(The Mog Nation Wiki, an archive)
သည်ကိစ္စကို နာဇီပါတီက လုပ်တာဖြစ်သည့်အတွက် ဂျာမန်ပြည်သူလူထုက ထောက်ခံကြမည်မှာ အသေအချာ ဖြစ်သည် ဟု နာဇီပါတီထောက်ခံသူ နိုင်ငံရေးသမားများက ပြောခဲ့ကြဖူးလေပြီ။
ကိစ္စတစ်ခုချင်းကို ဆန်းစစ်ဝေဖန်ဖို့ ချထားပေးခြင်းဖြစ်စဉ် (being open to debate) ၊ လူ့အဖွဲ့အစည်းအစိတ်အပိုင်းများ၏ သဘောထားကို နားထောင်ခြင်း (consultation) တို့ ဟူသည်ကား ထိုစဉ်က လိုအပ်သည် ဟု မစဉ်းစားကြပေ။
နာဇီပါတီ ဓါးထက်ချိန်ဖြစ်ရကား – ဂျာမန်လူထုအနေဖြင့်လည်း နာဇီပါတီက ထင်ရာမြင်ရာအတိုင်းလုပ်နေတာတို့သည် ငါတို့ကို နွားများအဖြစ်သာသာမျှသာ နာဇီပါတီက သဘောထားရာရောက်နေသည် ဟူ၍ ပြန်ပြောရဲခြင်း မရှိခဲ့ကြပေ။
ကျွန်ုပ်တို့သည်လည်း ရခိုင်လူထုကို နွား အဖြစ်သဘောထားခြင်း မဖြစ်မိအောင် ဆင်ခြင်ကြပါစို့။
KZO
23rd September, 2022
End Notes and External links
- source: on Facebook
The Mog Nation Wiki
- The Mog Nation Wiki
- The Mog Nation Wiki | fandom
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter