“လိုအပ်ချက်အရ” ဟု အကြောင်းပြတတ်သည့် လက်တွေ့နိုင်ငံရေးဝါဒ (Realpolitik)

[ Zawgyi font First / Unicode below ]

“လိုအပ္ခ်က္အရ” ဟု အေၾကာင္းျပတတ္သည့္ လက္ေတြ႕ႏိုင္ငံေရး၀ါဒ (Realpolitik)

ေအာဂုစ္ လု႔ဒိခ်္ ဗြန္ ရိုးဟာ
● ေအာဂုစ္ လု႔ဒိခ်္ ဗြန္ ရိုးဟာ (August Ludwig von Rochau) က ၁၈၅၃-ခုႏွစ္တြင္ “Realpolitik ၏ အေျခခံအုတ္ျမစ္မ်ား” (The Foundation Realpolitik) စာအုပ္ကို ဂ်ာမန္ဘာသာျဖင့္ ေရးသားထုတ္ေ၀ခဲ့ေသာ အခ်ိန္ကစ၍ Realpolitik သည္ ႏိုင္ငံေရးေ၀ါဟာရ စကားလံုးတစ္လံုးအျဖစ္ စတင္ေပၚထြန္းလာသည္။ ဂ်ာမနီျပည္တြင္းႏိုင္ငံေရးအား စိတ္ထဲတြင္ အေျခခံထား၍ ရည္မွန္းေရးသားခဲ့ေသာ ထိုစာအုပ္တြင္ ေဖာ္ျပထားသည့္ ရိုးဟာ ၏ အဓိက တင္ျပခ်က္မ်ားမွာ –
◊ အင္အားႀကီးသူမ်ားဥပေဒသ (the law of the strong) သည္ ႏိုင္ငံေရးတြင္ အဓိက အဆံုးအျဖတ္ေပးေသာ အျခင္းအရာျဖစ္သည္၊
◊ အထိေရာက္ဆံုး အစိုးရပံုစံ ဆိုသည္မွာ အင္အားႀကီးေသာ လူမႈအင္အားစုမ်ားအား ႏိုင္ငံေတာ္ (the state) ထဲတြင္ တစ္သားတည္းျဖစ္ေအာင္ ဆြဲသြင္းလုပ္ေဆာင္ႏိုင္ေသာ အစိုးရမ်ိဳးျဖစ္သည္၊
◊ အေတြးအေခၚ အယူအဆမ်ား က လူ႔အဖြဲ႕အစည္းအား မည္သို႔မည္ပံု ၾသဇာလႊမ္းမိုးမႈရွိသည္ဆိုသည့္အေပၚ မူတည္လ်က္ ယင္းသက္ဆုိင္ရာ အေတြးအေခၚ အယူအဆမ်ားသည္ အေရးႀကီးမႈ ရွိသည္၊
◊ အမ်ားျပည္သူ၏ ထင္ျမင္ယူဆခ်က္ ၊တစ္နည္း၊ Zeitgeist (ေခတ္၏ ၀ိညာဥ္) သည္ တိုင္းျပည္တစ္ခု၏ လားရာလမ္းေၾကာင္းကို သတ္မွတ္ၾကရာ၌ အသက္တမွ် အေရးႀကီးသည္ – ဆိုသည့္ အခ်က္တို႔ ျဖစ္ၾကသည္။

● မူလလက္ေဟာင္း ရိုးဟာ ၏ လက္ေတြ႕ႏိုင္ငံေရး၀ါဒ (Realpolitik) တြင္ ဆင္ျခင္သံုးသပ္မႈ သေဘာတစ္ရပ္ ပါရွိသည္။ မည္သို႔ဆင္ျခင္ သံုးသပ္သနည္း ဆိုေသာ္မူကား – ေရရွည္ရည္မွန္းခ်က္မ်ားသို႔ မေရာက္ႏိုင္ေသးခင္မွာ လက္ေတြ႕ႏုိင္ငံေရး ေျမျပင္အေျခအေန (တစ္နည္း လက္ေတြ႕ေပးထားခ်က္မ်ား) ကို စဥ္းစားထည့္သြင္းျခင္း ျဖစ္ေလသည္။ ရိုးဟာ၏ သေဘာအရ – ျမင့္မားေသာ ရည္မွန္းခ်က္မ်ားကို ရည္မွန္းလုပ္ေဆာင္ျခင္းတို႔အား ေရတိုေရမွန္းခ်က္မ်ားကို ရည္မွန္းလုပ္ေဆာင္ျခင္းမ်ားႏွင့္ ဒြန္တြဲ လုပ္ေဆာင္သြားရန္ ျဖစ္ေလသည္။ မ်က္စိတစ္ဖက္က ေရရွည္ေရမွန္းခ်က္ကို လွမ္းၾကည့္ထားၿပီး ေနာက္တစ္ဘက္က ေရတိုရည္မွန္းခ်က္ကို မ်က္စပစ္ထားႏိုင္သည္ ဟု ဆိုလိုသည္။

● ရိုးဟာ ေျပာေသာ Realpolitik ဟူသည္ကား – အမွန္တကယ္ရွိေနေသာ အခင္းအက်င္း ေနာက္ခံ (context) တို႔အား ထည့္သြင္းစဥ္းစားလ်က္ လက္ရွိႏိုင္ငံေရးအေျခအေနကို အရွိအရွိအတိုင္း သိျမင္ႏိုင္ေအာင္ အားထုတ္ၾကည့္ျမင္ ဆန္းစစ္ျခင္း ကို ဆိုလိုေပသည္။ မိမိကိုယ္ကိုလည္း မညွာမတာ ဆန္းစစ္လ်က္ တခ်ိန္တည္းမွာပင္ –
◊ လက္ရွိအေျခအေန၏ ကန္႔သတ္မႈမ်ားအေပၚမူတည္လ်က္ ႏိုင္ငံေရးျဖစ္တန္ေျခ မည္မွ်အထိေမွ်ာ္လင့္ ႏိုင္သနည္း ဟု ဆန္းစစ္လ်က္ –
◊ အေတြးအေခၚအယူအဆမ်ား၏ အင္အား ႏွင့္ အမ်ားျပည္သူထင္ျမင္ခ်က္တို႔၏ အင္အားကို နားလည္ သေဘာေပါက္လ်က္ –
◊ ေဘာဂေဗဒ ႏွင့္ လူ႔အဖြဲ႕အစည္းတို႔အား ႏိုင္ငံေရးအာဏာႏွင့္ စိတ္ကူးစိတ္သန္းမ်ားျဖင့္ ခ်ိတ္ဆက္ ေဆာင္ရြက္ႏိုင္ရန္ သံုးသပ္ဆန္းစစ္ျခင္း ျဖစ္သည္ ဟု ဆိုလိုခ်က္ကို နားလည္ရေပသည္။

ေရးအားေပၚလိတိခ္ (Realpolitik) ၏ အဓိပၸါယ္ေရြ႕လ်ားေျပာင္းလဲျခင္း
● ရိုးဟာက ေရးအားေပၚလိတိခ္ (Realpolitik) ဆိုသည့္စကားလံုးကို ဂ်ာမန္ကြန္ဖက္ဒေရးရွန္း တြင္းေရးရာ (ျပည္တြင္း ေရးရာ) ႏိုင္ငံေရးအား ခ်င့္တြက္ဆင္ျခင္သည့္ေနရာတြင္ သံုးစြဲခဲ့ေသာ္လည္း – ေနာင္ႏွစ္မ်ားမၾကာမီ ၁၈၆၀ ႏွင့္ ၁၈၇၀ ျပည့္လြန္ႏွစ္မ်ားတြင္ ဥေရာပအလယ္ပိုင္းရွိ ဂ်ာမန္စကားေျပာနယ္ (၃၉) နယ္အနက္ ၾသစႀကီးယားကို ခ်န္လွပ္လ်က္ ဂ်ာမန္အင္ပါယာ စုစည္းတည္ေထာင္ျခင္းအား ပရပ္ရွားနယ္ နန္းရင္း၀န္ ဘစၥမတ္၏ ဦးေဆာင္မႈျဖင့္ ေအာင္ျမင္စြာေဆာင္ရြက္ရာတြင္ သံခင္းတမန္ခင္း ႏွင့္ စစ္ေရးစစ္ရာတို႔၌ က်င့္၀တ္အေလးေပးျခင္းမရွိ လက္ေတြ႕အေျခအေနအသာရရန္ အကြက္ေရြ႕ကစားျခင္းမ်ားကို ေရးအားေပၚလိတိခ္ အျဖစ္ စတင္ရည္ညႊန္းသံုးစြဲခဲ့ၾကရာမွ ယင္းစကားလံုး၏ အဓိပၸါယ္မွာ စတင္ေျပာင္းလဲလာခဲ့သည္။ ႏိုင္ငံတကာဆက္ဆံေရးတြင္ မာ့ခီယာဗယ္လီဆန္ဆန္ ရလဒ္ပဓါနျပဳလ်က္ ရည္မွန္းခ်က္ေပါက္ေျမာက္ေအာင္ ေဆာင္ရြက္ျခင္းမ်ားကို ေရးအားေပၚလိတိခ္ အျဖစ္စတင္ေခၚေ၀ၚ သံုးစြဲလာၾကသည္။

● အနီးဆံုးေခတ္တြင္ ေရးအားေပၚလိတိခ္ (Realpolitik) ႏွင့္ ယွဥ္တြဲသိၾကေသာ ပုဂၢိဳလ္မ်ားအနက္ ထင္ရွားသူတစ္ဦးမွာ – အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးေဟာင္း ဟင္နရီကစ္ဆင္းဂ်ာ ျဖစ္ေလသည္။ သူ႔လက္ထက္ထင္ရွားေသာ လုပ္ရပ္တစ္ခုကို ျပရမည္ဆိုလွ်င္ – တစ္ဘက္က လူ႔အခြင့္အေရး လူ႔အခြင့္အေရး ဟု တြင္တြင္က်ယ္က်ယ္ ေအာ္ေနခဲ့ေသာ္လည္း ခ်ီလီႏုိင္ငံအေရးတြင္ အာဏာသိမ္း စစ္ေခါင္းေဆာင္ ပီႏိုေခ်း ႏွင့္အတူ အေမရိကန္က ရပ္တည္ခဲ့သည့္ လုပ္ရပ္ ျဖစ္ေလသည္။ ယခုလည္း လူ႔အခြင့္အေရး ဒီမိုကေရစီအေရး မည္မွ်ပင္ ေျပာေနေစကာမူ အေရွ႕အလယ္ပိုင္းတြင္ ေဆာ္ဒီအာေရဗီးယားကဲ့သို႔ ႏိုင္ငံမ်ိဳးအား မဟာမိတ္အျဖစ္ အေမရိကန္က ေပါင္းဖက္ေနရျခင္းမွာ လံုၿခံဳေရး ‘လိုအပ္ခ်က္အရ’ ျဖစ္သည္ ဟု ကစ္ဆင္ဂ်ာက ဆိုေလသည္။ ယေန႔နာမည္ႀကီးေနေသာ “လိုအပ္ခ်က္အရ” ဟူသည့္စကားလံုးမွာ ေရးအားေပၚလိတိခ္သမား တို႔ မ်ားစြာ သံုးဖူးေသာ စကားလံုး ျဖစ္ေပသည္။

ေရးအားေပၚလိတိခ္ (Realpolitik) ၏ ယေန႔ေခတ္ အဓိပၸါယ္
● ယေန႔ေခတ္ ေရးအားေပၚလိတိခ္ ၏ အဓိပၸါယ္ကို Google က ဤကဲ့သို႔ သတ္မွတ္ဖြင့္ဆိုသည္။ “A system of politics or principles based on practical rather than moral or ideological considerations.” သေဘာတရားေရးရာ ထည့္သြင္းစဥ္းစားမႈမ်ား သို႔မဟုတ္ က်င့္၀တ္ပိုင္းဆိုင္ရာ စဥ္းစားမႈမ်ားထက္ လက္ေတြ႕ေရးရာစဥ္းစားမႈကို အေျခခံေသာ မူမ်ား သို႔မဟုတ္ ႏိုင္ငံေရးစနစ္ တစ္ခု ဟု Google က ယေန႔ေခတ္တြင္ ဖြင့္ဆိုသည္ကို ေတြ႕ရသည္။ pragmatism လက္ေတြ႕အက်ိဳးၾကည့္၀ါဒ ဆိုသည့္စကားလံုးႏွင့္ ထပ္တူနီးပါး ယေန႔ေခတ္တြင္ ယူဆသံုးစြဲၾကသည္ကို ေတြ႕ရသည္။ တကယ္ဒႏၱဳလည္း national interests ႏိုင္ငံ၏ အက်ိဳးစီးပြားကို ဦးထိပ္ထားရပါသည္ ဆိုသည့္စကားမွာ ႏိုင္ငံေရးသမားေတာ္ေတာ္မ်ားမ်ားအဖို႔ မလြဲမေရွာင္သာေသာ စကားျဖစ္ေလသည္။

● မည္သို႔ပင္ဆိုေစကာမူ မူလလက္ေဟာင္း ေရးအားေပၚလိတိခ္ (Realpolitik) စကားလံုးကို တီထြင္သံုးစြဲခဲ့ေသာ ရိုးဟာ၏ The Foundations of Realpolitik စာအုပ္ပါ တင္ျပခ်က္မ်ားသည္ကား ႏိုင္ငံေရးေလ့လာသူမ်ားအတြက္ အနည္းႏွင့္အမ်ား အက်ိဳးျဖစ္ေစသည္သာ ျဖစ္ေလသည္။

“The Foundations of Realpolitik” စာအုပ္
● အင္အားသည္ကား အၿမဲတမ္း မွန္သည္ မဟုတ္ (အမွန္ဘက္က မဟုတ္)။ ရိုးဟာက ဆိုသည္မွာ ‘လစ္ဘရယ္မ်ား၏ အမွားတစ္ရပ္သည္ကား – မွန္ကန္မႈမရွိ ဟု ျပသႏိုင္သည္ႏွင့္ တၿပိဳင္နက္ the law of the strong အင္အားႀကီးသူသာ လႊမ္မိုးမည္ ဆိုသည့္ အေျခအေနသည္ အံုဖြဆိုသလို အေငြ႕ပ်ံ ေပ်ာက္ကြယ္သြားမည္ ဟု ထင္မွတ္မိၾကျခင္းေပတည္း’ ဟု ဆို၏။ ‘ငါတို႔က ဓမၼ၊ နင္တို႔က အဓမၼ’ ဆိုသည္ႏွင့္ အဓမၼဘက္မွ ရံႈးသြားမည္ ဟု ေမွ်ာ္လင့္ထားျခင္းမ်ိဳးမွာ အလိုလို မျဖစ္ႏိုင္ ဆိုလိုသည္။

● ေကာက္ႏႈတ္ခ်က္။ “ဂ်က္ရကိုၿမိဳ႕နံရံမ်ားအား ၿဖိဳခ်ႏိုင္ဖို႔အေရးတြင္ – က်ယ္ေလာင္လွစြာေသာ တံပိုးခရာ ထက္ သာမန္ေပါက္ခၽြန္းငယ္ က ပိုမို အသံုးက်သည္ကို ေရးအားေပၚလိတိခ္သမား က ေကာင္းစြာ သေဘာေပါက္ေပသည္။” “To bring down the walls of Jericho, the Realpolitiker knows the simple pickaxe is more useful than the mightiest trumpet.”

KZO
(၂၃-၀၉-၂၀၂၁)

[လူငယ္အတြက္ ႏိုင္ငံေရးမွတ္စုတိုမ်ား(၂၃)]

#ShortNotesOnPoliticsForYouth
#KyawZawOo
#KZO

==========

[ Unicode here ]

“လိုအပ်ချက်အရ” ဟု အကြောင်းပြတတ်သည့် လက်တွေ့နိုင်ငံရေးဝါဒ (Realpolitik)

အောဂုစ် လု့ဒိခ်ျ ဗွန် ရိုးဟာ
● အောဂုစ် လု့ဒိခ်ျ ဗွန် ရိုးဟာ (August Ludwig von Rochau) က ၁၈၅၃-ခုနှစ်တွင် “Realpolitik ၏ အခြေခံအုတ်မြစ်များ” (The Foundation Realpolitik) စာအုပ်ကို ဂျာမန်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့သော အချိန်ကစ၍ Realpolitik သည် နိုင်ငံရေးဝေါဟာရ စကားလုံးတစ်လုံးအဖြစ် စတင်ပေါ်ထွန်းလာသည်။ ဂျာမနီပြည်တွင်းနိုင်ငံရေးအား စိတ်ထဲတွင် အခြေခံထား၍ ရည်မှန်းရေးသားခဲ့သော ထိုစာအုပ်တွင် ဖော်ပြထားသည့် ရိုးဟာ ၏ အဓိက တင်ပြချက်များမှာ –
◊ အင်အားကြီးသူများဥပဒေသ (the law of the strong) သည် နိုင်ငံရေးတွင် အဓိက အဆုံးအဖြတ်ပေးသော အခြင်းအရာဖြစ်သည်၊
◊ အထိရောက်ဆုံး အစိုးရပုံစံ ဆိုသည်မှာ အင်အားကြီးသော လူမှုအင်အားစုများအား နိုင်ငံတော် (the state) ထဲတွင် တစ်သားတည်းဖြစ်အောင် ဆွဲသွင်းလုပ်ဆောင်နိုင်သော အစိုးရမျိုးဖြစ်သည်၊
◊ အတွေးအခေါ် အယူအဆများ က လူ့အဖွဲ့အစည်းအား မည်သို့မည်ပုံ သြဇာလွှမ်းမိုးမှုရှိသည်ဆိုသည့်အပေါ် မူတည်လျက် ယင်းသက်ဆိုင်ရာ အတွေးအခေါ် အယူအဆများသည် အရေးကြီးမှု ရှိသည်၊
◊ အများပြည်သူ၏ ထင်မြင်ယူဆချက် ၊တစ်နည်း၊ Zeitgeist (ခေတ်၏ ဝိညာဉ်) သည် တိုင်းပြည်တစ်ခု၏ လားရာလမ်းကြောင်းကို သတ်မှတ်ကြရာ၌ အသက်တမျှ အရေးကြီးသည် – ဆိုသည့် အချက်တို့ ဖြစ်ကြသည်။

● မူလလက်ဟောင်း ရိုးဟာ ၏ လက်တွေ့နိုင်ငံရေးဝါဒ (Realpolitik) တွင် ဆင်ခြင်သုံးသပ်မှု သဘောတစ်ရပ် ပါရှိသည်။ မည်သို့ဆင်ခြင် သုံးသပ်သနည်း ဆိုသော်မူကား – ရေရှည်ရည်မှန်းချက်များသို့ မရောက်နိုင်သေးခင်မှာ လက်တွေ့နိုင်ငံရေး မြေပြင်အခြေအနေ (တစ်နည်း လက်တွေ့ပေးထားချက်များ) ကို စဉ်းစားထည့်သွင်းခြင်း ဖြစ်လေသည်။ ရိုးဟာ၏ သဘောအရ – မြင့်မားသော ရည်မှန်းချက်များကို ရည်မှန်းလုပ်ဆောင်ခြင်းတို့အား ရေတိုရေမှန်းချက်များကို ရည်မှန်းလုပ်ဆောင်ခြင်းများနှင့် ဒွန်တွဲ လုပ်ဆောင်သွားရန် ဖြစ်လေသည်။ မျက်စိတစ်ဖက်က ရေရှည်ရေမှန်းချက်ကို လှမ်းကြည့်ထားပြီး နောက်တစ်ဘက်က ရေတိုရည်မှန်းချက်ကို မျက်စပစ်ထားနိုင်သည် ဟု ဆိုလိုသည်။

● ရိုးဟာ ပြောသော Realpolitik ဟူသည်ကား – အမှန်တကယ်ရှိနေသော အခင်းအကျင်း နောက်ခံ (context) တို့အား ထည့်သွင်းစဉ်းစားလျက် လက်ရှိနိုင်ငံရေးအခြေအနေကို အရှိအရှိအတိုင်း သိမြင်နိုင်အောင် အားထုတ်ကြည့်မြင် ဆန်းစစ်ခြင်း ကို ဆိုလိုပေသည်။ မိမိကိုယ်ကိုလည်း မညှာမတာ ဆန်းစစ်လျက် တချိန်တည်းမှာပင် –
◊ လက်ရှိအခြေအနေ၏ ကန့်သတ်မှုများအပေါ်မူတည်လျက် နိုင်ငံရေးဖြစ်တန်ခြေ မည်မျှအထိမျှော်လင့် နိုင်သနည်း ဟု ဆန်းစစ်လျက် –
◊ အတွေးအခေါ်အယူအဆများ၏ အင်အား နှင့် အများပြည်သူထင်မြင်ချက်တို့၏ အင်အားကို နားလည် သဘောပေါက်လျက် –
◊ ဘောဂဗေဒ နှင့် လူ့အဖွဲ့အစည်းတို့အား နိုင်ငံရေးအာဏာနှင့် စိတ်ကူးစိတ်သန်းများဖြင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရန် သုံးသပ်ဆန်းစစ်ခြင်း ဖြစ်သည် ဟု ဆိုလိုချက်ကို နားလည်ရပေသည်။

ရေးအားပေါ်လိတိခ် (Realpolitik) ၏ အဓိပ္ပါယ်ရွေ့လျားပြောင်းလဲခြင်း
● ရိုးဟာက ရေးအားပေါ်လိတိခ် (Realpolitik) ဆိုသည့်စကားလုံးကို ဂျာမန်ကွန်ဖက်ဒရေးရှန်း တွင်းရေးရာ (ပြည်တွင်း ရေးရာ) နိုင်ငံရေးအား ချင့်တွက်ဆင်ခြင်သည့်နေရာတွင် သုံးစွဲခဲ့သော်လည်း – နောင်နှစ်များမကြာမီ ၁၈၆၀ နှင့် ၁၈၇၀ ပြည့်လွန်နှစ်များတွင် ဥရောပအလယ်ပိုင်းရှိ ဂျာမန်စကားပြောနယ် (၃၉) နယ်အနက် သြစကြီးယားကို ချန်လှပ်လျက် ဂျာမန်အင်ပါယာ စုစည်းတည်ထောင်ခြင်းအား ပရပ်ရှားနယ် နန်းရင်း၀န် ဘစ္စမတ်၏ ဦးဆောင်မှုဖြင့် အောင်မြင်စွာဆောင်ရွက်ရာတွင် သံခင်းတမန်ခင်း နှင့် စစ်ရေးစစ်ရာတို့၌ ကျင့်၀တ်အလေးပေးခြင်းမရှိ လက်တွေ့အခြေအနေအသာရရန် အကွက်ရွေ့ကစားခြင်းများကို ရေးအားပေါ်လိတိခ် အဖြစ် စတင်ရည်ညွှန်းသုံးစွဲခဲ့ကြရာမှ ယင်းစကားလုံး၏ အဓိပ္ပါယ်မှာ စတင်ပြောင်းလဲလာခဲ့သည်။ နိုင်ငံတကာဆက်ဆံရေးတွင် မာ့ခီယာဗယ်လီဆန်ဆန် ရလဒ်ပဓါနပြုလျက် ရည်မှန်းချက်ပေါက်မြောက်အောင် ဆောင်ရွက်ခြင်းများကို ရေးအားပေါ်လိတိခ် အဖြစ်စတင်ခေါ်ဝေါ် သုံးစွဲလာကြသည်။

● အနီးဆုံးခေတ်တွင် ရေးအားပေါ်လိတိခ် (Realpolitik) နှင့် ယှဉ်တွဲသိကြသော ပုဂ္ဂိုလ်များအနက် ထင်ရှားသူတစ်ဦးမှာ – အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဟောင်း ဟင်နရီကစ်ဆင်းဂျာ ဖြစ်လေသည်။ သူ့လက်ထက်ထင်ရှားသော လုပ်ရပ်တစ်ခုကို ပြရမည်ဆိုလျှင် – တစ်ဘက်က လူ့အခွင့်အရေး လူ့အခွင့်အရေး ဟု တွင်တွင်ကျယ်ကျယ် အော်နေခဲ့သော်လည်း ချီလီနိုင်ငံအရေးတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ပီနိုချေး နှင့်အတူ အမေရိကန်က ရပ်တည်ခဲ့သည့် လုပ်ရပ် ဖြစ်လေသည်။ ယခုလည်း လူ့အခွင့်အရေး ဒီမိုကရေစီအရေး မည်မျှပင် ပြောနေစေကာမူ အရှေ့အလယ်ပိုင်းတွင် ဆော်ဒီအာရေဗီးယားကဲ့သို့ နိုင်ငံမျိုးအား မဟာမိတ်အဖြစ် အမေရိကန်က ပေါင်းဖက်နေရခြင်းမှာ လုံခြုံရေး ‘လိုအပ်ချက်အရ’ ဖြစ်သည် ဟု ကစ်ဆင်ဂျာက ဆိုလေသည်။ ယနေ့နာမည်ကြီးနေသော “လိုအပ်ချက်အရ” ဟူသည့်စကားလုံးမှာ ရေးအားပေါ်လိတိခ်သမား တို့ များစွာ သုံးဖူးသော စကားလုံး ဖြစ်ပေသည်။

ရေးအားပေါ်လိတိခ် (Realpolitik) ၏ ယနေ့ခေတ် အဓိပ္ပါယ်
● ယနေ့ခေတ် ရေးအားပေါ်လိတိခ် ၏ အဓိပ္ပါယ်ကို Google က ဤကဲ့သို့ သတ်မှတ်ဖွင့်ဆိုသည်။ “A system of politics or principles based on practical rather than moral or ideological considerations.” သဘောတရားရေးရာ ထည့်သွင်းစဉ်းစားမှုများ သို့မဟုတ် ကျင့်၀တ်ပိုင်းဆိုင်ရာ စဉ်းစားမှုများထက် လက်တွေ့ရေးရာစဉ်းစားမှုကို အခြေခံသော မူများ သို့မဟုတ် နိုင်ငံရေးစနစ် တစ်ခု ဟု Google က ယနေ့ခေတ်တွင် ဖွင့်ဆိုသည်ကို တွေ့ရသည်။ pragmatism လက်တွေ့အကျိုးကြည့်ဝါဒ ဆိုသည့်စကားလုံးနှင့် ထပ်တူနီးပါး ယနေ့ခေတ်တွင် ယူဆသုံးစွဲကြသည်ကို တွေ့ရသည်။ တကယ်ဒန္တုလည်း national interests နိုင်ငံ၏ အကျိုးစီးပွားကို ဦးထိပ်ထားရပါသည် ဆိုသည့်စကားမှာ နိုင်ငံရေးသမားတော်တော်များများအဖို့ မလွဲမရှောင်သာသော စကားဖြစ်လေသည်။

● မည်သို့ပင်ဆိုစေကာမူ မူလလက်ဟောင်း ရေးအားပေါ်လိတိခ် (Realpolitik) စကားလုံးကို တီထွင်သုံးစွဲခဲ့သော ရိုးဟာ၏ The Foundations of Realpolitik စာအုပ်ပါ တင်ပြချက်များသည်ကား နိုင်ငံရေးလေ့လာသူများအတွက် အနည်းနှင့်အများ အကျိုးဖြစ်စေသည်သာ ဖြစ်လေသည်။

“The Foundations of Realpolitik” စာအုပ်
● အင်အားသည်ကား အမြဲတမ်း မှန်သည် မဟုတ် (အမှန်ဘက်က မဟုတ်)။ ရိုးဟာက ဆိုသည်မှာ ‘လစ်ဘရယ်များ၏ အမှားတစ်ရပ်သည်ကား – မှန်ကန်မှုမရှိ ဟု ပြသနိုင်သည်နှင့် တပြိုင်နက် the law of the strong အင်အားကြီးသူသာ လွှမ်မိုးမည် ဆိုသည့် အခြေအနေသည် အုံဖွဆိုသလို အငွေ့ပျံ ပျောက်ကွယ်သွားမည် ဟု ထင်မှတ်မိကြခြင်းပေတည်း’ ဟု ဆို၏။ ‘ငါတို့က ဓမ္မ၊ နင်တို့က အဓမ္မ’ ဆိုသည်နှင့် အဓမ္မဘက်မှ ရှုံးသွားမည် ဟု မျှော်လင့်ထားခြင်းမျိုးမှာ အလိုလို မဖြစ်နိုင် ဆိုလိုသည်။

● ကောက်နှုတ်ချက်။ “ဂျက်ရကိုမြို့နံရံများအား ဖြိုချနိုင်ဖို့အရေးတွင် – ကျယ်လောင်လှစွာသော တံပိုးခရာ ထက် သာမန်ပေါက်ချွန်းငယ် က ပိုမို အသုံးကျသည်ကို ရေးအားပေါ်လိတိခ်သမား က ကောင်းစွာ သဘောပေါက်ပေသည်။” “To bring down the walls of Jericho, the Realpolitiker knows the simple pickaxe is more useful than the mightiest trumpet.”

KZO
(၂၃-၀၉-၂၀၂၁)

[လူငယ်အတွက် နိုင်ငံရေးမှတ်စုတိုများ(၂၃)]

#ShortNotesOnPoliticsForYouth
#KyawZawOo
#KZO

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s