
လွန်ခဲ့သော (၁၁) နှစ်ခန့်က ဂွမြို့နယ်အတွင်းစာပေဟောပြောပွဲများတွင်း ကျွန်တော်ပြောခဲ့သည်များထဲက စကားတစ်ခွန်းကို အမှတ်ရပါသည် ဟု မိတ်ဆွေတစ်ဦးက ဆိုလေ့ရှိပါသည်။
လူသတ်မှု အစရှိသော ရာဇဝတ်မှုများတွင် လူ့အဖွဲ့အစည်းကိုယ်စား (တစ်နည်းအားဖြင့် နိုင်ငံတော်ကိုယ်စား ) တာဝန်ရှိသူများက တာဝန်ယူတရားစွဲကြရသည်။ အဘယ်ကြောင့်ဆိုသော် – ဥပမာအားဖြင့် လူသတ်မှုတို့တွင် ခံရသူ နစ်နာသူ နစ်နာသူမိသားစုတို့အားသာလျှင် ထိခိုက်သက်ရောက်စေသည်မဟုတ်၊ လူ့အဖွဲ့အစည်းတစ်ခုလုံးကိုပါ စော်ကားလိုက်ရာ ရောက်လေသည်။
လူ့အဖွဲ့အစည်းသည် မိမိအားစော်ကားမှုများကို တုန့်ပြန်နိုင်စွမ်းရှိမရှိကို အစဉ်အမြဲစမ်းသပ်ခံနေရလေသည်။ ထိုသို့ စော်ကားစိန်ခေါ်စမ်းသပ်မှုများကို နည်းလမ်းတကျ တုန့်ပြန်နိုင်မှုနည်းလာလေလေ လူ့အဖွဲ့အစည်းအားနည်းလာလေလေဖြစ်လေသည်။
ဓာတ်ပုံရှင်မှာ – ၂၀၂၂ ခုနှစ် သြဂုတ်လ (၁၅) ရက်နေ့ စစ်တွေမြို့တွင် ကွယ်လွန်သူ မနွယ်သန္တာဝင်း (အသက် ၁၈ နှစ်) ဖြစ်ပါသည်။
KZO
17 August, 2022
End Notes and External links
- source: on Facebook
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter