နာမည်လိမ်ကိစ္စမှာ တစ်ကမ္ဘာလုံးက တစ်ဘက် ရခိုင်ကတစ်ဘက်ဖြစ်နေလည်း သည်နေရာမှာ ဘယ်လိုဘဲ ဖြစ်ဖြစ် အလျှော့ပေးလို့မရသောနေရာ ဟု ရခိုင်များ သိကြလေသည်။ နာမည်လိမ်ကိစ္စကို တစ်ကမ္ဘာလုံးကဘဲ သုံးသုံးမသုံးသုံး – ရခိုင်များက လုံးဝမသုံးစွဲပါ ဆိုသည့်အကြောင်းကို အချို့သော ရခိုင်ခေါင်းဆောင်တို့သည် တွေ့ဆုံမှုတို့၏ အစတွင် စိတ်ရှည်လက်ရှည် ရှင်းပြရန် အမြဲကြိုးစားကြတတ်လေ့ရှိ တတ်ပါသည်။ သို့ရာတွင် တွေ့ဆုံမှုတို့ ပြီးစီး၍ မိမိတို့ ကျောခိုင်းလိုက်သည်နှင့် ထိုနိုင်ငံခြားသား ဆွေးနွေးဖက်တို့သည် ပြန်ချရေးရာ၌ သူတို့ ရေးချင်သလို ရေးကြသည်သာ ဖြစ်လေသည်။ ရခိုင်မှာ ရှိနေကြသော မူဆလင်များ (Muslim inhabitants of Rakhine) ဆိုသည့် အသုံးအနှုန်းသည် ရခိုင်များဘက်က အပျော့ပျောင်းဆုံး သုံးစွဲနိုင်သော စကားလုံး ဖြစ်လေသည်။ ထိုကဲ့သို့သာ သုံးကြပါသည် ဆိုသည့်အကြောင်းကို တခုတ်တရ ပြောကြမည်သာ ဖြစ်လေသည်။(ရခိုင်ပြည်က) ရေးတတ်ချွတ်တတ်သူများအဖို့ ကချော်ကချွတ် ဖြစ်ကတတ်ဆန်း ရေးပစ်လိုက်ကြသည် ဟု အထင်မခံရလေအောင် တွေးတော ဆင်ခြင်မိနိုင်လျှင် ကောင်းပါ၏။
KZO
2022 January 03
–
