
[ Zawgyi font First / Unicode below ]
“လူတန္းစားသစ္” စာအုပ္ကို ေရးသားသူ မီလိုဗန္ ဂ်ီးလာ့စ္ (Milovan Djilas)
● ေတာ္လွန္ေရးကာလမ်ားကို ျဖတ္သန္းလ်က္ ယူဂိုဆလပ္ကို ကြန္ျမဴနစ္ႏုိင္ငံျဖစ္လာေအာင္ ရဲေဘာ္ရဲဘက္မ်ားႏွင့္ လက္တြဲတည္ေဆာက္ခဲ့ၿပီးေနာက္ ႏိုင္ငံ၏ ဒုတိယေျမာက္ အာဏာအရွိဆံုး ပုဂၢိဳလ္ ျဖစ္လာခဲ့ၿပီးခါမွ – ကြန္ျမဴနစ္စနစ္ တစ္ခုလံုး၏ အက်င့္ပ်က္ျခစားျခင္း လူ႔အဖြဲ႕အစည္းကို ေကာင္းက်ိဳးမေပးျခင္းတို႔အား ေ၀ဖန္သူ ျဖစ္လာခဲ့သည့္ မီလိုဗန္ဂ်ီးလာ့စ္ သည္ ႏိုင္ငံ၏ ဒုတိယေခါင္းေဆာင္ဘ၀မွ အက်ဥ္းသားဘ၀သို႔ ကာလတိုအတြင္း ေျပာင္းလဲေရာက္ရွိသြားသည္။ ႏိုင္ငံေရးအက်ဥ္းသား အျဖစ္ ေထာင္ထဲ ထြက္တံု၀င္တံုလုပ္ေနရစဥ္ “လူတန္းစားသစ္” (The New Class) ဆိုသည့္ စာအုပ္ကို ေရးသားၿပီး အေနာက္ႏိုင္ငံမ်ားတြင္ စာအုပ္အျဖစ္ ပံုႏွိပ္ထုတ္ေ၀သည္။ ထိုစာအုပ္မွာ စစ္ေအးတိုက္ပြဲကာလအတြင္း က်ယ္က်ယ္ျပန္႔ျပန္႔ ဖတ္ရႈခဲ့ၾကေသာ စာအုပ္တစ္အုပ္ျဖစ္သည္။
● မြန္တီနီဂရိုးနယ္သား မီလိုဗန္ဂ်ီးလာ့စ္ (၁၉၁၁-၁၉၉၅) သည္ တကၠသိုလ္ေက်ာင္းသားဘ၀တြင္ ယူဂိုဆလားဗီးယား ကြန္ျမဴနစ္ပါတီ (KPJ) သို႔ ၀င္ေရာက္လ်က္ အာဏာရွင္ဆန္ဆန္အုပ္ခ်ဳပ္သူ ယူဂိုဆလားဗီးယားဘုရင္ အလက္ဇန္းဒါးကို ေတာ္လွန္ေနၾကရာတြင္ ပါ၀င္ျခင္းေၾကာင့္ အဖမ္းခံရ ႏွိပ္စက္ခံရကာ ေထာင္သံုးႏွစ္က်သည္။ ေထာင္မွ လြတ္လာေသာအခါ ကြန္ျမဴနစ္ေတာ္လွန္ေရးသမား လံုးလံုးလ်ားလ်ား ျဖစ္သြားၿပီး ေတာ္လွန္ေရးေခါင္းေဆာင္ မာရွယ္တီတိုုး၏ အားကိုးအားထား လက္ရံုးတစ္ဆူ ျဖစ္လာသည္။ စပိန္ျပည္တြင္းစစ္အတြင္း ယူဂိုဆလပ္ ကြန္ျမဴနစ္ (၁၅၀၀) ခန္႔ကို ဦးေဆာင္ကာ စပိန္ ရီပတ္ဘလီကန္မ်ားဘက္မွ ၀င္ေရာက္တိုက္ခိုက္ခဲ့ေသးသည္။
● ဒုတိယကမၻာစစ္အတြင္း မာရွယ္တီတိုးလက္ေအာက္ ေျပာက္က်ားစစ္ေခါင္းေဆာင္တစ္ဦး၊ မြန္တီးနီဂရိုး နယ္ကို လြတ္ေျမာက္ေအာင္ ထၾကြမႈကို ဦးေဆာင္သူ၊ ပါတီအေဘာ္ သတင္းစာ၏ အယ္ဒီတာ၊ ၿမိဳ႕ေတာ္ ဘဲလ္ဂရိတ္ လြတ္ေျမာက္ေရးတြင္ ပူးတြဲပါ၀င္တိုက္ခိုက္သူ စသည္အားျဖင့္ အခန္းက႑အသီးသီးတြင္ ပါ၀င္ခဲ့သည္။ ဒုတိယကမၻာစစ္အၿပီး ၁၉၄၅-ခုႏွစ္တြင္ တည္ေထာင္ေသာ ယူဂိုဆလားဗီးယား ဖက္ဒရယ္ျပည္သူ႔ သမၼတႏိုင္ငံ၏ ဒုတိယ သမၼတျဖစ္လာခဲ့သည္။
အတိုက္အခံဘ၀ သို႔
● ၁၉၅၃-ခုႏွစ္၀န္းက်င္တြင္ ပါတီေခါင္းေဆာင္မႈ၌ တတိယေနရာရွိ ဂ်ီးလတ္စ္မွာ တီတိုးကို ဆက္ခံမည့္သူအျဖစ္ က်ယ္ျပန္႔စြာ မွတ္ယူျခင္းခံရသူ ျဖစ္ေနသည့္အျပင္ ယူဂိုဆလပ္ႏုိင္ငံ၏ သမၼအျဖစ္ ေရြးခ်ယ္ တင္ေျမွာက္ခံရခါဆဲဆဲ အေနအထားကို ေရာက္ေနေလၿပီ။ ထိုစဥ္ကာလ ၁၉၅၄ ဇြန္န၀ါရီလတြင္ ကြန္ျမဴနစ္ပါတီ၏ တရား၀င္အာေဘာ္ သတင္းစာ Borba တြင္ ေဆာင္းပါးတစ္ေစာင္ေရးသည္။ စတာလင္၀ါဒီ အေျချပဳ အလြန္အကၽြံဗ်ဴရိုကရက္စနစ္အား ပယ္ဖ်က္လ်က္ ဗဟိုက စီမံကိန္းမ်ားခ်မွတ္လုပ္ေဆာင္သည့္ စီးပြားေရးစနစ္ကေန တေရြ႕ေရြ႕ဖယ္ခြာဖို႔ အယူအဆမ်ားကို စတင္ တင္ျပသည္။ သူ၏အယူအဆမ်ားမွာ တစ္ပါတီခ်ဳပ္ကုိင္မႈစနစ္ကိုသာမက ကြန္ျမဴနစ္ အထက္လႊာမ်ားအားလံုးကိုေရာ လက္ရွိစနစ္တစ္ရပ္လံုးကိုပါ ၿခိမ္းေျခာက္ရာေရာက္သည္ဟု ပါတီအာဏာပိုင္မ်ားက ယူဆလာၾကေသာေၾကာင့္ ပါတီရာထူးမ်ားအားလံုးမွ သူ႔ကို ဖယ္ရွားလိုက္ၾကသည္။ ထို႔ေနာက္ ၁၉၅၄ ဒီဇင္ဘာလတြင္ The New York Times ႏွင့္ သူႏွင့္ အင္တာဗ်ဴးတြင္ ယူဂိုဆလားဗီးယားအား totalitarian လံုးစည္းအာဏာရွင္ စနစ္ေအာက္ အေျခအေနအျဖစ္ ေျဖၾကားခဲ့သည္ကို အေၾကာင္းျပဳလ်က္ ေထာင္ဒဏ္ (၁၈) လ ခ်မွတ္ျခင္းခံရသည္။ ထိုအခ်ိန္မွစ၍ ေထာင္ထဲ၀င္လိုက္၊ ထြက္လာလိုက္၊ စာတစ္ပုဒ္ေရးလိုက္၊ ထပ္မံေထာင္က်လိုက္၊ လြတ္လာလိုက္၊ ေနာက္တစ္ခုထပ္လုပ္လိုက္၊ ထပ္တိုးေထာင္ဒဏ္ ေပးခံရလုိက္ စသည္ျဖင့္ ေတာက္ေလွ်ာက္ျဖစ္ေနခဲ့သည္။ ၁၉၆၆ ဒီဇင္ဘာလ (၃၁) ရက္ေန႔တြင္ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးခံရလ်က္ လြတ္ေျမာက္လာခ်ိန္မွစ၍ ေနာက္ထပ္ အက်ဥ္းခ်ျခင္း မခံရေတာ့ေပ။ ထို႔ေနာက္တြင္လည္း ကြန္ျမဴနစ္အုပ္ခ်ဳပ္မႈအား ဆန္႔က်င္သူအျဖစ္ ဘဲလ္ဂရိတ္ၿမိဳ႕တြင္ အေျခစိုက္လ်က္ ေတာက္ေလွ်ာက္ ရပ္တည္ခဲ့ၿပီး ၁၉၉၅-ခုႏွစ္တြင္ ကြယ္လြန္သည္။
“Withering away” of the State (ႏိုင္ငံေတာ္ ညိဳးႏြမ္းေသြ႕ေျခာက္ ပေပ်ာက္သြားျခင္း)
● ကြန္ျမဴနစ္စနစ္၏ ဖခင္ႀကီး ကားလ္မာ့ခ္စ္၏ အလိုအရ – ပစၥည္းမဲ့လူတန္းစားက ေတာ္လွန္လ်က္ ႏိုင္ငံေတာ္၏ အာဏာကို သိမ္းယူလ်က္ ရန္သူဟု သတ္မွတ္ေသာ ဓနရွင္ ဘူဂၽြာဇီးလူတန္းစားအား ရွင္းလင္းမည္၊ ထိုေနာက္ ျပည္သူမ်ားအားလံုး သာတူညီမွ်ခံစားပိုင္ခြင့္ရွိၾကေသာ လူတန္းစားကင္းမဲ့ေသာ ေလာကနိဗၺာန္ႀကီးရွိရာသို႔ တေရြ႕ေရြ႕ ခ်ီတက္ၾကမည္၊ ထိုကဲ့သို႔ ခ်ီတက္ေနရင္း လူကိုလူခ်င္း အုပ္ခ်ဳပ္ေသာ “ႏုိင္ငံေတာ္” ဟူေသာ အျခင္းအရာသည္ “တျဖည္းျဖည္း ညိဳးႏြမ္းေသြ႕ေျခာက္” (withers away) သြားလိမ့္မည္ – ဟု ၎က ဆိုေပသည္။ မာ့ခ္စ္ဒါဒ၏ ထိုအယူအဆကို “Withering away” of the State (ႏိုင္ငံေတာ္ ညိဳးႏြမ္းေသြ႕ေျခာက္ ပေပ်ာက္သြားျခင္း) ဟု ရည္ညႊန္းၾကသည္။ ထိုသို႔ျဖစ္လာမည့္အစား လက္ေတြ႕တြင္ကား ကြန္ျမဴနစ္ႏိုင္ငံမ်ားတြင္ ယခင္အုပ္ခ်ဳပ္လႊမ္းမိုးသူမ်ားေနရာ၌ အခြင့္ထူးခံ အုပ္ခ်ဳပ္သူလူတန္းစားသစ္ တစ္ရပ္ ေပၚေပါက္လာသည္ ဟု ဂ်ီးလာ့စ္က ဆိုသည္။ ယင္းအခ်က္သည္ ဂ်ီးလာ့စ္ေရးသားေသာ “လူတန္းစားသစ္” စာအုပ္၏ အဓိက သတင္းစကား ျဖစ္ေလသည္။
“လူတန္းစားသစ္”
● ၁၉၅၇-ခုႏွစ္ ေထာင္ထဲကို မ၀င္ရေသးမီ အေမရိကန္ထုတ္ေ၀သူထံသို႔ ေပးပို႔ထားႏိုင္လိုက္ေသာ “The New Class: An Analysis of the Communist System” (လူတန္းစားသစ္: ကြန္ျမဴနစ္စနစ္အား သံုးသပ္ခ်က္တစ္ေစာင္) စာအုပ္ကို ထုတ္ေ၀သည္။ ထိုစာအုပ္ထြက္လာသည္ကို အေၾကာင္းျပဳလ်က္ ေနာက္ထပ္ ျပစ္ဒဏ္ (၇) ႏွစ္ ထပ္တိုးခ်မွတ္ခံရသည္။ ထိုစာအုပ္ပါ သေဘာတရားအခ်ိဳ႕ထဲမွ အစိတ္အပိုင္း အနည္းငယ္မွ်ကို ေအာက္တြင္ အက်ဥ္းမွ်တင္ျပပါသည္။
● (ဆိုဗီယက္ယူနီယံ ႏွင့္ အေရွ႕ဥေရာပတို႔ တြင္ ျဖစ္ပြားခဲ့ေသာ) ကြန္ျမဴနစ္ေတာ္လွန္ေရးတို႔သည္ “ေသြးစုပ္သူ ‘ပိုင္ရွင္’ လူတန္းစားအသစ္” တစ္ရပ္အား ျဖစ္ထြန္းလာေစခဲ့သည္၊ ကြန္ျမဴနစ္စနစ္တရပ္လံုး၏ လည္ပတ္ေနမႈသည္ ထိုလူတန္းစားအသစ္၏ အက်ိဳးစီးပြားကို အဓြန္႔ရွည္တည္တံ့ႏိုင္ေစရန္ လုပ္ေဆာင္ေနၾကျခင္းျဖစ္သည္။ ဤအခ်က္မွာ “လူတန္းစားသစ္” စာအုပ္၏ အဓိကသတင္းစကား ျဖစ္သည္။
● စက္မႈလူ႔အဖြဲ႕အစည္း တည္ေဆာက္ျခင္း (industrialization) ဆိုသည့္ အခ်က္တစ္ခ်က္မွ လြဲ၍ ကြန္ျမဴနစ္စနစ္က ရယူလွမ္းဆြတ္မည္ ဆိုသည့္ စံပန္းတိုင္မ်ားကို ဘာတစ္ခုမွ ရယူႏိုင္လိမ့္မည္ မဟုတ္ေပ။ ဤကြန္ျမဴနစ္ ေတာ္လွန္ေရးမ်ားေလာက္ ကတိေတြ အမ်ားႀကီးေပးၿပီး အက်ိဳးအားျဖင့္ အနည္းဆံုးသာ ရယူႏိုင္ၾကသည့္ ေတာ္လွန္မ်ိဳး မရွိဖူးေပ။
● (ဤကြန္ျမဴနစ္ လူ႔အဖြဲ႕အစည္းမ်ားတြင္) ပိုင္ဆိုင္မႈကို လူ႔အဖြဲ႕အစည္းကပိုင္သည္ ႏိုင္ငံကပိုင္သည္ ဟု ဥပေဒအေၾကာင္းအရ ယူဆေသာ္လည္း အမွန္တကယ္အားျဖင့္မူ အုပ္စုတစ္စုတည္းကသာလွ်င္ ၎တို႔၏ အက်ိဳးစီးပြားအတြက္ ကိုင္တြယ္ စီမံခန္႔ခြဲ ေနၾကျခင္းျဖစ္ေလသည္။
● (ဤကြန္ျမဴနစ္ လူ႔အဖြဲ႕အစည္းမ်ားတြင္) အာဏာတို႔ အစိုးရတို႔ ဆိုေသာ စကားလံုးမ်ားကို အဓိပၸါယ္ဖြင့္ဆိုမည္ ဆိုပါက “ႏိုင္ငံတြင္ ရွိသမွ် ပစၥည္းဥစၥာမ်ား အားလံုးလိုလိုအား သံုးစြဲျခင္း၊ ခံစားျခင္း၊ စိတ္ႀကိဳက္ေနရာခ်ထားျခင္း” ႏွင့္ အဓိပၸါယ္ထပ္တူက်ေပသည္။ အာဏာရွိသူ အစိုးရျဖစ္သူက တစ္တိုင္းျပည္လံုးကို စိတ္ႀကိဳက္လိုသလို ေမွာက္ႏိုင္လွန္ႏိုင္သည္ ဟု ဆိုလိုသည္။
● ကြန္ျမဴနစ္မ်ားက ျဖစ္ခ်င္သည္ျဖစ္ေစ မျဖစ္ခ်င္သည္ျဖစ္ေစ စနစ္အရ ျဖစ္ေနသည္မွာ – ကြန္ျမဴနစ္မ်ားသည္ တိုင္းျပည္၏ ပိုင္ရွင္မ်ား (owners) ႏွင့္ အာဏာရွင္မ်ား (despots) တစ္ၿပိဳင္တည္းတြင္ ျဖစ္ေနေပသည္။ ထို႔ေၾကာင့္ ကြန္ျမဴနစ္စနစ္ေလာက္ အျခားမည္သည့္စနစ္ကမွ် ဤမွ် နက္ရိႈင္းလ်က္ ေနရာအႏွံ႔ သက္ေရာက္ေသာ မေက်နပ္မႈမ်ားကို ျဖစ္ေစခဲ့ျခင္းမရွိေပ။ ထို႔ေၾကာင့္ ကြန္ျမဴနစ္စနစ္တို႔တြင္ ျပည္သူမ်ားႏွင့္ အုပ္ခ်ဳပ္သူမ်ားအၾကား မီးခဲျပာဖံုး မျမင္ရသည့္ ျပည္တြင္းစစ္မ်ိဳးပမာ အေျခအေနတစ္ရပ္သည္ကား အစဥ္အၿမဲ ရွိေနလ်က္ရွိေပသည္။
● လူတန္းစားသစ္၏ အလယ္အႏွစ္သားတြင္ ပါတီရွိၿပီး အခြင့္အေရးရသည့္ အျခားသူအခ်ိဳ႕ကလည္း ပါတီကို ၀န္းရံအားျဖည့္လ်က္ ရွိသည္။ အခ်ိန္ႏွင့္အမွ် ကြန္ျမဴနစ္ပါတီသည္ အခြင့္ထူးခံ အိုလီဂါခီ (Oligarchy) အျဖစ္သို႔ တျဖည္းျဖည္း ေျပာင္းလဲလာသည္။ ပါတီ၏ အဆင့္အသီးသီးကေန လူတန္းစားသစ္ျဖစ္ခ်င္သူမ်ားကို ဆြဲယူသိမ္းသြင္းၿပီး အျခားတစ္ဖက္တြင္ စံတန္ဖိုးမ်ားကို ခိုင္ခိုင္မာတန္ဖိုးထားသူမ်ားကို ဖိႏွိပ္ဖယ္ရွားျခင္းသည္ အလိုအေလ်ာက္ ႏွင့္ တျဖည္းျဖည္း ျဖစ္လာသည္။ ဤနည္းအားျဖင့္ လူတန္းစားသစ္သည္ တျဖည္းျဖည္း အင္အားႀကီးလာၿပီး ပါတီသည္ တျဖည္းျဖည္း အင္အားနည္းလာသည္။ ဤအျဖစ္မ်ိဳးသည္ကား အာဏာရ မည္သည့္ ကြန္ျမဴနစ္ပါတီမဆို မလြဲမေသြ ႀကံဳေတြ႕ရမည့္ ျဖစ္စဥ္ေပတည္း။
● ေတာ္လွန္ေရး၏ အစပိုင္းႏွင့္ ေတာ္လွန္ေရးအေတာအတြင္းကာလမ်ားတြင္ ကြန္ျမဴနစ္မ်ားအျဖစ္ အနစ္နာခံ စြန္႔လႊတ္ၾကသည့္ သူရဲေကာင္းအနည္းငယ္မွ်ကို ကမၻာႀကီးက ျမင္ဖူးခဲ့ၿပီးေလၿပီ။ အာဏာရလာၿပီးသည့္အခါ အဓိပၸါယ္မဲ့ ေဖာ္ျမဴလာမူ၀ါဒမ်ားကို မိုက္မိုက္မဲမဲ ကာကြယ္ေျပာဆိုေသာ အႏွစ္သာရမဲ့ လူညစ္ေထးမ်ားအား ကမၻာႀကီးက ျမင္ေတြ႕ဖူးပံုမရေသးေပ။ ထိုသူတို႔သည္ အုပ္ခ်ဳပ္သူလူတန္းစားထဲတြင္ ၎တို႔ရထားေသာ ေနရာတစ္ေနရာစာမွ်ကို ဆက္လက္ထိန္းသိမ္းရန္အလို႔ငွာ မည့္သည့္အရာကို မဆိုစြန္႔လႊတ္ရန္ (လိုအပ္ပါက သားေကာင္ ခ်နင္းရန္) ၀န္မေလးၾကေပ။
● “လူတန္းစားသစ္” သည္ကား ကမၻာ့သမိုင္းက မွတ္တမ္းတင္ဖူးသမွ် မည္သည့္လူတန္းစားထက္မဆို ပို၍ အဆင့္ျမင့္ က်နစြာ ဖြဲ႕စည္းတည္ေဆာက္မႈျပဳထားသည့္အျပင္ လူတန္းစားသိစိတ္အရွိဆံုး လူတန္းစား ပင္ျဖစ္ေပသည္။ The new class is “more highly organized and more highly class-conscious than any class in the recorded history.”
သူ၏ ဇာတိေျမ
● ဂ်ီးလတ္စ္ ၏ ဘ၀သက္တာတြင္ မြန္တီနီဂရင္စာေပမ်ား ႏွင့္ မြန္တီနီဂရိုး သမိုင္းမွတ္တမ္းမ်ားစြာကိုလည္း ျပဳစုခဲ့ေသးရာ – မြန္တီနီဂရင္အား ဆားဘီးယားမဟုတ္ေသာ သီးျခားလူမ်ိဳးတစ္မ်ိဳးအျဖစ္ ပံုေဖာ္ေပးခဲ့သူ အျဖစ္ ဆားဘီးယားအမ်ိဳးသားေရး၀ါဒီမ်ားက ဂ်ီးလတ္စ္အား စြပ္စြဲၾကေလသည္။ ၁၉၄၅ -ခုႏွစ္၀န္းက်င္က အင္တာဗ်ဴးတစ္ခုတြင္ ဂ်ီးလတ္စ္က မိမိကိုယ္မိမိ ဆားဘီးယားႏြယ္ဖြား မြန္တီနီဂရိုးနယ္သား အျဖစ္ ေျဖၾကားေသးခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ မြန္တီနီဂရင္အား သီးျခားလူမ်ိဳး တျဖည္းျဖည္း ပံုေဖာ္မႈ ျဖစ္ထြန္းလာခဲ့ ပံုရေလသည္။ မြန္တီနီဂရင္စာေပမ်ားမွာ ၁၉၉၀ ၀န္းက်င္ေလာက္မွ စတင္ သီးျခားပံုေဖာ္ႏိုင္ျခင္းျဖစ္သည္ ဟု ဆိုၾကသည္။
● မြန္တီနီဂရင္တို႔မွာ လူမ်ိဳးခ်င္း ယဥ္ေက်းမႈခ်င္း ဆားဘီးယားတို႔ႏွင့္ အထိုက္အေလ်ာက္ နီးစပ္ၾကသည္။ ယူဂိုဆလားဗီးယား ျပည္ေထာင္စုၿပိဳကြဲၿပီးေသာအခါ ဆားဘီးယားႏွင့္ မြန္တီနီဂရိုး ႏွစ္ခုေပါင္း ယူဂိုဆလပ္ျပည္ေထာင္စုထဲတြင္ က်န္ရစ္သည္။ ၁၉၉၁-၁၉၉၅ ေဘာ့စနီးယားစစ္ပြဲ ႏွင့္ ခရိုေအးရွားစစ္ပြဲတို႔တြင္ မြန္တီနီဂရင္ ရဲႏွင့္ စစ္ဘက္တို႔သည္ ဆားဘီးယားတို႔ဘက္မွ ၀င္တိုက္ခဲ့ေသးသည္။ ၂၀၀၃-ခုႏွစ္မွာ “ဆားဘီးယားႏွင့္ မြန္တီနီဂရိုး” ဟူ၍ ႏွစ္နယ္ေပါင္း တစ္ႏိုင္ငံ ပံုစံသစ္ျဖင့္ ထူေထာင္ၾကသည္။ ၂၀၀၆-ခုႏွစ္တြင္ ဆႏၵခံယူပြဲျပဳလုပ္ကာ လူဦးေရ ေျခာက္သိန္း၀န္းက်င္ရွိသည့္ မြန္တီနီဂရိုးအား သီးျခားႏိုင္ငံအျဖစ္ ၿငိမ္းခ်မ္းစြာ ခြဲထုတ္လိုက္သည္။ ယခုအခါ မြန္တီနီဂရိုးသည္ ကမၻာ့ကုလသမဂၢအဖြဲ႕၀င္ ႏွင့္ ေနတိုး စစ္ေရးမဟာမိတ္ အဖြဲ႕၀င္ ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္သည္။
KZO
(၂၆-၀၉-၂၀၂၁)
==========
[ Unicode here ]
“လူတန်းစားသစ်” စာအုပ်ကို ရေးသားသူ မီလိုဗန် ဂျီးလာ့စ် (Milovan Djilas)
