မကြာခင်က (ပြီးခဲ့သည့် ၂ နာရီ ကျော်ခန့် အချိန်က) ရေးသားပုံနှိပ်သော DMG ၏ ဆောင်းပါးတစ်ပုဒ်ကို အကြောင်းခံလျက် (ထိုဆောင်းပါးတစ်ခုတည်းကြောင့်ပင် မဟုတ်သော်လည်း) အချက်တစ်ချက်ကို သတိမူကြစေရန် ရေးသားလိုက်ရပါသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက အာဏာရယူပြီးသည့်နောက် အခြားရခိုင်နိုင်ငံရေးပါတီတစ်ခုနှင့် အလားတူပင် (နစက ဘက်မှ) ရာထူးကမ်းလှမ်းခြင်း ခံခဲ့ရသော်လည်း AFP က ထိုရာထူးကို လက်မခံခဲ့ပါ။
မိမိတို့က ထိုအကြောင်းကို ဂုဏ်ဖော် ပြောကြားလိုခြင်း မရှိပါသော်လည်း ထိုကာလအခြင်းအရာများကို နောက်ခံထားသုံးသပ်သူများက ထိုအချက်ကို ချန်လှပ်ရေးသားကြသောအခါ ပုံဖော်မှု လွဲမှားသွားစေပါသည်။
မိမိတို့၏ ထိုကာလ statementကို ဖတ်ကြည့်လျှင်လည်း ထိုအချက်ကို မသိနိုင်စရာမရှိပါ။
KZO
28 Feb, 2022
–
ရည်ညွှန်း :
“စစ်အာဏာသိမ်းမှုနှင့် ရခိုင်နိုင်ငံရေးပါတီတို့၏ ခြေလှမ်းများ” | DMG ၊ ဖေဖေါ်ဝါရီလ ၂၈
–











