိုင္ခြင့္တို႔အား ခ်ဳပ္ခ်ယ္ခဲ့ၾကရာတြင္ အတူတူပင္ ျဖစ္ေၾကာင္း လက္ေတြ႔သမိုင္းျဖစ္ရပ္မ်ားက သက္ေသျပၿပီး ျဖစ္ပါသည္။”
KZO
(၀၈-၀၉-၂၀၂၁)
[လူငယ္မ်ားအတြက္ ႏိုင္ငံေရးမွတ္စုတိုမ်ား (၁၉)]
#ShortNotesOnPoliticsForYouth
#KyawZawOo
#KZO
==========
အသျှင်ဥတ္တမ နှင့် တွဲရေးခွဲရေး မှတ်စု
ဆရာတော်၏ နိုင်ငံရေး
● ဒေါက်တာဘမော်၏ ပြန်ပြောင်း ရေးသားချက်များအရ ၁၉-ရာစု အစောပိုင်းကာလ ဗြိတိသျှလက်အောက် မြန်မာ့စီးပွားရေး နိုင်ငံရေး အခြေအနေအရပ်ရပ်ကို ထိန်းချုပ်ထားသူများကား – ထိပ်ပိုင်းတွင် ဗြိတိသျှအင်ပါယာ၏ ကိုယ်စားလှယ် ဗြိတိသျှလူဖြူများ၊ အလယ်ပိုင်းတွင် အိန္ဒိယနွယ်ဖွား နှင့် တရုတ် စီးပွားရေး အသိုက်အဝန်း၊ အောက်ခြေအလွှာပိုင်းတွင် အန္ဒိယ အလုပ်ကြမ်းသမားများ၊ အိန္ဒိယနွယ်ဖွား ကူလီများ လွှမ်းမိုးထားလေရာ ဗမာပြည်၏ မူရင်းပိုင်ရှင် ဇာတိလူမျိုးများကား မည့်သည့်နေရာကိုမှ မရ၊ မိမိတိုင်းပြည်တွင်ပင် ဘေးထွက်ထိုင်နေကြရလေသည်။ ဗြိတိသျှတို့ ပြဋ္ဌာန်းထားသော မမျှတသော ဥပဒေတို့ အောက်တွင် အောက်မြန်မာနိုင်ငံ၏ ထက်ဝက်ခန့်မျှသော လယ်မြေတို့မှာ အိန္ဒိယနွယ်ဖွား ချစ်တီး ငွေချေးစားသူများ လက်အောက်သို့ ကျရောက်ကုန်လေသည်။ ဤကား ဒေါက်တာဗမော်၏ တင်ပြချက်တည်း။
● ထိုသို့သော အောက်ကျနောက်ကျဘဝ မှရုန်းထွက်ကြရန်လိုအပ်နေကြောင်း အခြေအနေသစ်တစ်ရပ် ဖြစ်ထွန်းလာ၏။
“ထိုသို့သော အခြေအနေသစ်သည် ပုံရိပ်သစ်များကို မွေးထုတ်လေသည်။ ထို့ပုံရိပ်သစ်များအနက် တစ်ရပ်မှာ အသျှင် ဦးဥတ္တမ ဖြစ်လေသည်။ အမျိုး၊ ဘာသာ နှင့်တကွ ထိုနှစ်ရပ်တို့၏ စုစည်းမှုအင်အားဖြင့် ထုတ်လွှတ်လိုက်သော အင်အားစုများ (တစ်နည်း၊ ထိုကာလ နိုင်ငံရေးနိုးကြားမှုများ) အား လူပုဂ္ဂိုလ် အဖြစ် ကွက်ကွက်ကွင်းကွင်း ပုုံပြုနိုင်သူမှာ ဆရာတော် ဦးဥတ္တမ မှလွဲ၍ မည်သူမျှ မရှိချေ။ (မြန်မာ့လွတ်လပ်ရေး နိုးကြားမှုပုံရိပ်သည်ပင်လျှင် ဆရာတော် ဦးဥတ္တမပေတည်း ဟု ဆိုလိုပေသည်။) ဗမာ့နိုင်ငံရေးလောက၏ ကနဦးဆုံးသော ရဲရင့်ပြင်းထန်အသံရှင်မှာ ဆရာတော်ဦးဥတ္တမ ဖြစ်လေသည်။ ထိုအသံကို နားထောင်ရန်လို့ငှာ များစွာသော လူထု အစုအခဲတို့သည် သူ့ထံသို့ လာရောက်စုဝေးနားထောင်ကြလေသည်။ ကြားရသောစကားများကို တဖန်ပြန်လည် ဝေငှကြပြန်သည်။ ထိုဘုန်းတော်ကြီးကား အမှန်တကယ်ပင် မဟာ့မဟာ လက်မွန်မဆွ အင်အားကြီး ပေတည်း။ လူထုအား ဆွဲယမ်းလှုပ်ခါသော မုန်တိုင်းကြီးပေတည်း။ ထိုကဲ့သို့ ဆွဲယမ်းလှုပ်ခါမှုမျိုးကို ဗမာလူထု၏ ရင်ထဲအသည်းထဲက မျှော်လင့်စောင့်စားနေကြချိန်တွင် အချိန်ကိုက် လာရောက်တိုက်ခတ် လှုပ်ခါသော မုန်တိုင်းကြီးပင် ဖြစ်ပေသတည်း။”
“The new situation quickly produced its images. One of them was U Ottama, a Buddhist monk who more vividly than anyone else personified the unity of race and religion and the forces they had released. His was the first bold, radical voice in Burmese politics, and the masses flocked to hear it and passed on the words to others. This monk was definitely a great archetypal force, a storm in fact that shook the people at a time when they waited in their hearts for such a shaking.”
● အသျှင် ဦးဥတ္တမ ဆော်သြခဲ့သော နိုင်ငံရေးလမ်းကြောင်းများ၊ နိုင်ငံရေးတုန့်ပြန်မှုများအနက် မှတ်သားဖွယ်ရာအချို့မှာ –
- တစ်တိုင်းပြည်လုံး လူဖြူသခင်ကြီးများ၊ လူဖြူသခင်တို့၏ အခိုင်းအစေများကို ဖိန့်ဖိန့်တုန်မျှ နားရွက်မလှုပ်ဝံ့ဘဲ ကြောက်ရွံ့နေကြချိန်တွင် ဘာမှ ကြောက်စရာမရှိကြောင်း နမူနာလမ်းပြအဖြစ် မြန်မာပြည် ဘုရင်ခံ ကရက်ဒေါက်အား အိတ်ဖွင့်ပေးစာ ပေးပို့လျက် “ကရက်ဒေါက် ထွက်သွား” ဟု နှင်ထုတ်ခြင်း၊
- ပေါ်ထွန်းခါစ ၀ိုင်အမ်ဘီအေ အသင်းကြီးတွင် တာဝန်နေရာများအား ရာသက်ပန် ခန့်အပ်ထားခြင်း မပြုဘဲ ကာလအလိုက် ရွေးကောက်တင်မြှောက်သည့် စနစ်ဖြင့် တင်မြှောက်ကြရန် လမ်းပြ သြဝါဒပေးခြင်း၊
- ဗြိတိသျှတို့ ချပေးသော ပညာရေးမှ လမ်းခွဲလျက် အမျိုးသားပညာရေးကို အားပေးကြဖို့ရန် ဆော်သြခြင်း၊
- အင်္ဂလိပ်ထုတ်ကုန်ပစ္စည်း မှန်သမျှ တို့အား သပိတ်မှောက်ကြလျက် အနုနည်းဖြင့် ဆန့်ကျင်ကြရန် ကျယ်ကျယ်ပြန့်ပြန့် ဟောပြော ဆော်သြခြင်း၊
- ဒိုင်အာခီ (ခေါ်) ဗြိတိသျှများ ခန့်အပ်သူများက တစ်ဝက် ရွေးကောက်တင်မြှောက်ခံရသူများက တစ်ဝက် အုပ်ချုပ်သည့် စနစ်အား လက်မခံဘဲ၊ အိုင်ယာလန်ပြည်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးကြိုးပမ်းမှု Irish Home Rule Movement ကိုအတုယူလျက် ဇာတိပြည်သားတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဟုမ်းရူးလ် ရရှိရေးအတွက်သာလျှင် စိုက်လိုက်မတ်တတ် တောင်းဆို ဟောပြော နှိုးဆော်ခြင်း၊
- အိန္ဒိယအတွင်းမှ မြန်မာပြည်ကို သီးခြားခွဲထုတ်အုပ်ချုပ်ရေး ပြုသင့် မပြုသင့် အဆုံးအဖြတ်ဆိုင်ရာ လှုပ်ရှားအားထုတ်မှုတွင် အိန္ဒိယနှင့် တွဲရေးဘက်က ရပ်တည် ဟောပြော နှိုးဆော်ခြင်း၊ (၁၉၃၂-ခုနှစ်)
- ၁၉၃၇-ခုနှစ် ရွေးကောက်ပွဲတွင် ငါးပွင့်ဆိုင်အဖွဲ့ကို အားပေးလျက် ဟောပြောနှိုးဆော်ခြင်း၊ – တို့ ဖြစ်ကြသည်။
တွဲရေးခွဲရေး ပြန်ပြောင်းသုံးသပ်ချက်
● ဗြိတိသျှအင်ပါယာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ဗြိတိသျှ အိန္ဒိယ (British India) ထဲကနေ မြန်မာနိုင်ငံကို သီးခြားခွဲထုတ်သင့် မခွဲထုတ်သင့်အရေးတွင် အများစုက အဓိကထား စဉ်းစားကြသော ရှုထောင့်နှစ်ခုမှာ – တစ်၊ အိန္ဒိယသားများ အလုံးအရင်းဖြင့် မြန်မာပြည်ကို အဆက်မပြတ်ဝင်ရောက်လာနေသည့်အတွက် စိုးရိမ်မှု ကြီးသထက်ကြီးလာကြခြင်း၊ နှင့် မြန်မာပြည်မှ ရသောအခွန်အတုတ်ဝင်ငွေများရာစုကို အိန္ဒိယ တစ်ပြည်လုံး အတွက် သုံးစွဲနေခြင်း တို့ ဖြစ်ကြသည်။
● ခွဲရေးတွဲရေးကို စဉ်းစားခန်းရောက်သည့်ကာလအထိ ဗြိတိသျှလက်အောက်ခံ ရန်ကုန်မြို့သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ပြီးလျှင် ရေခြားမြေခြားလာရောက် အခြေချသူများ (immigrants) အများဆုံးမြို့ဖြစ်သည်။ ၁၉၃၀ ပြည့်လွန်နှစ်များတွင် ရန်ကုန်မြို့နေ အိန္ဒိယနွယ်ဖွားများထံမှ ကောက်ခံရရှိသော ရန်ကုန် မြူနီစပယ်အခွန်သည် စုစုပေါင်း၏ (၅၅) ရာခိုင်နှုန်း ရှိပြီး၊ ရန်ကုန်မြို့နေ ဗမာများထံမှ ကောက်ခံရရှိသည်မျာ စုစုပေါင်း၏ (၁၁) ရာခိုင်နှုန်းမျှသာ ရှိသည်။ ထိုအချိန်က မြန်မာပြည်သည် ဗြိတိသျှလက်အောက်ခံ အိန္ဒိယ (British Raj) ၏ နယ်မြေအလိုက်တွင် အကြီးဆုံးပြည်နယ် ဖြစ်သော်လည်း လူဦးရေအားဖြင့် ကိုးသန်းမျှသာရှိပြီး ယင်းနှင့်ကပ်လျက် ဘန်ဂေါလ်ပြည်နယ်၏ လူဦးရေမှာမူ (၇၅) သန်းရှိနေသည့်အချက်ကို စိုးရိမ်ကြသည်။
● မြန်မာပြည်တွင်း ဗြိတိသျှအသိုက်အဝန်းက ခွဲရေးဘက်က အားပေးရသည့် အကြောင်းရင်းမှာ – အိန္ဒိယနွယ်ဖွားများ ဝင်ရောက်နေမှုကို တားဆီးနိုင်ရန် အဓိကမဟုတ်ဘဲ တရုတ်နွယ်ဖွားများဝင်ရောက်လာမှုကို တားဆီးရန်သာ အဓိကဖြစ်သည် ဟု တချို့က ဆိုကြသော်လည်း ထိုအချက်မှာ မှန်ကန်မှုမရှိချေ။ ထိုကာလ ကိန်းဂဏန်းများအရ ရေခြားမြေခြားလာရောက် အခြေချသူ (immigrant) အယောက်တစ်ရာတွင် ကိုးဆယ်မှာ အိန္ဒိယနွယ်ဖွားများ ဖြစ်ကြသည်။
● ဝတ်လုံတော်ရ ဦးမြ က ၁၉၂၈-ခုနှစ်ထုတ် သူ၏ “A Plea for Separation of Burma from India” စာအုပ်ငယ်တွင် – မြန်မာပြည်သည် အိန္ဒိယ၏ ပြည်နယ်တစ်ခု ဖြစ်နေသည့်အတွက် တစ်နှစ်လျှင် မြန်မာပြည်၏ အခွန်တော်ရငွေများအနက်က ရူပီး (၆၈) သန်း နှစ်စဉ် ဆုံးရှုံးနေကြောင်း တွက်ချက်ပြ၏။ ထိုစဉ်ကာလ ရူပီး (၆၈) သန်း ဆိုသည်မှာ (၁၉၂၇-၂၈) မြန်မာပြည် စုစုပေါင်းဝင်ငွေ total revenue ၏ (၆၃) ရာခိုင်နှုန်းပင် ဖြစ်လေသည်။ ထိုငွေများကို မြန်မာပြည်သူပြည်သားများ မသုံးစွဲရဘဲ ဟိုးအနောက်ဘက် အာဖဂန်နစ္စတန်အပါအဝင် အထိကျယ်ပြန့်သော အိန္ဒိယနယ်မြေများ၏ အုပ်ချုပ်ရေး တည်ဆောက်ရေးတို့တွင်သာ သုံးစွဲနေကြောင်း ထောက်ပြခဲ့သည်။ (လက်ရှိ မျက်မှောက်ခေတ် ရခိုင်ကမ်းခြေအပါအဝင် ရခိုင်ပြည်နယ် နှင့် မြန်မာတစ်ပြည်လုံးတို့ ဆက်သွယ်ချက်ကိုလည်း အလားတူနှိုင်းယဉ်စဉ်းစားကြည့်နိုင်သည်။)
● မြန်မာပြည်တွင်း ဗြိတိသျှအသိုက်အဝန်းက ခွဲရေးဘက်က အားပေးရသည့် အကြောင်းရင်းမှာ – မြန်မာနိုင်ငံ၏ အမျိုးသားရေးလှုပ်ရှားမှုကို အိန္ဒိယ၏ အမျိုးသားရေးလှုပ်ရှားမှုနှင့် ခွဲထုတ်ပစ်နိုင်ရန် ဖြစ်သည် ဆိုသည့်အချက်မှာမူကား မှန်ကန်မှု ရှိကောင်း ရှိနိုင်သည်။ ထိုအချက်ကို ဆရာတော် ဦးဥတ္တမကလည်း ထောက်ပြလျက် မခွဲခွာရေးအတွက် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ “ဗြိတိသျှအစိုးရအနေဖြင့် မြန်မာအမျိုးသားတို့၏ ဝံသာနုစိတ်ဓါတ်ကို ချိုးနှိမ်ရန် အိန္ဒိယအမျိုးသား ဝံသာနုများ၏ လှုပ်ရှားမှုများ မြန်မာနိုင်ငံသို့ ကူးစက်ပျံ့နှံ့ မလာနိုင်ရန်အတွက် ခွဲခွာစေလိုခြင်း ဖြစ်သည်” ဟု တင်ပြခဲ့သည်။
သင်ခန်းစာ
● ဦးဥတ္တမသည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ပထမဦးဆုံး မျက်စိဖွင့်ပေးခဲ့သူဖြစ်သော်လည်း အခြားတစ်ဘက်တွင်ကား နယ်ချဲ့ဆန့်ကျင်ရေးနှင့် အာရှတိုက်သားများ ကောင်းစားကြီးပွားရေးဝါဒီ ဖြစ်လေသည်။ သူ၏ မိန့်ခွန်းများတွင် “ရခိုင်ပြည်သားဇာတိဖြစ်ခြင်း” အား ရှားရှားပါးပါး ထည့်သွင်းပြောဆိုဖူးခြင်း ရှိသည်ကလွဲ၍ ရခိုင်လူမျိုးတို့နှင့် ရခိုင်ပြည်အကျိုးအလို့ငှာ သီးခြားပြောဆိုဖူးခြင်းတို့ မရှိခဲ့ပေ။ ယင်း၏ အခြားတစ်ဖက်တွင်ကား အိန္ဒိယပြည်လုံးဆိုင်ရာ ဟင်ဒူမဟာဆဗ္ဗ အသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ဖူးခြင်း၊ လွတ်လပ်ရေးတိုက်ပွဲဝင် အိန္ဒိယပြည် ကွန်ကရက်အသင်းကြီးနှင့် အခါအားလျော်စွာ ဆက်စပ်ဆောင်ရွက်ခြင်း၊ ဘာသာစကားများစွာတို့ကို တတ်ပွန်လျက် နိုင်ငံအများတို့တွင် ပညာဆည်းပူးလျက်/ပို့ချလျက် နေထိုင်ဖူးခြင်း စသည့် ဖြတ်သန်းမှုများအား အခြေခံလျက် ကျယ်ပြန့်သော လူမျိုးတို့ ဌာနေတို့၏ အကျိုးကို သယ်ပိုးလိုသော စိတ်ထားဖြင့် နိုင်ငံရေးလုပ်ရပ်များ လုပ်ဆောင်ခဲ့ပုံ ရလေသည်။ ရခိုင်လူမျိုးတို့ကား ဆရာတော်အား လေးစားပင် လေးစားမြဲ ဖြစ်ကြသော်လည်း သြော် ရခိုင်ပြည်/ရခိုင်လူမျိုးတို့၏ ဘဝကား ဆရာတော်ဦးဥတ္တမ တည်းဟူသော ဖယောင်းတိုင် ခြေရင်းပမာ အလင်းရောင်မကျရောက်ဘဲ မှောင်မည်းရရှာလေသည် ဟုသာ ရေရွတ်ကြရရှာလေသည်။
● ပြည်မသားတို့ကား ဆရာတော်အား ခေတ်အဆက်ဆက် သမိုင်းစာမျက်နှာများထဲမှ ထုတ်နိုင်သလောက် ထုတ်ပစ်နိုင်ရန် ကြိုးစားကြလေသည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင်က “စက်တင်ဘာလ (၉) ရက်နေ့ကို မြန်မာနိုင်ငံ၏ ရုံးပိတ်ရက်အဖြစ် (သို့မဟုတ်) ရခိုင်ပြည်နယ်အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ” ဟု ၂၀၁၉-ခုနှစ်က လွှတ်တော်တွင် မေးမြန်းခဲ့ရာ – ဟုတ်တယ်၊ လွတ်လပ်ရေးကြိုးပမ်းမှုတွေထဲမှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေထဲကတစ်ဦး ဖြစ်တယ်၊ ဦးဥတ္တမနေ့ကို သတ်မှတ်ပေးလိုက်ရင် အခြားတိုင်းရင်းသားခေါင်းဆောင်တွေ အတွက်လည်း တောင်းဆိုလာနိုင်တယ် ဟု အဓိပ္ပါယ်ဖြင့် ဖြေကြားခံခဲ့ရရာ ဦးဥတ္တမအား သာမန်နိုင်ငံရေးသမားငယ်အဖြစ်သာ မှတ်တမ်းဝင်နေစေလိုသော သဘောရှိနေသည်ကို တွေ့ရပေသည်။ ၁၉၃၅-ခုနှစ်တွင် (၉၁) ဌာနအုပ်ချုပ်ရေးစတင်ပြီးနောက် နိုင်ငံရေးအကွဲအပြဲများအကြား၌ ဆရာတော်အား နိုင်ငံရေးအယူအဆ မတူသူများက အမျိုးမျိုးစွပ်စွဲပြောဆိုမှုများ ရှိလာခဲ့ရာကနေ – သည်ကနေ့အထိ ဆရာတော်ကို မြန်မာနိုင်ငံရေးသမိုင်းမှာ အရောင်မှိန်စေလိုကြဆဲပင် ဖြစ်ပါသည်။
● ဦးဥတ္တမ၏ နိုင်ငံရေးဖြတ်သန်းမှုများမှ ထုတ်ယူနိုင်သော သင်ခန်းစာတစ်ရပ်အဖြစ် ရခိုင့်ဦးဆောင်ပါတီ၏ (၀၆-၀၂-၂၀၂၁) ရက်နေ့ ထုတ်ပြန်ချက်မှ ပထမစာပိုဒ်အား ထပ်ဆင့် တင်ပြလိုက်ရပါသည်။ “မြန်မာ့လွတ်လပ်ရေး ခေတ်ဦးကာလကပင် ပြည်မနိုင်ငံရေးထဲတွင် ဆရာတော် ဦးဥတ္တမကဲ့သို့သော ရခိုင်အမျိုးသား နိုင်ငံရေးသမားများ ဦးဆောင်ဦးရွက် ပါဝင်လာခဲ့သော်လည်း ရခိုင်တို့၏ နင်းပြားအခြေအနေမှာ မည်သည့် ဗဟိုအစိုးရပင်တက်တက် ပြောင်းလဲသွားခဲ့ခြင်း မရှိပါ။ ပြည်မ ဗဟိုအစိုးရအာဏာအတွက် အားပြိုင်ကြသည့် မည်သည့်ဘက်ခြမ်းပင်ဖြစ်စေ ရခိုင်အပါအဝင် တိုင်းရင်းသားတို့၏ ရပိုင်ခွင့်တို့အား ချုပ်ချယ်ခဲ့ကြရာတွင် အတူတူပင် ဖြစ်ကြောင်း လက်တွေ့သမိုင်းဖြစ်ရပ်များက သက်သေပြပြီး ဖြစ်ပါသည်။”
KZO
(၀၈-၀၉-၂၀၂၁)
[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၁၉)]
#ShortNotesOnPoliticsForYouth
#KyawZawOo
#KZO
==========