မာလာလာ အိမ်ထောင်ကျခြင်း

[ Zawgyi Font first / Unicode below ]

မာလာလာ အိမ္ေထာင္က်ျခင္း

==========

ၿပီးခဲ့ေသာ ႏွစ္ရက္ (ႏို၀င္ဘာလ ဆယ္ရက္ေန႔) က ႏိုဗယ္ဆုရွင္ မာလာလာ တစ္ေယာက္ သူမ၏ ပါတနာျဖစ္သူႏွင့္ လက္မွတ္ေရးထိုးလ်က္ ထိမ္းျမားလက္ထပ္ျခင္း ျပဳလိုက္ေသာ အခါ အခ်ိဳ႕က ရယ္သြမ္းေသြး ၾကေလသည္။ အဘယ္ေၾကာင့္ဆိုေသာ္ လြန္ခဲ့ေသာေလးလေက်ာ္ခန္႔က Vogue မဂၢဇင္းႏွင့္ နာမည္ႀကီး အင္တာဗ်ဴးတစ္ခုတြင္ မာလာလာ ကေျပာခဲ့သည္မွာ – “I still don’t understand why people have to get married. If you want to have a person in your life, why do you have to sign marriage papers, why can’t it just be a partnership?” အိမ္ေထာင္ျပဳဖို႔ (လက္ထပ္ဖို႔) လိုအပ္တယ္လို႔ လူေတြက ယူဆေနၾကတာကို ကၽြန္မက နားမလည္ႏိုင္ဘူး ျဖစ္ေနတယ္။ တစ္ဦးတစ္ေယာက္ေယာက္ကို ကိုယ့္ဘ၀ထဲမွာ ရွိေနေစခ်င္တဲ့အတြက္ လက္ထပ္စာခ်ဳပ္ေတြမွာ လက္မွတ္ထိုးဖို႔ ဘာေၾကာင့္ လိုအပ္ရတာလဲ။ ပါတနာေတြ အျဖစ္နဲ႔ ေနေနၾကရင္ မလံုေလာက္ေပဘူးလား ဟု သူက ဆိုဖူးေလသည္။ ယခု ရယ္သြမ္းေသြး ေနၾကသူမ်ားကမူ ဒီကေလးမ အခုေတာ့ နားလည္သြားေလၿပီေပါ့ေလ ဟု ပ်က္ရယ္ျပဳစကား ဆိုေလသည္။ သူေျပာခဲ့ဖူးေသာ စကားမ်ားကို သတင္းဌာနမ်ားက ျပန္ကိုးကား ေဖာ္ျပၾကေလသည္။

အေရွ႕တိုင္း လူအဖြဲ႕အစည္း အသီးသီးတို႔တြင္ ပံုမွန္ေျခရႈပ္ေလ့ရွိေသာ အေနာက္တိုင္း mastermind ဆရာသခင္တို႔သည္ အေရွ႕တိုင္းလူ႔အဖြဲ႕အစည္းတို႔၏ အလႊာအသီးသီး နယ္ပယ္အသီးသီးတြင္ မိမိတို႔ေရွ႕တန္းတင္ေသာ (အေနာက္စံ)အယူအဆမ်ားကို ေဖာ္ထုတ္ေျပာဆိုမည့္သူမ်ားအား ပံုစံအမ်ိဳးမ်ိဳးျဖင့္ ေမြးစားၾကေလ့ရွိေပသည္။ မာလာလာသည္ လည္း လစ္ဘရယ္အယူအဆမ်ား ေျပာဆိုရန္ ဦးေႏွာက္ထဲသို႔ ပါးစပ္ထဲသို႔ သြတ္သြင္းျခင္းခံသူမ်ားထဲမွ တစ္ဦးျဖစ္ေလသည္။ ၀ိေရာဓိအမ်ားႀကီး မျဖစ္ႏိုင္သည့္ ေကာင္းမြန္သင့္ေလ်ာ္သည့္ အေနာက္တိုင္း စံတန္ဖိုးမ်ားကို ေရွ႕တန္းတင္ေျပာဆိုေနသည့္အခါ မသိသာလွေသာ္လည္း ႏွစ္ေထာင္ေပါင္းမ်ားစြာ လူ႔အဖြဲ႕အစည္းအသီးသီးတို႔တြင္ အေျခက်ေနၿပီးျဖစ္သည့္ အစဥ္အလာ institution တစ္ခုျဖစ္ေသာ ထိမ္းျမားလက္ထပ္ အိမ္ရာထူေထာင္ျခင္း (marriage) အား လက္မခံေၾကာင္း ေျပာလာေသာအခါ မ်က္ခံုးပင့္ၾကည့္စရာျဖစ္လာသည္။ ထို႔ေနာက္တြင္ တဖန္ ေနာက္ေလးလမွ်အၾကာ၌ ထိုစကားအတိုင္း မဟုတ္မူဘဲ မိမိကိုယ္တိုင္  အိမ္ေထာင္ျပဳလိုက္ ေသာအခါတြင္မူကား မာလာလာအား အျပစ္တင္လိုသူတို႔ဘက္က ၿပံဳး၍ ၾကည့္စရာ တဖန္ ျဖစ္လာျပန္ ေလသည္။

