Myanmar Now သတင်းဌာနတွင် ပြီးခဲ့သည့် နာရီပိုင်းက စတင်ဖော်ပြသည့် “သမ္မတကို ရွေးကောက်ပွဲကိစ္စဖြင့် တရားစွဲရန် ဒေါက်တာအေးမောင်ကြံစည်နေ” ဟူသည့် သတင်းနှင့်ပတ်သက်၍ အောက်ပါတို့ကို ဖော်ပြလိုပါသည်။
ထိုသတင်းပါ ဒေါက်တာအေးမောင်၏ စကား “ကျွန်တော်တို့ ပါတီအနေနဲ့ လုပ်တာ မဟုတ်ဘူး ဆိုတာကိုတော့ မှတ်ပေးပါ” ဟူသည့်စကားအတိုင်း မှန်ကန်သည် ဟု မှတ်ယူကြရန် ဖြစ်ကြောင်း အလေးအနက် တင်ပြလိုပါသည်။
ထိုကိစ္စနှင့် ပတ်သက်လျက် ပါတီအစည်းအဝေးများတွင် သော်လည်းကောင်း၊ ကျွန်တော်နှင့် သီးခြားသော်လည်း ကောင်း ထိုကိစ္စနှင့် ပတ်သက်လျက် တစ်ကြိမ်တစ်ခါမှ ဆွေးနွေးကြဖူးခြင်း မရှိသေးပါ။ ကြားလူဖြင့်သော်လည်းကောင်း အခြားတစ်နည်းနည်းဖြင့် သော်လည်းကောင်း ထိုကိစ္စအကြောင်းကို သတင်းအပို့အယူ မရှိဖူးပါ။
ထို့ကြောင့် ထိုသတင်းပါ ဦးဖေသန်း၏ ပြောစကား “ပါတီ တစ်ခုခုရဲ့အောက်မှာ တစ်ယောက်ယောက်က လုပ်နေတာတော့ သေချာတယ်” ဆိုသည့်စကားမှာ အခြားပါတီတစ်ခုခုကို ရည်ညွှန်းပြောကြားခြင်း ဖြစ်လျှင် မှန်ကန်နိုင်ပြီး၊ ရခိုင့်ဦးဆောင်ပါတီ (AFP) အား ရည်ညွှန်းပြောဆိုခြင်း ဖြစ်လျှင် မှန်ကန်မှု မရှိပါ။
တိုက်ပွဲများပြင်းထန်ခဲ့သည့် ပလက်ဝဒေသတွင် NLD နိုင်နိုင်ခြေများသဖြင့် ရွေးကောက်ပွဲကျင်းပပြီး NLD သေချာပေါက်ရှုံးနိုင်သည့် ပေါက်တာမြို့နယ် မောင်တာမြို့နယ်များတွင် (တိုက်ပွဲများ မဖြစ်ခဲ့သော်လည်း) တမင်သက်သက်ရွေးကောက်ပွဲ မကျင်းပခဲ့ခြင်းတို့မှာ ထောက်ပြစရာအချက်များဖြစ်ပါသည်။ NLD မဟုတ်သည့် အမတ်များလွှတ်တော်သို့ ရောက်မလာစေလိုသဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်အများအပြားကို ရွေးကောက်ပွဲမကျင်းပဘဲ တမင်ချန်လှပ်ထားခဲ့သည် ဆိုသော စွပ်စွဲချက်မှာ ကြောင်းကျိုးမဲ့ မဟုတ်ပါ။
ဦးကျော်ဇောဦး
၂၀၂၁ နိုဝင်ဘာလ (၂၄) ရက်
==========
blog post number – 222
short link to this post =>
==========