● တော်လှန်ရေးကာလများကို ဖြတ်သန်းလျက် ယူဂိုဆလပ်ကို ကွန်မြူနစ်နိုင်ငံဖြစ်လာအောင် ရဲဘော်ရဲဘက်များနှင့် လက်တွဲတည်ဆောက်ခဲ့ပြီးနောက် နိုင်ငံ၏ ဒုတိယမြောက် အာဏာအရှိဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပြီးခါမှ – ကွန်မြူနစ်စနစ် တစ်ခုလုံး၏ အကျင့်ပျက်ခြစားခြင်း လူ့အဖွဲ့အစည်းကို ကောင်းကျိုးမပေးခြင်းတို့အား ဝေဖန်သူ ဖြစ်လာခဲ့သည့် မီလိုဗန်ဂျီးလာ့စ် သည် နိုင်ငံ၏ ဒုတိယခေါင်းဆောင်ဘ၀မှ အကျဉ်းသားဘ၀သို့ ကာလတိုအတွင်း ပြောင်းလဲရောက်ရှိသွားသည်။ နိုင်ငံရေးအကျဉ်းသား အဖြစ် ထောင်ထဲ ထွက်တုံ၀င်တုံလုပ်နေရစဉ် “လူတန်းစားသစ်” (The New Class) ဆိုသည့် စာအုပ်ကို ရေးသားပြီး အနောက်နိုင်ငံများတွင် စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေသည်။ ထိုစာအုပ်မှာ စစ်အေးတိုက်ပွဲကာလအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုခဲ့ကြသော စာအုပ်တစ်အုပ်ဖြစ်သည်။
● မွန်တီနီဂရိုးနယ်သား မီလိုဗန်ဂျီးလာ့စ် (၁၉၁၁-၁၉၉၅) သည် တက္ကသိုလ်ကျောင်းသားဘ၀တွင် ယူဂိုဆလားဗီးယား ကွန်မြူနစ်ပါတီ (KPJ) သို့ ၀င်ရောက်လျက် အာဏာရှင်ဆန်ဆန်အုပ်ချုပ်သူ ယူဂိုဆလားဗီးယားဘုရင် အလက်ဇန်းဒါးကို တော်လှန်နေကြရာတွင် ပါ၀င်ခြင်းကြောင့် အဖမ်းခံရ နှိပ်စက်ခံရကာ ထောင်သုံးနှစ်ကျသည်။ ထောင်မှ လွတ်လာသောအခါ ကွန်မြူနစ်တော်လှန်ရေးသမား လုံးလုံးလျားလျား ဖြစ်သွားပြီး တော်လှန်ရေးခေါင်းဆောင် မာရှယ်တီတိုး၏ အားကိုးအားထား လက်ရုံးတစ်ဆူ ဖြစ်လာသည်။ စပိန်ပြည်တွင်းစစ်အတွင်း ယူဂိုဆလပ် ကွန်မြူနစ် (၁၅၀၀) ခန့်ကို ဦးဆောင်ကာ စပိန် ရီပတ်ဘလီကန်များဘက်မှ ၀င်ရောက်တိုက်ခိုက်ခဲ့သေးသည်။
● ဒုတိယကမ္ဘာစစ်အတွင်း မာရှယ်တီတိုးလက်အောက် ပြောက်ကျားစစ်ခေါင်းဆောင်တစ်ဦး၊ မွန်တီးနီဂရိုး နယ်ကို လွတ်မြောက်အောင် ထကြွမှုကို ဦးဆောင်သူ၊ ပါတီအဘော် သတင်းစာ၏ အယ်ဒီတာ၊ မြို့တော် ဘဲလ်ဂရိတ် လွတ်မြောက်ရေးတွင် ပူးတွဲပါ၀င်တိုက်ခိုက်သူ စသည်အားဖြင့် အခန်းကဏ္ဍအသီးသီးတွင် ပါ၀င်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅-ခုနှစ်တွင် တည်ထောင်သော ယူဂိုဆလားဗီးယား ဖက်ဒရယ်ပြည်သူ့ သမ္မတနိုင်ငံ၏ ဒုတိယ သမ္မတဖြစ်လာခဲ့သည်။
အတိုက်အခံဘ၀ သို့
● ၁၉၅၃-ခုနှစ်၀န်းကျင်တွင် ပါတီခေါင်းဆောင်မှု၌ တတိယနေရာရှိ ဂျီးလတ်စ်မှာ တီတိုးကို ဆက်ခံမည့်သူအဖြစ် ကျယ်ပြန့်စွာ မှတ်ယူခြင်းခံရသူ ဖြစ်နေသည့်အပြင် ယူဂိုဆလပ်နိုင်ငံ၏ သမ္မအဖြစ် ရွေးချယ် တင်မြှောက်ခံရခါဆဲဆဲ အနေအထားကို ရောက်နေလေပြီ။ ထိုစဉ်ကာလ ၁၉၅၄ ဇွန်နဝါရီလတွင် ကွန်မြူနစ်ပါတီ၏ တရား၀င်အာဘော် သတင်းစာ Borba တွင် ဆောင်းပါးတစ်စောင်ရေးသည်။ စတာလင်ဝါဒီ အခြေပြု အလွန်အကျွံဗျူရိုကရက်စနစ်အား ပယ်ဖျက်လျက် ဗဟိုက စီမံကိန်းများချမှတ်လုပ်ဆောင်သည့် စီးပွားရေးစနစ်ကနေ တရွေ့ရွေ့ဖယ်ခွာဖို့ အယူအဆများကို စတင် တင်ပြသည်။ သူ၏အယူအဆများမှာ တစ်ပါတီချုပ်ကိုင်မှုစနစ်ကိုသာမက ကွန်မြူနစ် အထက်လွှာများအားလုံးကိုရော လက်ရှိစနစ်တစ်ရပ်လုံးကိုပါ ခြိမ်းခြောက်ရာရောက်သည်ဟု ပါတီအာဏာပိုင်များက ယူဆလာကြသောကြောင့် ပါတီရာထူးများအားလုံးမှ သူ့ကို ဖယ်ရှားလိုက်ကြသည်။ ထို့နောက် ၁၉၅၄ ဒီဇင်ဘာလတွင် The New York Times နှင့် သူနှင့် အင်တာဗျူးတွင် ယူဂိုဆလားဗီးယားအား totalitarian လုံးစည်းအာဏာရှင် စနစ်အောက် အခြေအနေအဖြစ် ဖြေကြားခဲ့သည်ကို အကြောင်းပြုလျက် ထောင်ဒဏ် (၁၈) လ ချမှတ်ခြင်းခံရသည်။ ထိုအချိန်မှစ၍ ထောင်ထဲ၀င်လိုက်၊ ထွက်လာလိုက်၊ စာတစ်ပုဒ်ရေးလိုက်၊ ထပ်မံထောင်ကျလိုက်၊ လွတ်လာလိုက်၊ နောက်တစ်ခုထပ်လုပ်လိုက်၊ ထပ်တိုးထောင်ဒဏ် ပေးခံရလိုက် စသည်ဖြင့် တောက်လျှောက်ဖြစ်နေခဲ့သည်။ ၁၉၆၆ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခံရလျက် လွတ်မြောက်လာချိန်မှစ၍ နောက်ထပ် အကျဉ်းချခြင်း မခံရတော့ပေ။ ထို့နောက်တွင်လည်း ကွန်မြူနစ်အုပ်ချုပ်မှုအား ဆန့်ကျင်သူအဖြစ် ဘဲလ်ဂရိတ်မြို့တွင် အခြေစိုက်လျက် တောက်လျှောက် ရပ်တည်ခဲ့ပြီး ၁၉၉၅-ခုနှစ်တွင် ကွယ်လွန်သည်။
“Withering away” of the State (နိုင်ငံတော် ညိုးနွမ်းသွေ့ခြောက် ပပျောက်သွားခြင်း)
● ကွန်မြူနစ်စနစ်၏ ဖခင်ကြီး ကားလ်မာ့ခ်စ်၏ အလိုအရ – ပစ္စည်းမဲ့လူတန်းစားက တော်လှန်လျက် နိုင်ငံတော်၏ အာဏာကို သိမ်းယူလျက် ရန်သူဟု သတ်မှတ်သော ဓနရှင် ဘူဂျွာဇီးလူတန်းစားအား ရှင်းလင်းမည်၊ ထိုနောက် ပြည်သူများအားလုံး သာတူညီမျှခံစားပိုင်ခွင့်ရှိကြသော လူတန်းစားကင်းမဲ့သော လောကနိဗ္ဗာန်ကြီးရှိရာသို့ တရွေ့ရွေ့ ချီတက်ကြမည်၊ ထိုကဲ့သို့ ချီတက်နေရင်း လူကိုလူချင်း အုပ်ချုပ်သော “နိုင်ငံတော်” ဟူသော အခြင်းအရာသည် “တဖြည်းဖြည်း ညိုးနွမ်းသွေ့ခြောက်” (withers away) သွားလိမ့်မည် – ဟု ၎င်းက ဆိုပေသည်။ မာ့ခ်စ်ဒါဒ၏ ထိုအယူအဆကို “Withering away” of the State (နိုင်ငံတော် ညိုးနွမ်းသွေ့ခြောက် ပပျောက်သွားခြင်း) ဟု ရည်ညွှန်းကြသည်။ ထိုသို့ဖြစ်လာမည့်အစား လက်တွေ့တွင်ကား ကွန်မြူနစ်နိုင်ငံများတွင် ယခင်အုပ်ချုပ်လွှမ်းမိုးသူများနေရာ၌ အခွင့်ထူးခံ အုပ်ချုပ်သူလူတန်းစားသစ် တစ်ရပ် ပေါ်ပေါက်လာသည် ဟု ဂျီးလာ့စ်က ဆိုသည်။ ယင်းအချက်သည် ဂျီးလာ့စ်ရေးသားသော “လူတန်းစားသစ်” စာအုပ်၏ အဓိက သတင်းစကား ဖြစ်လေသည်။
“လူတန်းစားသစ်”
● ၁၉၅၇-ခုနှစ် ထောင်ထဲကို မ၀င်ရသေးမီ အမေရိကန်ထုတ်ဝေသူထံသို့ ပေးပို့ထားနိုင်လိုက်သော “The New Class: An Analysis of the Communist System” (လူတန်းစားသစ်: ကွန်မြူနစ်စနစ်အား သုံးသပ်ချက်တစ်စောင်) စာအုပ်ကို ထုတ်ဝေသည်။ ထိုစာအုပ်ထွက်လာသည်ကို အကြောင်းပြုလျက် နောက်ထပ် ပြစ်ဒဏ် (၇) နှစ် ထပ်တိုးချမှတ်ခံရသည်။ ထိုစာအုပ်ပါ သဘောတရားအချို့ထဲမှ အစိတ်အပိုင်း အနည်းငယ်မျှကို အောက်တွင် အကျဉ်းမျှတင်ပြပါသည်။
● (ဆိုဗီယက်ယူနီယံ နှင့် အရှေ့ဥရောပတို့ တွင် ဖြစ်ပွားခဲ့သော) ကွန်မြူနစ်တော်လှန်ရေးတို့သည် “သွေးစုပ်သူ ‘ပိုင်ရှင်’ လူတန်းစားအသစ်” တစ်ရပ်အား ဖြစ်ထွန်းလာစေခဲ့သည်၊ ကွန်မြူနစ်စနစ်တရပ်လုံး၏ လည်ပတ်နေမှုသည် ထိုလူတန်းစားအသစ်၏ အကျိုးစီးပွားကို အဓွန့်ရှည်တည်တံ့နိုင်စေရန် လုပ်ဆောင်နေကြခြင်းဖြစ်သည်။ ဤအချက်မှာ “လူတန်းစားသစ်” စာအုပ်၏ အဓိကသတင်းစကား ဖြစ်သည်။
● စက်မှုလူ့အဖွဲ့အစည်း တည်ဆောက်ခြင်း (industrialization) ဆိုသည့် အချက်တစ်ချက်မှ လွဲ၍ ကွန်မြူနစ်စနစ်က ရယူလှမ်းဆွတ်မည် ဆိုသည့် စံပန်းတိုင်များကို ဘာတစ်ခုမှ ရယူနိုင်လိမ့်မည် မဟုတ်ပေ။ ဤကွန်မြူနစ် တော်လှန်ရေးများလောက် ကတိတွေ အများကြီးပေးပြီး အကျိုးအားဖြင့် အနည်းဆုံးသာ ရယူနိုင်ကြသည့် တော်လှန်မျိုး မရှိဖူးပေ။
● (ဤကွန်မြူနစ် လူ့အဖွဲ့အစည်းများတွင်) ပိုင်ဆိုင်မှုကို လူ့အဖွဲ့အစည်းကပိုင်သည် နိုင်ငံကပိုင်သည် ဟု ဥပဒေအကြောင်းအရ ယူဆသော်လည်း အမှန်တကယ်အားဖြင့်မူ အုပ်စုတစ်စုတည်းကသာလျှင် ၎င်းတို့၏ အကျိုးစီးပွားအတွက် ကိုင်တွယ် စီမံခန့်ခွဲ နေကြခြင်းဖြစ်လေသည်။
● (ဤကွန်မြူနစ် လူ့အဖွဲ့အစည်းများတွင်) အာဏာတို့ အစိုးရတို့ ဆိုသော စကားလုံးများကို အဓိပ္ပါယ်ဖွင့်ဆိုမည် ဆိုပါက “နိုင်ငံတွင် ရှိသမျှ ပစ္စည်းဥစ္စာများ အားလုံးလိုလိုအား သုံးစွဲခြင်း၊ ခံစားခြင်း၊ စိတ်ကြိုက်နေရာချထားခြင်း” နှင့် အဓိပ္ပါယ်ထပ်တူကျပေသည်။ အာဏာရှိသူ အစိုးရဖြစ်သူက တစ်တိုင်းပြည်လုံးကို စိတ်ကြိုက်လိုသလို မှောက်နိုင်လှန်နိုင်သည် ဟု ဆိုလိုသည်။
● ကွန်မြူနစ်များက ဖြစ်ချင်သည်ဖြစ်စေ မဖြစ်ချင်သည်ဖြစ်စေ စနစ်အရ ဖြစ်နေသည်မှာ – ကွန်မြူနစ်များသည် တိုင်းပြည်၏ ပိုင်ရှင်များ (owners) နှင့် အာဏာရှင်များ (despots) တစ်ပြိုင်တည်းတွင် ဖြစ်နေပေသည်။ ထို့ကြောင့် ကွန်မြူနစ်စနစ်လောက် အခြားမည်သည့်စနစ်ကမျှ ဤမျှ နက်ရှိုင်းလျက် နေရာအနှံ့ သက်ရောက်သော မကျေနပ်မှုများကို ဖြစ်စေခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ကွန်မြူနစ်စနစ်တို့တွင် ပြည်သူများနှင့် အုပ်ချုပ်သူများအကြား မီးခဲပြာဖုံး မမြင်ရသည့် ပြည်တွင်းစစ်မျိုးပမာ အခြေအနေတစ်ရပ်သည်ကား အစဉ်အမြဲ ရှိနေလျက်ရှိပေသည်။
● လူတန်းစားသစ်၏ အလယ်အနှစ်သားတွင် ပါတီရှိပြီး အခွင့်အရေးရသည့် အခြားသူအချို့ကလည်း ပါတီကို ၀န်းရံအားဖြည့်လျက် ရှိသည်။ အချိန်နှင့်အမျှ ကွန်မြူနစ်ပါတီသည် အခွင့်ထူးခံ အိုလီဂါခီ (Oligarchy) အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာသည်။ ပါတီ၏ အဆင့်အသီးသီးကနေ လူတန်းစားသစ်ဖြစ်ချင်သူများကို ဆွဲယူသိမ်းသွင်းပြီး အခြားတစ်ဖက်တွင် စံတန်ဖိုးများကို ခိုင်ခိုင်မာတန်ဖိုးထားသူများကို ဖိနှိပ်ဖယ်ရှားခြင်းသည် အလိုအလျောက် နှင့် တဖြည်းဖြည်း ဖြစ်လာသည်။ ဤနည်းအားဖြင့် လူတန်းစားသစ်သည် တဖြည်းဖြည်း အင်အားကြီးလာပြီး ပါတီသည် တဖြည်းဖြည်း အင်အားနည်းလာသည်။ ဤအဖြစ်မျိုးသည်ကား အာဏာရ မည်သည့် ကွန်မြူနစ်ပါတီမဆို မလွဲမသွေ ကြုံတွေ့ရမည့် ဖြစ်စဉ်ပေတည်း။
● တော်လှန်ရေး၏ အစပိုင်းနှင့် တော်လှန်ရေးအတောအတွင်းကာလများတွင် ကွန်မြူနစ်များအဖြစ် အနစ်နာခံ စွန့်လွှတ်ကြသည့် သူရဲကောင်းအနည်းငယ်မျှကို ကမ္ဘာကြီးက မြင်ဖူးခဲ့ပြီးလေပြီ။ အာဏာရလာပြီးသည့်အခါ အဓိပ္ပါယ်မဲ့ ဖော်မြူလာမူဝါဒများကို မိုက်မိုက်မဲမဲ ကာကွယ်ပြောဆိုသော အနှစ်သာရမဲ့ လူညစ်ထေးများအား ကမ္ဘာကြီးက မြင်တွေ့ဖူးပုံမရသေးပေ။ ထိုသူတို့သည် အုပ်ချုပ်သူလူတန်းစားထဲတွင် ၎င်းတို့ရထားသော နေရာတစ်နေရာစာမျှကို ဆက်လက်ထိန်းသိမ်းရန်အလို့ငှာ မည့်သည့်အရာကို မဆိုစွန့်လွှတ်ရန် (လိုအပ်ပါက သားကောင် ချနင်းရန်) ၀န်မလေးကြပေ။
● “လူတန်းစားသစ်” သည်ကား ကမ္ဘာ့သမိုင်းက မှတ်တမ်းတင်ဖူးသမျှ မည်သည့်လူတန်းစားထက်မဆို ပို၍ အဆင့်မြင့် ကျနစွာ ဖွဲ့စည်းတည်ဆောက်မှုပြုထားသည့်အပြင် လူတန်းစားသိစိတ်အရှိဆုံး လူတန်းစား ပင်ဖြစ်ပေသည်။ The new class is “more highly organized and more highly class-conscious than any class in the recorded history.”
သူ၏ ဇာတိမြေ
● ဂျီးလတ်စ် ၏ ဘ၀သက်တာတွင် မွန်တီနီဂရင်စာပေများ နှင့် မွန်တီနီဂရိုး သမိုင်းမှတ်တမ်းများစွာကိုလည်း ပြုစုခဲ့သေးရာ – မွန်တီနီဂရင်အား ဆားဘီးယားမဟုတ်သော သီးခြားလူမျိုးတစ်မျိုးအဖြစ် ပုံဖော်ပေးခဲ့သူ အဖြစ် ဆားဘီးယားအမျိုးသားရေးဝါဒီများက ဂျီးလတ်စ်အား စွပ်စွဲကြလေသည်။ ၁၉၄၅ -ခုနှစ်၀န်းကျင်က အင်တာဗျူးတစ်ခုတွင် ဂျီးလတ်စ်က မိမိကိုယ်မိမိ ဆားဘီးယားနွယ်ဖွား မွန်တီနီဂရိုးနယ်သား အဖြစ် ဖြေကြားသေးခဲ့သော်လည်း နောက်ပိုင်းတွင် မွန်တီနီဂရင်အား သီးခြားလူမျိုး တဖြည်းဖြည်း ပုံဖော်မှု ဖြစ်ထွန်းလာခဲ့ ပုံရလေသည်။ မွန်တီနီဂရင်စာပေများမှာ ၁၉၉၀ ၀န်းကျင်လောက်မှ စတင် သီးခြားပုံဖော်နိုင်ခြင်းဖြစ်သည် ဟု ဆိုကြသည်။
● မွန်တီနီဂရင်တို့မှာ လူမျိုးချင်း ယဉ်ကျေးမှုချင်း ဆားဘီးယားတို့နှင့် အထိုက်အလျောက် နီးစပ်ကြသည်။ ယူဂိုဆလားဗီးယား ပြည်ထောင်စုပြိုကွဲပြီးသောအခါ ဆားဘီးယားနှင့် မွန်တီနီဂရိုး နှစ်ခုပေါင်း ယူဂိုဆလပ်ပြည်ထောင်စုထဲတွင် ကျန်ရစ်သည်။ ၁၉၉၁-၁၉၉၅ ဘော့စနီးယားစစ်ပွဲ နှင့် ခရိုအေးရှားစစ်ပွဲတို့တွင် မွန်တီနီဂရင် ရဲနှင့် စစ်ဘက်တို့သည် ဆားဘီးယားတို့ဘက်မှ ၀င်တိုက်ခဲ့သေးသည်။ ၂၀၀၃-ခုနှစ်မှာ “ဆားဘီးယားနှင့် မွန်တီနီဂရိုး” ဟူ၍ နှစ်နယ်ပေါင်း တစ်နိုင်ငံ ပုံစံသစ်ဖြင့် ထူထောင်ကြသည်။ ၂၀၀၆-ခုနှစ်တွင် ဆန္ဒခံယူပွဲပြုလုပ်ကာ လူဦးရေ ခြောက်သိန်း၀န်းကျင်ရှိသည့် မွန်တီနီဂရိုးအား သီးခြားနိုင်ငံအဖြစ် ငြိမ်းချမ်းစွာ ခွဲထုတ်လိုက်သည်။ ယခုအခါ မွန်တီနီဂရိုးသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၀င် နှင့် နေတိုး စစ်ရေးမဟာမိတ် အဖွဲ့၀င် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။
KZO
(၂၆-၀၉-၂၀၂၁)