တစ္ေခတ္တစ္ခါက Existentialist  ျပင္သစ္အေတြးအေခၚပညာရွင္ ယန္းေပါ့ဆတ္ ကား ၎အား ႏိုဘယ္ဆု ခ်ီးျမွင့္မည္ ဆိုသည္ကို ျငင္းပယ္ခဲ့သူ ျဖစ္ေလသည္။ အျခားတစ္ဘက္တြင္လည္း သူ၏ ဘ၀သက္တာ ပါတနာျဖစ္သူ ဆီမြန္ဒီဗူးဗြား ႏွင့္ တစ္တသက္လံုး လက္မထပ္အတူတြဲခဲ့သူ ျဖစ္ေလသည္။ အိမ္ရာထူေထာင္ လက္ထပ္ျခင္း အမႈကို မျပဳခဲ့သူျဖစ္ေလသည္။ (သို႔ရာတြင္ လူေရွ႕နတ္ေရွ႕  လက္ထပ္ထိမ္းျမားမႈကို မိန္းကေလးျဖစ္သူ ဆီမြန္ဒီဗူးဗြား ဘက္က လိုလားေကာင္း လိုလားခဲ့မည္လား ဆိုသည္ကိုေတာ့ ေသခ်ာ တပ္အပ္ မသိႏိုင္ေပ။)

ကၽြန္ေတာ္အပါအ၀င္ လူတိုင္းလိုလိုတို႔အဖို႔ – မိမိခံယူထားေသာ အေတြးအေခၚမ်ား အယူအဆမ်ားသည္ မိမိကိုယ္တိုင္ေတြးေခၚ ရရွိထားျခင္းေလာ (သို႔တည္းမဟုတ္) ၀န္းက်င္က သို႔မဟုတ္ သူမ်ားက သြတ္သြင္းေပးေသာေၾကာင့္ ထိုအယူအဆမ်ားကို လက္ခံေျပာဆိုေနျခင္းေလာ ဟူ၍ အခါအားေလ်ာ္စြာ ဆန္းစစ္ၾကည့္ႏိုင္လွ်င္ အက်ိဳးမယုတ္ႏိုင္ေပ။ ဥာဏ္သတၱိေကာင္းလွေသာ (မေလးရွား၀န္ႀကီးခ်ဳပ္ ေဟာင္း) မဟာသီယာမိုဟာမက္သည္ ၎အေနျဖင့္ အစၥလမ္ဘာသာအားကိုင္းရႈိင္းသူ တစ္ဦးအျဖစ္ ပံုရိပ္ရွိမေနလွ်င္ ေအာင္ျမင္ေသာ မေလးႏိုင္ငံေရးသမား တစ္ဦးျဖစ္ဖို႔ရန္ မလြယ္ကူေၾကာင္းအား ေကာင္းစြာ သေဘာေပါက္ခဲ့သူျဖစ္ေလသည္။ ဤသည္ပင္လွ်င္ ပတ္၀န္းက်င္က မိမိတို႔အေပၚ သက္ေရာက္ေသာ ဖိအားတစ္မ်ိဳးျဖစ္ေလသည္။ အလားတူ ဖိအား ပံုစံအမ်ိဳးမ်ိဳးတို႔သည္ မိမိတို႔အေပၚ အစဥ္အၿမဲသက္ေရာက္ ေနႏိုင္ေပသည္။

ေခတ္ေရစီးေၾကာင္းတြင္ လႊမ္းမိုးေသာ အေတြးအေခၚ အယူအဆပံုစံတို႔အား trending ျဖစ္သည္ ဟု ဆိုႏိုင္ေလသည္။ ထို trending တို႔မွာ အတက္အက်မ်ားအား ျဖတ္သန္းၿပီးေနာက္ အေျခက်လာသည္ ဆိုလွ်င္ကား convention အစဥ္အလာ သတ္မွတ္သေဘာတူခ်က္မ်ား ျဖစ္လာသည္ ဟု သေဘာေပါက္ႏိုင္ေပသည္။ ထိုထက္မက အေျခတက် အစဥ္အလာခိုင္ခိုင္ၿမဲၿမဲ ျဖစ္ေနၿပီဆိုလွ်င္ကား institution မ်ားအဆင့္သို႔ စြဲၿမဲေရာက္ရွိ သြားၿပီျဖစ္ေလသည္။ ေက်ာက္ဂူမ်ားထဲတြင္ ေရာေထြးယွက္တင္ေနခဲ့ၾကသည့္အဆင့္မွ သည္  သတ္သတ္မွတ္မွတ္ လူႏွစ္ဦးအတူ ေနထိုင္လ်က္ သားသမီးမ်ားပြားစီးသည့္ကိစၥကို တာ၀န္ယူမႈ တာ၀န္ခံမႈမ်ား အေမြဆက္ခံျခင္းဆိုင္ရာ ျပ႒ာန္းခ်က္မ်ားျဖင့္ ဓေလ့ထံုးတမ္းမ်ား၊ ဥပေဒပိုင္းဆိုင္ရာအကာအကြယ္ေပးမႈမ်ား ျဖင့္ ႏွစ္ရာေပါင္းမ်ားစြာ (သို႔မဟုတ္ ႏွစ္ေထာင္ အနည္းငယ္ခ်ီ) အခ်ိန္ယူတည္ေဆာက္မွသာလွ်င္ အိမ္ေထာင္မႈတည္းဟူေသာ ခိုင္ၿမဲအစဥ္အလာ institution တစ္ရပ္ျဖစ္လာခဲ့ေပသည္။ ထိုကဲ့သို႔ အခ်ိန္ယူတည္ရွိလာသည့္ အိမ္ေထာင္မႈ (marriage) ကဲ့သို႔ေသာ institution မ်ားကို စိန္ေခၚ (challenge) လုပ္ျခင္းသည္ မွားသည္ မွန္သည္ ဟူသည့္ အျငင္းအခံုကို ဤေနရာတြင္ အဓိကတင္ျပေနျခင္း မဟုတ္၊ ဤေနရာတြင္ အဓိကတင္ျပလိုသည္မွာ insignificant ျဖစ္လွသည့္ ေသးမႊားလွသည့္ လူတစ္ဦးခ်င္းစီ၏ ႀကီးက်ယ္မႈအတိုင္းအဆမ်ား ထည့္၀င္ႏိုင္မႈအတုိင္းအဆမ်ားကို ဆင္ျခင္လိုရင္းသာ ျဖစ္ေပသည္။

ခိုင္ၿမဲအစဥ္အလာ institution မ်ားကို မဆိုဘိႏွင့္ – လက္သင့္ခံလူမႈသတ္မွတ္ခ်က္ convention မ်ားကို မဆိုဘိႏွင့္ – trending ေခၚ ေခတ္၏ ပံုစံေရစီးေၾကာင္းမ်ားကိုပင္လွ်င္ မိမိတို႔ ခုခံတြန္းလွန္ႏိုင္ပါ၏ေလာ။ ပံုသြင္းႏိုင္ပါ၏ေလာ။ ပံုသြင္းႏိုင္ပါက မည္ေရြ႕မည္မွ်အထိ ပံုသြင္းႏိုင္ပါသနည္း။ ႀကံစည္တိုင္းျဖစ္သည့္ အတၱ ေလာ။ ႀကံစည္တိုင္းမျဖစ္သည့္ အနတၱေလာ။

ဘာပဲေျပာေျပာ မိမိတို႔တစ္ဦးခ်င္း၏ အတၱအင္ဂ်င္ကို အေျခခံလ်က္ (သို႔တည္းမဟုတ္) အစုအဖြဲ႕ တစ္ခုခ်င္း၏ မဟာဗ်ဴဟာ နည္းဗ်ဴဟာကို  အေျခခံလ်က္ ေရစီးေၾကာင္းကို အင္အားရွိသူမ်ားက တတ္အားသေရြ႕ ပံုသြင္းႏိုင္ရန္ အားထုတ္တတ္ၾကေလသည္။ အားမထုတ္ႏိုင္ကလည္း လက္ေလွ်ာ့ၾက ရေလသည္။ တစ္ခ်ိန္က trending တြင္ တာစားသည့္ စကားလံုးသည္ “ခိုး၀င္ ဘဂၤါလီ” ျဖစ္ေကာင္းျဖစ္မည္။ ေနာင္တစ္ခ်ိန္တြင္ လိုအပ္ခ်က္အရ – trending တြင္ တာစားသည့္ စကားလံုးသည္ “လူမႈတည္ၿငိမ္ေရး” social stability ျဖစ္ေကာင္း ျဖစ္သြားႏိုင္သည္။ “လူမႈတည္ၿငိမ္ေရး” social stability ၏ လိုအပ္ခ်က္အရ လူမႈေရး သမူဟျဖစ္မႈ/သဟဇာတျဖစ္မႈ (social cohesion) ကို ထပ္ဆင့္လိုအပ္ခ်က္ ရွိေကာင္းရွိႏိုင္သည္။ သို႔ေသာ္ ယင္းတို႔သည္ကား အခ်ိန္အလိုက္ နယ္ေျမအလိုက္သာလွ်င္ မွန္ကန္မႈရွိသည့္ အရာမ်ားျဖစ္ေၾကာင္း သိျမင္ၾကရန္ လိုအပ္သည္။

အကဲဆတ္ေသာ နယ္ေျမေဒသမ်ားတြင္ အုပ္ခ်ဳပ္မင္းလုပ္သူအျဖစ္ မိမိကိုယ္ကို ေနရာထားစဥ္းစားရသည့္ အဖြဲ႕အစည္းမ်ားသည္ “လူမႈတည္ၿငိမ္ေရး” social stability ကို မရွိမျဖစ္အေလးအနက္ထား စဥ္းစားၾကရသည္။ မေလးလူမ်ိဳးေရး အစြန္းေရာက္ ultra ႏိုင္ငံေရးသမားတစ္ဦး အျဖစ္ မၾကာခဏ ပံုေဖာ္ေရးသားျခင္းခံရသူ မဟာသီယာမိုဟာမက္ သည္လည္း အမွန္တကယ္မွာေတာ့ အာဏာမရခင္ေရာ အာဏာရၿပီးေနာက္တြင္ပါ မေလးႏိုင္ငံအတြင္း မေလး၊ တရုတ္၊ အိႏၵိယႏြယ္မ်ားအၾကား လူမႈေရးသမူဟျဖစ္မႈ social cohesion အား အေလးဂရုမူလုပ္ေဆာင္ခဲ့သူ ျဖစ္ေလသည္။ သို႔ေသာ္ social cohesion ဟူသည္မွာကား ကာလေဒသမေရြး တည္ရွိေနသည့္ ထာ၀ရ အမွန္တရားတစ္ခု မဟုတ္သည္ကို သူလည္း သိသည္၊ ကၽြန္ေတာ္လည္း သိသည္၊ ဆင္ျခင္ဥာဏ္ရွိသူတိုင္း သိၾကေလသည္။ အဘယ္ေၾကာင့္ဆိုေသာ္ မူဆလင္အာရပ္ႏိုင္ငံ အမ်ားစုတို႔သည္ “လူမႈေရးသမူဟျဖစ္မႈ social cohesion” ျပဳလုပ္ရန္ မည္သည့္အခါမွ လံုး၀ဆို လံုး၀ လက္မခံေသာ ႏိုင္ငံမ်ား ျဖစ္ၾကေသာ္လည္း မူဆလင္မ်ားက လူနည္းစုမ်ားအျဖစ္ ရွိေနေသာႏိုင္ငံမ်ားတြင္ “လူမႈေရးသမူဟျဖစ္မႈ social cohesion” ပရိုဂရမ္မ်ား ျပဳလုပ္ရန္ကိုမူကား ထိုအာရပ္ႏုိင္ငံမ်ားကပင္လွ်င္ သြယ္၀ိုက္တဖံု နည္းမ်ိဳးစံုျဖင့္ ရံပံုေငြထည့္လ်က္ အားေပးေန တတ္ၾကေၾကာင္းကို ၾကည့္တတ္က ျမင္စရာရွိသည္ကို ျမင္ႏိုင္ေပသည္။

လူ႔အဖြဲ႕အစည္းတို႔တြင္ ကာလသတ္မွတ္ခ်က္အရ လက္ခံၾကသည့္မွန္ကန္မႈ convention မ်ားသာရွိၿပီး၊ အၿမဲတမ္းမွန္ကန္မႈ ဟူ၍ ရွိမေနေၾကာင္း ကားလ္ေပါ့ပါ ၏ အဆိုအား သတိမူတတ္ပါက တမ်ိဳးတဖံုေသာ ဆင္ျခင္စရာတစ္ရပ္ကို မေမ့မေလ်ာ့သူ ျဖစ္သည္ ဟု ဆိုရေပမည္။ ယေန႔မွန္သည္ ဆိုၾကသည့္ သတ္မွတ္ခ်က္မ်ားမွာ ေနာက္ေန႔က်ေတာ့ မွားသည္ဟု အမ်ားက ၀ိုင္းသတ္မွတ္ၾကသည္မ်ိဳးမွာ ျဖစ္ႏိုင္ေျခ သဘာ၀တစ္ရပ္ ျဖစ္ေလသည္။

စကားျပန္ဆက္ရလွ်င္ – မာလာလာ က ထိုကဲ့သို႔ စကားကၽြံထားဖူးေလေတာ့ တစ္သက္လံုး အိမ္ေထာင္မျပဳဘဲ ေနရေတာ့မလား ဆိုေတာ့လည္း မဟုတ္ပါ ဟုသာ ထပ္ဆင့္ရွင္းျပလိုေပသည္။ မာလာလာ တစ္ေယာက္ ေလာကကိုျဖတ္သန္းပါေစ၊ ေကာင္းမြန္စြာ အသက္ႀကီးရင့္ ႏိုင္ပါေစ ဟုသာ ကၽြန္ေတာ္က ဆုေတာင္းေလသည္။ သူ႔အေနႏွင့္ ယခုကဲ့သို႔ စကားကၽြံဖူးသြားသလို ျဖစ္သြားရသည့္ အလွည့္အေျပာင္း မ်ားေၾကာင့္ – တခ်ိဳ႕က စြပ္စြဲၾကသလို Greta Thunberg တို႔၊ မာလာလာ တို႔မွာ အေနာက္တုိင္း လက္၀ဲယိမ္းမ်ားက ေျမွာက္ေပးထားသည့္ ေလအိုး (airbag) မ်ား ဟု မွတ္ခ်က္ျပဳ တိုက္ခိုက္ေနသည့္စကားမ်ားက မွန္ကန္ေနသလို ျဖစ္သြားႏိုင္သည္ကိုသာ သတိမူမိျခင္း ျဖစ္ေလသည္။ ကၽြန္ေတာ္အပါအ၀င္ ႏိုင္ငံေရးသမားမ်ားသည္ပင္လွ်င္ ေယဘုက်သေဘာေျပာရလွ်င္ – ကၽြန္ေတာ့္ အေနနဲ႔ ဟိုတုန္းက ဟိုလိုထင္လို႔ ဟိုလို ေျပာမိတယ္၊ အခုေတာ့ ဒီလိုထင္လို႔ ဒီလိုေျပာပါတယ္ ဆိုသည္တို႔မွာ ျဖစ္ေနတတ္သည့္ သေဘာသဘာ၀မ်ားသာ ျဖစ္ရကား မာလာလာ အား အျပစ္မ်ားစြာ ျမင္ရန္မရွိေပ။

တိုးတက္ေသာ ေတာ္လွန္ေသာ အျမင္က်ယ္ေသာ ရဲရင့္ေသာ ေခတ္မီေသာ (သို႔မဟုတ္ ေခတ္ေရွ႕ေျပးေသာ) အမ်ိဳးသမီးငယ္အခ်ိဳ႕က ေတာ္လွန္ေျပာင္းလဲေသာ အျမင္မ်ားကို ထုတ္ေဖာ္ၾကသည့္အတြက္ ကၽြန္ေတာ္ အျပစ္မတင္ေပ။

