ရခိုင်ပြည်အတွင်းရှိ စစ်ရေးနိုင်ငံရေးကိုပါ ဦးဆောင်မှုပေးနေကြသော ခေါင်းဆောင်များ နှင့် နိုင်ငံရေးဘက်ခြမ်းတွင် ရှိနေသော ပုဂ္ဂိုလ်များအားလုံးတို့အနေဖြင့် စစ်တကောင်းအနွယ်များအရေး နှင့်ပတ်သက်၍ အလေးအနက်ထားလျက် မကျော်ရမည့် တာစည်းအဖြစ် လက်ခံထားကြသော ထမင်းရည်ပူစည်းတစ်ခု ရှိပါသည်။ ထိုစည်းသည်ကား လူမျိုးလိမ်နာမည်ကို လုံးဝလက်မခံခြင်းဖြစ်လေသည်။ social cohesion အား အာဘောင်အာရင်းသန်သန်ဖြင့် ပြောနေသည်များမှာ ထမင်းရည်ပူစည်းကို မကျော်သေး ဟု ဆိုနိုင်၏။ သို့ရာတွင် NGO များမှ ချပေးသော ဘက်ဂျက်များ ပိုက်ဆံများကို ရရှိရန်အတွက် ထိုနာမည်လိမ်ကို တကျော်ကျော်သုံးလျက် ဘက်ဂျက်လျှောက်ခြင်း ထိုနာမည်ကို ထပ်ကာတလဲလဲဖော်ပြလျက် report များ ရေးတင်ခြင်း တို့ကို ပြုမှုသည်ဆိုလျှင် ထမင်းရည်ပူစည်းကို ကျော်ရာရောက်ပေလိမ့်မည်။
KZO
2022 January 03
–
