ဘက်မလိုက်လေ ကောင်းလေ

[ Zawgyi font First / Unicode below ]

ဘက္မလိုက္ေလ ေကာင္းေလ

Flat Earth News ကိုေရးေသာ ဝါရင့္သတင္းစာဆရာ Nick Davies ေျပာပါသည္။ သတင္းပညာ၏ မူအရ က်င့္၀တ္အရ ဘက္လိုက္ျခင္းကင္းရမည္ ဟု မည္မၽွပင္ဆိုေစကာမူ သတင္းသမားမ်ား သတင္းဌာနမ်ားသည္ အနည္းႏွင့္အမ်ား ဘက္လိုက္သည္ ဟု သူက ေျပာပါသည္။

ၿပီးခဲ့သည့္ ဦးဥတၱမေန႔က ရခိုင္ပါတီတစ္ခု ၿမိဳ႕နယ္သုံးၿမိဳ႕နယ္၌ ဦးဥတၱမ ေအာက္ေမ့ဖြယ္ရာ အထိမ္းအမွတ္လုပ္သည္ကို တစ္ၿမိဳ႕အတြက္ သတင္းတစ္ပုဒ္စီႏႈန္းျဖင့္ နိရဥၨရာသတင္းဌာနက သတင္းသုံးပုဒ္ သီးျခားခြဲလ်က္ ေရွ႕ေနာက္ဆင့္ကာ ေရးသားသည္ကို ေတြ႕မိသျဖင့္ ျပဳံးမိပါသည္။

ၿပီးခဲ့သည့္ နာရီပိုင္းက အဆိုပါသတင္းဌာနက တင္လိုက္ေသာ “ရခိုင့္ဦးေဆာင္ပါတီ (AFP) မွ ထိပ္ပိုင္းေခါင္းေဆာင္အခ်ိဳ႕အပါအ၀င္ ႏႈတ္ထြက္ထားသူ ၁၈ ဦးခန္႔ရွိ” ဟု ေခါင္းတပ္ထားေသာ သတင္းႏွင့္ ပတ္သက္၍ မတိက်မႈ (inaccuracy) အခ်ိဳ႕အတြက္ ေထာက္ျပလိုပါသည္။

တစ္။ ယခုတေလာ မည္သည့္ ထိပ္ပိုင္းေခါင္းေဆာင္မွ ႏႈတ္ထြက္သြားျခင္းမရွိပါ။

ႏွစ္။ စစ္ေတြၿမိဳ႕နယ္ ပါတီအတြင္းေရးမႉး ႏွင့္ ၿမိဳ႕နယ္ ဥကၠဌ၊ ဒု-ဥကၠဌ တို႔မွာ ႏႈတ္ထြက္ျခင္းမရွိပါ။ ၿပီးခဲ့သည့္ တစ္ႏွစ္ခြဲခန္႔ ၿမိဳ႕နယ္ပါတီေကာ္မတီကို ျပန္လည္ဖြဲ႕စည္းသည့္အခ်ိန္က စ၍ ယေန႔အထိ ထိုတာ၀န္ရွိသူမ်ား ယခုအထိ တာ၀န္ထမ္းေဆာင္လ်က္ရွိပါသည္။

သုံး။ ၿမိဳ႕နယ္အဆင့္ ပါတီအတြင္းေရးမႉးကို “အတြင္းေရးမႉး” ဟု ေခၚပါသည္။ “အေထြေထြ အတြင္းေရးမႉး” ဟု မေခၚပါ။

ေလး။ ၂၀၂၀-ခုႏွစ္ သုံးလပိုင္းတြင္ ရခိုင္ျပည္နယ္ အႏွံ့မွ တက္ေရာက္သူေပါင္း ငါးဆယ္ခန္႔တက္ေရာက္သည့္ ပါတီအစည္းအေဝးတြင္ ဦးေအာင္သန္းေဝ က ပါတီဗဟို၏ အေထြေထြအတြင္းေရးမႉးရာထူးကို မိမိကိုယ္ကို အဆိုျပဳရာ အစည္းအေဝးက လက္မခံခဲ့ပါ။ ထိုေနာက္ ၎က ႏႈတ္ထြက္စာတင္သျဖင့္ ႏႈတ္ထြက္ခြင့္ေပးလိုက္ ၾကပါသည္။ ဦးေအာင္သန္းေဝ ႏႈတ္ထြက္သည္ကို ခြင့္ျပဳလိုက္လၽွင္ ပါတီတာ၀န္မ်ားမွ ႏႈတ္ထြက္ၾကမည္ ဟု ဆိုေသာ စစ္ေတြၿမိဳ႕နယ္ပါတီ၀င္အခ်ိဳ႕ကိုလည္း ပါတီတာ၀န္မ်ားမွ နားခြင့္ေပးလိုက္ၿပီး ၿမိဳ႕နယ္ေကာ္မတီကို ထိုအခ်ိန္က အသစ္ဖြဲ႕စည္းခဲ့ပါသည္။

ငါး။ သတိျပဳရန္မွာ – ထို စစ္ေတြၿမိဳ႕နယ္ပါတီ၀င္တို႔ လက္မွတ္ထိုးထားေသာ စာရြက္က ဆိုသည္မွာ ပါတီမွႏႈတ္ထြက္မည္ ဟု မဆို၊ တာ၀န္မ်ားက ႏႈတ္ထြက္မည္ ဟု သာ ဆိုပါသည္။ ထိုေၾကာင့္ သူတို႔ကို တာ၀န္မ်ားမွ အနားေပးခဲ့ျခင္းျဖစ္ပါသည္။ ပါတီမွ ႏႈတ္ထြက္ခ်င္သည္ ဆိုလၽွင္လည္း ထိုစဥ္က ပါတီဗဟို ဥကၠဌ၊ အတြင္းေရးမႉးမ်ားက သေဘာတူၿပီးသား ဆုံးျဖတ္ခ်က္ရွိပါသည္။

ေျခာက္။ ႏႈတ္ထြက္ခ်င္သည္ဆိုကာ လက္မွတ္မ်ားပါရွိေနေသာ ပါတီ၀င္မ်ားထဲမွ တစ္၀က္ခန္႔မွာ ၿပီးခဲ့ေသာ ေရြးေကာက္ပြဲတြင္ ကၽြန္ေတာ္တို႔အား တက္တက္ႂကြႂကြ ကူညီခဲ့ၾကပါသည္။ သူတို႔က ဆိုသည္မွာ ဘာရယ္မွန္း မသိ လက္မွတ္ထိုးေပးလိုက္ျခင္းသာ ျဖစ္ေၾကာင္း အစည္းအေဝးေခၚဖို႔ လိုတယ္ဆိုလား ဘာလား လက္မွတ္ထိုးေပးရမည္ ဆိုေသာေၾကာင့္ လက္မွတ္ထိုးေပးလိုက္ပါသည္ ဟု ကၽြန္ေတာ္တို႔ကို ေျပာပါသည္။

ခုနစ္။ လိုအပ္သည္ထင္၍ ရွင္းျပရပါသည္။ မသက္ဆိုင္ဘဲ ဖတ္ရႈရမိသူမ်ား၏ အခ်ိန္အတြက္လည္း အားနာပါသည္။

KZO
(၂၄-၀၉-၂၀၂၁)

==========

[ Unicode here ]

ဘက်မလိုက်လေ ကောင်းလေ

Flat Earth News ကိုရေးသော ဝါရင့်သတင်းစာဆရာ Nick Davies ပြောပါသည်။ သတင်းပညာ၏ မူအရ ကျင့်၀တ်အရ ဘက်လိုက်ခြင်းကင်းရမည် ဟု မည်မျှပင်ဆိုစေကာမူ သတင်းသမားများ သတင်းဌာနများသည် အနည်းနှင့်အများ ဘက်လိုက်သည် ဟု သူက ပြောပါသည်။

ပြီးခဲ့သည့် ဦးဥတ္တမနေ့က ရခိုင်ပါတီတစ်ခု မြို့နယ်သုံးမြို့နယ်၌ ဦးဥတ္တမ အောက်မေ့ဖွယ်ရာ အထိမ်းအမှတ်လုပ်သည်ကို တစ်မြို့အတွက် သတင်းတစ်ပုဒ်စီနှုန်းဖြင့် နိရဉ္ဇရာသတင်းဌာနက သတင်းသုံးပုဒ် သီးခြားခွဲလျက် ရှေ့နောက်ဆင့်ကာ ရေးသားသည်ကို တွေ့မိသဖြင့် ပြုံးမိပါသည်။

ပြီးခဲ့သည့် နာရီပိုင်းက အဆိုပါသတင်းဌာနက တင်လိုက်သော “ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ထိပ်ပိုင်းခေါင်းဆောင်အချို့အပါအ၀င် နှုတ်ထွက်ထားသူ ၁၈ ဦးခန့်ရှိ” ဟု ခေါင်းတပ်ထားသော သတင်းနှင့် ပတ်သက်၍ မတိကျမှု (inaccuracy) အချို့အတွက် ထောက်ပြလိုပါသည်။