gender တို႔ quota တို႔ affirmative action တို႔ အပါအ၀င္ စကားလံုးမ်ားကို ေျပာတတ္သူမ်ားကို ေခတ္မီေသာ အျမင္ရွိသည္ ဟု အျမင္ခံရရန္ အလုိ႔ငွာလည္းေကာင္း ႏိုင္ငံေရးအရ တိုးတက္ေသာ အျမင္ရွိသည္ ဟု  အထင္ခံရရန္ အလို႔ငွာလည္းေကာင္း ေျပာေနသည္ ဟု ကၽြန္ေတာ္ စြပ္စြဲ မွတ္ယူျခင္းမရွိပါ။ ထိုအျမင္မ်ားသည္ idealism အေကာင္းဆံုးစံ ျဖစ္ေစလိုမႈ သေဘာအရ မွန္သင့္သေလာက္မွန္သည္ ျဖစ္သျဖင့္ ထူးထူးျခားျခား ကန္႔ကြက္ ေျပာဆိုေနျခင္းမ်ိဳး ကၽြန္ေတာ္မရွိဖူးပါ။ သို႔ရာတြင္ အမ်ိဳးသမီးမ်ားကို ေနရာေပးျခင္းကိစၥသည္ တသမတ္တည္းကိန္းေသမဟုတ္ အျခားေသာ လႊမ္းမိုးသက္ေရာက္ အေျခအေနမ်ားကိုလည္း ထည့္သြင္းတြက္ခ်က္တတ္ရမည့္ အေရးသာ ျဖစ္သည္ ဟူ၍ ကၽြန္ေတာ္ နားလည္မိေလသည္။

ေက်ာ္ေဇာဦး

၂၀၂၁-ခုႏွစ္ ႏို၀င္ဘာလ (၁၂) ရက္

==========

[ Unicode here ]

မာလာလာ အိမ်ထောင်ကျခြင်း

==========

ပြီးခဲ့သော နှစ်ရက် (နိုဝင်ဘာလ ဆယ်ရက်နေ့) က နိုဗယ်ဆုရှင် မာလာလာ တစ်ယောက် သူမ၏ ပါတနာဖြစ်သူနှင့် လက်မှတ်ရေးထိုးလျက် ထိမ်းမြားလက်ထပ်ခြင်း ပြုလိုက်သော အခါ အချို့က ရယ်သွမ်းသွေး ကြလေသည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သောလေးလကျော်ခန့်က Vogue မဂ္ဂဇင်းနှင့် နာမည်ကြီး အင်တာဗျူးတစ်ခုတွင် မာလာလာ ကပြောခဲ့သည်မှာ – “I still don’t understand why people have to get married. If you want to have a person in your life, why do you have to sign marriage papers, why can’t it just be a partnership?” အိမ်ထောင်ပြုဖို့ (လက်ထပ်ဖို့) လိုအပ်တယ်လို့ လူတွေက ယူဆနေကြတာကို ကျွန်မက နားမလည်နိုင်ဘူး ဖြစ်နေတယ်။ တစ်ဦးတစ်ယောက်ယောက်ကို ကိုယ့်ဘဝထဲမှာ ရှိနေစေချင်တဲ့အတွက် လက်ထပ်စာချုပ်တွေမှာ လက်မှတ်ထိုးဖို့ ဘာကြောင့် လိုအပ်ရတာလဲ။ ပါတနာတွေ အဖြစ်နဲ့ နေနေကြရင် မလုံလောက်ပေဘူးလား ဟု သူက ဆိုဖူးလေသည်။ ယခု ရယ်သွမ်းသွေး နေကြသူများကမူ ဒီကလေးမ အခုတော့ နားလည်သွားလေပြီပေါ့လေ ဟု ပျက်ရယ်ပြုစကား ဆိုလေသည်။ သူပြောခဲ့ဖူးသော စကားများကို သတင်းဌာနများက ပြန်ကိုးကား ဖော်ပြကြလေသည်။

အရှေ့တိုင်း လူအဖွဲ့အစည်း အသီးသီးတို့တွင် ပုံမှန်ခြေရှုပ်လေ့ရှိသော အနောက်တိုင်း mastermind ဆရာသခင်တို့သည် အရှေ့တိုင်းလူ့အဖွဲ့အစည်းတို့၏ အလွှာအသီးသီး နယ်ပယ်အသီးသီးတွင် မိမိတို့ရှေ့တန်းတင်သော (အနောက်စံ)အယူအဆများကို ဖော်ထုတ်ပြောဆိုမည့်သူများအား ပုံစံအမျိုးမျိုးဖြင့် မွေးစားကြလေ့ရှိပေသည်။ မာလာလာသည် လည်း လစ်ဘရယ်အယူအဆများ ပြောဆိုရန် ဦးနှောက်ထဲသို့ ပါးစပ်ထဲသို့ သွတ်သွင်းခြင်းခံသူများထဲမှ တစ်ဦးဖြစ်လေသည်။ ၀ိရောဓိအများကြီး မဖြစ်နိုင်သည့် ကောင်းမွန်သင့်လျော်သည့် အနောက်တိုင်း စံတန်ဖိုးများကို ရှေ့တန်းတင်ပြောဆိုနေသည့်အခါ မသိသာလှသော်လည်း နှစ်ထောင်ပေါင်းများစွာ လူ့အဖွဲ့အစည်းအသီးသီးတို့တွင် အခြေကျနေပြီးဖြစ်သည့် အစဉ်အလာ institution တစ်ခုဖြစ်သော ထိမ်းမြားလက်ထပ် အိမ်ရာထူထောင်ခြင်း (marriage) အား လက်မခံကြောင်း ပြောလာသောအခါ မျက်ခုံးပင့်ကြည့်စရာဖြစ်လာသည်။ ထို့နောက်တွင် တဖန် နောက်လေးလမျှအကြာ၌ ထိုစကားအတိုင်း မဟုတ်မူဘဲ မိမိကိုယ်တိုင်  အိမ်ထောင်ပြုလိုက် သောအခါတွင်မူကား မာလာလာအား အပြစ်တင်လိုသူတို့ဘက်က ပြုံး၍ ကြည့်စရာ တဖန် ဖြစ်လာပြန် လေသည်။

