
၂၀၂၂ ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်အညွှန်းကိန်းအရ နိုင်ငံပေါင်း (၁၈၀) အနက် အောက်ဘက် (၉၀) ထဲမှာပါနေတဲ့ နိုင်ငံပေါင်း (၄၅) နိုင်ငံဟာ OIC အဖွဲ့ဝင် နိုင်ငံတွေဖြစ်ကြပါတယ်။
အစဉ်လိုက်ဇယားထဲမှာ OIC နိုင်ငံတွေထဲက အောက်ဘက်အကျဆုံးနိုင်ငံဟာ အီရန်နိုင်ငံဖြစ်ပြီး အမှတ်စဉ် (၁၇၈) မှာ ရပ်တည် လျက်ရှိပါတယ်။
မြန်မာနိုင်ငံ ကတော့ အီရန်နိုင်ငံရဲ့ အထက်နှစ်ဆင့်နေရာ ဖြစ်တဲ့ အမှတ်စဉ် (၁၇၆) မှာရှိနေပါတယ်။
OIC အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဘင်္ဂလာဒေ့ရှ်ကတော့ အမှတ်စဉ် (၁၆၂) မှာရှိနေပါတယ်။
သတင်းလွတ်လပ်ခွင့်အခြေအနေ အဆိုးဆုံး နိုင်ငံ သုံးဆယ် (အမှတ်စဉ် ၁၅၁ ကနေ ၁၈၀ အထိ) ထဲမှာ – OIC အဖွဲ့ဝင် (၁၈) နိုင်ငံ၊ ကွန်မြူနစ် ငါးနိုင်ငံ (မြောက်ကိုးရီးယား၊ တရုတ်၊ ဗီယက်နမ်၊ ကျူးဘား၊ လာအို) ၊ ရုရှား သွေးသောက်ညီအစ်ကို နှစ်နိုင်ငံ (ရုရှား နှင့် ဘီလာရုစ်) ၊ နဲ့ ကျန်ငါးနိုင်ငံကတော့ အီရီထရီးယား၊ မြန်မာ၊ ဟွန်ဒူးရပ်စ်၊ နီကာရာဂွာ နဲ့ ဗင်နီဇွဲလား တို့ ပါဝင်ကြပါတယ်။
KZO
5th March 2022


End Notes and External links
- source: “World Press Freedom Index 2022 List: Norway tops the index, India plummeted to the 150th position“
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter