လူမျိုးနာမည်​လိမ်​ လက်​ခံမှုနှင့် ပြည်​နယ်​တစ်​ခုချင်းသ​ဘောထား

​နောက်​​နောင်​များမှာ – BPLA လို ဗမာပြည်​နယ်​ဖွဲ့စည်း​ရေးကို လိုလားလက်​ခံတဲ့ အင်​အားစု​တွေကိုသာလျှင်​ ဗမာမဟုတ်​​သော non-Burmese အင်​အားစု​တွေက တဖြည်းဖြည်း ​နေရာ​ပေး accomodate လုပ်​လာကြမှာ ဖြစ်​ပါတယ်​။

အဆုံးသတ်​မ​တော့ ကိုယ့်ပြည်​နယ်​အ​ရေးကိုကိုယ်​ အများကြီးစီမံပြီး ကိုယ့်အ​ရေးကို ပြင်​ပက အများသူငါ ဝင်​​ပြောလို့မရတဲ့ အ​နေအထားတစ်​ရပ်​ကို တဖြည်းဖြည်း​ရွေ့လာမှာဖြစ်​ပါတယ်​။ အဲဒါနဲ့ တပြိုင်​နက်​တည်းမှာ ကိုယ့်ဒုက္ခ ကိုယ်​ရှင်းရတဲ့ အ​နေအထား​တွေရှိလာကြမှာဖြစ်​ပါတယ်​။

ပြည်​နယ်​တစ်​ခုချင်းရင်​ဆိုင်​ရမယ့် ဒုက္ခ​တွေထဲကတခုက​တော့ လူမျိုးနာမည်​လိမ်​ကိစ္စဖြစ်​ပါတယ်​။ အဲသည်​ နာမည်​လိမ်​ကို အခု​ထောက်​ခံလိုက်​ရင်​ ​လော​လောဆယ်​ ငါတို့အကျိုးခံစားခွင့်ရမယ်​ ဒုက္ခ​ရောက်​မှာ ရခိုင်​​တွေပဲ ဒုက္ခ​ရောက်​မှာ ဆိုပြီး ​ရှေ့​ရေးကို လှမ်း​မျှော်မကြည့်ကြတဲ့ (မြန်​မာပြည်​အနှံ့က လက်​နက်​ကိုင်​ နဲ့ လက်​နက်​မကိုင်​) နိုင်​ငံ​ရေးသမား​တွေ ​ပေါ်လစီပိုင်းအ​သေအချာ စိစစ်​​သုံးသပ်​ကြဖို့လိုအပ်​ပါတယ်​။

အဲသည်​အခါကျမှ ဒီအ​ရေးဟာငါတို့ပြည်​နယ်​အ​ရေး ဖြစ်​​နေပါ​ပေါ့လားလို့ ငို့ချင်းချရကံ ကြုံ​ကောင်းကြုံလာနိုင်​ဖွယ်​ရှိပါတယ်​။ (ဟာ . . . ဖြစ်​နိုင်​စရာမရှိဘူး၊ အဲသည်​ကိစ္စနဲ့ ကျုပ်​တို့နဲ့က အ​ဝေးကြီးပဲ ဆိုသူ​တွေနဲ့ကျ​တော့ အံ့အားသင့်စရာ​တွေ ဖြစ်​လာတဲ့အခါကျမှ စကားဆက်​​ပြောလို့ရပါမယ်​။)

ဒီအ​ရေးနဲ့ပတ်​သက်​ရင်​ ​ကျောက်​တုံးတစ်​တုံးချင်းကို လှန်​ကြည့်စရာမလိုဘဲ ​အောက်​မှာ ဘာရှိတယ်​ ဆိုတာကို ကျွန်​​တော်​တို့ဘက်​ကလူ​တွေက သိကြပါတယ်​။ အဲသလို “​ကျောက်​တုံးတစ်​တုံးချင်း​အောက်​မှာ ဘာရှိသလဲ လို့​​ သိ​နေတာ” ကို အစွန်း​ရောက်​တယ်​လို့ စွပ်​စွဲ​ကြပါလိမ့်မယ်​။

KZO
2022 April 18



The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s