စာတစ်စောင်၊ ထုတ်ပြန်ချက်တစ်ခု နဲ့ အချက်အလက်အချို့

စာတစ်စောင်၊ ထုတ်ပြန်ချက်တစ်ခု နဲ့ အချက်အလက်အချို့

အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ဆိုခွန်းထံသို့ ၂၀၂၂ ဇူလိုင်လ (၂) ရက်နေ့တွင် ရခိုင့်ဦးဆောင်ပါတီ (AFP) ကိုယ်စား ဒေါက်တာအေးမောင်ပေးခဲ့သောစာ၌ အချက်ငါးချက်ပါဝင်သည်။ ထိုငါးချက်အနက် အဓိက အရေးကြီးသော အချက်နှစ်ချက် ဖြစ်ကြသည့် ၂၀၀၈ ဖွဲ့စည်းပုံ တစ်ခုလုံးအား စွန့်ပယ်ရေး နှင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေးတို့ကို လက်ရှိအာဏာစွဲကိုင်ထားသည့် မြန်မာစစ်တပ်က လုံး၀ လက်မခံ။ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေးကိစ္စဆိုလျှင် (လောလောဆယ်တွင်) စစ်တပ်က ခါးခါးသီးသီးရှိနေဆဲ ဖြစ်လေသည်။ သို့ရာတွင် ထိုပေးစာနှင့်ပတ်သက်လျက် လူအချို့က အချက်အလက်အခြေခံ ဆွေးနွေးနိုင်ခြင်းမရှိသည့် အခြေအမြစ်မရှိသည့် စကားများဖြင့် ပျစ်ပျစ်နစ်နစ် ပြောဆိုလျက် တစ်ဘက်နှင့် ပေးစားသည်ကို တွေ့ရသည်။

ယမန်နေ့ (၂၀၂၂ ဇူလိုင်လ ၁၂ ရက်) AFP က ထုတ်ပြန်လိုက်သော အချက် (၇) ချက်ပါ ထုတ်ပြန်ချက်တွင် လက်ရှိအတိုင်းအတာများအရ စစ်ရေးတင်းမာမှုကို လျှော့ချကြစေလိုသော မိမိတို့ သဘောထားအကြောင်း၊ နိုင်ငံရေးသဘောတူညီချက်ရအောင် လျှောက်လှမ်းကြဖို့ တိုက်တွန်းကြောင်း နှင့် အခြား အချက်အလက်များ ပါဝင်သည်။ ထိုကဲ့သို့ထုတ်ပြန်သည်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုကြသည် ဆိုပါကလည်း ဘာမှ ထပ်ပြောစရာ မလိုပေ။

ကိုယ့်သဘောကိုယ်ဆောင်၍ ကိုယ့်ဆုံးဖြတ်ချက်များအတိုင်း လုပ်ဆောင်ကြခြင်းသာ ဖြစ်သည် ဟု လက်ခံလိုက်ကြရန်သာ ဖြစ်လေသည်။ ကန့်ကွက်ရန် မရှိပေ။

သတိပြုရန် နောက်ကြောင်းအချက်အချို့မှာ –

ကက – ပြီးခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီလ တစ်ရက်နေ့ မြန်မာစစ်တပ်က အာဏာရယူလိုက်ပြီး နစကဖြစ်လာချိန် ရခိုင်ပါတီတွေကို ရာထူးကမ်းလှမ်းခဲ့ရာမှာ ရခိုင့်ဦးဆောင်ပါတီ (AFP) မှာ ရာထူး လက်မခံခဲ့သော ပါတီဖြစ်ကြောင်း သတိမူကြရန်လိုသည်။

ခခ – ပြီးခဲ့သည့် ရခိုင်စစ်ပွဲပြင်းထန်သည့်ကာလအတွင်း ရခိုင်နိုင်ငံရေးသမားများ နှင့်တကွ ရခိုင်မီဒီယာများကိုပါ အသံမထွက်နိုင်အောင် မြန်မာအစိုးရက နည်းမျိုးစုံနဲ့ ချုပ်ထားချိန်မှာ ရခိုင်လူထု သက်သာရာ ရနိုင်သမျှရအောင် အသံအများဆုံးထွက် vocal ဖြစ်အောင် ကြိုးစားအလုပ်လုပ်ခဲ့သူ လက်တစ်ဆုပ်စာတို့အနက်မှ အချို့မှာ ကျွန်တော် နှင့် လက်ရှိ AFP လုပ်ဖော်ကိုင်ဖက်အချို့ဖြစ်သည်။ (ဥပမာ – ထိုစဉ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သို့ ကျွန်တော်၏ (အင်္ဂလိပ်/မြန်မာ နှစ်ဘာသာ) အိတ်ဖွင့်ပေးစာအား အင်တာနက်ပေါ်မှ ရုပ်သိမ်းပေးရန် ဖိအားများကို လက်မခံခဲ့ပါ။)

ဂဂ – မနေ့က မီဒီယာတစ်ခုအား ဖြေဆိုရာတွင် ကျွန်တော် ထည့်ပြောလိုက်သည်မှာ – မြန်မာစစ်တပ် နှင့် အေအေ အကြားနဂိုဆက်သွယ်ရေး ချန်နယ်များ ရှိနေကြပြီးဖြစ်သည်၊ စကားပြောချင်လျှင်လွယ်သည်၊ မပြောချင်လျှင် မလွယ်၊ ကြားဆက်ဆံရေးအတွက် ကျွန်တော်တို့ ပါနေစရာ မလို၊ ပါရန် စိတ်ကူးထားခြင်း မရှိပါ ဟု ဖြေခဲ့ပါသည်။

ဃဃ – ပူးတွဲပါ ဓါတ်ပုံမှာ အပြစ်မဲ့ ရခိုင်အရပ်သားများ အကာအကွယ်ရထိုက်ကြောင်း ရခိုင့်ဦးဆောင်ပါတီ AFP က ပြီးခဲ့သည့် ရခိုင်တိုက်ပွဲများ ကာလတွင် ပုံနှိပ်ထုတ်ပြန်ခဲ့သော ပိုစတာငယ် တစ်ခု ဖြစ်ပါသည်။

ငင – ဤစာစု၏ ရည်ရွယ်ချက်မှာ – ရခိုင့်ဦးဆောင်ပါတီ ဖွဲ့စည်းပုံစည်းမျဉ်း ၄.၁ ၏ ပြဋ္ဌာန်းချက် ဖြစ်သည့် “ရခိုင့်ဦးဆောင်ပါတီသည် ရခိုင်လူထုကို သစ္စာခံသည်” ဟူသည့်အချက်ကို ရှင်းလင်းတင်ပြရန် ဖြစ်ပါသည်။

ဦးကျော်ဇောဦး
၂၀၂၂ ဇူလိုင်လ (၁၂) ရက်


  • source: –

The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s