
[ Zawgyi font First / Unicode below ]
အစၥေရးမွတ္စု(၂)။ “အေရးဆိုသမားမ်ားအတြက္ လက္စြဲမ်ား ေရးသားသူ Frank Luntz”
● တစ္ေန႔က အေမရိကန္ၿမိဳ႕တစ္ၿမိဳ႕တြင္ ကိုယ္၀န္ခ်က္ခ်ခြင့္ တရား၀င္ျဖစ္ေရးအတြက္ ဆႏၵျပေနၾကသည့္ သတင္းဗီဒီယိုတစ္ခုကို ၾကည့္ရႈလိုက္ရသည္။ သူတို႔ ေတာင္းဆိုေနသည့္အေရးကို ကိုယ္၀န္ဖ်က္ခ်ခြင့္လိုလားျခင္း (pro-abortion) ဟု ဆႏၵျပသူမ်ားက မသုံးဘဲ ေရြးခ်ယ္ခြင့္လိုလားျခင္း (pro-choice) ဟု သုံးစြဲၾကသည္။ pro-abortion ဟု သုံးစြဲေျပာဆိုပါက ဆန္႔က်င္ဘက္သက္ေရာက္မႈမ်ား ပိုမိုျဖစ္လာနိုင္ေၿခ ရွိျခင္း ရင့္သီးျခင္း တို႔ေၾကာင့္ မိမိတို႔အေရးဆိုမႈ ေအာင္ျမင္ေစရန္အလို႔ငွာ အေကာင္းဖက္ သက္ေရာက္နိုင္ေျခမ်ားေသာ pro-choice ဟူသည့္ စကားလုံးအား စနစ္တက်ေရြးခ်ယ္ သုံးစြဲၾကျခင္း ျဖစ္ေလသည္။
● ထိုနည္းတူစြာ အေၾကာင္းအရာတစ္ရပ္ကို ဆိုးက်ိဳးသက္ေရာက္မႈမ်ားေစရန္အလို႔ငွာျဖစ္ေစ လူအမ်ားျငင္းပယ္မႈ ျဖစ္လာေစရန္အလို႔ငွာ ျဖစ္ေစ တမင္တကာ ပုံရိပ္ဆိုးေစသည့္ စကားလုံးမ်ား သုံးစြဲရသည္လည္း ရွိေပသည္။ ဥပမာအားျဖင့္ – အေမြဆက္ခံရာတြင္ အစိုးရကေကာက္ေသာအခြန္ (Interitance/Estate tax) ကို ဆန္႔က်င္အေရးဆိုလိုသူမ်ားအေနျဖင့္ မူရင္းစကားလုံးအတိုင္း ေျပာဆိုသုံးစြဲျခင္းမျပဳဘဲ Death tax (မသာခြန္) ဟု ရည္ညႊန္းေျပာဆိုသုံးစြဲျခင္းအားျဖင့္ – လူေတြက မိသားစု၀င္ေတြ ေသလို႔ ငိုငိုရယ္ရယ္ျဖစ္ေနရတဲ့အထဲ အစိုးရက အခြန္လာေကာက္ေနတယ္ ဟူေသာ အဓိပၸါယ္ သက္ေရာက္မႈလည္း တပါတည္းပါသြားနိုင္ေပသည္။ ယခင္က Global Warming (ကမၻာႀကီး ပူေႏြးလာျခင္း) ဟူေသာ စကားလုံးအား အသုံးမ်ားၾကေသာ္လည္း ထိုစကားလုံးထက္ ပိုမိုသက္ေရာက္မႈေကာင္းေသာ ပိုမိုဆြဲေဆာင္နိုင္စြမ္းရွိေသာ Climate Change (ရာသီပုံစံ ေျပာင္းလဲလာျခင္း) ဟူေသာ စကားလုံးအား သုံးစြဲသင့္ေၾကာင္း ကၽြမ္းက်င္သူတစ္ေယာက္က စတင္အႀကံျပဳခဲ့ၿပီးေနာက္ပိုင္း ထိုစကားလုံးမွာ အသုံးတြင္က်ယ္လာေလသည္။ ထိုစကားလုံး ႏွစ္လုံးစလုံးက ရည္ညႊန္းေျပာလိုေသာ အေၾကာင္းအရာနယ္ပယ္မွာ အတူတူပင္ ျဖစ္ေလသည္။ အဆိုပါ Death tax ဟူေသာ စကားလုံးႏွင့္ Climate change တည္းဟူေသာ စကားလုံးမ်ား၏ ဖခင္မွာ Dr Frank Luntz ျဖစ္ေပသည္။ ၎မွာ ေလာ္ဘီလုပ္ျခင္း၊ advocacy နိုင္ငံေရးအေရးဆိုျခင္း ႏွင့္ ေရြးေကာက္ပြဲေအာင္နိုင္ေရး ဆိုင္ရာ ကၽြမ္းက်င္သူ အႀကံေပးတစ္ဦး ျဖစ္ေပသည္။
● အေမရိကန္ ရီပတ္ဘလီကန္ပါတီအတြက္ ၎ ေရးသားေသာ လက္စြဲ (playbook) တစ္အုပ္တြင္လည္း ရီပတ္ဘလီကန္မူဝါဒမ်ားကို ေအာင္ျမင္စြာတင္ျပဆြဲေဆာင္ နိုင္ေစေရးအတြက္ – စကားလုံးအခ်ိဳ႕ကို သုံးရိုးသုံးစဥ္မသုံးဘဲ ေျပာင္းလဲ သုံးစြဲသင့္ေၾကာင္း Dr Frank Luntz အႀကံျပဳထားသည္ကို ေတြ႕ရသည္။ ယင္းတို႔ထဲမွ အခ်ိဳ႕မွာ ေအာက္ပါတို႔ ျဖစ္ၾကသည္။
◊ A Global Economy/Globalization/Capitalism ဆိုသည့္စကားလုံးမ်ားအစား Free Market Economy (လြတ္လပ္ေသာ ေစ်းကြက္စီးပြားေရးစနစ္) ဟု သုံးစြဲပါ။
◊ Undocumented Workers (အေထာက္အထားမဲ့ အလုပ္သမားမ်ား) ဆိုသည့္စကားလုံးအစား Illegal Aliens (တရားမ၀င္ နိုင္ငံျခားသားမ်ား) ဟု သုံးစြဲပါ။
◊ Foreign Trade (နိုင္ငံျခား ကုန္သြယ္မႈ) ဆိုသည့္စကားလုံးအစား international trade (နိုင္ငံတကာ ကုန္သြယ္မႈ) ဟု သုံးစြဲပါ။
◊ Drilling for oil (ေရနံ ရွာေဖြတြင္းတူးျခင္း) ဆိုသည့္စကားလုံးအစား exploring for energy (စြမ္းအင္ စူးစမ္းရွာေဖြျခင္း) ဟု သုံးစြဲပါ။
● ၂၀၀၉-ခုႏွစ္တြင္ Dr Frank Luntz သည္ အစၥေရးအေရးကို အေရးဆိုသူမ်ား နိုင္ငံေရးသမားမ်ားအေနျဖင့္ အစၥေရး-ပါလက္စတိုင္းဆိုင္ရာ ကိစၥအ၀၀တို႔၌ အေမရိကန္လူထုအား မိမိဘက္သို႔ပါေအာင္ မည္ကဲ့သို႔ ဆြဲေဆာင္ေျပာဆိုသင့္သနည္း ဆိုသည္ကို စာမ်က္ႏွာ တစ္ရာေက်ာ္ရွိ လက္စြဲစာအုပ္ (playbook) တစ္အုပ္ကို အစၥေရးအစိုးရအတြက္ ျပဳစုေပးေလသည္။ ျဖန္႔ခ်ိရန္ မဟုတ္ေသာစာအုပ္အျဖစ္ ရည္ရြယ္ခဲ့ေသာ္လည္း ျပင္ပသို႔ေရာက္လာသျဖင့္ ရန္သူမိတ္ေဆြမဟူ အမ်ားသူငါတို႔ ဖတ္ရႈခြင့္ရၾကေလသည္။ ထိုလက္စြဲစာအုပ္အား ဖတ္ရႈၾကည့္ပါက ကၽြန္ေတာ္တို႔သည္ပင္လ ၽွင္လည္း မိမိတို႔မွာ လြဲေခ်ာ္ေနေသာ အေျပာအဆို အမူအက်င့္မ်ားအား ေခ်ခၽြတ္ျပင္ဆင္ရန္ လိုအပ္သည္ ဟု ဆင္ျခင္ဖြယ္ရာမ်ား ေတြ႕ရေလသည္။
● ယင္းလက္စြဲ၏ အခန္း (၁) တြင္ စည္းမ်ဥ္း (၂၅) ခ်က္ကို မိတ္ဆက္ေပးထားရာ ယင္းတို႔ထဲမွ စိတ္၀င္စားဖြယ္ရာ စည္းမ်ဥ္းအခ်ိဳ႕ကို ေအာက္တြင္ေဖာ္ျပလိုက္သည္။
◊ “သင္သည္ ဂ႐ုစိုက္စာနာမႈရွိသူျဖစ္ေၾကာင္း မသိေသးသေရြ႕ persuables (ဆြဲေဆာင္ ရနိုင္ေျခရွိသူမ်ား) အေနျဖင့္ သင္ဘာသိသလဲ ဆိုသည္ကို ဂ႐ုစိုက္လိမ့္မည္ မဟုတ္။ ထို႔ေၾကာင့္ ႏွစ္ဘက္စလုံးအား စာနာမႈရွိေၾကာင္း ျပသပါ။” ဥပမာအားျဖင့္ – “Israel is committed to a better future for everyone – Israelis and Palestinians alike.” အစၥေရးမ်ားအတြက္ေရာ ပါလက္စတိုင္းမ်ားအတြက္ပါ အစၥေရးနိုင္ငံသည္ အားလုံးအတြက္ ပိုမိုေကာင္းမြန္ေသာ အနာဂတ္သို႔ အခိုင္အမာ ရည္မွန္း လုပ္ေဆာင္လ်က္ ရွိေပသည္ . . . . စသည္ျဖင့္ စသည္ျဖင့္ . . . .
◊ ပါလက္စတိုင္းလူထု ႏွင့္ ဟားမတ္စ္ အဖြဲ႕တို႔အား တေပါင္းတည္း ေရာေထြးပစ္ျခင္းမျပဳဘဲ ရွင္းလင္းျပတ္သားစြာ ခြဲျခားေျပာၾကားပါ။
◊ အျပစ္မဲ့ အမ်ိဳးသမီးမ်ား ကေလးသူငယ္မ်ားအား တမင္တကာ ပစ္မွတ္ထား သတ္ျဖတ္မႈမ်ားအတြက္ တရားမၽွတပါေၾကာင္း အေၾကာင္းျပနိုင္ခြင့္ လုံး၀လုံး၀ (လုံး၀) မရွိေစရ။
◊ အစၥေရးဘက္မွာ အျပစ္အနာအဆာမ်ား အမွားအယြင္းမ်ား လုံး၀မရွိေၾကာင္း ဟန္ေဆာင္ျခင္း မျပဳပါႏွင့္။
◊ အေရးအသားအမ်ားစုမွာ အျပဳသေဘာ ေရးသားရမည္ ျဖစ္ေသာ္ျငားလည္း -ပါလက္စတိုင္းတို႔ဘက္တြင္ အီရန္ေနာက္ခံ ဂ်ီဟတ္လႈပ္ရွားမႈျပဳေသာ စစ္လိုလားမႈမွန္သမၽွကို ရပ္တန္းက ရပ္ရမည္ ျဖစ္ေၾကာင္း ခိုင္ခိုင္မာမာ ထပ္ကာတလဲလဲ ေျပာနိုင္ေလ အစၥေရးအတြက္ စာနာမႈပိုရနိုင္ေလျဖစ္သည္။
◊ အစၥေရးနိုင္ငံအေနျဖင့္ ၿငိမ္းခ်မ္းေရးကို လိုလားေၾကာင္း ထပ္ကာတလဲလဲ ေျပာပါ။
◊ အၾကမ္းဖက္ဝါဒ (တိုက္ခိုက္မႈမ်ားအား) ကာကြယ္ျခင္းအပါအ၀င္ အေမရိကန္ ႏွင့္ အစၥေရးတို႔အၾကား တူညီမႈရွိသည့္အခ်က္မ်ားကို ဆြဲထုတ္ေျပာၾကားပါ။
◊ ဘာသာေရးအေၾကာင္းကို မေျပာပါႏွင့္။
● အေလးေပး သုံးစြဲသင့္ေသာ စကားလုံးမ်ား/စကားစုမ်ားအား Dr Frank Luntz က တင္ျပထားရာ ယင္းတို႔ထဲမွ အခ်ိဳ႕အား ထပ္ဆင့္တင္ျပပါသည္။
◊ Accountability
◊ Building
◊ Children
◊ “Come to Jerusalem to work for peace”
◊ “Cooperation, collaboration, and compromise”
◊ “Deliberately firing rockets into civilian communities” (အရပ္သား အသိုက္အ၀န္းမ်ားထံသို႔ တမင္တကာ ရည္စူးလ်က္ ဒုံးက်ည္မ်ား ပစ္ခတ္ျခင္း)
◊ “Economic Diplomacy” စီးပြားေရးရာ သံခင္းတမန္ခင္း ဟု သုံးစြဲျခင္းသည္ sanction (စီးပြားေရးအရ အေရးယူမႈ) ဆိုသည့္ စကားလုံးထက္ ပိုေကာင္းသည္ ဟု အႀကံျပဳသည္။
◊ “Living together, side by side
◊ “Militant Islam”
◊ “One step at a time, one day at a time”
◊ “Prevention” ႀကိဳတင္ကာကြယ္ျခင္း ဟု သုံးစြဲျခင္းသည္ preemption (တင္ႀကိဳလက္ဦးမႈ ယူျခင္း) ဆိုသည့္ စကားလုံးထက္ ပိုေကာင္းသည္ ဟု အႀကံျပဳသည္။
◊ “The RIGHT to”
KZO
(၁၉-၀၉-၂၀၂၁)
[လူငယ္မ်ားအတြက္ နိုင္ငံေရးမွတ္စုတိုမ်ား(၂၁)]
#ShortNotesoOnPoliticsForYouth
#KyawZawOo
#KZO
==========
[ Unicode here]
အစ္စရေးမှတ်စု(၂)။ “အရေးဆိုသမားများအတွက် လက်စွဲများ ရေးသားသူ Frank Luntz”
● တစ်နေ့က အမေရိကန်မြို့တစ်မြို့တွင် ကိုယ်၀န်ချက်ချခွင့် တရား၀င်ဖြစ်ရေးအတွက် ဆန္ဒပြနေကြသည့် သတင်းဗီဒီယိုတစ်ခုကို ကြည့်ရှုလိုက်ရသည်။ သူတို့ တောင်းဆိုနေသည့်အရေးကို ကိုယ်၀န်ဖျက်ချခွင့်လိုလားခြင်း (pro-abortion) ဟု ဆန္ဒပြသူများက မသုံးဘဲ ရွေးချယ်ခွင့်လိုလားခြင်း (pro-choice) ဟု သုံးစွဲကြသည်။ pro-abortion ဟု သုံးစွဲပြောဆိုပါက ဆန့်ကျင်ဘက်သက်ရောက်မှုများ ပိုမိုဖြစ်လာနိုင်ခြေ ရှိခြင်း ရင့်သီးခြင်း တို့ကြောင့် မိမိတို့အရေးဆိုမှု အောင်မြင်စေရန်အလို့ငှာ အကောင်းဖက် သက်ရောက်နိုင်ခြေများသော pro-choice ဟူသည့် စကားလုံးအား စနစ်တကျရွေးချယ် သုံးစွဲကြခြင်း ဖြစ်လေသည်။
● ထိုနည်းတူစွာ အကြောင်းအရာတစ်ရပ်ကို ဆိုးကျိုးသက်ရောက်မှုများစေရန်အလို့ငှာဖြစ်စေ လူအများငြင်းပယ်မှု ဖြစ်လာစေရန်အလို့ငှာ ဖြစ်စေ တမင်တကာ ပုံရိပ်ဆိုးစေသည့် စကားလုံးများ သုံးစွဲရသည်လည်း ရှိပေသည်။ ဥပမာအားဖြင့် – အမွေဆက်ခံရာတွင် အစိုးရကကောက်သောအခွန် (Interitance/Estate tax) ကို ဆန့်ကျင်အရေးဆိုလိုသူများအနေဖြင့် မူရင်းစကားလုံးအတိုင်း ပြောဆိုသုံးစွဲခြင်းမပြုဘဲ Death tax (မသာခွန်) ဟု ရည်ညွှန်းပြောဆိုသုံးစွဲခြင်းအားဖြင့် – လူတွေက မိသားစု၀င်တွေ သေလို့ ငိုငိုရယ်ရယ်ဖြစ်နေရတဲ့အထဲ အစိုးရက အခွန်လာကောက်နေတယ် ဟူသော အဓိပ္ပါယ် သက်ရောက်မှုလည်း တပါတည်းပါသွားနိုင်ပေသည်။ ယခင်က Global Warming (ကမ္ဘာကြီး ပူနွေးလာခြင်း) ဟူသော စကားလုံးအား အသုံးများကြသော်လည်း ထိုစကားလုံးထက် ပိုမိုသက်ရောက်မှုကောင်းသော ပိုမိုဆွဲဆောင်နိုင်စွမ်းရှိသော Climate Change (ရာသီပုံစံ ပြောင်းလဲလာခြင်း) ဟူသော စကားလုံးအား သုံးစွဲသင့်ကြောင်း ကျွမ်းကျင်သူတစ်ယောက်က စတင်အကြံပြုခဲ့ပြီးနောက်ပိုင်း ထိုစကားလုံးမှာ အသုံးတွင်ကျယ်လာလေသည်။ ထိုစကားလုံး နှစ်လုံးစလုံးက ရည်ညွှန်းပြောလိုသော အကြောင်းအရာနယ်ပယ်မှာ အတူတူပင် ဖြစ်လေသည်။ အဆိုပါ Death tax ဟူသော စကားလုံးနှင့် Climate change တည်းဟူသော စကားလုံးများ၏ ဖခင်မှာ Dr Frank Luntz ဖြစ်ပေသည်။ ၎င်းမှာ လော်ဘီလုပ်ခြင်း၊ advocacy နိုင်ငံရေးအရေးဆိုခြင်း နှင့် ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်ရာ ကျွမ်းကျင်သူ အကြံပေးတစ်ဦး ဖြစ်ပေသည်။
● အမေရိကန် ရီပတ်ဘလီကန်ပါတီအတွက် ၎င်း ရေးသားသော လက်စွဲ (playbook) တစ်အုပ်တွင်လည်း ရီပတ်ဘလီကန်မူဝါဒများကို အောင်မြင်စွာတင်ပြဆွဲဆောင် နိုင်စေရေးအတွက် – စကားလုံးအချို့ကို သုံးရိုးသုံးစဉ်မသုံးဘဲ ပြောင်းလဲ သုံးစွဲသင့်ကြောင်း Dr Frank Luntz အကြံပြုထားသည်ကို တွေ့ရသည်။ ယင်းတို့ထဲမှ အချို့မှာ အောက်ပါတို့ ဖြစ်ကြသည်။
◊ A Global Economy/Globalization/Capitalism ဆိုသည့်စကားလုံးများအစား Free Market Economy (လွတ်လပ်သော စျေးကွက်စီးပွားရေးစနစ်) ဟု သုံးစွဲပါ။
◊ Undocumented Workers (အထောက်အထားမဲ့ အလုပ်သမားများ) ဆိုသည့်စကားလုံးအစား Illegal Aliens (တရားမ၀င် နိုင်ငံခြားသားများ) ဟု သုံးစွဲပါ။
◊ Foreign Trade (နိုင်ငံခြား ကုန်သွယ်မှု) ဆိုသည့်စကားလုံးအစား international trade (နိုင်ငံတကာ ကုန်သွယ်မှု) ဟု သုံးစွဲပါ။
◊ Drilling for oil (ရေနံ ရှာဖွေတွင်းတူးခြင်း) ဆိုသည့်စကားလုံးအစား exploring for energy (စွမ်းအင် စူးစမ်းရှာဖွေခြင်း) ဟု သုံးစွဲပါ။
● ၂၀၀၉-ခုနှစ်တွင် Dr Frank Luntz သည် အစ္စရေးအရေးကို အရေးဆိုသူများ နိုင်ငံရေးသမားများအနေဖြင့် အစ္စရေး-ပါလက်စတိုင်းဆိုင်ရာ ကိစ္စအ၀၀တို့၌ အမေရိကန်လူထုအား မိမိဘက်သို့ပါအောင် မည်ကဲ့သို့ ဆွဲဆောင်ပြောဆိုသင့်သနည်း ဆိုသည်ကို စာမျက်နှာ တစ်ရာကျော်ရှိ လက်စွဲစာအုပ် (playbook) တစ်အုပ်ကို အစ္စရေးအစိုးရအတွက် ပြုစုပေးလေသည်။ ဖြန့်ချိရန် မဟုတ်သောစာအုပ်အဖြစ် ရည်ရွယ်ခဲ့သော်လည်း ပြင်ပသို့ရောက်လာသဖြင့် ရန်သူမိတ်ဆွေမဟူ အများသူငါတို့ ဖတ်ရှုခွင့်ရကြလေသည်။ ထိုလက်စွဲစာအုပ်အား ဖတ်ရှုကြည့်ပါက ကျွန်တော်တို့သည်ပင်လ ျှင်လည်း မိမိတို့မှာ လွဲချော်နေသော အပြောအဆို အမူအကျင့်များအား ချေချွတ်ပြင်ဆင်ရန် လိုအပ်သည် ဟု ဆင်ခြင်ဖွယ်ရာများ တွေ့ရလေသည်။
● ယင်းလက်စွဲ၏ အခန်း (၁) တွင် စည်းမျဉ်း (၂၅) ချက်ကို မိတ်ဆက်ပေးထားရာ ယင်းတို့ထဲမှ စိတ်၀င်စားဖွယ်ရာ စည်းမျဉ်းအချို့ကို အောက်တွင်ဖော်ပြလိုက်သည်။
◊ “သင်သည် ဂရုစိုက်စာနာမှုရှိသူဖြစ်ကြောင်း မသိသေးသရွေ့ persuables (ဆွဲဆောင် ရနိုင်ခြေရှိသူများ) အနေဖြင့် သင်ဘာသိသလဲ ဆိုသည်ကို ဂရုစိုက်လိမ့်မည် မဟုတ်။ ထို့ကြောင့် နှစ်ဘက်စလုံးအား စာနာမှုရှိကြောင်း ပြသပါ။” ဥပမာအားဖြင့် – “Israel is committed to a better future for everyone – Israelis and Palestinians alike.” အစ္စရေးများအတွက်ရော ပါလက်စတိုင်းများအတွက်ပါ အစ္စရေးနိုင်ငံသည် အားလုံးအတွက် ပိုမိုကောင်းမွန်သော အနာဂတ်သို့ အခိုင်အမာ ရည်မှန်း လုပ်ဆောင်လျက် ရှိပေသည် . . . . စသည်ဖြင့် စသည်ဖြင့် . . . .
◊ ပါလက်စတိုင်းလူထု နှင့် ဟားမတ်စ် အဖွဲ့တို့အား တပေါင်းတည်း ရောထွေးပစ်ခြင်းမပြုဘဲ ရှင်းလင်းပြတ်သားစွာ ခွဲခြားပြောကြားပါ။
◊ အပြစ်မဲ့ အမျိုးသမီးများ ကလေးသူငယ်များအား တမင်တကာ ပစ်မှတ်ထား သတ်ဖြတ်မှုများအတွက် တရားမျှတပါကြောင်း အကြောင်းပြနိုင်ခွင့် လုံး၀လုံး၀ (လုံး၀) မရှိစေရ။
◊ အစ္စရေးဘက်မှာ အပြစ်အနာအဆာများ အမှားအယွင်းများ လုံး၀မရှိကြောင်း ဟန်ဆောင်ခြင်း မပြုပါနှင့်။
◊ အရေးအသားအများစုမှာ အပြုသဘော ရေးသားရမည် ဖြစ်သော်ငြားလည်း -ပါလက်စတိုင်းတို့ဘက်တွင် အီရန်နောက်ခံ ဂျီဟတ်လှုပ်ရှားမှုပြုသော စစ်လိုလားမှုမှန်သမျှကို ရပ်တန်းက ရပ်ရမည် ဖြစ်ကြောင်း ခိုင်ခိုင်မာမာ ထပ်ကာတလဲလဲ ပြောနိုင်လေ အစ္စရေးအတွက် စာနာမှုပိုရနိုင်လေဖြစ်သည်။
◊ အစ္စရေးနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း ထပ်ကာတလဲလဲ ပြောပါ။
◊ အကြမ်းဖက်ဝါဒ (တိုက်ခိုက်မှုများအား) ကာကွယ်ခြင်းအပါအ၀င် အမေရိကန် နှင့် အစ္စရေးတို့အကြား တူညီမှုရှိသည့်အချက်များကို ဆွဲထုတ်ပြောကြားပါ။
◊ ဘာသာရေးအကြောင်းကို မပြောပါနှင့်။
● အလေးပေး သုံးစွဲသင့်သော စကားလုံးများ/စကားစုများအား Dr Frank Luntz က တင်ပြထားရာ ယင်းတို့ထဲမှ အချို့အား ထပ်ဆင့်တင်ပြပါသည်။
◊ Accountability
◊ Building
◊ Children
◊ “Come to Jerusalem to work for peace”
◊ “Cooperation, collaboration, and compromise”
◊ “Deliberately firing rockets into civilian communities” (အရပ်သား အသိုက်အ၀န်းများထံသို့ တမင်တကာ ရည်စူးလျက် ဒုံးကျည်များ ပစ်ခတ်ခြင်း)
◊ “Economic Diplomacy” စီးပွားရေးရာ သံခင်းတမန်ခင်း ဟု သုံးစွဲခြင်းသည် sanction (စီးပွားရေးအရ အရေးယူမှု) ဆိုသည့် စကားလုံးထက် ပိုကောင်းသည် ဟု အကြံပြုသည်။
◊ “Living together, side by side
◊ “Militant Islam”
◊ “One step at a time, one day at a time”
◊ “Prevention” ကြိုတင်ကာကွယ်ခြင်း ဟု သုံးစွဲခြင်းသည် preemption (တင်ကြိုလက်ဦးမှု ယူခြင်း) ဆိုသည့် စကားလုံးထက် ပိုကောင်းသည် ဟု အကြံပြုသည်။
◊ “The RIGHT to”
KZO
(၁၉-၀၉-၂၀၂၁)
[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ(၂၁)]
#ShortNotesoOnPoliticsForYouth
#KyawZawOo
#KZO
==========