အင်အားတည်ဆောက်ရေး နှင့်အပြိုင် နိုင်ငံရေး သဘောတူညီချက် ရရှိရေးသည် ရခိုင်ရို့အတွက်တည်ငြိမ်လုံခြုံလျက် စီပွားဖွံ့ဖြိုးမှုကို စတင်လုပ်ဆောင်နိုင်သော အခြေအနေသို့ စတင်ရောက်ရှိလာရေးအတွက် အရေးပါသော အကြောင်းခြင်းရာတစ်ရပ်အဖြစ်ရှိနေဆဲ ဖြစ်လေသည်။
တရုတ်နယ်စပ်ကိုကျောထောက်နောက်ခံပြုလျက် တရုတ်ငွေကြေးနှင့်တရုတ်ယဉ်ကျေးမှုကိုတင်သွင်းမဏ္ဍိုင်ပြုကာ နယ်စပ်ကုန်သွယ်မှုအား မိမိရို့၏ အပြည့်အစုံထိန်းချုပ်မှုအားဖြင့် အံ့ဘနန်းဖွံ့ဖြိုးသော နယ်စပ်မြို့ငယ်များ ပေါ်ပေါက်လာနိုင်ရေးသည်အားကျဖွယ်ရာကိစ္စတစ်ရပ်ဖြစ်လေသည်။
ထိုကဲ့သို့အားကျရာတွင် ထည့်သွင်းစဉ်းစားသင့်သည့်အချက် အချို့ရှိလေသည်။
ကက – ဘင်္ဂလာနယ်စပ်နောက်ခံ၊ အိန္ဒိယနယ်စပ်နောက်ခံအား ဖော်ပြပါ နမူနာနှင့် လုံးဝဥဿုံပုံတူကူးနိုင်ခြေ ရှိမရှိ။
ခခ – နိုင်ငံရေးသဘောတူညီချက် မရနိုင်သောအခါ လေကြောင်းရန်နှင့် အမြောက်ရန်ကာကွယ်ရေးစနစ်များ လုပ်ဆောင်နိုင်ခြင်း ရှိ/ မရှိ ၊
ဂဂ – အပေါ်နှစ်ချက်မရနိုင်သောအခါ ထိုလစ်ဟာချက်များကိုထိန်းထေနိုင်မည့်အနေအထားများကိုအားဖြည့်တည်ဆောက်နိုင်ခြင်း ရှိ/မရှိ ဆိုသော အချက်အားဖြင့် တန်ပြန်နိုင်သလော ဆိုသည့် တွေးဆချက်၊ (ဥပမာ မိမိမြေပြင်အား ကဏ္ဍပေါင်းစုံ အလစ်အဟာ မရှိထိန်းချုပ်နိုင်ခြင်း၊ ရန်သူနယ်မြေများဆိုင်ရာ ကဏ္ဍအချို့)
KZO
5th July, 2022
–
End Notes and External links
- source: “နိုင်ငံရေး သဘောတူညီချက်” | on Facebook
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter