ဗိုလ်​ချုပ်​ခင်​ညွှန့် တီထွင်​သုံးစွဲ​သော “အမျိုးသားနိုင်​ငံ​ရေး” စကားလုံး

ဗိုလ်​ချုပ်​ခင်​ညွှန့် စတင်​တီထွင်​သုံးစွဲ​သော “အမျိုးသားနိုင်​ငံ​ရေး” ဆိုသည့်စကားလုံးကို အလားတူရှု​ထောင့်မှပင်​ ​ပြောဆို​ရေးသားသုံးစွဲမှုများ များပြားလာသည်​ကို​ ​တွေ့ရသည််​။

(ထိုစဉ်​က) အာဏာရှင်​အုပ်​စုဝင်​ ဦးခင်​ညွန့်က ကွဲပြား​သော နိုင်​ငံ​ရေးအမြင်​ရှိသူတို့ကို နှိပ်​ကွပ်​နှိမ်​နင်းရန်​ အလို့ငှာ “အမျိုးသားနိုင်​ငံ​ရေး” ဟူသည်​စကားလုံးကိုစတင်​သုံးစွဲခဲ့ပြီး ​ရောင်​​တော်​ပြန်​များက ​လိုက်​လံသုံးစွဲခဲ့ကြသည်​​ ဟု မှတ်​သားထားမိပါသည်​။

နိုင်​ငံတို့၏ အရပ်​ဘက်​-စစ်​ဘက်​ဆက်​ဆံ​ရေး civil-miliyary relations ဘာသာရပ်တွင်​ ​လေ့လာ သိရှိထားကြသည့် သ​ဘောသဘာဝ တစ်​ရပ်​မှာ – (လက်​နက်​မကိုင်​​သော) အရပ်​ဘက်​နိုင်​ငံ​ရေးသမားများမှာ ခင်းကျင်းထားသည့် အခင်းအကျင်းအရ ကွဲပြားသည့်အမြင်​များရှိ​နေနိုင်​ပြီး နိုင်​ငံ​ရေးအာဏာနှင့် ကင်းရှင်းရမည့် နိုင်​ငံ့စစ်​တပ်​က နိုင်​ငံ​ရေးတွင်​ ဝင်​ပါ​နေသည့်အခါ ‘အရပ်​ဘက်​နိုင်​ငံ​ရေးသမားများသည်​ မညီညွတ်​ စစ်​ဘက်​ institution က ညီညွတ်​သည်​’ စသည်​ဖြင့် ပုံရိပ်​မြင်​ရခြင်းများ ဖြစ်​လာတတ်​သည်​။

ဤနယ်​ပယ်​ကား ကျယ်​ဝန်းလှ​ပေရာ စာတစ်​​ကြောင်းနှစ်​​ကြောင်းချ​​ရေးရုံမျှဖြင့် လုံ​လောက်​မည်​မဟုတ်​​ပေ။

KZO
4 March, 2022

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s