တစ်ခေတ်တစ်ခါက Existentialist  ပြင်သစ်အတွေးအခေါ်ပညာရှင် ယန်းပေါ့ဆတ် ကား ၎င်းအား နိုဘယ်ဆု ချီးမြှင့်မည် ဆိုသည်ကို ငြင်းပယ်ခဲ့သူ ဖြစ်လေသည်။ အခြားတစ်ဘက်တွင်လည်း သူ၏ ဘဝသက်တာ ပါတနာဖြစ်သူ ဆီမွန်ဒီဗူးဗွား နှင့် တစ်တသက်လုံး လက်မထပ်အတူတွဲခဲ့သူ ဖြစ်လေသည်။ အိမ်ရာထူထောင် လက်ထပ်ခြင်း အမှုကို မပြုခဲ့သူဖြစ်လေသည်။ (သို့ရာတွင် လူရှေ့နတ်ရှေ့  လက်ထပ်ထိမ်းမြားမှုကို မိန်းကလေးဖြစ်သူ ဆီမွန်ဒီဗူးဗွား ဘက်က လိုလားကောင်း လိုလားခဲ့မည်လား ဆိုသည်ကိုတော့ သေချာ တပ်အပ် မသိနိုင်ပေ။)

ကျွန်တော်အပါအဝင် လူတိုင်းလိုလိုတို့အဖို့ – မိမိခံယူထားသော အတွေးအခေါ်များ အယူအဆများသည် မိမိကိုယ်တိုင်တွေးခေါ် ရရှိထားခြင်းလော (သို့တည်းမဟုတ်) ဝန်းကျင်က သို့မဟုတ် သူများက သွတ်သွင်းပေးသောကြောင့် ထိုအယူအဆများကို လက်ခံပြောဆိုနေခြင်းလော ဟူ၍ အခါအားလျော်စွာ ဆန်းစစ်ကြည့်နိုင်လျှင် အကျိုးမယုတ်နိုင်ပေ။ ဉာဏ်သတ္တိကောင်းလှသော (မလေးရှားဝန်ကြီးချုပ် ဟောင်း) မဟာသီယာမိုဟာမက်သည် ၎င်းအနေဖြင့် အစ္စလမ်ဘာသာအားကိုင်းရှိုင်းသူ တစ်ဦးအဖြစ် ပုံရိပ်ရှိမနေလျှင် အောင်မြင်သော မလေးနိုင်ငံရေးသမား တစ်ဦးဖြစ်ဖို့ရန် မလွယ်ကူကြောင်းအား ကောင်းစွာ သဘောပေါက်ခဲ့သူဖြစ်လေသည်။ ဤသည်ပင်လျှင် ပတ်ဝန်းကျင်က မိမိတို့အပေါ် သက်ရောက်သော ဖိအားတစ်မျိုးဖြစ်လေသည်။ အလားတူ ဖိအား ပုံစံအမျိုးမျိုးတို့သည် မိမိတို့အပေါ် အစဉ်အမြဲသက်ရောက် နေနိုင်ပေသည်။

ခေတ်ရေစီးကြောင်းတွင် လွှမ်းမိုးသော အတွေးအခေါ် အယူအဆပုံစံတို့အား trending ဖြစ်သည် ဟု ဆိုနိုင်လေသည်။ ထို trending တို့မှာ အတက်အကျများအား ဖြတ်သန်းပြီးနောက် အခြေကျလာသည် ဆိုလျှင်ကား convention အစဉ်အလာ သတ်မှတ်သဘောတူချက်များ ဖြစ်လာသည် ဟု သဘောပေါက်နိုင်ပေသည်။ ထိုထက်မက အခြေတကျ အစဉ်အလာခိုင်ခိုင်မြဲမြဲ ဖြစ်နေပြီဆိုလျှင်ကား institution များအဆင့်သို့ စွဲမြဲရောက်ရှိ သွားပြီဖြစ်လေသည်။ ကျောက်ဂူများထဲတွင် ရောထွေးယှက်တင်နေခဲ့ကြသည့်အဆင့်မှ သည်  သတ်သတ်မှတ်မှတ် လူနှစ်ဦးအတူ နေထိုင်လျက် သားသမီးများပွားစီးသည့်ကိစ္စကို တာဝန်ယူမှု တာဝန်ခံမှုများ အမွေဆက်ခံခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များဖြင့် ဓလေ့ထုံးတမ်းများ၊ ဥပဒေပိုင်းဆိုင်ရာအကာအကွယ်ပေးမှုများ ဖြင့် နှစ်ရာပေါင်းများစွာ (သို့မဟုတ် နှစ်ထောင် အနည်းငယ်ချီ) အချိန်ယူတည်ဆောက်မှသာလျှင် အိမ်ထောင်မှုတည်းဟူသော ခိုင်မြဲအစဉ်အလာ institution တစ်ရပ်ဖြစ်လာခဲ့ပေသည်။ ထိုကဲ့သို့ အချိန်ယူတည်ရှိလာသည့် အိမ်ထောင်မှု (marriage) ကဲ့သို့သော institution များကို စိန်ခေါ် (challenge) လုပ်ခြင်းသည် မှားသည် မှန်သည် ဟူသည့် အငြင်းအခုံကို ဤနေရာတွင် အဓိကတင်ပြနေခြင်း မဟုတ်၊ ဤနေရာတွင် အဓိကတင်ပြလိုသည်မှာ insignificant ဖြစ်လှသည့် သေးမွှားလှသည့် လူတစ်ဦးချင်းစီ၏ ကြီးကျယ်မှုအတိုင်းအဆများ ထည့်ဝင်နိုင်မှုအတိုင်းအဆများကို ဆင်ခြင်လိုရင်းသာ ဖြစ်ပေသည်။

ခိုင်မြဲအစဉ်အလာ institution များကို မဆိုဘိနှင့် – လက်သင့်ခံလူမှုသတ်မှတ်ချက် convention များကို မဆိုဘိနှင့် – trending ခေါ် ခေတ်၏ ပုံစံရေစီးကြောင်းများကိုပင်လျှင် မိမိတို့ ခုခံတွန်းလှန်နိုင်ပါ၏လော။ ပုံသွင်းနိုင်ပါ၏လော။ ပုံသွင်းနိုင်ပါက မည်ရွေ့မည်မျှအထိ ပုံသွင်းနိုင်ပါသနည်း။ ကြံစည်တိုင်းဖြစ်သည့် အတ္တ လော။ ကြံစည်တိုင်းမဖြစ်သည့် အနတ္တလော။

ဘာပဲပြောပြော မိမိတို့တစ်ဦးချင်း၏ အတ္တအင်ဂျင်ကို အခြေခံလျက် (သို့တည်းမဟုတ်) အစုအဖွဲ့ တစ်ခုချင်း၏ မဟာဗျူဟာ နည်းဗျူဟာကို  အခြေခံလျက် ရေစီးကြောင်းကို အင်အားရှိသူများက တတ်အားသရွေ့ ပုံသွင်းနိုင်ရန် အားထုတ်တတ်ကြလေသည်။ အားမထုတ်နိုင်ကလည်း လက်လျှော့ကြ ရလေသည်။ တစ်ချိန်က trending တွင် တာစားသည့် စကားလုံးသည် “ခိုးဝင် ဘင်္ဂါလီ” ဖြစ်ကောင်းဖြစ်မည်။ နောင်တစ်ချိန်တွင် လိုအပ်ချက်အရ – trending တွင် တာစားသည့် စကားလုံးသည် “လူမှုတည်ငြိမ်ရေး” social stability ဖြစ်ကောင်း ဖြစ်သွားနိုင်သည်။ “လူမှုတည်ငြိမ်ရေး” social stability ၏ လိုအပ်ချက်အရ လူမှုရေး သမူဟဖြစ်မှု/သဟဇာတဖြစ်မှု (social cohesion) ကို ထပ်ဆင့်လိုအပ်ချက် ရှိကောင်းရှိနိုင်သည်။ သို့သော် ယင်းတို့သည်ကား အချိန်အလိုက် နယ်မြေအလိုက်သာလျှင် မှန်ကန်မှုရှိသည့် အရာများဖြစ်ကြောင်း သိမြင်ကြရန် လိုအပ်သည်။

အကဲဆတ်သော နယ်မြေဒေသများတွင် အုပ်ချုပ်မင်းလုပ်သူအဖြစ် မိမိကိုယ်ကို နေရာထားစဉ်းစားရသည့် အဖွဲ့အစည်းများသည် “လူမှုတည်ငြိမ်ရေး” social stability ကို မရှိမဖြစ်အလေးအနက်ထား စဉ်းစားကြရသည်။ မလေးလူမျိုးရေး အစွန်းရောက် ultra နိုင်ငံရေးသမားတစ်ဦး အဖြစ် မကြာခဏ ပုံဖော်ရေးသားခြင်းခံရသူ မဟာသီယာမိုဟာမက် သည်လည်း အမှန်တကယ်မှာတော့ အာဏာမရခင်ရော အာဏာရပြီးနောက်တွင်ပါ မလေးနိုင်ငံအတွင်း မလေး၊ တရုတ်၊ အိန္ဒိယနွယ်များအကြား လူမှုရေးသမူဟဖြစ်မှု social cohesion အား အလေးဂရုမူလုပ်ဆောင်ခဲ့သူ ဖြစ်လေသည်။ သို့သော် social cohesion ဟူသည်မှာကား ကာလဒေသမရွေး တည်ရှိနေသည့် ထာဝရ အမှန်တရားတစ်ခု မဟုတ်သည်ကို သူလည်း သိသည်၊ ကျွန်တော်လည်း သိသည်၊ ဆင်ခြင်ဉာဏ်ရှိသူတိုင်း သိကြလေသည်။ အဘယ်ကြောင့်ဆိုသော် မူဆလင်အာရပ်နိုင်ငံ အများစုတို့သည် “လူမှုရေးသမူဟဖြစ်မှု social cohesion” ပြုလုပ်ရန် မည်သည့်အခါမှ လုံးဝဆို လုံးဝ လက်မခံသော နိုင်ငံများ ဖြစ်ကြသော်လည်း မူဆလင်များက လူနည်းစုများအဖြစ် ရှိနေသောနိုင်ငံများတွင် “လူမှုရေးသမူဟဖြစ်မှု social cohesion” ပရိုဂရမ်များ ပြုလုပ်ရန်ကိုမူကား ထိုအာရပ်နိုင်ငံများကပင်လျှင် သွယ်ဝိုက်တဖုံ နည်းမျိုးစုံဖြင့် ရံပုံငွေထည့်လျက် အားပေးနေ တတ်ကြကြောင်းကို ကြည့်တတ်က မြင်စရာရှိသည်ကို မြင်နိုင်ပေသည်။

လူ့အဖွဲ့အစည်းတို့တွင် ကာလသတ်မှတ်ချက်အရ လက်ခံကြသည့်မှန်ကန်မှု convention များသာရှိပြီး၊ အမြဲတမ်းမှန်ကန်မှု ဟူ၍ ရှိမနေကြောင်း ကားလ်ပေါ့ပါ ၏ အဆိုအား သတိမူတတ်ပါက တမျိုးတဖုံသော ဆင်ခြင်စရာတစ်ရပ်ကို မမေ့မလျော့သူ ဖြစ်သည် ဟု ဆိုရပေမည်။ ယနေ့မှန်သည် ဆိုကြသည့် သတ်မှတ်ချက်များမှာ နောက်နေ့ကျတော့ မှားသည်ဟု အများက ၀ိုင်းသတ်မှတ်ကြသည်မျိုးမှာ ဖြစ်နိုင်ခြေ သဘာဝတစ်ရပ် ဖြစ်လေသည်။

စကားပြန်ဆက်ရလျှင် – မာလာလာ က ထိုကဲ့သို့ စကားကျွံထားဖူးလေတော့ တစ်သက်လုံး အိမ်ထောင်မပြုဘဲ နေရတော့မလား ဆိုတော့လည်း မဟုတ်ပါ ဟုသာ ထပ်ဆင့်ရှင်းပြလိုပေသည်။ မာလာလာ တစ်ယောက် လောကကိုဖြတ်သန်းပါစေ၊ ကောင်းမွန်စွာ အသက်ကြီးရင့် နိုင်ပါစေ ဟုသာ ကျွန်တော်က ဆုတောင်းလေသည်။ သူ့အနေနှင့် ယခုကဲ့သို့ စကားကျွံဖူးသွားသလို ဖြစ်သွားရသည့် အလှည့်အပြောင်း များကြောင့် – တချို့က စွပ်စွဲကြသလို Greta Thunberg တို့၊ မာလာလာ တို့မှာ အနောက်တိုင်း လက်ဝဲယိမ်းများက မြှောက်ပေးထားသည့် လေအိုး (airbag) များ ဟု မှတ်ချက်ပြု တိုက်ခိုက်နေသည့်စကားများက မှန်ကန်နေသလို ဖြစ်သွားနိုင်သည်ကိုသာ သတိမူမိခြင်း ဖြစ်လေသည်။ ကျွန်တော်အပါအဝင် နိုင်ငံရေးသမားများသည်ပင်လျှင် ယေဘုကျသဘောပြောရလျှင် – ကျွန်တော့် အနေနဲ့ ဟိုတုန်းက ဟိုလိုထင်လို့ ဟိုလို ပြောမိတယ်၊ အခုတော့ ဒီလိုထင်လို့ ဒီလိုပြောပါတယ် ဆိုသည်တို့မှာ ဖြစ်နေတတ်သည့် သဘောသဘာဝများသာ ဖြစ်ရကား မာလာလာ အား အပြစ်များစွာ မြင်ရန်မရှိပေ။

တိုးတက်သော တော်လှန်သော အမြင်ကျယ်သော ရဲရင့်သော ခေတ်မီသော (သို့မဟုတ် ခေတ်ရှေ့ပြေးသော) အမျိုးသမီးငယ်အချို့က တော်လှန်ပြောင်းလဲသော အမြင်များကို ထုတ်ဖော်ကြသည့်အတွက် ကျွန်တော် အပြစ်မတင်ပေ။

gender တို့ quota တို့ affirmative action တို့ အပါအဝင် စကားလုံးများကို ပြောတတ်သူများကို ခေတ်မီသော အမြင်ရှိသည် ဟု အမြင်ခံရရန် အလို့ငှာလည်းကောင်း နိုင်ငံရေးအရ တိုးတက်သော အမြင်ရှိသည် ဟု  အထင်ခံရရန် အလို့ငှာလည်းကောင်း ပြောနေသည် ဟု ကျွန်တော် စွပ်စွဲ မှတ်ယူခြင်းမရှိပါ။ ထိုအမြင်များသည် idealism အကောင်းဆုံးစံ ဖြစ်စေလိုမှု သဘောအရ မှန်သင့်သလောက်မှန်သည် ဖြစ်သဖြင့် ထူးထူးခြားခြား ကန့်ကွက် ပြောဆိုနေခြင်းမျိုး ကျွန်တော်မရှိဖူးပါ။ သို့ရာတွင် အမျိုးသမီးများကို နေရာပေးခြင်းကိစ္စသည် တသမတ်တည်းကိန်းသေမဟုတ် အခြားသော လွှမ်းမိုးသက်ရောက် အခြေအနေများကိုလည်း ထည့်သွင်းတွက်ချက်တတ်ရမည့် အရေးသာ ဖြစ်သည် ဟူ၍ ကျွန်တော် နားလည်မိလေသည်။

ကျော်ဇောဦး

၂၀၂၁-ခုနှစ် နိုဝင်ဘာလ (၁၂) ရက်

==========

blog post number – 220

short link to this post => https://l.linklyhq.com/l/fGD9

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s