(The Mog Nation Wiki, an archive)
ယနေ့သည် ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့ ဖြစ်ပါသည်။
ကမ္ဘာအရပ်ရပ် ပဋိပက္ခနယ်မြေများတွင် သတင်းသမားများသည် နှောင့်ယှက်တိုက်ခိုက်ခံရခြင်း၊ မတရားဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ အကျဉ်းချခံရခြင်းနှင့် အကြမ်းဖက်ခံရခြင်းတို့ကို ရင်ဆိုင်လျက် သတင်းများကို တင်ဆက်ပေးလျက်ရှိနေကြသည့်အတွက် ကျေးဇူးတင်ပါသည်။
သို့ရာတွင် လွတ်လပ်သော နိုင်ငံရေးအခန်းကဏ္ဍ မလိုအပ်တော့ ဟု ထပ်ကာတလဲလဲ ဝါဒဖြန့်ချိနေကြသူများ (သတင်းသမား အချို့) အဖို့ သိထားရန်လိုအပ်သည့်အချက် တစ်ချက်မှာ – ဟစ်တလာသည် လွတ်လပ်သော သီးခြားနိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကို အောင်မြင်စွာဖျက်သိမ်းနိုင်ခဲ့ပြီးနောက် လွတ်လပ်သော သတင်းမီဒီယာ ကဏ္ဍ အား ဆက်လက် ဖျက်သိမ်းခဲ့သည် ဟူသော ဖြစ်ရပ်သင်ခန်းစာ ဖြစ်ပါသည်။
လွတ်လပ်သော သတင်းမီဒီယာ တည်ရှိနေမှုသည် မတရားမှုများကို အနေကျုံ့စေပါသည်။
KZO
3rd March 2022
#WorldPressFreedomDay
–
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter