လူမျိုးတုန်းသတ်ဖြတ်မှု ကန်သတ်မှတ်ချက်အား ဘင်္ဂလာက ကြိုဆိုမှုအ​ပေါ် ရှုမြင်​ချက်​

လူမျိုးတုန်းသတ်ဖြတ်မှု ကန်သတ်မှတ်ချက် ဘင်္ဂလားဒေ့ရ်ှ ကြိုဆို – ဟူ၍ မကြာ​သေးမီက သတင်း ဖတ်​ရပါသည်​။

မြန်​မာနိုင်​ငံအ​ရေး၊ အထူးသဖြင့် ရခိုင်​လူမျိုးများအ​ရေးကို ချဉ်းကပ်​ရာ၌ ဘင်္ဂလားဒေ့ရ်ှသည်​ ​ရေရှည်​ဆန်​သည်​၊ စနစ်​ကျသည်​၊ ညင်​သာစွာ အကွက်​​ရွေ့နိုင်​သည်​။

ဘင်္ဂလားဒေ့ရ်ှသည်​ လူမျိုးနာမည်​ အသစ်​တီထွင်​မှု နှစ်​ရပ်​စလုံးနှင့် အနည်းနှင့်အများဆိုသလို ပတ်​သက်​​ကြောင်း​ သံသယ ဖြစ်​ဖွယ်​ရာရှိသည်​ကို ငြင်းဆိုရန်​ခက်​သည်​။ ထိုနာမည်​ နှစ်​ခုစလုံး ရခိုင်​လူမျိုးတို့နှင့် ယှက်​နွယ်​​နေသည်​။

တစ်​ခုမှာ ဘင်္ဂလာထဲကနာမည်​သစ်​ ဖြစ်​ပြီး၊​ နောက်​တစ်ခုမှာ ရခိုင်​ပြည်​တွင်းအခြေပြု နာမည်​သစ်​ဖြစ်​သည်​။

​မော့်​ဂ်​များကို ခွဲခြမ်းလျက်​ ရခိုင်​တစ်​မျိုး မရမာတစ်​မျိုး နှစ်​မျိုးဖြစ်​​အောင်​ခွဲထုတ်​ခြင်းတွင်​ ဘင်္ဂလားဒေ့ရ်ှအစိုးရသည်​ ကြီးမား​သော အခန်းကဏ္ဍ မှ ပါဝင်​ခဲ့သည်​။ (“မရမာ” သည်​ နာမည်​အသစ်​ဖြစ်​သည်​)။

ယူကရိန်းအ​ရေး အ​ရေး​ပေါ် (နိုင်​ငံတကာ)​အုပ်စုဖွဲ့မှုများ လိုအပ်​​နေသည့် လက်​ရှိ အ​ခြေအ​နေတွင်​ ရခိုင်​တွင်​ဖြစ်​ပျက်​ခဲ့မှုအား ဂျန်​နိုဆိုက်​ ဖြစ်​သည်​ ဟု အ​မေရိကန်​က လက်​မြန်​​ခြေမြန်​ လက်​လွတ်​စံပယ်​​ကြေငြာခြင်း ၏ ​နောက်​ဆက်​တွဲတို့၌​ ရခိုင်​လူထုသ​ဘောထားကို ပမာမထားဘဲ ဇွတ်​တရွတ်​​ခြေလှမ်းများ ဖြစ်​လာနိုင်​​ခြေရှိမှုကို ​မျှော်​လင့်ထားကြရမည်​ ဖြစ်​​လေသည်​။

မည်​သို့ပင်​ဆို​စေ ဘင်္ဂလားဒေ့ရ်ှအ​နေဖြင့် အိမ်​နီးချင်းရခိုင်​လူထုအား အပြန်​အလှန်​အကျိုးပြုကြသည့် အ​နေအထားအဖြစ်​ရှိ​လာမည်​ကိုသာ ရခိုင်​လူထုတို့က ​မျှော်​လင့်ကြမည်​သာ ဖြစ်​​လေသည်​။

KZO
၂၀၂၂-ခု မတ်​လ (၂၄) ရက်​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s