
AZG ရဲ့ သရုပ်သကန်အမှန်ကို ဆန်းစစ် အံထုတ်ခြင်း
ကျော်ဇောဦး (စစ်တွေ)
အောက်တိုဘာ ၂၂၊ ၂၀၁၂
ကိုငြိမ်းမောင်* တစ်ယောက် အသစ်စက်စက်ဖွင့်တော့မယ့် AZG ရဲ့ “ရှုခင်းသာ” ဆေးခန်းကိုလာဖို့ ဖိတ်စာရထားတဲ့အတိုင်း၊ မနက် ကိုး နာရီလောက်မှာ ဆေးခန်းကိုရောက်လာတဲ့အခါ မနေ့ကအထိ လှုပ်လှုပ်ရှားရှားနဲ့ ဖွင့်ပွဲအရေးအတွက်ပြင်ဆင်ရင်း စည်ကားနေခဲ့တဲ့ နှစ်ထပ် တိုက်အိမ်ကလေးဟာ သော့ခတ်ပိတ်လျက်သားဖြစ်နေတာကို တွေ့ရတယ်။ တိုက်ရဲ့ဝင်ဝအုတ်တိုင်မှာ အေသရီးဆိုဒ်စာရွက်တစ် ရွက် ကပ်ထားတယ်။ စာရွက်မှာရေးထားတာက “ဘက်လိုက်မှုရှိ၊ ပွင့်လင်း မြင်သာမှုမရှိ၊ ကုလား (ဘင်္ဂါလီ) အရေး ဆောင်ရွက်ပေးသော AZG (MSF) အား အလိုမရှိ” လို့ ရေးထားတယ်။
နောက်ထပ် ဆယ်မိနစ်လောက်ကြာတော့ လူလေးငါးခြောက်ယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး တိုက်ရှေ့မှာရပ်နေတယ်။ ခဏနေတော့ အမျိုးသားတွေ အမျိုးသမီးတွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အရှိုရှိုရောက်လာကြတာ လူအယောက်နှစ်ဆယ် သုံးဆယ်လောက်ဖြစ်လာတယ်။ လူစုလူဝေးကြီးထွားလာပြီး နောက်ထပ်ငါးမိနစ်လောက်အကြာမှာ AZG ကို ဆန့်ကျင်ကန့်ကွက်ကြောင်းရေးထားတဲ့ ဗီနိုင်းတွေကို ဖြန့် ကိုင်ပြီး ဓါတ်ပုံအရိုက်ခံကြတယ်။ ပရိတ်သတ်က လက်ခုပ်ဝိုင်းတီးကြပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ လူစုခွဲလိုက်ကြတယ်။
ဆန္ဒပြကြမယ့်နေရာကို အစောဆုံးရောက်လာတဲ့လူတွေထဲကတစ်ယောက်ကို သတင်းဌာနတစ်ခုက ကင်မရာကိုဒေါက်တိုင်ပေါ်တင်ပြီး အကျအန အင်တာဗျူးနေတာကို ကိုငြိမ်းမောင်တွေ့ခဲ့သေးတယ်။ တွေးစရာတွေ၊ စိတ်ပူစရာတွေအပုံအပင်နဲ့ ကိုငြိမ်းမောင်တစ်ယောက် သူတို့အဖွဲ့ရဲ့ ရုံးရှိရာခြံလေးကို ပြန်လာခဲ့တယ်။
ကိုငြိမ်းမောင်တို့ အဖွဲ့ကို Utopia လို့ခေါ်ပါတယ်။ Utopia ဟာ စစ်တွေနဲ့ ပတ်ဝန်းကျင်က PLHIV (People Living with HIV ၊၀ါ၊ HIV ဝေဒနာရှင်) တွေကို တတ်အားသမျှ အကူအညီတွေပေးနေတဲ့ အဖွဲ့အစည်းကလေးဖြစ်တယ်။ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ကိုငြိမ်းမောင် ကိုယ်တိုင် ဝေဒနာရှင်တစ်ဦးဖြစ်ပါတယ်။
ဆန္ဒပြပွဲအပြီး မဖွင့်လိုက်ရတဲ့ AZG ဆေးခန်းရှေ့မှာ အင်တာဗျူးနေတဲ့လူကတော့ ကျွန်တော်ဖြစ်ပါတယ်။ ကျွန်တော်ကတော့ သာမန်စစ် တွေမြို့သားတစ်ဦး တက်ကြွလှုပ်ရှားသူ activist တစ်ဦးဖြစ်ပါတယ်။
ကျွန်တော်တို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖူးပါဘူး။ ဒါပေမဲ့ တကယ်တော့ ဆန္ဒပြပွဲမတိုင်ခင်တစ်ရက် မနက်ပိုင်းမှာ ကျွန်တော်က ကိုငြိမ်းမောင်ကိုတွေ့ချင်တဲ့အတွက် ကြားလူတစ်ယောက်က ဖုန်းဆက်ပေးပါသေးတယ်။ ကိုငြိမ်းမောင်အနေနဲ့ တကယ် မအားမလပ်ဖြစ်နေတဲ့အတွက် ကျွန်တော်နဲ့ အဲသည်နေ့က မတွေ့လိုက်ရပါဘူး။ AZG ဆေးခန်းဖွင့်ဖို့ကိစ္စနဲ့ ကိုငြိမ်းမောင်တစ်ယောက် မ အားမလပ် ဖြစ်နေတာလည်း ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။
* *
အပယ်ခံတို့ရဲ့ ကိုယ်စားလှယ်
ဆန္ဒပြကြတာပြီးသွားလို့ မွန်းလွဲတစ်နာရီလောက်မှာ ကိုငြိမ်းမောင်က ကျွန်တော်ဆီကိုဖုံးဆက်ပါတယ်။ မနေ့က ဆောရီးပါဗျာတဲ့။ ဒီနေ့ အားသလား၊ အခုအားသလားတဲ့။ သူချိန်းတဲ့ သူတို့ရဲ့ Utopia ရုံးခြံလေးဆီကို ကျွန်တော် ချက်ချင်းဆိုင်ကယ်တစ်စီးနဲ့ လိုက်သွားပါတယ်။
“ခင်ဗျား အင်တာဗျူးလုပ်နေတာကို မနက်က ကျွန်တော်တွေ့ခဲ့သေးတယ်” လို့ သူက ရယ်ကျဲကျဲနဲ့ ပြောပါတယ်။
အဲ . . . ထူးဆန်းတာတစ်ခုက၊ AZG ဆေးခန်းကပေးတဲ့ ဆေးဝါးနဲ့ အသက်ဆက်နေရတဲ့လူတစ်ယောက်ကို AZG ဆေးခန်းမဖွင့်ရအောင် လုပ်ဆောင်ရာမှာပါတဲ့ လူတစ်ယောက်က လာတွေ့ရတာ သိပ်ပြီးကြောင်တက်တက် ဖြစ်မနေပါဘူး။ ဘာကြောင့်လဲဆိုတော့ AZG ကို ရခိုင်လူထုက တစ်နေ့မဟုတ် တစ်နေ့ ပွင့်ပွင့်လင်းလင်း ဆန့်ကျင်တော့မှာကို ကျွန်တော်တို့နှစ်ယောက်စလုံး သိနေပြီးသားဖြစ်ကြလို့ပါပဲ။
“ဒါကတော့ဗျာ . . . ၊ ရခိုင်တစ်မျိုးသားလုံးအရေးကို ကျွန်တော်တို့ PLHIV အယောက် သုံးရာလောက်အရေးနဲ့ ဘယ်လိုမှလဲလို့မှမရတာ။ ကျွန်တော်နားလည်ပါတယ်” လို့ သူကဆိုရှာတယ်။
သူတို့ Utopia အဖွဲ့အကြောင်းကိုမေးနေစဉ်မှာပဲ လူနှစ်ယောက် ဆိုင်ကယ်တစ်စီးနဲ့ မယောင်မလယ်လုပ်နေရင်း၊ ခဏနေတော့ ခြံထဲကို ဝင်လာတယ်။ သူတို့ကပြောတယ်။ ဝေဒနာရှင်တစ်ယောက်အတွက် ART လိုနေတဲ့အတွက် ဆေးဖြန့်ပေးတဲ့ outreach worker ဝန်ထမ်းကို ဖုံးဆက်တာ ဖုံးပိတ်ထားတယ်တဲ့။ ဘယ်လိုလုပ်ရမှန်းမသိဘူးတဲ့။
“အေးဗျာ၊ ဆေးတွေက အခုပိတ်ထားတဲ့ဆေးခန်းထဲမှာဗျ။ နားလည်ကျွမ်းကျင်သူဝန်ထမ်းကထုတ်ပေးမှ ရမယ်” လို့ ကိုငြိမ်းမောင်က ရှင်း ပြတယ်။
စောစောပိုင်းက MSM (Men who have Sex with Men) နှစ်ယောက်ဟာ AZG က နိုင်ငံခြားသူအမျိုးသမီး ဒေါက်တာအယ်လဆာကို သွားတွေ့ပြီး ဆေးထုတ်ပေးဖို့ သွားတောင်းသေးတယ်တဲ့။ ကျွန်တော်တို့ရှေ့က ကိုလူစိမ်းနှစ်ယောက်ထဲက တစ်ယောက်ကပြောပြတယ်။ အဲသည် နိုင်ငံခြားသူ ဒေါက်တာမမက ပြောလိုက်တယ်တဲ့။ ငါရော အခြားဒေသခံဝန်ထမ်းတွေပါ ဆေးခန်းကိုသွားပြီး ဆေးမထုတ်ပေးရဲဘူး၊ အသက်အန္တရာယ်ရောက်မှာကို စိုးရိမ်တယ်တဲ့။ နင်တို့ဆေးလိုချင်ရင် ဆန္ဒပြတဲ့လူတွေဆီက သွားတောင်းပါတဲ့။ ငါတို့တော့ မပေးနိုင်ဘူး လို့ ပြောတယ်တဲ့။
ကိုယ်မဲမရတဲ့ရပ်ကွက်ကို ပြည်ခိုင်ဖြိုးအမတ်တစ်ယောက်က မလိုတမာလေသံနဲ့ ပြောပုံနဲ့တူလိုက်တာလို့ ကျွန်တော်တွေးမိတယ်။
ကိုလူစိမ်းနှစ်ယောက်က မှတ်ချက်တစ်ခုပေးတယ်။ AZG က ဒီလောက်တောင် ဘင်္ဂါလီဘက်ကိုလိုက်နေတာ။ ဒီလိုဖြစ်လာမှာကို တားလို့ မရဘူးဗျလို့ သူတို့ကဆိုတယ်။
အဲသည် လူနှစ်ယောက်ထွက်သွားပြီးနောက်ပိုင်းကျမှ ကိုငြိမ်းမောင်က ကျွန်တော့်ကို လေးနက်စိုးရိမ်တဲ့မျက်နှာနဲ့မေးတယ်။ အေးဗျာ၊ ဘယ် လို လုပ်ရမလဲမသိဘူး၊ ရန်ကုန်မှာလိုလည်း ဆေးဆိုင်တွေကဝယ်လို့ရတာမဟုတ်ဘူးလို့ ကိုငြိမ်းမောင်ကညဉ်းတော့၊ ကျွန်တော့် အသိ တစ်ယောက်ကို လှမ်းမေးကြည့်ရတယ်။
လောလောဆယ်ကတော့ စစ်တွေပြည်သူ့ဆေးရုံကြီးက ကာလသားရောဂါဌာနကိုသွားပါတဲ့။ ART ဆေးတွေကိုတော့ အထွေထွေရောဂါကု သမားတော်ကြီးက ကိုင်ထားတယ်တဲ့။ သူတို့ရဲ့စနစ် ပရိုဆီဂျာလေးကိုဖြတ်သန်းပြီးရင် ဆေးရလိမ့်မယ်လို့ထင်ပါတယ်တဲ့။ အဖြေတစ်ခု ထွက် လာတယ်။
ဒါပေမဲ့ ဒါက လတ်တလောဖြေရှင်းဖို့ ထွက်ပေါက်တစ်သွယ်လို့ပဲ ယူဆရတယ်။ AZG ကလုပ်နေခဲ့တဲ့ လုပ်ငန်းနေရာကို ဝင်ယူဖို့၊ တာဝန် ဝင်ရောက်ထမ်းဆောင်ဖို့၊ AZG လိုပဲ ရံပုံငွေကိုလက်ခံယူဖို့ အဖွဲ့အစည်းတစ်ရပ်လိုလာလိမ့်မယ်။ စစ်တွေက ရွှေဂရုဏာဆေးခန်းလို ဆရာ ဝန်တွေဦးဆောင်တဲ့ အဖွဲ့အစည်းကတော့ဖြင့် အဲသည်စွမ်းရည်ကိုတည်ဆောက်ပြီး နေရာဝင်ယူနိုင်လိမ့်မယ်လို့ ထင်ရတယ်။
ဒါအတွက် Pheonix တို့၊ Myanmar Positive Group (MPG) တို့၊ 3N Network တို့က AZG ရဲ့ HIV ဆေးပေးပရိုဂရမ်ကို ဆက်ခံတဲ့ အဖွဲ့အစည်းကို ဘယ်လိုကူညီထောက်ပံ့နိုင်မလဲ၊ ဘယ်သူတွေကများ ဒီအတွက် ကြားဝင်ညှိနှိုင်းပေးမလဲ . . . စသည်ဖြင့် စသည်ဖြင့် မေးခွန်းပေါင်းများစွာကျန်သေးတယ်။
* *
ဗိုလ်ချုပ်များနှင့် ဂေါက်ရိုက်ကြသူများ
AZG (ခေါ်) MSF-Holland ရဲ့ မြန်မာနိုင်ငံတွင်းကို ဝင်လာရတဲ့အဓိကရည်ရွယ်ချက်ဟာ သူတို့အခေါ် ရိုဟင်ဂျာ ကျွန်တော်တို့အခေါ် ဘင်္ဂါ လီတွေအတွက် အန္တိမရည်မှန်းချက်ထားပြီးဝင်လာတာ ဖြစ်ပါတယ်။ အဲသည် ရည်မှန်းချက်နဲ့ မြန်မာပြည်ကိုသွားစေဖို့ အလှူရှင်တွေရဲ့ ငွေ အားမောင်းနှင်မှုနဲ့ ဒီကိုရောက်လာကြတာဖြစ်ပါတယ်။
MSF အပိုင်းအသီးသီးတို့ရဲ့ မြန်မာပြည်ကိုဝင်ရောက်လှုပ်ရှားမှုသမိုင်းအသေးစိတ်ကို MSF ရဲ့ဝက်ဘ်ဆိုဒ်ပေါ်မှာပဲ ရေးတင်ထားတဲ့ ဒေါက် တာ ဖီယိုနာတယ်ရီ (Dr Fiona Terry) ရေးသားတဲ့ Myanmar. “Golfing with the Generals” ဆောင်းပါးမှာ တိတိကျကျ သရုပ်မှန်ကို သိရမှာဖြစ်ပါတယ်။ အဲဒီဆောင်းပါးကိုဖတ်ကြည့်ရင် alibi project (မျက်နှာဖုံး ရုပ်ပြစီမံကိန်း) အစရှိတဲ့ ထူးဆန်းသောဝေါဟာရ အသစ် အဆန်းတွေ တွေ့ရပြီးသကာလ ရေနံငွေကို နောက်ခံပြုထားတဲ့ NGO တွေနဲ့ပတ်သက်လို့ ဗဟုသုတများစွာတိုးပွားမှာ ဖြစ်ပါတယ်။
မြန်မာပြည်ကိုဝင်ရောက်အလုပ်လုပ်ခဲ့ကြတဲ့ MSF ရဲ့ အပိုင်းခွဲ သုံးပိုင်းဖြစ်တဲ့ MSF-France၊ MSF-Switzerland နဲ့ MSF-Holland တို့အ နက်မှာ ပထမဆုံးမြန်မာနိုင်ငံနဲ့ ထိစပ်အလုပ်လုပ်တာက MSF-France အပိုင်းဖြစ်ပါတယ်။ MSF-France ဟာ ထိုင်း-မြန်မာ နယ်စပ်တောက် လျှောက်မှာ မြန်မာနိုင်ငံကိုဝင်မလာပဲ ၁၉၈၄ ခုနှစ်လောက်ကတည်းက နှစ်ပေါင်းများစွာ ကျယ်ကျယ်ပြန့်ပြန့် အလုပ်လုပ်ခဲ့တယ်။ မြန်မာ ပြည်ထဲကိုဝင်လာဖို့ ပထမဦးဆုံးအကြိမ်လျှောက်ထားတဲ့အခါ အောက်ပိုင်းဗျူရိုကရက်တွေက ထောက်ခံပေးလိုက်ပေမယ့် ဗိုလ်ချုပ်ကြီးတွေ က စိစစ်တဲ့အဆင့်ကို ရောက်တဲ့အခါကျတာ့၊ ထိုင်းနယ်စပ် အကူအညီပေးရေးလှုပ်ရှားဆောင်ရွက်မှုတွေ KNU နဲ့ ဆက်စပ်မှုတွေကြောင့် ပယ်ချခြင်းခံရတယ်။
ဒါကြောင့်မို့လို့ MSF-Holland က (ဘင်္ဂါလီ) ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ဝင်ရောက်ဖို့အတွက် လုပ်ဆောင်တဲ့နေရာမှာ သတိကြီးစွာထားပြီးလုပ်ဆောင်ပါတယ်။ ပထမဦးဆုံးအချက်အနေနဲ့ ထိုင်း-မြန်မာနယ်စပ်မှာအလုပ်လုပ်နေကြတဲ့ MSF-France နဲ့ သူတို့ကို ဆက်စပ်မမြင် မိအောင် MSF-Holland ဆိုတဲ့ သူတို့နာမည်အရင်းမသုံးပဲ သူတို့ရဲ့ ဒတ်ချ်ဘာသာ နာမည် AZG (Artsen zonder Grenzen) ကိုခံယူပါတယ်။ MSF ကိုမသုံးပဲ AZG ဆိုတဲ့နာမည်ကိုသုံးတာကြောင့် MSF အသိုက်အဝန်းရဲ့ မျက်ခုံးပင့်ကြည့်မှုကို ခံရသော်ငြားလည်း ဒီလိုမျက်နှာ ဖုံးစွပ် လုပ်ရပ်ကြောင့် အောင်မြင်သွားပါတယ်။ AZG လို့ပဲခေါ်ခေါ် MSF-Holland လို့ပဲခေါ်ခေါ် သူတို့အဖွဲ့ဟာ မြန်မာပြည်ထဲကို အောင်အောင် မြင်မြင်ဝင်လာနိုင်ခဲ့တယ်။ ရုံးစိုက်အခြေချမယ့် AZG ရဲ့ ပထမဆုံး တရားဝင်ကိုယ်စားလှယ်တော် ပုဂ္ဂိုလ်မြတ်ဟာ ၁၉၉၂ ခုနှစ် ဇွန်နဝါရီလမှာ ရန်ကုန်မြို့ကို ဆိုက်ရောက်တော်မူပါတယ်။
UNICEF ရဲ့ ကမကထပြုမှုအားဖြင့် လုပ်ငန်းတွေကို စတင်ချိတ်ဆက်တယ်။ UNICEF နဲ့ အဆောက်အအုံ တစ်ခုတည်းမှာ ရုံးခန်းဖွင့်တယ်။ ကျုပ်တို့ရွာမှာ အရင်ရောက်နှင့်နေတဲ့ UNICEF ကတော့ AZG ကို ရွာကာလသားတွေနဲ့မိတ်ဆက်ပေးပြီး လမ်းကြောင်းရှင်း ပေးတယ် လို့ပဲ ဆိုပါတော့။
AZG က အကွက်ကျကျ ခြေလှမ်းတွေလှမ်းလာပုံကို ဒေါက်တာဖီအိုနာတယ်ရီက ဒီလို ရေးထားတယ်။
During the long period of negotiations to enter the country, AZG’s attention focused on the plight of Rohingyas in Rakhine State, following a government crackdown on dissent in 1991 and 1992 which provoked 250,000 to flee to Bangladesh. But access to Rakhine State was not what the government had in mind, and in its first year AZG was directed towards providing healthcare in Shwepyithar township on the outskirts of Yangon. AZG agreed to this proposal for “strategic” reasons, as a “foot-in-the-door” through which to build relationships of trust with officials, and encourage openings in areas with more pressing needs.
AZG ရဲ့ အဓိကအာရုံစူးစိုက်နေတဲ့ အရေးအရာက ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီ (ရိုဟင်ဂျာ) တွေရဲ့အရေးဖြစ်ပေမယ့်၊ ရခိုင်ပြည်နယ်ဘက်ကို AZG ကို သွားလာဆက်သွယ်ခွင့်ပေးဖို့ကို အစိုးရက စိတ်ကူးထဲမှာတောင် ထည့်မထားတဲ့အချိန်ဆိုတော့ ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှာ ဆေးခန်းတစ်ခန်းဖွင့်တဲ့ ခြေလှမ်းကို “မဟာဗျူဟာမြောက်” ခြေလှမ်းအနေနဲ့ စတင်လှမ်းလိုက်ပါတယ်တဲ့။
ဒါဟာ သူတို့အခေါ် “foot-in-the-door” လို့ခေါ်တဲ့ သက်ဆိုင်ရာအရာရှိများနဲ့ ချစ်ကြည်မှုတည်ဆောက်ရေး ခြေလှမ်းမျိုးဖြစ်တယ်။ ဒါက မှတစ်ဆင့် အရာရှိကြီးတွေနဲ့ ဂေါက်ရိုက်တာတို့၊ အရာရှိကြီးတွေကို လက်ဆောင်ပေးတာ မိတ်ဆွေဖွဲ့တာတို့လုပ်ပြီး မိမိတို့သွားချင်တဲ့ နေရာဆီ တဖြည်းဖြည်းရောက်အောင် သွားနိုင်မှာမို့လို့ဖြစ်တယ်။
တစ်ခါတော့ AZG ရဲ့အကြီးအကဲဖြစ်သူဟာ ကချင်ပြည်နယ်ထဲက ကျောက်တူးကြတဲ့ နေရာတစ်နေရာ (ဖားကန့်လား ဘာလားတော့မသိ)မှာ ဆေးခန်းဖွင့်ဖို့အရေးကို ပြောချင်တဲ့အတွက် ကချင်စစ်တိုင်းမှူးကို တွေ့ခွင့်တောင်းတာ တွေ့ခွင့်မရ ဖြစ်နေပါသတဲ့။ နောက်ဆုံးမတော့ မြစ်ကြီးနားဂေါက်ကလပ်ကို သွားပြီးဂေါက်ရိုက်လိုက်တာ အားလုံးအဆင်ပြေသွားပါလေရောတဲ့။ ဒါက သူတို့သုံးနေကျ foot-in-the-door diplomacy။ ချဉ်းကပ်ရင်းနှီးမှုရအောင်လုပ်ပြီး ကိုယ်လိုချင်တာရအောင်ယူသွားတာ။
ဒါအပြင် AZG က သုံးတဲ့ နောက်ထပ်နည်းတစ်နည်းကို Medical diplomacy လို့ ခေါ်ရမယ် လို့ဆိုပါတယ်။ ဆေးပညာပိုင်းအရ မိမိတိုရဲ့ အသုံးတည့်မှုကို ချသုံးပြီး လိုချင်တဲ့နေရာကို ရောက်အောင်သွားတာဖြစ်ပါတယ်။
ဥပမာ ငှက်ဖျားဆေးယဉ်သွားတာတွေနဲ့ ပတ်သက်လို့ AZG ဟာ ၁၉၉၅ ခုနှစ် ရခိုင် ဒေသမှာ လေ့လာမှုတစ်ရပ်လုပ်တယ်။ လက်ရှိမြန်မာနိုင်ငံ မှာသုံးနေတဲ့ ငှက်ဖျားဆေးပေးစနစ်ရဲ့ ရခိုင်ဒေသမှာ ဆေးမတိုးဖြစ်နေပုံကို ဖော်ထုတ်တင်ပြနိုင်ခဲ့တယ်။ ဒီအောင်မြင်မှုနဲ့အတူ AZG ရဲ့ လုပ်ရေးလုပ်ခွင် တောင်းဆိုပိုင်ခွင့် တိုးတက်လာခဲ့တယ်။ ဒါမျိုးကျတော့ medical diplomacy လို့ ခေါ်ပါတယ်။
ရခိုင်နယ်စပ်က ဘင်္ဂလီတွေဟာ သူတိုအဖို့ အကျိုးခံစားခွင့်ပေးရမယ့် ပင်မလူဦးရေထု (target population) ဖြစ်တယ်ဆိုတာကို ဘယ် တော့မှမမေ့တဲ့ AZG အတွက် သူတို့အရမ်းသွားချင်လှတဲ့ ရခိုင်ပြည်ကိုရောက်အောင်သွားနိုင်တဲ့အခွင့်အလမ်းက ၁၉၉၃ ဧပြီလမှာ ပေါ်လာ ပါတယ်။ ငှက်ဖျားရောဂါ ပရိုဂရမ်တွေလုပ်မယ်ဆိုတဲ့ AZG ဟာ စစ်တွေမြို့မှာ ရုံးဖွင့်ခွင့်ရတယ်။
ဒီလိုတစ်ရွေ့ရွေ့တိုးသွားရင်းနဲ့ နောက်ထပ် လေးနှစ်ကျော်အကြာ ၁၉၉၈ ခုနှစ် ဇွန်နဝါရီလမှာ ဘင်္ဂါလီလူဦးရေ ပြည့်လျှံနေတဲ့ မောင်တော မြို့မှာ AZG ရုံးဖွင့်ခွင့်ရပြီး နှစ်ပေါင်းများစွာ အကောင်အထည်ဖော်ဖို့ ကြိုးစားနေခဲ့ရတဲ့ သူတို့ရဲ့ မဟာရည်မှန်းချက်ကြီးတွေထဲက တစ်ရပ် အောင်မြင်သွားပါတယ်။
မိမိတို့ AZG ရဲ့ အဓိကရည်မှန်းချက်ဟာ ဘင်္ဂါလီ (ရိုဟင်ဂျာ)တွေအတွက် တောင်းဆိုတိုက်ပွဲဝင်ဖို့ (AZG’s primary goal of advocacy on behalf of the Rohingyas) ဆိုတဲ့ AZG အဖွဲ့သားများအတွက် မဟာခြေလှမ်းကြီးတစ်ရပ်ဖြစ်တယ်။
မိမိတို့ အလုပ်လုပ်နေရတဲ့ နယ်မြေထဲမှာ လက်တွေကျကျ တစ်လှမ်းချင်းလှမ်းသွားပြီး ဆေးဖက်ဆိုင်ရာဝန်ဆောင်မှုများကို လုပ်ဆောင်ရင်း ဘင်္ဂါလီ (ရိုဟင်ဂျာ) အရေးအတွက် တစ်ဆင့်ချင်း အုတ်မြစ်ချသွားလိုတဲ့ ရန်ကုန်က AZG ရုံးအုပ်ချုပ်သူများရဲ့ ချီတက်နှုန်းကို နှေးကွေးလှ တယ်ဆိုပြီး၊ ဟော်လန်နိုင်ငံ အမ်စတာဒမ်မြို့ရုံးချုပ်က လူကြီးမင်းတွေက မကျနပ်နိုင်ကြတာတွေ ခဏခဏ ဖြစ်တတ်တယ်လို့ AZG ရဲ့ အတွင်းလူတွေကဆိုပါတယ်။
ဒီလို မကျေနပ်နိုင်တာတာ အထူးသဖြင့် အလှူရှင် donors တွေနဲ့ တံခါးပိတ်ဆွေးနွေးပြီးတိုင်းမှာ ဖြစ်တတ်တယ်။
မြန်မာပြည် မောင်တောနယ်စပ်က ဘင်္ဂါလီကုလားအရေးကိုဆောင်ရွက်တာ နှေးကွေးလှတယ်ဆိုပြီး ဒေါသထွက်ရလောက်အောင် အမ်စ တာဒမ် AZG လူကြီးမင်းများနဲ့ တံခါးပိတ်ဆွေးနွေးကြသူတွေဟာ ဘယ်သူတွေများပါလိမ့်။
မျက်စိထဲမှာ မြင်ယောင်ကြည့်နိုင်ပါတယ်။
အကျႌရှည် ဝတ်ရုံဖြူကြီးတကားကားနဲ့ ခေါင်းခြုံဘောင်းရစ်အကျအနနဲ့ အာရပ်ရေနံနိုင်ငံတွေက အာရပ်ကြီးတွေများလား၊ ဒါမှမဟုတ် သူတို့ က ကိုယ်စားလှယ်တွေအနေနဲ့လွှတ်လိုက်တဲ့ ဦးဟန်ညောင်ဝေလိုလူတွေလား။
ဒီလို လူသားချင်းစာနာထောက်ထားမှု အကူအညီဆိုတာတွေကို အသုံးချပြီး၊ လိုချင်တဲ့ နိုင်ငံရေးရလဒ်ထွက်လာအောင် မိမိတို့အားပေး နေတဲ့အုပ်စု အင်အားကြီးသထက်ကြီးလာအောင် ပုံဖော်လုပ်ယူနိုင်စွမ်းရှိတယ်ဆိုတာကို အဲဒီအာရပ်ကြီးတွေလည်း သိတယ်၊ ဦးဟန်ညောင် ဝေလည်းသိတယ်။ AZG က လူ့အခွင့်အရေး အရေခြုံတွေကလည်းသိတယ်။ ကျွန်တော်လည်းသိတယ်။ ဖီအိုနာ တယ်ရီလည်းသိတယ်။
ဒါတွေကို အတွင်းကျကျ အသေအချာသိတဲ့လူတစ်ယောက်ကတော့ နိုင်ငံရေးသိပ္ပံ အဓိကနဲ့ဘွဲ့ရပြီး MSF မှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ဖူး တဲ့၊ ကမ္ဘာအနှံ့က သွေးမြေကျ ပဋိပက္ခတွေကြားမှာ ကိုယ်တိုင်ကိုယ်ကျ အလုပ်လုပ်ဖူးတဲ့၊ ထောက်ပံရေး အကူအညီတွေဟာ အုပ်စုဘက်ပြိုင် မှုတွေကို သြဇာသက်ရောက်မှုရှိတယ် ဆိုတဲ့အကြောင်း ကို ခရေစေ့တွင်းကျ စာတတန်ပေတဖွဲ့ ရေးသားဖူးတဲ့ ဖီအိုနာတယ်ရီ (Fiona Terry) ဖြစ်ပါတယ်။
သူ ဘာပြောသလဲဆိုတာကို ဆက်ပြီးဆွေးနွေးပါတယ်။
* *
လူသားစာနာကူညီထောက်ပံ့မှု ရဲ့ နိုင်ငံရေး (politics of humanitarian aids)
NGO အရေးဟာ နိုင်ငံရေးဖြစ်တယ်လို့ ဆိုလိုက်ရင် မရယ်ရင်တောင်မှ ပြုံးတုံ့တုံ့ လုပ်မိကြမယ့်သူတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ မရယ်ကြပါနဲ့။
အရမ်းအရေးကြီးပါတယ်။
ပဋိပက္ခနယ်မြေအတွင်းက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေဟာ ဖက်ပြိုင်နေကြတဲ့ အုပ်စုတွေ ရဲ့ချိန်ခွင်လျှာကို လိုသလို ချိန်ညှိပေးလို့ရတယ်။ တစ်ဖက်ကို အင်အားပိုကြီးစေပြီးတော့ တစ်ဘက်ကို အင်အားချိနဲ့သွားစေတယ်။
တစ်ချိန်ကျရင် အဲသည် အင်အားကြီးလာတဲ့ဘက်က အင်အားချိနဲ့နေတဲ့ဘက်ကို မျိုးတုံးသတ်ဖြတ်တာမျိုးဖြစ်လာရင် တကယ်သတ်တဲ့လူတွေရဲ့လက်မှာ သွေးစွန်းရုံမက ဒီလိုဖြစ်ရပ်မျိုးဖြစ်လာအောင် လုပ်ပေးတဲ့ အထောက်ပံ့အကူအညီပေးရေးအဖွဲ့တွေရဲ့ လက်မှာလည်း သွေးပေစွန်းနေပါတယ်။
တည့်တည့်ပြောရမယ်ဆိုရင် မောင်တောမှာ သေဆုံးသွားတဲ့ ရခိုင်တိုင်းရင်းသား ဗမာတိုင်းရင်းသားတွေရဲ့ သွေးတွေဟာ AZG တို့ ACF တို့လို NGO တွေရဲ့လက်တွေမှာ ပေစွန်းနေတယ်။ သူတို့ရဲ့ နှုတ်ခမ်းမှာ ပေကျံနေတယ်။ သူတို့နေ့တိုင်း ညစာစားတဲ့ ပန်းကန်ပြားတွေမှာ မောင်တော နဲ့ ဘူးသီးတောင်မြို့နယ်က တိုင်းရင်းသားတွေရဲ့ သွေးတွေ စီးကျနေတယ်။
ဒီလိုမျိုး လူသားချင်းစာနာထောက်ထားမှု အကူအညီ (humanitarian aids) က ကောင်းကျိုးမပေးပဲ ဆိုးကျိုးပေးတဲ့ ဖြစ်ရပ်ဟာ ဒီလို ဘူးသီးတောင် မောင်တောမှာ သာမက ကမ္ဘာအရပ်ရပ်မှာ ဆိုးဆိုးဝါးဝါး ဖြစ်ဖူးတယ်။
(၁) ရဝမ်ဒါ။ ၁၉၉၄ နဲ့ ၁၉၉၆ အကြား ဇိုင်ယာနိုင်ငံမှာ ရှိနေခဲ့တဲ့ ရဝမ်ဒါ ဒုက္ခသည်စခန်းတွေမှာ တကယ့် ဒုက္ခသည်အစစ်တွေ နဲ့ မျိုးတုံးသတ်ဖြတ်မှုမှာ ပါဝင်သူတွေ ရောနှောနေခဲ့တယ်။ ဒါ့အပြင် ဒုက္ခသည် အယောင်ဆောင် တိုက်ခိုက်ရေးသမားတွေကပဲ ထောက်ပံ့ရေးပစ္စည်းတွေကို လက်ဝါးကြီးအုပ်တယ်။ တိုက်ခိုက်ရေးသမားတွေဟာ နေ့စဉ် ဒေါ်လာသန်းချီတဲ့ ပမာဏနဲ့ ဝင်လာတဲ့ ဒုက္ခသည်တွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေကို ချယ်လှယ်တယ်၊ သုံးစွဲတယ်။ အဲဒါတွေထဲကနေ တစ်လ တစ်လကို ဒေါ်လာသန်းချီပြီးခိုးတယ်။ တိုက်ခိုက်ရေးသမားတွေ လိုအပ်တဲ့ ကား၊ ယာဉ်၊ ဆက်သွယ်ရေး အစခပ်သိမ်းကို ဒုက္ခသည်ထောက်ပံ့မှုကွန်ရက်ကနေ အလကားရတယ်။ ဒါတွေကို သုံးစွဲ အင်အားဖြည့်တင်းပြီး မျိုးတုုံးသတ်ဖြတ်မှုတွေကို် လုပ်လိုက်တာ လူပေါင်း နှစ်သိန်းကျော် သေတယ်။ ဒါ့အတွက် ဘယ်သူတွေမှာ တာဝန်ရှိသလဲ။