တစ်။ ယခုတလော မည်သည့် ထိပ်ပိုင်းခေါင်းဆောင်မှ နှုတ်ထွက်သွားခြင်းမရှိပါ။

နှစ်။ စစ်တွေမြို့နယ် ပါတီအတွင်းရေးမှူး နှင့် မြို့နယ် ဥက္ကဌ၊ ဒု-ဥက္ကဌ တို့မှာ နှုတ်ထွက်ခြင်းမရှိပါ။ ပြီးခဲ့သည့် တစ်နှစ်ခွဲခန့် မြို့နယ်ပါတီကော်မတီကို ပြန်လည်ဖွဲ့စည်းသည့်အချိန်က စ၍ ယနေ့အထိ ထိုတာ၀န်ရှိသူများ ယခုအထိ တာ၀န်ထမ်းဆောင်လျက်ရှိပါသည်။

သုံး။ မြို့နယ်အဆင့် ပါတီအတွင်းရေးမှူးကို “အတွင်းရေးမှူး” ဟု ခေါ်ပါသည်။ “အထွေထွေ အတွင်းရေးမှူး” ဟု မခေါ်ပါ။

လေး။ ၂၀၂၀-ခုနှစ် သုံးလပိုင်းတွင် ရခိုင်ပြည်နယ် အနှံ့မှ တက်ရောက်သူပေါင်း ငါးဆယ်ခန့်တက်ရောက်သည့် ပါတီအစည်းအဝေးတွင် ဦးအောင်သန်းဝေ က ပါတီဗဟို၏ အထွေထွေအတွင်းရေးမှူးရာထူးကို မိမိကိုယ်ကို အဆိုပြုရာ အစည်းအဝေးက လက်မခံခဲ့ပါ။ ထိုနောက် ၎င်းက နှုတ်ထွက်စာတင်သဖြင့် နှုတ်ထွက်ခွင့်ပေးလိုက် ကြပါသည်။ ဦးအောင်သန်းဝေ နှုတ်ထွက်သည်ကို ခွင့်ပြုလိုက်လျှင် ပါတီတာ၀န်များမှ နှုတ်ထွက်ကြမည် ဟု ဆိုသော စစ်တွေမြို့နယ်ပါတီ၀င်အချို့ကိုလည်း ပါတီတာ၀န်များမှ နားခွင့်ပေးလိုက်ပြီး မြို့နယ်ကော်မတီကို ထိုအချိန်က အသစ်ဖွဲ့စည်းခဲ့ပါသည်။

ငါး။ သတိပြုရန်မှာ – ထို စစ်တွေမြို့နယ်ပါတီ၀င်တို့ လက်မှတ်ထိုးထားသော စာရွက်က ဆိုသည်မှာ ပါတီမှနှုတ်ထွက်မည် ဟု မဆို၊ တာ၀န်များက နှုတ်ထွက်မည် ဟု သာ ဆိုပါသည်။ ထိုကြောင့် သူတို့ကို တာ၀န်များမှ အနားပေးခဲ့ခြင်းဖြစ်ပါသည်။ ပါတီမှ နှုတ်ထွက်ချင်သည် ဆိုလျှင်လည်း ထိုစဉ်က ပါတီဗဟို ဥက္ကဌ၊ အတွင်းရေးမှူးများက သဘောတူပြီးသား ဆုံးဖြတ်ချက်ရှိပါသည်။

ခြောက်။ နှုတ်ထွက်ချင်သည်ဆိုကာ လက်မှတ်များပါရှိနေသော ပါတီ၀င်များထဲမှ တစ်၀က်ခန့်မှာ ပြီးခဲ့သော ရွေးကောက်ပွဲတွင် ကျွန်တော်တို့အား တက်တက်ကြွကြွ ကူညီခဲ့ကြပါသည်။ သူတို့က ဆိုသည်မှာ ဘာရယ်မှန်း မသိ လက်မှတ်ထိုးပေးလိုက်ခြင်းသာ ဖြစ်ကြောင်း အစည်းအဝေးခေါ်ဖို့ လိုတယ်ဆိုလား ဘာလား လက်မှတ်ထိုးပေးရမည် ဆိုသောကြောင့် လက်မှတ်ထိုးပေးလိုက်ပါသည် ဟု ကျွန်တော်တို့ကို ပြောပါသည်။

ခုနစ်။ လိုအပ်သည်ထင်၍ ရှင်းပြရပါသည်။ မသက်ဆိုင်ဘဲ ဖတ်ရှုရမိသူများ၏ အချိန်အတွက်လည်း အားနာပါသည်။

KZO
(၂၄-၀၉-၂၀၂၁)

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s