
[ Zawgyi Font first / Unicode below ]
ရဲနီ စံေရႊေမာင္ ၏ ျဖတ္သန္းမႈမ်ား
လြန္ခဲ့ေသာ ဆယ္ႏွစ္ခန္႔က ဘူးသီးေတာင္ၿမိဳ႕အေျခစိုက္ ႏုိင္ငံေရးသမားေဟာင္း ဦးစံေရႊေမာင္အား လူေတြ႕ေမးျမန္းလ်က္ ၎၏ ျဖတ္သန္းမႈမ်ားအား ေမးျမန္းကာ ေရးသားခဲ့ေသာ စာမူတို႔ ရွာမေတြ႕သည္ျဖစ္ရကား ဘေလာ့ဂ္ တြင္ အျပည့္အစံုတင္ျပနိုင္ျခင္း မရွိဘဲ အပိုင္းငါး အထိသာ ယခင္ႏွစ္မ်ားက တင္ျပႏိုင္ခဲ့ပါသည္။ သို႔ေသာ္ စာမူေဟာင္းအား ယမန္ေန႔က ျပန္ရွာေတြ႕သျဖင့္ အပိုင္း (တစ္ဆယ္) နိဂံုးပိုင္းအထိ အထိ ယေန႔ တင္ျပလိုက္ပါသည္။
သူရွိစဥ္ကာလ အင္အားအေကာင္းဆံုးအခ်ိန္တြင္ လူတစ္ရာႏွစ္ရာခန္႔ ရွိခဲ့ဖူးသည္ ဆိုေသာ ထိုထို ေတာ္လွန္ေရးအေျခအေန တို႔သည္ ယေန႔ေခတ္ ေတာ္လွန္ေရးျဖစ္ထြန္းမႈႏွင့္ ႏိႈင္းစာလွ်င္ ေသးငယ္ေကာင္းေသးငယ္မည္ ျဖစ္ေသာ္ျငားလည္း ယင္းအေျခအေနတို႔သည္ပင္လွ်င္ ရခုိင္တို႔၏ တစ္ခ်ိန္တခါက မလြဲမေသြျဖတ္သန္းခဲ့ရေသာ အေျခအေနတစ္ရပ္အျဖစ္ အသိအမွတ္ျပဳၾကရန္ လိုအပ္ေပသည္။
ဦးစံေရႊေမာင္၏ ကိုယ္ေတြ႕ျဖစ္ရပ္မ်ားကို ေမးျမန္းေရးသားတင္ျပခ်က္ႏွင့္ ပတ္သက္၍ ေအာက္ပါအခ်က္ အခ်ိဳ႕တို႔ကိုလည္း တင္ျပလိုပါသည္။
က။ အျဖစ္အပ်က္တို႔သည္ ဦးစံေရႊေမာင္၏ ေျဖၾကားခ်က္မ်ားအတိုင္းသာျဖစ္ၿပီး အျခားေခတ္ၿပိဳင္ ပုဂၢိဳလ္အခ်ိဳ႕က ျဖစ္ရပ္မ်ားကို ရႈျမင္သည္ႏွင့္ ကြဲလြဲမႈရွိေကာင္း ရွိေနႏိုင္ပါသည္။ ထိုသို႔ကြဲျပားေနေသာ ရႈျမင္ခ်က္မ်ားသည္လည္း မွန္ကန္ေကာင္း မွန္ကန္ႏိုင္သည္ ဟု မွတ္ယူပါသည္။
ခ။ ဦးစံေရႊေမာင္ ပါ၀င္လႈပ္ရွားေဆာင္ရြက္ခဲ့ေသာ အဖြဲ႕အစည္း၏ အျမင့္မားဆံုး လႈပ္ရွားမႈမ်ား ရွိခဲ့ေသာကာလႏွင့္ ႏွစ္ေပါင္း သံုးဆယ္ေက်ာ္ခန္႔ျခားခဲ့ၿပီ ျဖစ္ရကား ကန္႔သတ္ထားရမည့္ အခ်က္အလက္မ်ား အျဖစ္မွ ဖယ္ထုတ္ (de-classified) လ်က္ အမ်ားျပည္သူ သိၾကလွ်င္လည္း ျပႆနာ မရွိေလာက္ေတာ့ ဟု ယူဆႏိုင္ပါသည္။
ဂ။ ကၽြန္ေတာ္၏ နဂိုေရးသားခ်က္တြင္ မူဂ်ာဟစ္ ႏွိမ္နင္းသူ ရဲအုပ္မိုက္ခဲ (ေခၚ) ဦးေရႊဇံေအာင္ အေၾကာင္း၊ ေခတ္ၿပိဳင္ နဆရလ အဖြဲ႕အစည္းအေၾကာင္း၊ ဦးခိုင္စိုး၏ ေျဖၾကားခ်က္ စသည္တို႔အား ေနရာေပး ေရးသားထားခ်က္မ်ား ရွိခဲ့ေသာ္လည္း ဤပို႔စ္မ်ားတြင္ ေလာေလာဆယ္ ခ်န္လွပ္ထားခဲ့ပါသည္။
