– Kyaw Zaw Oo (Facebook) စာမျက်နှာတွင် လာရောက်မှတ်ချက်ပေးသူများအနက် အချို့အား ဘန်း (ban) ပါသည်။ ဘန်းသည်ဆိုရာမှာ comment ကို ဖျက်ခြင်း သက်သက် မဟုတ်။ comment ပေးခွင့်များ အားလုံးကို ပိတ်ပင်ထားခြင်း ဖြစ်ပါသည်။ ထိုပေါ်လစီအား ကျင့် သုံးသည်မှာ လေးငါးနှစ်ပင်မကတော့ပေ။
– ban သည့် မူဝါဒ ၏ နောက်ခံတွင် ကျောရိုးသဘော ရှိနေသည်မှာ – ဤ page ကို မိမိ အဖို့ အချက်အလက်များ ထုတ်လွှတ်သည့် နေရာ (outlet) အဖြစ် အသုံးချခြင်းသာဖြစ်ပြီး အပြန်အလှန် ဆွေးနွေးသည့် နေရာ (forum) အဖြစ် အသုံးမချခြင်း ဖြစ်ပါသည်။
– ကျွန်တော်၏ page တွင် ဗမာများ နှင့် ကုလားများ မည်မျှပင်လာဆဲနေစေကာမူ Ban လေ့မရှိပါ။ ဖတ်လည်း မဖတ်ဖြစ်ပါ။
– ရခိုင်လူမျိုးများ commemt လာပေးပါက (ကျွန်တော် လည်း သတိထားမိပါက) ဆဲသူများကို ဘန်းပါသည်။ ကျိုးကြောင်းမရှိ မူလကျီ အမြဲတမ်း လာလုပ်နေသူများကို pest များကို ဘန်းပါသည်။ ထောက်လှမ်းရေးသတင်းပေးများကို ဘန်းပါသည်။
– အကြမ်းဖျင်းအားဖြင့် ဆိုရလျှင် (မိမိက comment ပေးလေ့ ရှိပင်မရှိသော်လည်း) ဘက်ပြိုင်ပြောရန် မသင့်တော်သူများ ဘန်းပါသည်။ comment ပေးခွင့်မပြုပါ။
– အချို့သူများကို ဘန်းထားသည်မှာ အကောင့် သုံးလေးခု ရှိပြီဖြစ်သော်လည်း အကောင့် အသစ်များဖြင့် လာလာမန့်နေကြသဖြင့် ထပ်ကာ ထပ်ကာ ဘန်းရပါသည်။
KZO
(၂၆-၀၉-၂၀၂၁)
==========
short link to this post =>
==========