(၂) ၁၉၉၁-ခုနှစ်၊ အီရတ်ပိုင် ကာဒစ္စတန်ဒေသ။ ဆက်ဒမ်ဟူစိန်ရဲ့ နှိပ်စက်ညှဉ်းပန်းမှု ဒဏ် ကို ခံစားရလို့ ကာ့ဒ်လူမျိုးတွေ တူရကီနယ်စပ်ကို အလုံးအရင်းနဲ့ ထွက်ပြေး ကြတယ်။ (တကယ်တော့ ဒီလိုဖြစ်ရတာလည်း အမေရိကန်နဲ့ မဟာမိတ် တွေက ပင်လယ်ကွေ့ စစ်ပွဲကာလအပြီးမှာ ဆက်ဒမ်ဟူစိန်ကို ပုန်ကန်ဖို့ မြှောက်ပေးတဲ့ အတိုင်း ထကြွမိလို့ ဖြစ်ရတာ။) ဒုက္ခသည်တွေအလုံးအရင်းနဲ့ မိမိရဲ့မဟာမိတ် တူရကီနိုင်ငံထဲကို ဝင်လာရင် မတည်မငြိမ်ဖြစ်သွားမှာအမေရိကန်က စိုးရိမ်တဲ့အတွက်၊ တစ်ဘက်မှာ ဒုက္ခသည် အဖြစ် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့်ကို ပိတ်လိုက်ပြီး နောက်တစ်ဖက်မှာ အီရတ်ပြည်တွင်းဘက်ကို လူတွေကို မျှားခေါ်တဲ့အနေနဲ့ အတွင်းဘက်မှာ ကူညီ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးဖို့စီစဉ်ပေးလိုက်တယ်။ ဒီတော့ လူတွေဟာ အန္တရယ် ကင်းရာနယ်စပ်ဖက်ကို ရောက်လာရမယ့်အစား အန္တရယ်ရှိတဲ့ ဧရိယာ နယ်နမိတ် ထဲမှာပဲ ရှိနေကြတော့တယ်။
ဒီလိုဖြစ်ရပ်တွေကို ဒီမှာ စာရင်းချနေရင် ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်သွား ပါလိမ့်မယ်။
ဖီအိုနာ တယ်ရီ ဆီကရတဲ့ ထူးခြားတဲ့ စကားအသုံးအနှုန်းတစ်ခုကတော့ refugee-warrior ဆိုတဲ့အသုံးအနှုန်းဖြစ်တယ်။ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်အရေခြုံနေထိုင်ပြီး လှုပ်ရှားနေတဲ့ တိုက်ခိုက်ရေးသမားတွေကို ဆိုလိုတယ်။
တရားဝင်အားဖြင့်ပြောကြစတမ်းဆိုရင် လက်နက်ရယ် တိုက်ခိုက်ခြင်းရယ် တို့ကို လုံးဝစွန့်လွှတ်လိုက်မှသာ ဒုက္ခသည်အဖြစ် ခံယူနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့ မှာ အဲသလိုဖြစ်မနေပါဘူး။ လက်နက်မကိုင်ချင်ယောင်ဆောင်ပြီး ဒုက္ခသည်စခန်းအရိပ် အောက်မှာ ခိုလှုံပြီး နောက်တစ်ကြိမ် သတ်ဖြတ်တိုက်ခိုက်မှုတွေ လုပ်နိုင်အောင် ကြံစည်နေသူတွေဟာ ဒုက္ခသည် စခန်းတွေမှာ ရှိနေတတ် ပါတယ်။ ဒီလို လူမျိုးတွေကို လက်တွေ့ကွင်းထဲမှာ ရင်ဆိုင်ခဲ့ရတဲ့ ဖီအိုနာ တယ်ရီ က ဒီလိုလူတွေကို အမည်သစ်ပေးပါတယ်။ ဒုက္ခသည်-တိုက်ခိုက်ရေးသမားတွေ (refugee-warriors) လို့ခေါ်တယ်။
စစ်ရေးပါရဂူတွေကပြောတယ်။ စစ်တိုက်တယ် ဆိုတာ ထောက်ပို့ရေး (logistics) နဲ့ တိုက်တာတဲ့။ ဒီတော့ ခေတ်သစ်အကြမ်းဖက်သမားတွေဟာ ထောက်ပို့စနစ်တွေ အကုန်လုံးပါဝင်တဲ့ ဒုက္ခသည်စခန်းတွေကို ဝင်ခိုနေကြတော့တယ်။ ထောက်ပို့စနစ် မလိုတော့ဘူးလေ။ တပ်သားတွေကို ရိက္ခာပေးစရာမလိုဘူး၊ ဆေးကုပေးစရာ မလိုဘူး။ အလွန်ကုန်ကျစရိတ်သက်သာစွာနဲ့ စစ်တပ်ထောင်လို့ရတယ်။ အာဖရိကတိုက်မှာ ဒီလို ဖြစ်ရပ်မျိုးတွေရှိခဲ့ဖူးတယ်။
မိမိတို့ ကူညီပေးမယ့် လူဦးရေထုအတွက် OIC လို (နိုင်ငံတကာရဲ့ အကြမ်းဖက်သမား အဓိပ္ပာယ်သတ်မှတ်ချက်ကို လက်မခံတဲ့) အဖွဲ့မျိုးက မဟာဗျူဟာချမယ်။ ငွေကြေးခွဲဝေချ ထားပေးတယ်။ AZG လို ပုလင်းတူ ဗူးဆို့ အဖွဲ့မျိုးက ဥရောပ တိုက်သား လူဖြူမျက်နှာဖုံးတွေဖုံးပြီး အဲသည်ပိုက်ဆံတွေကို လိုအပ်တဲ့ နေရာ အရောက် ပို့ပေးမယ်။ အဲသည်နေရာမှာ အကူအညီပေးရေးအဖွဲ့ အနေနဲ့ နေထိုင်ပြီး သူလျှိုလုပ်မယ်။
ဒါမျိုးက သူတို့လုပ်နေကျ အလုပ်တွေ။
* *
ကျွန်တော် လုပ်တဲ့ အိမ်စာ
AZG ဆိုတဲ့ အိမ်စာကို တွက်ချက်ကြည့်ရင် အောက်ပါတို့ကို တွေ့ရှိပါတယ်။
AZG နဲ့ ပတ်သက်လို့ စာရေးသူရဲ့ တွေ့ရှိချက်တွေ သုံးသပ်ချက်တွေ အကြံပြုချက်တွေ ကို ဒီလို ချရေးမိပါတယ်။
(၁) AZG ဝင်လာတယ် ဆိုကတည်းက သူတို့ရဲ့ ပစ်မှတ်အကျိုးခံစားခွင့်ပေး လူဦးရေထု (target population) ဟာ (ရိုဟင်ဂျာလို့ သူတို့ခေါ်တဲ့) နယ်စပ်ဖြတ်ကျော် ဘင်္ဂါလီတွေ သာလျှင် ဖြစ်တယ်။
(၂) AZG ရဲ့ မြန်မာပြည်တွင်း အဓိကရည်မှန်းချက် (primary goal) က အဲသည် ဘင်္ဂါလီတွေ အရေးအတွက် ပြောဆိုရေးသားတိုက်ပွဲဝင်ဖို့ (advocacy) အတွက်သာ ဖြစ်တယ်။ ဒါကြောင့် AZG ဟာ နိုင်ငံရေးရည်မှန်းချက်နဲ့ ဝင်ရောက်လာတဲ့ iNGO ဖြစ်တယ်။
(၃) ၂၀၁၀-ခုနှစ် စက်တင်ဘာလ (၂၉)ရက်နေ့မှာ အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ် ခရစ္စတိုဖာ စမစ်သ်က ကွန်ဂရက်ကို တင်သွင်းတဲ့ ဘင်္ဂါလီတွေကို နိုင်ငံသား ဖြစ်ခွင့်အပြည့်အဝပေးစေရေး ဆုံးဖြတ်ချက်မူကြမ်းကို တင်သွင်းရာမှာ MSF ရဲ့ ပြောဆိုချက် ကို ကိုးကားသွားခဲ့တယ်။ MSF က ဘင်္ဂါလီ(ရိုဟင်ဂျာ)တွေဟာ မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ လူအုပ်စု ဆယ်မျိုးမှာ တစ်မျိုးအပါအဝင် လို့ ရေးသား ထားတယ်။ ဒီလိုမျိုး MSF (AZG ရဲ့ မိခင်အဖွဲ့) က ကမ္ဘာသိ လိုက်လံ ပြောကြား နေတာဟာ မြန်မာပြည်တွင်းရေးကို အားမနာလျှာမကျိုး လိုက်လံစွက်ဖက် နေတာ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာကို ထိပါးနေတာ သာလျှင် ဖြစ်တယ်။
(၄) AZG ဟာ သူတို့ရဲ့ ရုံးတွင်းစာတွေမှာ၊ မြန်မာပြည်ပမှာ ပြောဆိုရေးသားရာမှာ နယ်စပ်ကျော်ကူး ဘင်္ဂါလီတွေကို ရိုဟင်ဂျာ လို့ အမြဲတစေ ခေါ်ဝေါ် သုံးစွဲတယ်။ ဒီလို တစ်ခါသုံးစွဲတိုင်း သုံးစွဲတိုင်းမှာ ရခိုင်မူမျိုးတွေရဲ့တည်ရှိမှုကို ခြိမ်းခြောက်မှုတစ်ခါစီ လုပ်လိုက်တာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အချာပိုင်ဆိုင်မှုကို စော်ကားမှု တစ်ခါစီ လုပ်လိုက်တာ ဖြစ်တယ်။
(၄) AZG ဝန်ထမ်းဟောင်း ဦးကျော်လှအောင်အပါအဝင် မူဆလင်ဘာသာဝင် ဘင်္ဂါလီတွေက AZG ရဲ့ လှုပ်ရှားမှုတွေကို လိုအပ်သလို ချယ်လှယ်နိုင်အောင် ခွင့်ပြု ထားတာဟာ မတော်တဆ ဖြစ်ရပ်မဟုတ်။ တမင်သက်သက် လုပ်စေခြင်း ဖြစ်တယ်။ AZG ရဲ့ အရင်အမြစ်တွေကိုသုံး AZG ကားကို တစ်ဝီဝီ စီးပြီး စစ်တွေမှာ သွားလာ လှုပ်ရှားနေခဲ့တဲ့ ဦးကျော်လှအောင်ကို ပမာနှိုင်းမယ်ဆိုရင်၊ ရဝမ်ဒါ ဒုက္ခသည် စခန်းမှာ ထောက်ပံ့ရေးအကူအညီလှိုင်းကို တက်စီးခဲ့ကြတဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ အလားတူ နိုင်ပါတယ်။
(၅) AZG ဟာ ဇွန်လ ဘင်္ဂါလီဆူပူမှုနဲ့ ဆက်စပ် ဖမ်းဆီးခံရတဲ့ သူတို့ရဲ့ ဝန်ထမ်း ဦးကျော်လှအောင် လွတ်မြောက်ရေးအတွက် အားကြိုးမန်တက်ဆောင်ရွက်ပြီး၊ သူ လွတ်မြောက်လာတဲ့အခါ ကျပ်ငွေ (၄၉)သိန်း ခန့် ဆုချီးမြှင့်ပြီး အငြိမ်းစားပေးကာ ရန်ကုန်မှာထားရှိတယ်။ AZG အဖို့ရာ ဘင်္ဂါလီတိုက်ခိုက်ရေးသမားများဟာ ဆုချီမြှင့် ရမယ့် သူရဲကောင်း တွေဖြစ်တယ်။
(၆) ဒေါက်တာအေးမောင် ပြောသလို နိုင်ငံတကာက လူသားချင်းစာနာမှု အကူအညီ ပေးချင်ရင် မြန်မာအစိုးရ ရခိုင်ပြည်နယ်အစိုးရကတစ်ဆင့်ပေးပါ။ မှန်ပါတယ်။ ဒါ့တင်လား ဆိုတော့ ဒါနဲ့တင် မလုံလောက်သေးပါဘူး။ သက်ဆိုင်ရာ လူ့အသိုက်အဝန်း က စောင့်ကြည့်ပြီး community watch လုပ်ရမယ်။ အလုပ်လုပ်ကြတဲ့ NGO တွေသာမက သက်ဆိုင်ရာအာဏာပိုင်တွေကိုလည်း transparency ပွင့်လင်းမြင်သာမှု ရှိရှိ အလုပ်လုပ်ခိုင်းရပါမယ်။
(၇) ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ညံ့ဖျင်းပုံကို လျှောက်ပြောနေရင် အမုန်းပွားရုံပဲ ရှိမယ်။ စာရင်းကိုင်ဘယ်သူကို ရခိုင်ဝန်ကြီးဘယ်သူက ငွေစာရင်းလေး အဆင်ချောအောင် ရေးပေးဖို့ ပိုက်ဆံဘယ်နှစ်သိန်း မုန့်ဖိုးပေးလိုက်တယ် ဆိုတာကအစ ကြားတဲ့လူက ကြားဖူးပြီးသား။ ဒီတော့ ထောက်ပံ့ကူညီရေးနဲ့ ပတ်သက်တဲ့ ကြီးကြပ်ဆောင်ရွက်မှုတွေ ကို ရပ်ရွာစောင့်ကြည့်သူတွေ အမြဲသိနေနိုင်အောင် ပွင့်လင်းမြင်သာမှု (transparency) ရှိရှိ လုပ်ဆောင်ပေးရပါမယ်။ ဒါမှမဟုတ်ရင် သဲချောင်းဘင်္ဂါလီစခန်း ဟာ အနုမြူ စက်ရုံတွေနဲ့ တကွ ဖြစ်သွားတာကို နေပြည်တော်ကို တာဝေးပစ် ဒုံးကျည်ထိမှ သိရတယ် ဆိုတာမျိုး ဖြစ်သွားကုန်နိုင်တယ်။
(၈) ရခိုင်တွေအတွက် ရည်ရွယ်ပါတယ်တဲ့ ဆိုတဲ့ “ရှုခင်းသာ” ဆေးခန်းကို စစ်တွေမြို့ခံတွေ ကန့်ကွက်လို့ မဖွင့်လိုက်ရဘူး။ ဒါပေမဲ့ AZG က တောင်းဆိုလို့ ဆိုပြီး ဆောက်ပေးနေတဲ့ ဘင်္ဂါလီတွေ အတွက် ဆေးခန်းနှစ်ခန်း ရှိသေးတယ်။ ဒီနေရာတွေ မှာ လည်း AZG ရဲ့ ပါဝင် ပတ်သက် နေမှုကို ဖယ်ရှားပစ်ရပါမယ်။
(၉) ဒါတွေကို ဆောက်ဖို့လိုအပ်ငွေကို ဒုက္ခသည် ကယ်ဆယ်ရေးရံပုံငွေက ထုတ်ပေး တာလို့ သိရတယ်။ ပြည်နယ်ကျန်းမာရေးဌာနက ထုတ်ယူသုံးစွဲထားတဲ့ ကျပ်ငွေ (၁၅၃)သိန်းခန့်မှာ သိန်းတစ်ရာဖိုးကိုပဲ စာရင်းပြရသေးတယ်လို့သိရတယ်။
(၁၀) AZG ရဲ့လုပ်ရပ်တွေဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို အကြိမ်ကြိမ် ထိပါးတိုက်ခိုက်ခဲ့တယ်။ ထိပါးတိုက်ခိုက်သူတွေကိုလည်း ပုံအော အကူအညီပေးခဲ့ တယ်။ ဒါ့ကြောင့် AZG ကို မြန်မာပြည်ထဲမှာ လုံးဝမထားပဲ ဖယ်ထုတ်ပစ်သင့်တယ်။ ဒီလိုဖယ်ထုတ်ရာမှာ AZG လုပ်နေတဲ့ မြန်မာ တိုင်းရင်းသား တွေအတွက် လုပ်ပေးနေ တဲ့ အရောင်ပြစီမံကိန်း (alibi project) တွေကို တိုင်းရင်းသား အဖွဲ့အစည်း တွေ လက်လွှဲလုပ်နိုင်အောင် စီစဉ်သင့်တယ်။
(၁၁) AZG ကို ဖယ်ရှားရုံမျှမက ရှေ့ကပြောခဲ့သလို AZG ရဲ့ foot-in-the-door နည်းစနစ်နဲ့ မိတ်ဖွဲ့ထားတဲ့ သူတွေဟာ ဘယ်သူတွေလဲ ဆိုတာကို သိအောင် ဖော်ထုတ်ရပါမယ်။ အဲဒီလူတွေဟာ ဘယ်သူတွေလဲ။ ပြည်ထောင်စုဝန်ကြီးတွေထဲက ဘယ်သူတွေ ရှိသလဲ။ အနောက်ပိုင်းတိုင်း စစ်တိုင်းမှူးရော ပါသေးလား၊ ရခိုင် ဝန်ကြီးချုပ်ကော ဘယ်လိုလဲ၊ ကျန်မာရေး ရခိုင်ပြည်နယ်မှူးလား၊ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီးလား။ အစရှိသဖြင့် ဒီလိုမျိုး စိစစ်ပြီး AZG ရောဂါဝင်နေတဲ့ သစ္စာဖောက် ကို ရှာဖွေဖော်ထုတ်သင့်တယ်။
* *
A သုံးလုံးကိုရှောင် အိုတောင် မဆင်းရဲ
‘ကုလား’ ဆိုတဲ့စကားလုံးကို လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်းဖြစ်တဲ့အတွက် မိမိတို့ ရုံးတွေမှာ ပြောဆို သုံးစွဲခြင်းမပြုရဆိုပြီး AZG တို့ ACF တို့ AMIတို့လို ကုလားဝင်စား NGO တွေက သတ်မှတ်ထားတာ နှစ်ပေါင်းများစွာကြာပါပြီ။ သူတို့ ရုံးတွေထဲမှာ ကုလားထိုင်ကို ဘယ်လိုခေါ်ရမှန်း မသိတော့ပါဘူးလို့ ရယ်သွမ်းသွေးရတာ ကြာပါပြီ။ မြန်မာပြည်မဖက်ကလူတွေကတော့ ဒီလို ‘ကုလား ဟု မခေါ်ရ’ ပညတ်ကို ကြားဖူးတာ လပိုင်းလောက်ပဲ ရှိပါသေးတယ်။
ဘင်္ဂါလီကုလားရွာတွေကလွဲလို့ ရွာနီးချုပ်စပ်က ရခိုင် ဗမာ တိုင်းရင်းသားရွာတွေကို ဆန်တစ်စိမှ မရောက်စေရအောင် နှစ်ပေါင်းများစွာ ကြံဖန်ဆောင်ရွက်တာမျိုးအပြင်၊ ‘ကူညီထောက်ပံ့ရေး’ အားဖြင့် ပျက်စီးစေခဲ့တာ အများကြီးပါပဲ။ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး နယ်ပယ်အသီးသီးမှာ ပျက်စီးစေခဲ့တယ်။
ဘင်္ဂါလီ တီဘီရောဂါသည်တွေကို AZG က နှစ်တွေ ဆယ်ချီပြီး ကုသပေးလာတာ ရောဂါသည် ဦးရေဟာ လျော့ကျမလာပဲ တိုးတိုးလာတယ်လို့ ဆိုတယ်။ (တီဘီ ရောဂါရှိသူနဲ့မိသားစုကို ထောက်ပံ့တဲ့ ပမာဏက မက်ရောက်စရာ ဆိုတော့ ကုလားတွေ ကိုယ်တိုင် ရောဂါမကူး ကူးအောင်လုပ်နေကြတယ် လို့ဆိုတယ်။) ဒီလို တိုးလာတာကိုလည်း အကြောင်းရင်းမရှာပဲ ထောက်ပံ့တဲ့ အလှူရှင် ဆိုသူတွေက ဘာကြောင့်ထောက်ပံ့နေကြသလဲ။
ဘင်္ဂါလီတွေနေတဲ့ ကျေးရွာတွေကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ဆန်တွေ အလျှံပယ် ထောက်ပံ့နေလေတော့ ဆန်စျေးကျတယ်။ ဒီတော့ ကုလားလယ်သမားတွေ နစ်နာတယ်။ လယ်စိုက်မယ့်အစား တီဘီရောဂါသည် ထောက်ပံ့ကြေးယူနေတာကမှ တွက်ချေကိုက်ဦးမယ် ဆိုတဲ့ တွက်ကြေးတွေဖြစ်လာတယ်။
လယ်သမားတွေ တောင်သူတွေအတွက် ပိုးသတ်ဆေးတွေကို အရမ်းကာရော စနစ်မရှိ ဖြန့်ဖြူးခဲ့တာတွေကြောင့် ဂေဟစနစ်တွေ ပျက်စီးကျန်ခဲ့တာမျိုးရှိတယ်။
ဒီတော့ ကောင်းဖို့အတွက် လုပ်တာကောင်းရမှာပေါ့ ဆိုပြီး လူသားချင်းစာနာတဲ့ အကူအညီ (humanitarian aids) တွေဟာ ကောင်းကျိုးကို အမြဲတမ်းဖြစ်စေတယ် လို့ ဆိုကြတာဟာ မမှန်ပါဘူး လို့ ဖီအိုနာ တယ်ရီ က ပြောတာဟာ အမှန်ပဲဖြစ်ပါတယ်။ အဲသည် အကူအညီတွေက ဆိုးကျိုးမဖြစ်စေနိုင်ဘူး (do no harm) ဆိုတာ လက်တွေ့မှာ ဘယ်တော့မှ မဖြစ်နိုင်ဘူး လို့ သူမက အခိုင်အမာ ဆိုတယ်။ လူသားချင်းစာနာတဲ့ အကူအညီ (humanitarian aids) တွေမှာ ဘေးထွက်ဆိုးကျိုး (side effect) တွေ အမြဲတမ်းရှိတယ် လို့ သူမက ဆိုပါတယ်။
AZG ရဲ့ သရုပ်သကန် အမှန် ကို ဆန်းစစ် အံထုတ်ခြင်း (အပိုင်း နှစ်)
by Coral Arakan News Agency on Monday, October 22, 2012 at 1:08am •
AZG ရဲ့ သရုပ်သကန် အမှန် ကို ဆန်းစစ် အံထုတ်ခြင်း (အပိုင်း တစ်) မှ အဆက်
————————————————————————————
လှတဲ့ ချစ်နဲ့ ကျနော့်ရဲ့ ဇာတ်လမ်း၊ လွမ်းခန်းကို ရောက်ခဲ့
လွမ်းခန်းကိုရောက်ပါပြီ။
ကိုငြိမ်းမောင်က ဒီနေ့ (အောက်တိုဘာ ၂၁ ရက်နေ့) မွန်းလွဲမှာ ခဏတွေ့ချင်တယ် ဆိုလို့ သူနဲ့သူ့မိတ်ဆွေ နှစ်ယောက်ကို ချိန်းတွေ့ပါတယ်။ မနက်ဖြန်ကျရင် ရန်ကုန်မှာ HIV ဝေဒနာရှင်တွေကို အကူအညီပေးနေတဲ့ အဖွဲ့တွေဖြစ်တဲ့ Pheonix Association ရယ်၊ MPG (Myanmar Positive Group) ရယ်၊ 3N Network ရယ် တွေ့ပြီး စစ်တွေက ဝေဒနာရှင်တွေကို ဘယ်လိုဆက်လက် လက်လွှဲယူကြရယ့်အကြောင်းကို ဆွေးနွေးကြမယ့် သဘောကို ကြားရတယ်။
နောက်ထပ်ပြည်တွင်းအဖွဲ့တစ်ဖွဲ့က စစ်တွေဝေဒနာရှင်တွေကို စစ်တွေမှာ တာဝန်မယူနိုင်သေးတဲ့ ကြားကာလမှာ AZG ဆရာဝန်တစ်ယောက် ဦးဆောင်ပြီး ကိုငြိမ်းမောင်တို့ ရုံးခြံဝင်းလေးမှာ ဆေးပေးဖို့ စီစဉ်ထားတယ် လို့ဆိုပါတယ်။ AZG ဆရာဝန်တွေလည်း စစ်တွေမှာ တစ်ယောက်ပဲ ကျန်တော့တယ် လို့ဆိုတယ်။ AZG ဆရာဝန်တွေ နှစ်သုတ်ခွဲပြီး ရန်ကုန်ကို တက်သုတ်နှင်ကုန်ကြပြီ။
ကိုငြိမ်းမောင်တို့ မိတ်ဆွေတွေ အဆင်ပြေကြမှာမို့လို့ ကျွန်တော် ဝမ်းသာပါတယ်။ သစ်မရခင် ၀ါးပေါင်းကွပ် တဲ့သဘော ဆိုရင်တော့ ကောင်းပါတယ် လို့ ကျွန်တော် ဖြေပါတယ်။ မြို့က လူတွေ လည်း အနှောင့်အယှက် မပေးလောက်ဘူးထင်ပါတယ် လို့ ကျွန်တော် ဖြေခဲ့တယ်။ ဒါက လွဲလို့ တခြား ဘာ ပရိုဂရမ်တွေ၊ ပရောဂျက်တွေ မလုပ်ဖို့ တော့အရေးကြီးတယ် လို့ ကျွန်တော်တို့ ပြောကြတယ်။
သူတို့ကို နှုတ်ဆက်ခဲ့ပြီး ထွက်အလာမှာ ဖုန်းတစ်ကော လာတယ်။ မနက်ဖန် ဆယ်နာရီမှာ ပြည်နယ် ရဲမင်းကြီးက အစည်းအဝေး ဖိတ်ထားလို့ လာခဲ့ပါဦးတဲ့။ မြို့နယ် တရားသူကြီးအပါအဝင် နောက်ထပ် ခုနစ်ယောက်လောက်ကို ဖိတ်ထားပါတယ် တဲ့။
ဆန္ဒပြပွဲတိုင်းလိုလိုမှာ ပါနေတဲ့ ကျွန်တော့်ကို ပြည်နယ်ရဲမင်းကြီးရုံးခန်းမှာ လုပ်မယ့် အစည်းအဝေးကို ဖိတ်တယ်ဆိုတော့ ကျွန်တော် အူကြောင်ကြောင် ဖြစ်သွားတယ်။ မြို့နယ် တရားသူကြီးပါ ပါဦးမယ်ဆိုတော့ ကျွန်တော် ကျောချမ်းသွားတယ်။ ရိုးရိုး သားသား လည်း ဖြစ်နိုင်ပါတယ် လို့ ကျွန်တော် ဖြေသိမ့်တွေးလိုက်တယ်။
ကဲ . . . လွမ်းခန်းကို ရောက်ပါပြီ။ အဖမ်းမခံရသေးရင် စာဆက်ရေးပါဦးမယ်။
(ကျော်ဇောဦး ရေးသားသည်။)
————————————-
*ကိုငြိမ်းမောင်၏ နာမည်ကို ပြောင်းလဲရေးသားထားပါသည်။
AZG ရဲ႕ သ႐ုပ္သကန္အမွန္ကို ဆန္းစစ္ အံထုတ္ျခင္း
ေက်ာ္ေဇာဦး (စစ္ေတြ)
ေအာက္တုိဘာ ၂၂၊ ၂၀၁၂
ကိုၿငိမ္းေမာင္* တစ္ေယာက္ အသစ္စက္စက္ဖြင့္ေတာ့မယ့္ AZG ရဲ႕ “ရႈခင္းသာ” ေဆးခန္းကိုလာဖို႔ ဖိတ္စာရထားတဲ့အတိုင္း၊ မနက္ ကိုး နာရီေလာက္မွာ ေဆးခန္းကိုေရာက္လာတဲ့အခါ မေန႔ကအထိ လႈပ္လႈပ္ရွားရွားနဲ႔ ဖြင့္ပြဲအေရးအတြက္ျပင္ဆင္ရင္း စည္ကားေနခဲ့တဲ့ ႏွစ္ထပ္ တိုက္အိမ္ကေလးဟာ ေသာ့ခတ္ပိတ္လ်က္သားျဖစ္ေနတာကို ေတြ႕ရတယ္။ တိုက္ရဲ႕၀င္၀အုတ္တိုင္မွာ ေအသရီးဆိုဒ္စာရြက္တစ္ ရြက္ ကပ္ထားတယ္။ စာရြက္မွာေရးထားတာက “ဘက္လိုက္မႈရွိ၊ ပြင့္လင္း ျမင္သာမႈမရွိ၊ ကုလား (ဘဂၤါလီ) အေရး ေဆာင္ရြက္ေပးေသာ AZG (MSF) အား အလိုမရွိ” လို႔ ေရးထားတယ္။
ေနာက္ထပ္ ဆယ္မိနစ္ေလာက္ၾကာေတာ့ လူေလးငါးေျခာက္ေယာက္ ဆိုင္ကယ္နဲ႔ေရာက္လာၿပီး တိုက္ေရွ႕မွာရပ္ေနတယ္။ ခဏေနေတာ့ အမ်ိဳးသားေတြ အမ်ိဳးသမီးေတြ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ အရိႈရႈိေရာက္လာၾကတာ လူအေယာက္ႏွစ္ဆယ္ သံုးဆယ္ေလာက္ျဖစ္လာတယ္။ လူစုလူေ၀းႀကီးထြားလာၿပီး ေနာက္ထပ္ငါးမိနစ္ေလာက္အၾကာမွာ AZG ကို ဆန္႔က်င္ကန္႔ကြက္ေၾကာင္းေရးထားတဲ့ ဗီႏိုင္းေတြကို ျဖန္႔ ကိုင္ၿပီး ဓါတ္ပံုအရိုက္ခံၾကတယ္။ ပရိတ္သတ္က လက္ခုပ္၀ိုင္းတီးၾကၿပီးေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းပဲ လူစုခြဲလိုက္ၾကတယ္။
ဆႏၵျပၾကမယ့္ေနရာကို အေစာဆံုးေရာက္လာတဲ့လူေတြထဲကတစ္ေယာက္ကို သတင္းဌာနတစ္ခုက ကင္မရာကိုေဒါက္တိုင္ေပၚတင္ၿပီး အက်အန အင္တာဗ်ဴးေနတာကို ကိုၿငိမ္းေမာင္ေတြ႔ခဲ့ေသးတယ္။ ေတြးစရာေတြ၊ စိတ္ပူစရာေတြအပံုအပင္နဲ႔ ကိုၿငိမ္းေမာင္တစ္ေယာက္ သူတို႔အဖြဲ႕ရဲ႕ ရံုးရွိရာၿခံေလးကို ျပန္လာခဲ့တယ္။
ကိုၿငိမ္းေမာင္တို႔ အဖြဲ႕ကို Utopia လို႔ေခၚပါတယ္။ Utopia ဟာ စစ္ေတြနဲ႔ ပတ္၀န္းက်င္က PLHIV (People Living with HIV ၊၀ါ၊ HIV ေ၀ဒနာရွင္) ေတြကို တတ္အားသမွ် အကူအညီေတြေပးေနတဲ့ အဖြဲ႕အစည္းကေလးျဖစ္တယ္။ အဖြဲ႕၀င္တစ္ေယာက္ျဖစ္တဲ့ ကိုၿငိမ္းေမာင္ ကိုယ္တိုင္ ေ၀ဒနာရွင္တစ္ဦးျဖစ္ပါတယ္။
ဆႏၵျပပြဲအၿပီး မဖြင့္လိုက္ရတဲ့ AZG ေဆးခန္းေရွ႕မွာ အင္တာဗ်ဴးေနတဲ့လူကေတာ့ ကၽြန္ေတာ္ျဖစ္ပါတယ္။ ကၽြန္ေတာ္ကေတာ့ သာမန္စစ္ ေတြၿမိဳ႕သားတစ္ဦး တက္ႂကြလႈပ္ရွားသူ activist တစ္ဦးျဖစ္ပါတယ္။
ကၽြန္ေတာ္တို႔ႏွစ္ေယာက္ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ မေတြ႕ဖူးပါဘူး။ ဒါေပမဲ့ တကယ္ေတာ့ ဆႏၵျပပြဲမတိုင္ခင္တစ္ရက္ မနက္ပိုင္းမွာ ကၽြန္ေတာ္က ကိုၿငိမ္းေမာင္ကိုေတြ႕ခ်င္တဲ့အတြက္ ၾကားလူတစ္ေယာက္က ဖုန္းဆက္ေပးပါေသးတယ္။ ကိုၿငိမ္းေမာင္အေနနဲ႔ တကယ္ မအားမလပ္ျဖစ္ေနတဲ့အတြက္ ကၽြန္ေတာ္နဲ႔ အဲသည္ေန႔က မေတြ႕လိုက္ရပါဘူး။ AZG ေဆးခန္းဖြင့္ဖို႔ကိစၥနဲ႔ ကိုၿငိမ္းေမာင္တစ္ေယာက္ မ အားမလပ္ ျဖစ္ေနတာလည္း ျဖစ္ရင္ျဖစ္ပါလိမ့္မယ္။
* *
- အပယ္ခံတို႔ရဲ႕ ကိုယ္စားလွယ္
ဆႏၵျပၾကတာၿပီးသြားလို႔ မြန္းလြဲတစ္နာရီေလာက္မွာ ကိုၿငိမ္းေမာင္က ကၽြန္ေတာ္ဆီကိုဖံုးဆက္ပါတယ္။ မေန႔က ေဆာရီးပါဗ်ာတဲ့။ ဒီေန႔ အားသလား၊ အခုအားသလားတဲ့။ သူခ်ိန္းတဲ့ သူတို႔ရဲ႕ Utopia ရံုးၿခံေလးဆီကို ကၽြန္ေတာ္ ခ်က္ခ်င္းဆိုင္ကယ္တစ္စီးနဲ႔ လိုက္သြားပါတယ္။
“ခင္ဗ်ား အင္တာဗ်ဴးလုပ္ေနတာကို မနက္က ကၽြန္ေတာ္ေတြ႕ခဲ့ေသးတယ္” လို႔ သူက ရယ္က်ဲက်ဲနဲ႔ ေျပာပါတယ္။
အဲ . . . ထူးဆန္းတာတစ္ခုက၊ AZG ေဆးခန္းကေပးတဲ့ ေဆး၀ါးနဲ႔ အသက္ဆက္ေနရတဲ့လူတစ္ေယာက္ကို AZG ေဆးခန္းမဖြင့္ရေအာင္ လုပ္ေဆာင္ရာမွာပါတဲ့ လူတစ္ေယာက္က လာေတြ႕ရတာ သိပ္ၿပီးေၾကာင္တက္တက္ ျဖစ္မေနပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ AZG ကို ရခိုင္လူထုက တစ္ေန႔မဟုတ္ တစ္ေန႔ ပြင့္ပြင့္လင္းလင္း ဆန္႔က်င္ေတာ့မွာကို ကၽြန္ေတာ္တို႔ႏွစ္ေယာက္စလံုး သိေနၿပီးသားျဖစ္ၾကလို႔ပါပဲ။
“ဒါကေတာ့ဗ်ာ . . . ၊ ရခိုင္တစ္မ်ိဳးသားလံုးအေရးကို ကၽြန္ေတာ္တို႔ PLHIV အေယာက္ သံုးရာေလာက္အေရးနဲ႔ ဘယ္လိုမွလဲလို႔မွမရတာ။ ကၽြန္ေတာ္နားလည္ပါတယ္” လို႔ သူကဆိုရွာတယ္။
သူတို႔ Utopia အဖြဲ႕အေၾကာင္းကိုေမးေနစဥ္မွာပဲ လူႏွစ္ေယာက္ ဆိုင္ကယ္တစ္စီးနဲ႔ မေယာင္မလယ္လုပ္ေနရင္း၊ ခဏေနေတာ့ ၿခံထဲကို ၀င္လာတယ္။ သူတို႔ကေျပာတယ္။ ေ၀ဒနာရွင္တစ္ေယာက္အတြက္ ART လိုေနတဲ့အတြက္ ေဆးျဖန္႔ေပးတဲ့ outreach worker ၀န္ထမ္းကို ဖံုးဆက္တာ ဖံုးပိတ္ထားတယ္တဲ့။ ဘယ္လိုလုပ္ရမွန္းမသိဘူးတဲ့။
“ေအးဗ်ာ၊ ေဆးေတြက အခုပိတ္ထားတဲ့ေဆးခန္းထဲမွာဗ်။ နားလည္ကၽြမ္းက်င္သူ၀န္ထမ္းကထုတ္ေပးမွ ရမယ္” လို႔ ကိုၿငိမ္းေမာင္က ရွင္း ျပတယ္။
ေစာေစာပိုင္းက MSM (Men who have Sex with Men) ႏွစ္ေယာက္ဟာ AZG က ႏိုင္ငံျခားသူအမ်ိဳးသမီး ေဒါက္တာအယ္လဆာကို သြားေတြ႕ၿပီး ေဆးထုတ္ေပးဖို႔ သြားေတာင္းေသးတယ္တဲ့။ ကၽြန္ေတာ္တို႔ေရွ႕က ကိုလူစိမ္းႏွစ္ေယာက္ထဲက တစ္ေယာက္ကေျပာျပတယ္။ အဲသည္ ႏိုင္ငံျခားသူ ေဒါက္တာမမက ေျပာလိုက္တယ္တဲ့။ ငါေရာ အျခားေဒသခံ၀န္ထမ္းေတြပါ ေဆးခန္းကိုသြားၿပီး ေဆးမထုတ္ေပးရဲဘူး၊ အသက္အႏၱရာယ္ေရာက္မွာကို စိုးရိမ္တယ္တဲ့။ နင္တို႔ေဆးလိုခ်င္ရင္ ဆႏၵျပတဲ့လူေတြဆီက သြားေတာင္းပါတဲ့။ ငါတို႔ေတာ့ မေပးႏိုင္ဘူး လို႔ ေျပာတယ္တဲ့။
ကိုယ္မဲမရတဲ့ရပ္ကြက္ကို ျပည္ခိုင္ၿဖိဳးအမတ္တစ္ေယာက္က မလိုတမာေလသံနဲ႔ ေျပာပံုနဲ႔တူလိုက္တာလို႔ ကၽြန္ေတာ္ေတြးမိတယ္။
ကိုလူစိမ္းႏွစ္ေယာက္က မွတ္ခ်က္တစ္ခုေပးတယ္။ AZG က ဒီေလာက္ေတာင္ ဘဂၤါလီဘက္ကိုလိုက္ေနတာ။ ဒီလိုျဖစ္လာမွာကို တားလို႔ မရဘူးဗ်လို႔ သူတို႔ကဆိုတယ္။
အဲသည္ လူႏွစ္ေယာက္ထြက္သြားၿပီးေနာက္ပိုင္းက်မွ ကိုၿငိမ္းေမာင္က ကၽြန္ေတာ့္ကို ေလးနက္စိုးရိမ္တဲ့မ်က္ႏွာနဲ႔ေမးတယ္။ ေအးဗ်ာ၊ ဘယ္ လို လုပ္ရမလဲမသိဘူး၊ ရန္ကုန္မွာလိုလည္း ေဆးဆိုင္ေတြက၀ယ္လို႔ရတာမဟုတ္ဘူးလို႔ ကိုၿငိမ္းေမာင္ကညဥ္းေတာ့၊ ကၽြန္ေတာ့္ အသိ တစ္ေယာက္ကို လွမ္းေမးၾကည့္ရတယ္။
ေလာေလာဆယ္ကေတာ့ စစ္ေတြျပည္သူ႔ေဆးရံုႀကီးက ကာလသားေရာဂါဌာနကိုသြားပါတဲ့။ ART ေဆးေတြကိုေတာ့ အေထြေထြေရာဂါကု သမားေတာ္ႀကီးက ကိုင္ထားတယ္တဲ့။ သူတို႔ရဲ႕စနစ္ ပရိုဆီဂ်ာေလးကိုျဖတ္သန္းၿပီးရင္ ေဆးရလိမ့္မယ္လို႔ထင္ပါတယ္တဲ့။ အေျဖတစ္ခု ထြက္ လာတယ္။
ဒါေပမဲ့ ဒါက လတ္တေလာေျဖရွင္းဖို႔ ထြက္ေပါက္တစ္သြယ္လို႔ပဲ ယူဆရတယ္။ AZG ကလုပ္ေနခဲ့တဲ့ လုပ္ငန္းေနရာကို ၀င္ယူဖို႔၊ တာ၀န္ ၀င္ေရာက္ထမ္းေဆာင္ဖို႔၊ AZG လိုပဲ ရံပံုေငြကိုလက္ခံယူဖို႔ အဖြဲ႕အစည္းတစ္ရပ္လိုလာလိမ့္မယ္။ စစ္ေတြက ေရႊဂရုဏာေဆးခန္းလို ဆရာ ၀န္ေတြဦးေဆာင္တဲ့ အဖြဲ႕အစည္းကေတာ့ျဖင့္ အဲသည္စြမ္းရည္ကိုတည္ေဆာက္ၿပီး ေနရာ၀င္ယူႏိုင္လိမ့္မယ္လို႔ ထင္ရတယ္။
ဒါအတြက္ Pheonix တို႔၊ Myanmar Positive Group (MPG) တို႔၊ 3N Network တို႔က AZG ရဲ႕ HIV ေဆးေပးပရိုဂရမ္ကို ဆက္ခံတဲ့ အဖြဲ႕အစည္းကို ဘယ္လိုကူညီေထာက္ပံ့ႏိုင္မလဲ၊ ဘယ္သူေတြကမ်ား ဒီအတြက္ ၾကား၀င္ညႇိႏိႈင္းေပးမလဲ . . . စသည္ျဖင့္ စသည္ျဖင့္ ေမးခြန္းေပါင္းမ်ားစြာက်န္ေသးတယ္။
* *
• ဗိုလ္ခ်ဳပ္မ်ားႏွင့္ ေဂါက္ရိုက္ၾကသူမ်ား
AZG (ေခၚ) MSF-Holland ရဲ႕ ျမန္မာႏိုင္ငံတြင္းကို ၀င္လာရတဲ့အဓိကရည္ရြယ္ခ်က္ဟာ သူတို႔အေခၚ ရိုဟင္ဂ်ာ ကၽြန္ေတာ္တို႔အေခၚ ဘဂၤါ လီေတြအတြက္ အႏိၱမရည္မွန္းခ်က္ထားၿပီး၀င္လာတာ ျဖစ္ပါတယ္။ အဲသည္ ရည္မွန္းခ်က္နဲ႔ ျမန္မာျပည္ကိုသြားေစဖို႔ အလွဴရွင္ေတြရဲ႕ ေငြ အားေမာင္းႏွင္မႈနဲ႔ ဒီကိုေရာက္လာၾကတာျဖစ္ပါတယ္။
MSF အပိုင္းအသီးသီးတို႔ရဲ႕ ျမန္မာျပည္ကို၀င္ေရာက္လႈပ္ရွားမႈသမိုင္းအေသးစိတ္ကို MSF ရဲ႕၀က္ဘ္ဆိုဒ္ေပၚမွာပဲ ေရးတင္ထားတဲ့ ေဒါက္ တာ ဖီယိုနာတယ္ရီ (Dr Fiona Terry) ေရးသားတဲ့ Myanmar. “Golfing with the Generals” ေဆာင္းပါးမွာ တိတိက်က် သရုပ္မွန္ကို သိရမွာျဖစ္ပါတယ္။ အဲဒီေဆာင္းပါးကိုဖတ္ၾကည့္ရင္ alibi project (မ်က္ႏွာဖံုး ႐ုပ္ျပစီမံကိန္း) အစရွိတဲ့ ထူးဆန္းေသာေ၀ါဟာရ အသစ္ အဆန္းေတြ ေတြ႕ရၿပီးသကာလ ေရနံေငြကို ေနာက္ခံျပဳထားတဲ့ NGO ေတြနဲ႔ပတ္သက္လို႔ ဗဟုသုတမ်ားစြာတိုးပြားမွာ ျဖစ္ပါတယ္။
ျမန္မာျပည္ကို၀င္ေရာက္အလုပ္လုပ္ခဲ့ၾကတဲ့ MSF ရဲ႕ အပိုင္းခြဲ သံုးပိုင္းျဖစ္တဲ့ MSF-France၊ MSF-Switzerland နဲ႔ MSF-Holland တို႔အ နက္မွာ ပထမဆံုးျမန္မာႏိုင္ငံနဲ႔ ထိစပ္အလုပ္လုပ္တာက MSF-France အပိုင္းျဖစ္ပါတယ္။ MSF-France ဟာ ထိုင္း-ျမန္မာ နယ္စပ္ေတာက္ ေလွ်ာက္မွာ ျမန္မာႏိုင္ငံကို၀င္မလာပဲ ၁၉၈၄ ခုႏွစ္ေလာက္ကတည္းက ႏွစ္ေပါင္းမ်ားစြာ က်ယ္က်ယ္ျပန္႔ျပန္႔ အလုပ္လုပ္ခဲ့တယ္။ ျမန္မာ ျပည္ထဲကို၀င္လာဖို႔ ပထမဦးဆံုးအႀကိမ္ေလွ်ာက္ထားတဲ့အခါ ေအာက္ပိုင္းဗ်ဴရိုကရက္ေတြက ေထာက္ခံေပးလိုက္ေပမယ့္ ဗိုလ္ခ်ဳပ္ႀကီးေတြ က စိစစ္တဲ့အဆင့္ကို ေရာက္တဲ့အခါက်တာ့၊ ထိုင္းနယ္စပ္ အကူအညီေပးေရးလႈပ္ရွားေဆာင္ရြက္မႈေတြ KNU နဲ႔ ဆက္စပ္မႈေတြေၾကာင့္ ပယ္ခ်ျခင္းခံရတယ္။
ဒါေၾကာင့္မို႔လို႔ MSF-Holland က (ဘဂၤါလီ) ရိုဟင္ဂ်ာအေရးနဲ႔ပတ္သက္လို႔ ၀င္ေရာက္ဖို႔အတြက္ လုပ္ေဆာင္တဲ့ေနရာမွာ သတိႀကီးစြာထားၿပီးလုပ္ေဆာင္ပါတယ္။ ပထမဦးဆံုးအခ်က္အေနနဲ႔ ထိုင္း-ျမန္မာနယ္စပ္မွာအလုပ္လုပ္ေနၾကတဲ့ MSF-France နဲ႔ သူတို႔ကို ဆက္စပ္မျမင္ မိေအာင္ MSF-Holland ဆိုတဲ့ သူတို႔နာမည္အရင္းမသံုးပဲ သူတို႔ရဲ႕ ဒတ္ခ်္ဘာသာ နာမည္ AZG (Artsen zonder Grenzen) ကိုခံယူပါတယ္။ MSF ကိုမသံုးပဲ AZG ဆိုတဲ့နာမည္ကိုသံုးတာေၾကာင့္ MSF အသိုက္အ၀န္းရဲ႕ မ်က္ခံုးပင့္ၾကည့္မႈကို ခံရေသာ္ျငားလည္း ဒီလိုမ်က္ႏွာ ဖံုးစြပ္ လုပ္ရပ္ေၾကာင့္ ေအာင္ျမင္သြားပါတယ္။ AZG လို႔ပဲေခၚေခၚ MSF-Holland လို႔ပဲေခၚေခၚ သူတို႔အဖြဲ႕ဟာ ျမန္မာျပည္ထဲကို ေအာင္ေအာင္ ျမင္ျမင္၀င္လာႏိုင္ခဲ့တယ္။ ရံုးစိုက္အေျခခ်မယ့္ AZG ရဲ႕ ပထမဆံုး တရား၀င္ကိုယ္စားလွယ္ေတာ္ ပုဂၢိဳလ္ျမတ္ဟာ ၁၉၉၂ ခုႏွစ္ ဇြန္န၀ါရီလမွာ ရန္ကုန္ၿမိဳ႕ကို ဆိုက္ေရာက္ေတာ္မူပါတယ္။
UNICEF ရဲ႕ ကမကထျပဳမႈအားျဖင့္ လုပ္ငန္းေတြကို စတင္ခ်ိတ္ဆက္တယ္။ UNICEF နဲ႔ အေဆာက္အအံု တစ္ခုတည္းမွာ ရံုးခန္းဖြင့္တယ္။ က်ဳပ္တို႔ရြာမွာ အရင္ေရာက္ႏွင့္ေနတဲ့ UNICEF ကေတာ့ AZG ကို ရြာကာလသားေတြနဲ႔မိတ္ဆက္ေပးၿပီး လမ္းေၾကာင္းရွင္း ေပးတယ္ လို႔ပဲ ဆိုပါေတာ့။
AZG က အကြက္က်က် ေျခလွမ္းေတြလွမ္းလာပံုကို ေဒါက္တာဖီအိုနာတယ္ရီက ဒီလို ေရးထားတယ္။
During the long period of negotiations to enter the country, AZG’s attention focused on the plight of Rohingyas in Rakhine State, following a government crackdown on dissent in 1991 and 1992 which provoked 250,000 to flee to Bangladesh. But access to Rakhine State was not what the government had in mind, and in its first year AZG was directed towards providing healthcare in Shwepyithar township on the outskirts of Yangon. AZG agreed to this proposal for “strategic” reasons, as a “foot-in-the-door” through which to build relationships of trust with officials, and encourage openings in areas with more pressing needs.
AZG ရဲ႕ အဓိကအာရံုစူးစိုက္ေနတဲ့ အေရးအရာက ရခိုင္ျပည္နယ္ထဲက ဘဂၤါလီ (ရိုဟင္ဂ်ာ) ေတြရဲ႕အေရးျဖစ္ေပမယ့္၊ ရခိုင္ျပည္နယ္ဘက္ကို AZG ကို သြားလာဆက္သြယ္ခြင့္ေပးဖို႔ကို အစိုးရက စိတ္ကူးထဲမွာေတာင္ ထည့္မထားတဲ့အခ်ိန္ဆိုေတာ့ ရန္ကုန္၊ ေရႊျပည္သာၿမိဳ႕နယ္မွာ ေဆးခန္းတစ္ခန္းဖြင့္တဲ့ ေျခလွမ္းကို “မဟာဗ်ဴဟာေျမာက္” ေျခလွမ္းအေနနဲ႔ စတင္လွမ္းလိုက္ပါတယ္တဲ့။
ဒါဟာ သူတို႔အေခၚ “foot-in-the-door” လို႔ေခၚတဲ့ သက္ဆိုင္ရာအရာရွိမ်ားနဲ႔ ခ်စ္ၾကည္မႈတည္ေဆာက္ေရး ေျခလွမ္းမ်ိဳးျဖစ္တယ္။ ဒါက မွတစ္ဆင့္ အရာရွိႀကီးေတြနဲ႔ ေဂါက္ရိုက္တာတို႔၊ အရာရွိႀကီးေတြကို လက္ေဆာင္ေပးတာ မိတ္ေဆြဖြဲ႕တာတို႔လုပ္ၿပီး မိမိတို႔သြားခ်င္တဲ့ ေနရာဆီ တျဖည္းျဖည္းေရာက္ေအာင္ သြားႏိုင္မွာမို႔လို႔ျဖစ္တယ္။
တစ္ခါေတာ့ AZG ရဲ႕အႀကီးအကဲျဖစ္သူဟာ ကခ်င္ျပည္နယ္ထဲက ေက်ာက္တူးၾကတဲ့ ေနရာတစ္ေနရာ (ဖားကန္႔လား ဘာလားေတာ့မသိ)မွာ ေဆးခန္းဖြင့္ဖို႔အေရးကို ေျပာခ်င္တဲ့အတြက္ ကခ်င္စစ္တိုင္းမွဴးကို ေတြ႕ခြင့္ေတာင္းတာ ေတြ႕ခြင့္မရ ျဖစ္ေနပါသတဲ့။ ေနာက္ဆံုးမေတာ့ ျမစ္ႀကီးနားေဂါက္ကလပ္ကို သြားၿပီးေဂါက္ရိုက္လိုက္တာ အားလံုးအဆင္ေျပသြားပါေလေရာတဲ့။ ဒါက သူတို႔သံုးေနက် foot-in-the-door diplomacy။ ခ်ဥ္းကပ္ရင္းႏွီးမႈရေအာင္လုပ္ၿပီး ကိုယ္လိုခ်င္တာရေအာင္ယူသြားတာ။
ဒါအျပင္ AZG က သံုးတဲ့ ေနာက္ထပ္နည္းတစ္နည္းကို Medical diplomacy လို႔ ေခၚရမယ္ လို႔ဆိုပါတယ္။ ေဆးပညာပိုင္းအရ မိမိတိုရဲ႕ အသံုးတည့္မႈကို ခ်သံုးၿပီး လိုခ်င္တဲ့ေနရာကို ေရာက္ေအာင္သြားတာျဖစ္ပါတယ္။
ဥပမာ ငွက္ဖ်ားေဆးယဥ္သြားတာေတြနဲ႔ ပတ္သက္လို႔ AZG ဟာ ၁၉၉၅ ခုႏွစ္ ရခိုင္ ေဒသမွာ ေလ့လာမႈတစ္ရပ္လုပ္တယ္။ လက္ရွိျမန္မာႏိုင္ငံ မွာသံုးေနတဲ့ ငွက္ဖ်ားေဆးေပးစနစ္ရဲ႕ ရခိုင္ေဒသမွာ ေဆးမတိုးျဖစ္ေနပံုကို ေဖာ္ထုတ္တင္ျပႏိုင္ခဲ့တယ္။ ဒီေအာင္ျမင္မႈနဲ႔အတူ AZG ရဲ႕ လုပ္ေရးလုပ္ခြင္ ေတာင္းဆိုပိုင္ခြင့္ တိုးတက္လာခဲ့တယ္။ ဒါမ်ိဳးက်ေတာ့ medical diplomacy လို႔ ေခၚပါတယ္။
ရခိုင္နယ္စပ္က ဘဂၤလီေတြဟာ သူတိုအဖို႔ အက်ိဳးခံစားခြင့္ေပးရမယ့္ ပင္မလူဦးေရထု (target population) ျဖစ္တယ္ဆိုတာကို ဘယ္ ေတာ့မွမေမ့တဲ့ AZG အတြက္ သူတို႔အရမ္းသြားခ်င္လွတဲ့ ရခိုင္ျပည္ကိုေရာက္ေအာင္သြားႏိုင္တဲ့အခြင့္အလမ္းက ၁၉၉၃ ဧၿပီလမွာ ေပၚလာ ပါတယ္။ ငွက္ဖ်ားေရာဂါ ပရိုဂရမ္ေတြလုပ္မယ္ဆိုတဲ့ AZG ဟာ စစ္ေတြၿမိဳ႕မွာ ရံုးဖြင့္ခြင့္ရတယ္။
ဒီလိုတစ္ေရြ႕ေရြ႕တိုးသြားရင္းနဲ႔ ေနာက္ထပ္ ေလးႏွစ္ေက်ာ္အၾကာ ၁၉၉၈ ခုႏွစ္ ဇြႏ္န၀ါရီလမွာ ဘဂၤါလီလူဦးေရ ျပည့္လွ်ံေနတဲ့ ေမာင္ေတာ ၿမိဳ႕မွာ AZG ရံုးဖြင့္ခြင့္ရၿပီး ႏွစ္ေပါင္းမ်ားစြာ အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးစားေနခဲ့ရတဲ့ သူတို႔ရဲ႕ မဟာရည္မွန္းခ်က္ႀကီးေတြထဲက တစ္ရပ္ ေအာင္ျမင္သြားပါတယ္။
မိမိတို႔ AZG ရဲ႕ အဓိကရည္မွန္းခ်က္ဟာ ဘဂၤါလီ (ရိုဟင္ဂ်ာ)ေတြအတြက္ ေတာင္းဆိုတိုက္ပြဲ၀င္ဖို႔ (AZG’s primary goal of advocacy on behalf of the Rohingyas) ဆိုတဲ့ AZG အဖြဲ႕သားမ်ားအတြက္ မဟာေျခလွမ္းႀကီးတစ္ရပ္ျဖစ္တယ္။
မိမိတို႔ အလုပ္လုပ္ေနရတဲ့ နယ္ေျမထဲမွာ လက္ေတြက်က် တစ္လွမ္းခ်င္းလွမ္းသြားၿပီး ေဆးဖက္ဆိုင္ရာ၀န္ေဆာင္မႈမ်ားကို လုပ္ေဆာင္ရင္း ဘဂၤါလီ (ရိုဟင္ဂ်ာ) အေရးအတြက္ တစ္ဆင့္ခ်င္း အုတ္ျမစ္ခ်သြားလိုတဲ့ ရန္ကုန္က AZG ရံုးအုပ္ခ်ဳပ္သူမ်ားရဲ႕ ခ်ီတက္ႏႈန္းကို ေႏွးေကြးလွ တယ္ဆိုၿပီး၊ ေဟာ္လန္ႏိုင္ငံ အမ္စတာဒမ္ၿမိဳ႕ရံုးခ်ဳပ္က လူႀကီးမင္းေတြက မက်နပ္ႏိုင္ၾကတာေတြ ခဏခဏ ျဖစ္တတ္တယ္လို႔ AZG ရဲ႕ အတြင္းလူေတြကဆိုပါတယ္။
ဒီလို မေက်နပ္ႏိုင္တာတာ အထူးသျဖင့္ အလွဴရွင္ donors ေတြနဲ႔ တံခါးပိတ္ေဆြးေႏြးၿပီးတိုင္းမွာ ျဖစ္တတ္တယ္။
ျမန္မာျပည္ ေမာင္ေတာနယ္စပ္က ဘဂၤါလီကုလားအေရးကိုေဆာင္ရြက္တာ ေႏွးေကြးလွတယ္ဆိုၿပီး ေဒါသထြက္ရေလာက္ေအာင္ အမ္စ တာဒမ္ AZG လူႀကီးမင္းမ်ားနဲ႔ တံခါးပိတ္ေဆြးေႏြးၾကသူေတြဟာ ဘယ္သူေတြမ်ားပါလိမ့္။
မ်က္စိထဲမွာ ျမင္ေယာင္ၾကည့္ႏိုင္ပါတယ္။
အက်ႌရွည္ ၀တ္ရံုျဖဴႀကီးတကားကားနဲ႔ ေခါင္းျခဳံေဘာင္းရစ္အက်အနနဲ႔ အာရပ္ေရနံႏိုင္ငံေတြက အာရပ္ႀကီးေတြမ်ားလား၊ ဒါမွမဟုတ္ သူတို႔ က ကိုယ္စားလွယ္ေတြအေနနဲ႔လႊတ္လိုက္တဲ့ ဦးဟန္ေညာင္ေ၀လိုလူေတြလား။
ဒီလို လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီဆိုတာေတြကို အသံုးခ်ၿပီး၊ လိုခ်င္တဲ့ ႏိုင္ငံေရးရလဒ္ထြက္လာေအာင္ မိမိတို႔အားေပး ေနတဲ့အုပ္စု အင္အားႀကီးသထက္ႀကီးလာေအာင္ ပံုေဖာ္လုပ္ယူႏိုင္စြမ္းရွိတယ္ဆိုတာကို အဲဒီအာရပ္ႀကီးေတြလည္း သိတယ္၊ ဦးဟန္ေညာင္ ေ၀လည္းသိတယ္။ AZG က လူ႔အခြင့္အေရး အေရၿခံဳေတြကလည္းသိတယ္။ ကၽြန္ေတာ္လည္းသိတယ္။ ဖီအိုနာ တယ္ရီလည္းသိတယ္။
ဒါေတြကို အတြင္းက်က် အေသအခ်ာသိတဲ့လူတစ္ေယာက္ကေတာ့ ႏိုင္ငံေရးသိပၸံ အဓိကနဲ႔ဘြဲ႕ရၿပီး MSF မွာ ႏွစ္ေပါင္းမ်ားစြာ အလုပ္လုပ္ဖူး တဲ့၊ ကမၻာအႏွံ႔က ေသြးေျမက် ပဋိပကၡေတြၾကားမွာ ကိုယ္တိုင္ကိုယ္က် အလုပ္လုပ္ဖူးတဲ့၊ ေထာက္ပံေရး အကူအညီေတြဟာ အုပ္စုဘက္ၿပိဳင္ မႈေတြကို ၾသဇာသက္ေရာက္မႈရွိတယ္ ဆိုတဲ့အေၾကာင္း ကို ခေရေစ့တြင္းက် စာတတန္ေပတဖြဲ႕ ေရးသားဖူးတဲ့ ဖီအိုနာတယ္ရီ (Fiona Terry) ျဖစ္ပါတယ္။
သူ ဘာေျပာသလဲဆိုတာကို ဆက္ၿပီးေဆြးေႏြးပါတယ္။
* *
လူသားစာနာကူညီေထာက္ပံ့မႈ ရဲ႕ ႏိုင္ငံေရး (politics of humanitarian aids)
NGO အေရးဟာ ႏိုင္ငံေရးျဖစ္တယ္လို႔ ဆိုလိုက္ရင္ မရယ္ရင္ေတာင္မွ ၿပံဳးတံု႔တံု႔ လုပ္မိၾကမယ့္သူေတြ ရွိႏိုင္ပါတယ္။ ဒါေပမဲ့ မရယ္ၾကပါနဲ႔။
အရမ္းအေရးႀကီးပါတယ္။
ပဋိပကၡနယ္ေျမအတြင္းက လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေတြဟာ ဖက္ၿပိဳင္ေနၾကတဲ့ အုပ္စုေတြ ရဲ႕ခ်ိန္ခြင္လွ်ာကို လိုသလို ခ်ိန္ညွိေပးလို႔ရတယ္။ တစ္ဖက္ကို အင္အားပိုႀကီးေစၿပီးေတာ့ တစ္ဘက္ကို အင္အားခ်ိနဲ႔သြားေစတယ္။
တစ္ခ်ိန္က်ရင္ အဲသည္ အင္အားႀကီးလာတဲ့ဘက္က အင္အားခ်ိနဲ႔ေနတဲ့ဘက္ကို မ်ိဳးတံုးသတ္ျဖတ္တာမ်ိဳးျဖစ္လာရင္ တကယ္သတ္တဲ့လူေတြရဲ႕လက္မွာ ေသြးစြန္းရံုမက ဒီလိုျဖစ္ရပ္မ်ိဳးျဖစ္လာေအာင္ လုပ္ေပးတဲ့ အေထာက္ပံ့အကူအညီေပးေရးအဖြဲ႕ေတြရဲ႕ လက္မွာလည္း ေသြးေပစြန္းေနပါတယ္။
တည့္တည့္ေျပာရမယ္ဆိုရင္ ေမာင္ေတာမွာ ေသဆံုးသြားတဲ့ ရခိုင္တိုင္းရင္းသား ဗမာတိုင္းရင္းသားေတြရဲ႕ ေသြးေတြဟာ AZG တို႔ ACF တို႔လို NGO ေတြရဲ႕လက္ေတြမွာ ေပစြန္းေနတယ္။ သူတို႔ရဲ႕ ႏႈတ္ခမ္းမွာ ေပက်ံေနတယ္။ သူတို႔ေန႔တိုင္း ညစာစားတဲ့ ပန္းကန္ျပားေတြမွာ ေမာင္ေတာ နဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္က တိုင္းရင္းသားေတြရဲ႕ ေသြးေတြ စီးက်ေနတယ္။
ဒီလိုမ်ိဳး လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီ (humanitarian aids) က ေကာင္းက်ိဳးမေပးပဲ ဆိုးက်ိဳးေပးတဲ့ ျဖစ္ရပ္ဟာ ဒီလို ဘူးသီးေတာင္ ေမာင္ေတာမွာ သာမက ကမၻာအရပ္ရပ္မွာ ဆိုးဆိုး၀ါး၀ါး ျဖစ္ဖူးတယ္။
(၁) ရ၀မ္ဒါ။ ၁၉၉၄ နဲ႔ ၁၉၉၆ အၾကား ဇိုင္ယာႏိုင္ငံမွာ ရွိေနခဲ့တဲ့ ရ၀မ္ဒါ ဒုကၡသည္စခန္းေတြမွာ တကယ့္ ဒုကၡသည္အစစ္ေတြ နဲ႔ မ်ိဳးတုံးသတ္ျဖတ္မႈမွာ ပါ၀င္သူေတြ ေရာေႏွာေနခဲ့တယ္။ ဒါ့အျပင္ ဒုကၡသည္ အေယာင္ေဆာင္ တိုက္ခိုက္ေရးသမားေတြကပဲ ေထာက္ပံ့ေရးပစၥည္းေတြကို လက္၀ါးႀကီးအုပ္တယ္။ တိုက္ခိုက္ေရးသမားေတြဟာ ေန႕စဥ္ ေဒၚလာသန္းခ်ီတဲ့ ပမာဏနဲ႔ ၀င္လာတဲ့ ဒုကၡသည္ေတြအတြက္ ေထာက္ပံ့ေရးပစၥည္းေတြကို ခ်ယ္လွယ္တယ္၊ သံုးစြဲတယ္။ အဲဒါေတြထဲကေန တစ္လ တစ္လကို ေဒၚလာသန္းခ်ီၿပီးခိုးတယ္။ တိုက္ခိုက္ေရးသမားေတြ လိုအပ္တဲ့ ကား၊ ယာဥ္၊ ဆက္သြယ္ေရး အစခပ္သိမ္းကို ဒုကၡသည္ေထာက္ပံ့မႈကြန္ရက္ကေန အလကားရတယ္။ ဒါေတြကို သံုးစြဲ အင္အားျဖည့္တင္းၿပီး မ်ိဳးတုံုးသတ္ျဖတ္မႈေတြကို္ လုပ္လိုက္တာ လူေပါင္း ႏွစ္သိန္းေက်ာ္ ေသတယ္။ ဒါ့အတြက္ ဘယ္သူေတြမွာ တာ၀န္ရွိသလဲ။
(၂) ၁၉၉၁-ခုႏွစ္၊ အီရတ္ပိုင္ ကာဒစၥတန္ေဒသ။ ဆက္ဒမ္ဟူစိန္ရဲ႕ ႏွိပ္စက္ညွဥ္းပန္းမႈ ဒဏ္ ကို ခံစားရလို႔ ကာ့ဒ္လူမ်ိဳးေတြ တူရကီနယ္စပ္ကို အလံုးအရင္းနဲ႔ ထြက္ေျပး ၾကတယ္။ (တကယ္ေတာ့ ဒီလိုျဖစ္ရတာလည္း အေမရိကန္နဲ႔ မဟာမိတ္ ေတြက ပင္လယ္ေကြ႕ စစ္ပြဲကာလအၿပီးမွာ ဆက္ဒမ္ဟူစိန္ကို ပုန္ကန္ဖို႔ ေျမွာက္ေပးတဲ့ အတိုင္း ထၾကြမိလို႔ ျဖစ္ရတာ။) ဒုကၡသည္ေတြအလံုးအရင္းနဲ႔ မိမိရဲ႕မဟာမိတ္ တူရကီႏိုင္ငံထဲကို ၀င္လာရင္ မတည္မၿငိမ္ျဖစ္သြားမွာအေမရိကန္က စိုးရိမ္တဲ့အတြက္၊ တစ္ဘက္မွာ ဒုကၡသည္ အျဖစ္ နယ္စပ္ျဖတ္ေက်ာ္၀င္ေရာက္ခြင့္ကို ပိတ္လိုက္ၿပီး ေနာက္တစ္ဖက္မွာ အီရတ္ျပည္တြင္းဘက္ကို လူေတြကို မွ်ားေခၚတဲ့အေနနဲ႔ အတြင္းဘက္မွာ ကူညီ ကယ္ဆယ္ေရးပစၥည္းေတြ ေပးဖို႔စီစဥ္ေပးလိုက္တယ္။ ဒီေတာ့ လူေတြဟာ အႏၱရယ္ ကင္းရာနယ္စပ္ဖက္ကို ေရာက္လာရမယ့္အစား အႏၱရယ္ရွိတဲ့ ဧရိယာ နယ္နမိတ္ ထဲမွာပဲ ရွိေနၾကေတာ့တယ္။
ဒီလိုျဖစ္ရပ္ေတြကို ဒီမွာ စာရင္းခ်ေနရင္ ေျပာမဆံုးေပါင္ ေတာသံုးေထာင္ ျဖစ္သြား ပါလိမ့္မယ္။
ဖီအိုနာ တယ္ရီ ဆီကရတဲ့ ထူးျခားတဲ့ စကားအသံုးအႏႈန္းတစ္ခုကေတာ့ refugee-warrior ဆိုတဲ့အသံုးအႏႈန္းျဖစ္တယ္။ ဒုကၡသည္စခန္းမွာ ဒုကၡသည္အေရၿခံဳေနထိုင္ၿပီး လႈပ္ရွားေနတဲ့ တိုက္ခိုက္ေရးသမားေတြကို ဆိုလိုတယ္။
တရား၀င္အားျဖင့္ေျပာၾကစတမ္းဆိုရင္ လက္နက္ရယ္ တိုက္ခိုက္ျခင္းရယ္ တို႔ကို လံုး၀စြန္႔လႊတ္လိုက္မွသာ ဒုကၡသည္အျဖစ္ ခံယူႏိုင္မွာျဖစ္ပါတယ္။ ဒါေပမဲ့ လက္ေတြ႕ မွာ အဲသလိုျဖစ္မေနပါဘူး။ လက္နက္မကိုင္ခ်င္ေယာင္ေဆာင္ၿပီး ဒုကၡသည္စခန္းအရိပ္ ေအာက္မွာ ခိုလႈံၿပီး ေနာက္တစ္ႀကိမ္ သတ္ျဖတ္တိုက္ခိုက္မႈေတြ လုပ္ႏိုင္ေအာင္ ႀကံစည္ေနသူေတြဟာ ဒုကၡသည္ စခန္းေတြမွာ ရွိေနတတ္ ပါတယ္။ ဒီလို လူမ်ိဳးေတြကို လက္ေတြ႕ကြင္းထဲမွာ ရင္ဆိုင္ခဲ့ရတဲ့ ဖီအိုနာ တယ္ရီ က ဒီလိုလူေတြကို အမည္သစ္ေပးပါတယ္။ ဒုကၡသည္-တိုက္ခိုက္ေရးသမားေတြ (refugee-warriors) လို႔ေခၚတယ္။
စစ္ေရးပါရဂူေတြကေျပာတယ္။ စစ္တိုက္တယ္ ဆိုတာ ေထာက္ပို႔ေရး (logistics) နဲ႔ တိုက္တာတဲ့။ ဒီေတာ့ ေခတ္သစ္အၾကမ္းဖက္သမားေတြဟာ ေထာက္ပို႔စနစ္ေတြ အကုန္လံုးပါ၀င္တဲ့ ဒုကၡသည္စခန္းေတြကို ၀င္ခိုေနၾကေတာ့တယ္။ ေထာက္ပို႔စနစ္ မလိုေတာ့ဘူးေလ။ တပ္သားေတြကို ရိကၡာေပးစရာမလိုဘူး၊ ေဆးကုေပးစရာ မလိုဘူး။ အလြန္ကုန္က်စရိတ္သက္သာစြာနဲ႔ စစ္တပ္ေထာင္လို႔ရတယ္။ အာဖရိကတိုက္မွာ ဒီလို ျဖစ္ရပ္မ်ိဳးေတြရွိခဲ့ဖူးတယ္။
မိမိတို႔ ကူညီေပးမယ့္ လူဦးေရထုအတြက္ OIC လို (ႏိုင္ငံတကာရဲ႕ အၾကမ္းဖက္သမား အဓိပၸာယ္သတ္မွတ္ခ်က္ကို လက္မခံတဲ့) အဖြဲ႕မ်ိဳးက မဟာဗ်ဴဟာခ်မယ္။ ေငြေၾကးခြဲေ၀ခ် ထားေပးတယ္။ AZG လို ပုလင္းတူ ဗူးဆို႔ အဖြဲ႕မ်ိဳးက ဥေရာပ တိုက္သား လူျဖဴမ်က္ႏွာဖံုးေတြဖံုးၿပီး အဲသည္ပိုက္ဆံေတြကို လိုအပ္တဲ့ ေနရာ အေရာက္ ပို႔ေပးမယ္။ အဲသည္ေနရာမွာ အကူအညီေပးေရးအဖြဲ႕ အေနနဲ႕ ေနထိုင္ၿပီး သူလွ်ိဳလုပ္မယ္။
ဒါမ်ိဳးက သူတို႔လုပ္ေနက် အလုပ္ေတြ။
* *
ကၽြန္ေတာ္ လုပ္တဲ့ အိမ္စာ
AZG ဆိုတဲ့ အိမ္စာကို တြက္ခ်က္ၾကည့္ရင္ ေအာက္ပါတို႔ကို ေတြ႕ရွိပါတယ္။
AZG နဲ႔ ပတ္သက္လို႔ စာေရးသူရဲ႕ ေတြ႕ရွိခ်က္ေတြ သံုးသပ္ခ်က္ေတြ အႀကံျပဳခ်က္ေတြ ကို ဒီလို ခ်ေရးမိပါတယ္။
(၁) AZG ၀င္လာတယ္ ဆိုကတည္းက သူတို႔ရဲ႕ ပစ္မွတ္အက်ိဳးခံစားခြင့္ေပး လူဦးေရထု (target population) ဟာ (ရိုဟင္ဂ်ာလို႔ သူတို႔ေခၚတဲ့) နယ္စပ္ျဖတ္ေက်ာ္ ဘဂၤါလီေတြ သာလွ်င္ ျဖစ္တယ္။
(၂) AZG ရဲ႕ ျမန္မာျပည္တြင္း အဓိကရည္မွန္းခ်က္ (primary goal) က အဲသည္ ဘဂၤါလီေတြ အေရးအတြက္ ေျပာဆိုေရးသားတိုက္ပြဲ၀င္ဖို႔ (advocacy) အတြက္သာ ျဖစ္တယ္။ ဒါေၾကာင့္ AZG ဟာ ႏိုင္ငံေရးရည္မွန္းခ်က္နဲ႔ ၀င္ေရာက္လာတဲ့ iNGO ျဖစ္တယ္။
(၃) ၂၀၁၀-ခုႏွစ္ စက္တင္ဘာလ (၂၉)ရက္ေန႔မွာ အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္ အမတ္ ခရစၥတိုဖာ စမစ္သ္က ကြန္ဂရက္ကို တင္သြင္းတဲ့ ဘဂၤါလီေတြကို ႏိုင္ငံသား ျဖစ္ခြင့္အျပည့္အ၀ေပးေစေရး ဆံုးျဖတ္ခ်က္မူၾကမ္းကို တင္သြင္းရာမွာ MSF ရဲ႕ ေျပာဆိုခ်က္ ကို ကိုးကားသြားခဲ့တယ္။ MSF က ဘဂၤါလီ(ရိုဟင္ဂ်ာ)ေတြဟာ မ်ိဳးတံုးေပ်ာက္ကြယ္လုနီးပါးျဖစ္ေနတဲ့ လူအုပ္စု ဆယ္မ်ိဳးမွာ တစ္မ်ိဳးအပါအ၀င္ လို႔ ေရးသား ထားတယ္။ ဒီလိုမ်ိဳး MSF (AZG ရဲ႕ မိခင္အဖြဲ႕) က ကမၻာသိ လိုက္လံ ေျပာၾကား ေနတာဟာ ျမန္မာျပည္တြင္းေရးကို အားမနာလွ်ာမက်ိဳး လိုက္လံစြက္ဖက္ ေနတာ ျဖစ္တယ္။ ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အခ်ာ အာဏာကို ထိပါးေနတာ သာလွ်င္ ျဖစ္တယ္။
(၄) AZG ဟာ သူတို႔ရဲ႕ ရံုးတြင္းစာေတြမွာ၊ ျမန္မာျပည္ပမွာ ေျပာဆိုေရးသားရာမွာ နယ္စပ္ေက်ာ္ကူး ဘဂၤါလီေတြကို ရိုဟင္ဂ်ာ လို႔ အၿမဲတေစ ေခၚေ၀ၚ သံုးစြဲတယ္။ ဒီလို တစ္ခါသံုးစြဲတိုင္း သံုးစြဲတိုင္းမွာ ရခိုင္မူမ်ိဳးေတြရဲ႕တည္ရွိမႈကို ၿခိမ္းေျခာက္မႈတစ္ခါစီ လုပ္လိုက္တာျဖစ္တယ္။ ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အခ်ာပိုင္ဆိုင္မႈကို ေစာ္ကားမႈ တစ္ခါစီ လုပ္လိုက္တာ ျဖစ္တယ္။
(၄) AZG ၀န္ထမ္းေဟာင္း ဦးေက်ာ္လွေအာင္အပါအ၀င္ မူဆလင္ဘာသာ၀င္ ဘဂၤါလီေတြက AZG ရဲ႕ လႈပ္ရွားမႈေတြကို လိုအပ္သလို ခ်ယ္လွယ္ႏိုင္ေအာင္ ခြင့္ျပဳ ထားတာဟာ မေတာ္တဆ ျဖစ္ရပ္မဟုတ္။ တမင္သက္သက္ လုပ္ေစျခင္း ျဖစ္တယ္။ AZG ရဲ႕ အရင္အျမစ္ေတြကိုသံုး AZG ကားကို တစ္၀ီ၀ီ စီးၿပီး စစ္ေတြမွာ သြားလာ လႈပ္ရွားေနခဲ့တဲ့ ဦးေက်ာ္လွေအာင္ကို ပမာႏႈိင္းမယ္ဆိုရင္၊ ရ၀မ္ဒါ ဒုကၡသည္ စခန္းမွာ ေထာက္ပံ့ေရးအကူအညီလႈိင္းကို တက္စီးခဲ့ၾကတဲ့ တိုက္ခိုက္ေရးသမားေတြနဲ႔ အလားတူ ႏိုင္ပါတယ္။
(၅) AZG ဟာ ဇြန္လ ဘဂၤါလီဆူပူမႈနဲ႔ ဆက္စပ္ ဖမ္းဆီးခံရတဲ့ သူတို႔ရဲ႕ ၀န္ထမ္း ဦးေက်ာ္လွေအာင္ လြတ္ေျမာက္ေရးအတြက္ အားႀကိဳးမန္တက္ေဆာင္ရြက္ၿပီး၊ သူ လြတ္ေျမာက္လာတဲ့အခါ က်ပ္ေငြ (၄၉)သိန္း ခန္႔ ဆုခ်ီးျမွင့္ၿပီး အၿငိမ္းစားေပးကာ ရန္ကုန္မွာထားရွိတယ္။ AZG အဖို႔ရာ ဘဂၤါလီတိုက္ခိုက္ေရးသမားမ်ားဟာ ဆုခ်ီျမွင့္ ရမယ့္ သူရဲေကာင္း ေတြျဖစ္တယ္။
(၆) ေဒါက္တာေအးေမာင္ ေျပာသလို ႏိုင္ငံတကာက လူသားခ်င္းစာနာမႈ အကူအညီ ေပးခ်င္ရင္ ျမန္မာအစိုးရ ရခိုင္ျပည္နယ္အစိုးရကတစ္ဆင့္ေပးပါ။ မွန္ပါတယ္။ ဒါ့တင္လား ဆိုေတာ့ ဒါနဲ႔တင္ မလံုေလာက္ေသးပါဘူး။ သက္ဆိုင္ရာ လူ႔အသိုက္အ၀န္း က ေစာင့္ၾကည့္ၿပီး community watch လုပ္ရမယ္။ အလုပ္လုပ္ၾကတဲ့ NGO ေတြသာမက သက္ဆိုင္ရာအာဏာပိုင္ေတြကိုလည္း transparency ပြင့္လင္းျမင္သာမႈ ရွိရွိ အလုပ္လုပ္ခိုင္းရပါမယ္။
(၇) ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ ညံ့ဖ်င္းပံုကို ေလွ်ာက္ေျပာေနရင္ အမုန္းပြားရံုပဲ ရွိမယ္။ စာရင္းကိုင္ဘယ္သူကို ရခိုင္၀န္ႀကီးဘယ္သူက ေငြစာရင္းေလး အဆင္ေခ်ာေအာင္ ေရးေပးဖို႔ ပိုက္ဆံဘယ္ႏွစ္သိန္း မုန္႔ဖိုးေပးလိုက္တယ္ ဆိုတာကအစ ၾကားတဲ့လူက ၾကားဖူးၿပီးသား။ ဒီေတာ့ ေထာက္ပံ့ကူညီေရးနဲ႔ ပတ္သက္တဲ့ ႀကီးၾကပ္ေဆာင္ရြက္မႈေတြ ကို ရပ္ရြာေစာင့္ၾကည့္သူေတြ အၿမဲသိေနႏိုင္ေအာင္ ပြင့္လင္းျမင္သာမႈ (transparency) ရွိရွိ လုပ္ေဆာင္ေပးရပါမယ္။ ဒါမွမဟုတ္ရင္ သဲေခ်ာင္းဘဂၤါလီစခန္း ဟာ အႏုျမဴ စက္ရံုေတြနဲ႔ တကြ ျဖစ္သြားတာကို ေနျပည္ေတာ္ကို တာေ၀းပစ္ ဒံုးက်ည္ထိမွ သိရတယ္ ဆိုတာမ်ိဳး ျဖစ္သြားကုန္ႏိုင္တယ္။
(၈) ရခိုင္ေတြအတြက္ ရည္ရြယ္ပါတယ္တဲ့ ဆိုတဲ့ “ရႈခင္းသာ” ေဆးခန္းကို စစ္ေတြၿမိဳ႕ခံေတြ ကန္႔ကြက္လို႔ မဖြင့္လိုက္ရဘူး။ ဒါေပမဲ့ AZG က ေတာင္းဆိုလို႔ ဆိုၿပီး ေဆာက္ေပးေနတဲ့ ဘဂၤါလီေတြ အတြက္ ေဆးခန္းႏွစ္ခန္း ရွိေသးတယ္။ ဒီေနရာေတြ မွာ လည္း AZG ရဲ႕ ပါ၀င္ ပတ္သက္ ေနမႈကို ဖယ္ရွားပစ္ရပါမယ္။
(၉) ဒါေတြကို ေဆာက္ဖို႔လိုအပ္ေငြကို ဒုကၡသည္ ကယ္ဆယ္ေရးရံပံုေငြက ထုတ္ေပး တာလို႔ သိရတယ္။ ျပည္နယ္က်န္းမာေရးဌာနက ထုတ္ယူသံုးစြဲထားတဲ့ က်ပ္ေငြ (၁၅၃)သိန္းခန္႔မွာ သိန္းတစ္ရာဖိုးကိုပဲ စာရင္းျပရေသးတယ္လို႔သိရတယ္။
(၁၀) AZG ရဲ႕လုပ္ရပ္ေတြဟာ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ကို အႀကိမ္ႀကိမ္ ထိပါးတိုက္ခိုက္ခဲ့တယ္။ ထိပါးတိုက္ခိုက္သူေတြကိုလည္း ပံုေအာ အကူအညီေပးခဲ့ တယ္။ ဒါ့ေၾကာင့္ AZG ကို ျမန္မာျပည္ထဲမွာ လံုး၀မထားပဲ ဖယ္ထုတ္ပစ္သင့္တယ္။ ဒီလိုဖယ္ထုတ္ရာမွာ AZG လုပ္ေနတဲ့ ျမန္မာ တိုင္းရင္းသား ေတြအတြက္ လုပ္ေပးေန တဲ့ အေရာင္ျပစီမံကိန္း (alibi project) ေတြကို တိုင္းရင္းသား အဖြဲ႕အစည္း ေတြ လက္လႊဲလုပ္ႏိုင္ေအာင္ စီစဥ္သင့္တယ္။
(၁၁) AZG ကို ဖယ္ရွားရံုမွ်မက ေရွ႕ကေျပာခဲ့သလို AZG ရဲ႕ foot-in-the-door နည္းစနစ္နဲ႔ မိတ္ဖြဲ႕ထားတဲ့ သူေတြဟာ ဘယ္သူေတြလဲ ဆိုတာကို သိေအာင္ ေဖာ္ထုတ္ရပါမယ္။ အဲဒီလူေတြဟာ ဘယ္သူေတြလဲ။ ျပည္ေထာင္စု၀န္ႀကီးေတြထဲက ဘယ္သူေတြ ရွိသလဲ။ အေနာက္ပိုင္းတိုင္း စစ္တိုင္းမွဴးေရာ ပါေသးလား၊ ရခိုင္ ၀န္ႀကီးခ်ဳပ္ေကာ ဘယ္လိုလဲ၊ က်န္မာေရး ရခိုင္ျပည္နယ္မွဴးလား၊ ရခိုင္ျပည္နယ္ လူမႈေရး၀န္ႀကီးလား။ အစရွိသျဖင့္ ဒီလိုမ်ိဳး စိစစ္ၿပီး AZG ေရာဂါ၀င္ေနတဲ့ သစၥာေဖာက္ ကို ရွာေဖြေဖာ္ထုတ္သင့္တယ္။
* *
A သံုးလံုးကိုေရွာင္ အိုေတာင္ မဆင္းရဲ
‘ကုလား’ ဆိုတဲ့စကားလံုးကို လူမ်ိဳးေရးခြဲျခားတဲ့အသံုးအႏႈန္းျဖစ္တဲ့အတြက္ မိမိတို႔ ရံုးေတြမွာ ေျပာဆို သံုးစြဲျခင္းမျပဳရဆိုၿပီး AZG တို႔ ACF တို႔ AMIတို႔လို ကုလား၀င္စား NGO ေတြက သတ္မွတ္ထားတာ ႏွစ္ေပါင္းမ်ားစြာၾကာပါၿပီ။ သူတို႔ ရံုးေတြထဲမွာ ကုလားထိုင္ကုိ ဘယ္လိုေခၚရမွန္း မသိေတာ့ပါဘူးလို႔ ရယ္သြမ္းေသြးရတာ ၾကာပါၿပီ။ ျမန္မာျပည္မဖက္ကလူေတြကေတာ့ ဒီလို ‘ကုလား ဟု မေခၚရ’ ပညတ္ကို ၾကားဖူးတာ လပိုင္းေလာက္ပဲ ရွိပါေသးတယ္။
ဘဂၤါလီကုလားရြာေတြကလြဲလို႔ ရြာနီးခ်ဳပ္စပ္က ရခိုင္ ဗမာ တုိင္းရင္းသားရြာေတြကို ဆန္တစ္စိမွ မေရာက္ေစရေအာင္ ႏွစ္ေပါင္းမ်ားစြာ ႀကံဖန္ေဆာင္ရြက္တာမ်ိဳးအျပင္၊ ‘ကူညီေထာက္ပံ့ေရး’ အားျဖင့္ ပ်က္စီးေစခဲ့တာ အမ်ားႀကီးပါပဲ။ က်န္းမာေရး၊ လူမႈေရး၊ စီးပြားေရး နယ္ပယ္အသီးသီးမွာ ပ်က္စီးေစခဲ့တယ္။
ဘဂၤါလီ တီဘီေရာဂါသည္ေတြကို AZG က ႏွစ္ေတြ ဆယ္ခ်ီၿပီး ကုသေပးလာတာ ေရာဂါသည္ ဦးေရဟာ ေလ်ာ့က်မလာပဲ တိုးတိုးလာတယ္လို႔ ဆိုတယ္။ (တီဘီ ေရာဂါရွိသူနဲ႕မိသားစုကို ေထာက္ပံ့တဲ့ ပမာဏက မက္ေရာက္စရာ ဆိုေတာ့ ကုလားေတြ ကိုယ္တိုင္ ေရာဂါမကူး ကူးေအာင္လုပ္ေနၾကတယ္ လို႔ဆိုတယ္။) ဒီလို တိုးလာတာကိုလည္း အေၾကာင္းရင္းမရွာပဲ ေထာက္ပံ့တဲ့ အလွဴရွင္ ဆိုသူေတြက ဘာေၾကာင့္ေထာက္ပံ့ေနၾကသလဲ။
ဘဂၤါလီေတြေနတဲ့ ေက်းရြာေတြကို ေခါင္းစဥ္အမ်ိဳးမ်ိဳးတပ္ၿပီး ဆန္ေတြ အလွ်ံပယ္ ေထာက္ပံ့ေနေလေတာ့ ဆန္ေစ်းက်တယ္။ ဒီေတာ့ ကုလားလယ္သမားေတြ နစ္နာတယ္။ လယ္စိုက္မယ့္အစား တီဘီေရာဂါသည္ ေထာက္ပံ့ေၾကးယူေနတာကမွ တြက္ေခ်ကိုက္ဦးမယ္ ဆိုတဲ့ တြက္ေၾကးေတြျဖစ္လာတယ္။
လယ္သမားေတြ ေတာင္သူေတြအတြက္ ပိုးသတ္ေဆးေတြကို အရမ္းကာေရာ စနစ္မရွိ ျဖန္႔ျဖဴးခဲ့တာေတြေၾကာင့္ ေဂဟစနစ္ေတြ ပ်က္စီးက်န္ခဲ့တာမ်ိဳးရွိတယ္။
ဒီေတာ့ ေကာင္းဖို႔အတြက္ လုပ္တာေကာင္းရမွာေပါ့ ဆိုၿပီး လူသားခ်င္းစာနာတဲ့ အကူအညီ (humanitarian aids) ေတြဟာ ေကာင္းက်ိဳးကို အၿမဲတမ္းျဖစ္ေစတယ္ လို႔ ဆိုၾကတာဟာ မမွန္ပါဘူး လို႔ ဖီအိုနာ တယ္ရီ က ေျပာတာဟာ အမွန္ပဲျဖစ္ပါတယ္။ အဲသည္ အကူအညီေတြက ဆိုးက်ိဳးမျဖစ္ေစႏိုင္ဘူး (do no harm) ဆိုတာ လက္ေတြ႕မွာ ဘယ္ေတာ့မွ မျဖစ္ႏိုင္ဘူး လို႔ သူမက အခိုင္အမာ ဆိုတယ္။ လူသားခ်င္းစာနာတဲ့ အကူအညီ (humanitarian aids) ေတြမွာ ေဘးထြက္ဆိုးက်ိဳး (side effect) ေတြ အၿမဲတမ္းရွိတယ္ လို႔ သူမက ဆိုပါတယ္။
AZG ရဲ႕ သရုပ္သကန္ အမွန္ ကို ဆန္းစစ္ အံထုတ္ျခင္း (အပိုင္း ႏွစ္)
by Coral Arakan News Agency on Monday, October 22, 2012 at 1:08am ·
AZG ရဲ႕ သရုပ္သကန္ အမွန္ ကို ဆန္းစစ္ အံထုတ္ျခင္း (အပိုင္း တစ္) မွ အဆက္
————————————————————————————
လွတဲ့ ခ်စ္နဲ႔ က်ေနာ့္ရဲ႕ ဇာတ္လမ္း၊ လြမ္းခန္းကို ေရာက္ခဲ့
လြမ္းခန္းကိုေရာက္ပါၿပီ။
ကိုၿငိမ္းေမာင္က ဒီေန႔ (ေအာက္တိုဘာ ၂၁ ရက္ေန႔) မြန္းလြဲမွာ ခဏေတြ႕ခ်င္တယ္ ဆိုလို႔ သူနဲ႔သူ႔မိတ္ေဆြ ႏွစ္ေယာက္ကို ခ်ိန္းေတြ႕ပါတယ္။ မနက္ျဖန္က်ရင္ ရန္ကုန္မွာ HIV ေ၀ဒနာရွင္ေတြကို အကူအညီေပးေနတဲ့ အဖြဲ႕ေတြျဖစ္တဲ့ Pheonix Association ရယ္၊ MPG (Myanmar Positive Group) ရယ္၊ 3N Network ရယ္ ေတြ႕ၿပီး စစ္ေတြက ေ၀ဒနာရွင္ေတြကို ဘယ္လိုဆက္လက္ လက္လႊဲယူၾကရယ့္အေၾကာင္းကို ေဆြးေႏြးၾကမယ့္ သေဘာကို ၾကားရတယ္။
ေနာက္ထပ္ျပည္တြင္းအဖြဲ႕တစ္ဖြဲ႕က စစ္ေတြေ၀ဒနာရွင္ေတြကို စစ္ေတြမွာ တာ၀န္မယူႏိုင္ေသးတဲ့ ၾကားကာလမွာ AZG ဆရာ၀န္တစ္ေယာက္ ဦးေဆာင္ၿပီး ကိုၿငိမ္းေမာင္တို႔ ရံုးၿခံ၀င္းေလးမွာ ေဆးေပးဖို႔ စီစဥ္ထားတယ္ လို႔ဆိုပါတယ္။ AZG ဆရာ၀န္ေတြလည္း စစ္ေတြမွာ တစ္ေယာက္ပဲ က်န္ေတာ့တယ္ လို႔ဆိုတယ္။ AZG ဆရာ၀န္ေတြ ႏွစ္သုတ္ခြဲၿပီး ရန္ကုန္ကို တက္သုတ္ႏွင္ကုန္ၾကၿပီ။
ကိုၿငိမ္းေမာင္တို႔ မိတ္ေဆြေတြ အဆင္ေျပၾကမွာမို႔လို႔ ကၽြန္ေတာ္ ၀မ္းသာပါတယ္။ သစ္မရခင္ ၀ါးေပါင္းကြပ္ တဲ့သေဘာ ဆိုရင္ေတာ့ ေကာင္းပါတယ္ လို႔ ကၽြန္ေတာ္ ေျဖပါတယ္။ ၿမိဳ႕က လူေတြ လည္း အေႏွာင့္အယွက္ မေပးေလာက္ဘူးထင္ပါတယ္ လို႔ ကၽြန္ေတာ္ ေျဖခဲ့တယ္။ ဒါက လြဲလို႔ တျခား ဘာ ပရိုဂရမ္ေတြ၊ ပေရာဂ်က္ေတြ မလုပ္ဖို႔ ေတာ့အေရးႀကီးတယ္ လို႔ ကၽြန္ေတာ္တို႔ ေျပာၾကတယ္။
သူတို႔ကို ႏႈတ္ဆက္ခဲ့ၿပီး ထြက္အလာမွာ ဖုန္းတစ္ေကာ လာတယ္။ မနက္ဖန္ ဆယ္နာရီမွာ ျပည္နယ္ ရဲမင္းႀကီးက အစည္းအေ၀း ဖိတ္ထားလို႔ လာခဲ့ပါဦးတဲ့။ ၿမိဳ႕နယ္ တရားသူႀကီးအပါအ၀င္ ေနာက္ထပ္ ခုနစ္ေယာက္ေလာက္ကို ဖိတ္ထားပါတယ္ တဲ့။
ဆႏၵျပပြဲတိုင္းလိုလိုမွာ ပါေနတဲ့ ကၽြန္ေတာ့္ကို ျပည္နယ္ရဲမင္းႀကီးရံုးခန္းမွာ လုပ္မယ့္ အစည္းအေ၀းကို ဖိတ္တယ္ဆိုေတာ့ ကၽြန္ေတာ္ အူေၾကာင္ေၾကာင္ ျဖစ္သြားတယ္။ ၿမိဳ႕နယ္ တရားသူႀကီးပါ ပါဦးမယ္ဆိုေတာ့ ကၽြန္ေတာ္ ေက်ာခ်မ္းသြားတယ္။ ရိုးရိုး သားသား လည္း ျဖစ္ႏိုင္ပါတယ္ လို႔ ကၽြန္ေတာ္ ေျဖသိမ့္ေတြးလိုက္တယ္။
ကဲ . . . လြမ္းခန္းကို ေရာက္ပါၿပီ။ အဖမ္းမခံရေသးရင္ စာဆက္ေရးပါဦးမယ္။
(ေက်ာ္ေဇာဦး ေရးသားသည္။)
————————————-
*ကိုၿငိမ္းေမာင္၏ နာမည္ကို ေျပာင္းလဲေရးသားထားပါသည္။