ဃ။ သူ႔အားခ်စ္ခင္ ေထာက္ခံသူမ်ား ရွိၾကမည္ ျဖစ္ေသာ္လည္း ေျဖၾကားသူ ဦးစံေရႊေမာင္ကိုယ္တိုင္ ရန္သူမ်ားထံ လက္နက္ခ်ခဲ့ရျခင္းအတြက္ မိမိကိုယ္ကို အေကာင္းဆံုးဟု ၀င့္ၾကြားမႈ မျပဳႏုိင္ခဲ့ေတာ့ေပ။ ဦးစံေရႊေမာင္၏ ျဖတ္သန္းမႈမ်ားကို မွတ္တမ္းတင္သည္မွာလည္း ထိုကာလမ်ားအား တေစ့တေစာင္း ျပန္လည္ ေစာင္းငဲ့ၾကည့္ႏိုင္ရန္ အတြက္သာ ျဖစ္ေလသည္။
ေက်ာ္ေဇာဦး
(၂၀၂၁ ႏို၀င္ဘာလ ၅ ရက္)
==========
[ Unicode here ]
ရဲနီ စံရွှေမောင် ၏ ဖြတ်သန်းမှုများ
လွန်ခဲ့သော ဆယ်နှစ်ခန့်က ဘူးသီးတောင်မြို့အခြေစိုက် နိုင်ငံရေးသမားဟောင်း ဦးစံရွှေမောင်အား လူတွေ့မေးမြန်းလျက် ၎င်း၏ ဖြတ်သန်းမှုများအား မေးမြန်းကာ ရေးသားခဲ့သော စာမူတို့ ရှာမတွေ့သည်ဖြစ်ရကား ဘလော့ဂ် တွင် အပြည့်အစုံတင်ပြနိုင်ခြင်း မရှိဘဲ အပိုင်းငါး အထိသာ ယခင်နှစ်များက တင်ပြနိုင်ခဲ့ပါသည်။ သို့သော် စာမူဟောင်းအား ယမန်နေ့က ပြန်ရှာတွေ့သဖြင့် အပိုင်း (တစ်ဆယ်) နိဂုံးပိုင်းအထိ အထိ ယနေ့ တင်ပြလိုက်ပါသည်။
သူရှိစဉ်ကာလ အင်အားအကောင်းဆုံးအချိန်တွင် လူတစ်ရာနှစ်ရာခန့် ရှိခဲ့ဖူးသည် ဆိုသော ထိုထို တော်လှန်ရေးအခြေအနေ တို့သည် ယနေ့ခေတ် တော်လှန်ရေးဖြစ်ထွန်းမှုနှင့် နှိုင်းစာလျှင် သေးငယ်ကောင်းသေးငယ်မည် ဖြစ်သော်ငြားလည်း ယင်းအခြေအနေတို့သည်ပင်လျှင် ရခိုင်တို့၏ တစ်ချိန်တခါက မလွဲမသွေဖြတ်သန်းခဲ့ရသော အခြေအနေတစ်ရပ်အဖြစ် အသိအမှတ်ပြုကြရန် လိုအပ်ပေသည်။
ဦးစံရွှေမောင်၏ ကိုယ်တွေ့ဖြစ်ရပ်များကို မေးမြန်းရေးသားတင်ပြချက်နှင့် ပတ်သက်၍ အောက်ပါအချက် အချို့တို့ကိုလည်း တင်ပြလိုပါသည်။
က။ အဖြစ်အပျက်တို့သည် ဦးစံရွှေမောင်၏ ဖြေကြားချက်များအတိုင်းသာဖြစ်ပြီး အခြားခေတ်ပြိုင် ပုဂ္ဂိုလ်အချို့က ဖြစ်ရပ်များကို ရှုမြင်သည်နှင့် ကွဲလွဲမှုရှိကောင်း ရှိနေနိုင်ပါသည်။ ထိုသို့ကွဲပြားနေသော ရှုမြင်ချက်များသည်လည်း မှန်ကန်ကောင်း မှန်ကန်နိုင်သည် ဟု မှတ်ယူပါသည်။
ခ။ ဦးစံရွှေမောင် ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သော အဖွဲ့အစည်း၏ အမြင့်မားဆုံး လှုပ်ရှားမှုများ ရှိခဲ့သောကာလနှင့် နှစ်ပေါင်း သုံးဆယ်ကျော်ခန့်ခြားခဲ့ပြီ ဖြစ်ရကား ကန့်သတ်ထားရမည့် အချက်အလက်များ အဖြစ်မှ ဖယ်ထုတ် (de-classified) လျက် အများပြည်သူ သိကြလျှင်လည်း ပြဿနာ မရှိလောက်တော့ ဟု ယူဆနိုင်ပါသည်။
ဂ။ ကျွန်တော်၏ နဂိုရေးသားချက်တွင် မူဂျာဟစ် နှိမ်နင်းသူ ရဲအုပ်မိုက်ခဲ (ခေါ်) ဦးရွှေဇံအောင် အကြောင်း၊ ခေတ်ပြိုင် နဆရလ အဖွဲ့အစည်းအကြောင်း၊ ဦးခိုင်စိုး၏ ဖြေကြားချက် စသည်တို့အား နေရာပေး ရေးသားထားချက်များ ရှိခဲ့သော်လည်း ဤပို့စ်များတွင် လောလောဆယ် ချန်လှပ်ထားခဲ့ပါသည်။
ဃ။ သူ့အားချစ်ခင် ထောက်ခံသူများ ရှိကြမည် ဖြစ်သော်လည်း ဖြေကြားသူ ဦးစံရွှေမောင်ကိုယ်တိုင် ရန်သူများထံ လက်နက်ချခဲ့ရခြင်းအတွက် မိမိကိုယ်ကို အကောင်းဆုံးဟု ဝင့်ကြွားမှု မပြုနိုင်ခဲ့တော့ပေ။ ဦးစံရွှေမောင်၏ ဖြတ်သန်းမှုများကို မှတ်တမ်းတင်သည်မှာလည်း ထိုကာလများအား တစေ့တစောင်း ပြန်လည် စောင်းငဲ့ကြည့်နိုင်ရန် အတွက်သာ ဖြစ်လေသည်။
ကျော်ဇောဦး
(၂၀၂၁ နိုဝင်ဘာလ ၅ ရက်)
==========
(intro) ရဲနီ စံရွှေမောင် ၏ ဖြတ်သန်းမှုများ
၁။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-တစ်)
၂။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-နှစ်)
၃။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-သုံး)
၄။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-လေး)
၅။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-ငါး)
၆။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-ခြောက်)
၇။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ခုနစ်)
၈။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ရှစ်)
၉။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ကိုး)
၁၀။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-တစ်ဆယ်)